← Chapters

အခန်း (၂၃၄)

Vol. 16 Ch. 234

အခန်း (၂၃၄)

Vol. 16 Ch. 234

ရိုက်ခတ်လာမှာ ထွက်ပေါ်လာသည့်အားသည် ပုဆိန်မှာတဆင့်ထိပ်ပြောင်ထံသို့ ပင်လယ်ရေလှိုင်းများကဲ့သို့စီးဆင်းကာ ၀င်ရောက်သွားခဲ့၏။ ထိုလူ၏လက်မှာ စုတ်ပြတ်သွားပြီး ဒဏ်ရာမှ သွေးများပန်းထွက်လာ၏။ သူ၏လက်မောင်းတွင်ရှိနေသည့် ချပ်၀တ်မှာစုတ်ပြဲသွားပြီး သွေးကြောများပေါ်ထွက်သွား၏။ သူ၏လက်များတုန်ခါကာ ပုဆိန်ရိုးများမြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

အလွန်အဖျက်စွမ်းအားကြီးသည့် အင်အားတစ်ခုပင်။

ထိပ်ပြောင်မှာ အလွန်ထိတ်လန့်သွားပြီး ချွေးများပင် ပျံလာတော့သည်။

သူသည် သူ၏ ကြယ်ငါးလုံးအဆင့် သတ္တုစွမ်းအင်များသည် များစွာထိခိုက်စေနိုင်ပြီး သူ၏ခွန်အားများနှင့်ပေါင်းစပ်လိုက်ပါက ပေါင်ထောင်ချိန်ရှိသည့်အင်အားများကိုပင် ကျော်ဖြတ်နိုင်သည်ဟု ထင်ခဲ့သည်။ အချိန်ကြမြင့်စွာ သူသည် သူ၏အတွင်းအားများနှင့် ခွန်အားတို့ကိုပေါင်းစပ်အသုံးပြုကာ စွမ်းအားကြီးသည့်စစ်သည်အများပြားကိုသတ်ဖြတ်ခဲ့ဖူးသည်။ ဤကဲ့သို့ဖြင့် သူသည် သွေးစွန်းဂိုဏ်းတွင် အဓိကတိုက်ခိုက်ရေးသမားခြောက်ယောက်ထဲမှ တစ်ယောက်အနေဖြင့်ခေါင်းဆောင်ရာထူးကိုရရှိခဲ့ခြင်းဖြစ်၏။ သူ၏နာမည်ပြောင်ဖြစ်သည့် [မျက်စိတစ်ဖက်ကမ်းရူးသွပ်နေသောနဂါး]ဆိုသည်မှာ အင်ပါယာအတွင်းရှိ ကြေးစားစစ်သည်များကြားထဲတွင် ကျော်ကြားလှသည်။ သို့သော်သူသည် ချမ်းဘော့ဒ်ဘုရင်၏ ထူးဆန်းသည့်ဓားနှစ်လက်အောက်တွင် တစ်ချက်ထဲဖြင့်ပင် ကျရှုံးသွားခဲ့၏။ ဤသည်မှာ သူ၏ဂုဏ်သရေကို တစ်စစီဆုတ်ဖြဲပစ်ခဲ့၏။

သူ၏ ခန္ဓာကိုယ်ထဲတွင် ဒေါသနှင့် အကြောက်တရားတို့မှာ တပြိုင်နက်လောင်ကျွမ်းနေ၏။

သို့သော် ဤမာကြောသည့်ပုံပေါက်သည့် [တစ်ဖက်ကမ်းရူးသွပ်နေသည့်နဂါး]မှာ အလွန်ပါးနပ်သည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ သူသည် သိုးများလည်တွင်ရောက်ရှိနေသည့်ကျားတစ်ကောင်ကဲ့သို့ သွေးစွန်းဂိုဏ်း၀င်စစ်သည်များကို သတ်ဖြတ်နေသည့် ဖှေးထံသို့ ပြေး၀င်ကာဒေါသအလျှောက်တိုက်ခိုက်ခြင်းမပြုပေ။ မကောာင်းကြံသည့် အရိပ်ယောင်တစ်ခုသည် သူ၏မျက်လုံးများထဲတွင် ပေါ်လာပြီးအနောက်တွင်ရှိသော လူအုပ်အတွင်းသို့ဆုတ်ခွာကာ အကွာ၀ေးတစ်ခုကို ယူလိုက်သည်။

ဖှေး ဤမြင်ကွင်းကို ရှင်းလင်းစွာမြင်လိုက်ရသည်။

သို့သော် သူပြေးမလိုက်သေးပေ။ ထိုအစား သူသွေးစွန်းဂိုဏ်း၀င်စစ်သည်များကို ဆက်လက်သတ်ဖြတ်နေသည်။ သူတို့တစ်ယောက်ခြင်းစီ၏ လက်များတွင် ချမ်းဘော့ဒ်ပြည်သူများ၏ သွေးများစွန်းထင်းနေပြီဖြစ်သောကြောင့် သူတို့အားလုံးသည် ချမ်းဘော့ဒ်တိုင်းပြည်၏ရန်သူများပင်။

အဆင့်၇စုံလိုက်ပစ္စည်းဖြစ်သည့် [ဘူးလ်-ခေးတို့စ်၏ကလေးငယ်များ]မှာ ဖှေး၏လက်ထဲတွင် ချောမွေ့စွာဖြင့်အသုံးပြခြင်းခံနေရပြီး ဖှေးသည်ပြိုင်ဘက်ကင်းမဲ့နေသည်။ မည်သူမျှဖှေးအား မရပ်တံ့နိုင်ပေ။ တစ်စက္ကန့်မျှပင် နှေးကွေးသွားရန်အတွက် မပြုလုပ်နိုင်ချေ။ သူ၏ဓားများဖြင့် ပိုက်ဆံတစ်ခုတည်းအတွက်သာ အသက်ရှင်နေထိုင်ကြသည့် သွေးစွန်းဂိုဏ်း၀င်စစ်သည်များကို ခုတ်ပိုင်းနေ၏။ ထိုစစ်သည်များမှာ သူတို့၏ဒဏ်ရာများကို လက်များဖြင့်ဖုံးကိုင်ကာ နာကျင်စွာအော်ဟစ်ရင်းဖြင့်မြေပေါ်သို့လဲကျကုန်ကြသည်။ သူတို့အားလုံးဖှေးအနီး၂မီတာခန့်ကိုပင် ကပ်နိုင်ခြင်းမရှိကြချေ။

“ဒီညကတော့ သွေးစွန်းတဲ့ညတစ်ညဖြစ်တော့မှာပဲ။ မိုင်းတွင်းထဲမှာ သေဆုံးခဲ့ရတဲ့ ချမ်းဘော့ဒ်ကစစ်သည်တွေအတွက်အထိန်းမှတ်အနေနဲ့ သွေးစွန်းဂိုဏ်းက ဘယ်သူမဆို ဒီနေရာကနေ အသက်ရှင်လျှက်နဲ့ထွက်သွားနိုင်မှာ မဟုတ်ဘူး...” ဖှေး အော်ဟစ်နေရင်းဖြင့်ပင် ကြေးစားစစ်သည်အယောက်၄၀ခန့်မှာ သူ၏ဓားအောက်တွင် ၀ိညင်များအဖြစ်သို့ပြောင်းလဲသွားကြပြီးဖြစ်သည်။

ရုတ်တရက်...

“ချွင် ချွင် ချွင် ချွင်...”

ဖှေး သူ၏ဓားကို၀ှေ့ရမ်းလိုက်ရာ မီးပွားစများစွာသည် သူ၏အရှေ့တွင် ထွက်ပေါ်လာ၏။ သူတို့အားလုံးသည် ညအမှောင်ထဲတွင် မျက်စိစွဲမက်ဖွယ်ပင်။

ဖြစ်ပျက်သွားခဲ့သည့်အရာမှာ မြှားပေါင်းများစွာသည် ညအမှောင်၏ ဖုံးကွယ်မှုအောက်တွင် ဖှေးထံသို့ပျံသန်းလာခဲ့ခြင်းပင်။ သူတို့အားလုံးဖှေးအနီး၂မီတာခန့်သို့ ပုံရိပ်ယောင်များကဲ့သို့ရောက်ရှိလာခဲ့သည်။ ဤအဆင့်ရှိသည့် လုပ်ကြံမှုမှာ အသံကင်းမဲ့၏၊ အလင်းကင်းမဲ့၏၊ အရောင်ကင်းမဲ့ပြီး အာရုံခံစားမှုလည်းကင်းမဲ့နေသည်။ သေမင်း၏ လက်သံများကဲ့သို့ပင် ပစ်မှတ်အား အကာကွယ်ကင်းမဲ့သွားစေသည်။ သို့သော လူရိုင်းတစ်ယောက်၏ အန္တရာယ်ကိုအာရုံခံနိုင်စွမ်းကို ပိုင်ဆိုင်ထားသည့်ဖှေးသည် မြှားများကိုအာရုံခံလိုက်မိပြီး သူ၏ဓားနှစ်လက်ကို၀ှေ့ရမ်းကာ လွယ်ကူစွာဖြင့်ရိုက်ချလိုက်သည်။

တောက်ပသည့် မီးပွားစများမှာ ဓားသွားနှင့် မြှားများရိုက်ခတ်ရာမှာ ထွက်ပေါ်လာသည့်မီးပွားစများဖြစ်၏။

“ဟီးဟီးဟီး...ချမ်းဘော့ဒ်ဘုရင်လေး မင်းကမင်းရဲ့နာမည်ကျော်ကြားမှုနဲ့ထိုက်တန်ပါတယ်။ ဒါပေမယ့် ဒီလိုဗရမ်းပတာအခြေအနေနဲ့ ညအမှောင်ထဲမှာ မင်းငါ့ရဲ့မြှားတွေကို ဘယ်နှစ်ခါများထပ်ပြီး ရှောင်နိုင်ဦးမှာ မို့လို့လဲ...” ကောင်မလေးတစ်ယောက်ရီမောကာ စနှောင်နေသည့်အသံတစ်ခုထွက်ပေါ်လာ၏။ ထိုအသံမှာ တစ်ခါတစ်ရံတွင် ဘယ်ဘက်မှထွက်ပေါ်လာသည်ဟုထင်ရသည်။ တစ်ရာတစ်ရံတွင် ညာဘက်မှာထွက်ပေါ်လာသည်ဟုထင်ရပြီး အပေါ်ဘက်အောက်ဘက်နေရာအနှံ့မှထွက်ပေါ်ထာနေသကဲ့သို့ပင်။ ရေကန်ဘေးတွင် ပျံ့နှံ့နေပြီး လုံး၀ခြေရာခံနိုင်ခြင်းမရှိပေ။

ဖှေးထိပ်ပြောင်၏ဘေးတွင်ရပ်နေခဲ့သည့် ကောင်မလေးမှာ ရုပ်တရက်ပျောက်ကွယ်သွားသည်ကို သတိထားမိသည်။ ဖှေးသူမအား မည်သည့်နေရာတွင်မှာ ရှာတွေ့နိုင်ခြင်းမရှိပေ။ ကောင်မလေးရယ်မောနေသံနှင့်အတူ မရေတွက်နိုင်သည့်မြှားများသည် ဖှေးထံသို့တစ်စဥ်းပြီးတစ်စဥ်းပျံသန်းလာ၏။ ထိုမြှားများသည် ဖှေးထံသို့အရပ်မျက်နှာ ပေါင်းစုံမှာ ပျံသန်းလာနေပြီး အမြန်လုံးနှင့် တိကျမှုတို့မှာ သေစေနိုင်လောက်သည်အထိကြောက်မက်ဖွယ်ပင်။

ဤကဲ့သို့ လုပ်ကြံသတ်ဖြတ်မှုအဆင့်မှာ ထိပ်တိုက်တိုက်ပွဲများထက်ပင် များစွာပို၍ကြောက်မက်ဖွယ်ကောင်းလှပြီး ဤသည်မှာ ရန်သူ၏ စွမ်းအားနှင့် စိတ်ဓာတ်တို့ကို ချိုးနှိမ်ရန်အတွက် ထိရောက်မှုအရှိဆုံးဗျူဟာတစ်ခုပင်။

ဖှေး ထိုကောင်မလေးသည် အမှောင်နတ်သူငယ်သွေးတစ်၀က်နှောသည်ဟု အဖိုးကြီးဇိုလာရစ်ပြောသည်ကို ပြန်လည်ကာသတိရလိုက်သည်။ ထို့ကြောင့်ပင် သူမသည် အသက်၃၀ကျော်နေပြီဖြစ်သော်လည်း အသက်၁၈ကောင်မလေးတစ်ယောက်၏ ပုံစံရှိနေခြင်းပင်။ သူမသည် ထိုသွေးနှောနေသည့်အတွက်ကြောင့် အမှောင်နတ်သူငယ်များပိုင်ဆိုင်သည့် ကိုယ်ယောင်ဖျောက်သိုင်းပညာများ၊ ပုံရိပ်ယောင်ကဲ့သို့ပင်မြှားဖြင့် လုပ်ကြံသည့်သိုင်းပညာများကို ပိုင်ဆိုင်ထားခြင်းဖြစ်ပေလိမ့်မည်။

“ဟီးဟီးဟီး ကောင်လေးမင်းရဲ့ဓားသိုင်းကွက်က မဆိုးပါဘူး။ ဒါပေမယ့်မင်းငါ့ရဲ့မြှားတွေကို နည်းနည်းလောက်ထပ်ပြီးကာကွယ်ဖို့ ကြိုးစားကြည့်ပါဦး”

ကောင်မလေး၏ အသံထက်မံ၍ ထွက်ပေါ်လာသည်နှင့်အတူ မြှားများသည်လည်း ပို၍လျှင်မြန်သည့်အမြန်နှုန်းဖြင့် ဖှေးထံသို့ပျံသန်းလာတော့သည်။

“ချွင် ချွင် ချွင်”

ဖှေးသူ၏ ဓားခုတ်သည့်ထောင့်အနေထားကို အနည်းငယ်ပြောင်းလဲလိုက်ပြီး သူ့ထံသို့ပျံသန်းလာသည့်မြှားများကို အလွယ်တကူပင်ရိုက်ချလိုက်သည်။

“ဟီးဟီးဟီး ကောင်လေး ငါမင်းကို ပိုပြီးတော့တောင်သဘောကျလာပြီ မင်းငါတို့ရဲ့သွေးစွန်းဂိုဏ်းထဲကို၀င်ပြီး ဒီအမကြီးမင်းကိုချစ်ခွင့်ပေးလိုက်လေ။ စစ်ပွဲတွေတိုက်နေရတာထက်တော့ပိုပြီး ကျေနပ်ဖို့ကောင်းမှာပါ။”

ရယ်မောသံသည့် မိုးစက်များကဲ့သို့ရွာကျလာသည့်မြှားများနှင့်အတူထွက်ပေါ်လာသည်။ ဖှေးလှမ်းလိုက်သည့် ခြေလှမ်းတစ်ခုခြင်းစီတိုင်းသည် အန္တရာယ်ထံသို့ဦးတည်သွားနေပြီး ရပ်ကြည့်နေသည့်လူတိုင်းသည် စိုးရိမ်ပြီးအော်လိုက်မိကြမည်ဖြစ်သည်။

“ချွင် ချွင် ချွင်”

ဖှေးသူသည် ကြေးစားစစ်သည်များစွာ၀ိုင်းခံထားရသည်ကို မမှုပဲအရှေ့သို့ဆက်ပြီးလမ်းလျှောက်နေ၏။ သူ၏ဓားများသည် တောက်ပစွာဖြင့်၀ှေ့ရမ်းနေပြီ မုန်တိုင်းအတွင်းမှာ မိုးစက်များကဲ့သို့ပျံသန်းကာလာနေသည့် မြှားများကို လွယ်ကူစွာခုခံကာကွယ်နေသည်။ ဤအခြေအနေ၌ပင်လျှင်သူသည် အရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်သည့်အချိန်တိုင်းတွင် သွေးစွန်းဂိုဏ်းစစ်သည်တစ်ယောက်ကို သတ်ဖြတ်နိုင်နေဆဲပင်။ သူ၏ ဖြစ်တည်မှုမှာ လျှပ်စီးမိုးကြိုးကဲ့သို့ပင် ထိတ်လန့်ဖွယ်ပင်။ မည်သည့်အသတ်ကိုမှ ချမ်းသာမပေးခဲ့ချေ။

“ဟီးဟီး ဒီမှာမောင်လေးမင်းဆက်ပြီးခေါင်းမာနေမယ်ဆိုရင်တော့ အမဆက်စိတ်ဆိုးတော့မယ်။ မင်းလက်နက်တွေကို ပစ်ချပြီးအနားယူလိုက်တော့ မင်းမောနေပြီမလား။”

ကောင်မလေး၏ အသံမှာ အရပ်မျက်နှာပေါင်းစုံမှ ထွက်ပေါ်လာနေသည်။ သို့သော်ဖှေးဂရုမစိုက်ပေ။

“ချွင် ချွင် ချွင် ချွင်”

ဖှေးကိုင်ဆောင်ထားသည် ဓားနှစ်လက်မှာ လေပင်ဖြတ်သန်းတိုက်ခတ်၍မရနိုင်သည့် ဓားမုန်တိုင်းတစ်ခုအသွင်သို့ပြောင်းလဲသွား၏။ မြှားများသည်မည်သည့်နေရာမှာ ပျံသန်းလာစေကာမူ ဖှေးနှင့်တစ်မီတာခန့်အနီးသို့ရောက်လာသည့်အချိန်တွင် ဖှေး၏ အညှာတာကင်းမဲ့စွာဖြင့်ရိုက်ချခြင်းကို ခံရမည်ဖြစ်သည်။

လေထဲတွင် ပေါ်နေသည့် မီးပွားစများနှင့်အတူ ဖှေးသည် ညသန်းခေါင်သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးကဲ့သို့ပင်။

သွေးစွန်းဂိုဏ်းမှာ စစ်သည်အယောက်၈၀ခန့်မှာ သေဆုံးသွားပြီဖြစ်သည်။ မြေပေါ်တွင်စီးဆင်းနေသည့် သွေးပူများမှာ ပိုက်ဆံတစ်ခုထဲကိုသာကြည့်ကြသည့် ကြေးစားစစ်သည်များကို ထိတ်လန့်သွားစေသည်။ သူတို့သည် သာမန်အားဖြင့် လူသတ်ခြင်းနှင့်ရင်းနီးကြပြီးသူများဖြစ်သော်လည်း သူတို့အားလုံးထိတ်လန့်နေကြသည်။ ပုံးကွယ်နေသည့် အမျိုးသမီးလေးသည်တော်မှာ အစွမ်းကုန်သုံးကာတိုက်ခိုက်နေသော်လည်း ဤလူငယ်၏ ဆံပင်တစ်မွေးကိုပင် ထိခိုက်အောင်မလုပ်နိင်သည်မှာ ထင်ရှားလှသည်။ ဤအချက်သည်ပင် ကြေးစားစစ်သည်များအတွက် အလွန်မယုံနိုင်ဖွယ်ဖြစ်နေ၏။

All Chapters