အခန်း (၂၃၅)
Vol. 16 Ch. 235
“ကောင်လေးမင်းက အတော်ခေါင်းမာတာပဲ...အမမင်းကို အတော်စိတ်ပျက်သွားပြီ...” ကောင်မလေး၏ အသံတင်ကောင်းကင်ရံတွင် ထက်မံ၍ ပဲ့တင်ကာထွက်ပေါ်လာပြန်သည်။ အရပ်မျက်နှာ ပေါင်းစုံမှ ထွက်ပေါ်လာနေဆဲဖြစ်ပြီး ခြေရာခံ၍မရနိုင်သေးပေ။ “အမတစ်ခြားနည်းလမ်းပြောင်းရတော့မယ့်ပုံပဲ...”
သူမထိုကဲ့သို့ပြောပြီးနောက်တွင် တစ်စုံတစ်ခုဖြစ်ပျက်သွားသည်။
ရုတ်တရက်မြှားများကို ပစ်လွှတ်လိုက်၏။ ထိုမြှားများ၏ ပစ်မှတ်သည် ဖှေးမဟုတ်တော့ချ။ ကောင်လေးလူကာနှင့် အဖိုးကြီးဇိုလာရစ်တို့ထံသို့ဦးတည်ကာ ပျံသန်းသွားတော့သည်။
အကြံကြီးပြီး ရက်စက်ကြမ်းကြတ်သည့် အမျိုးသမီးလူသတ်သမားတစ်ယောက်ပင်။
ဖှေးတစ်စက္ကန့်မျှ အံ့သြသွားသည်။ ထို့နောက်တွင် မြေပြင်ပေါ်သို့ သူ၏ဘယ်ခြေဖြင့်ဆောင့်ကန်လိုက်၏။ ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ခုနှင့်အတူ လူရိုင်းဇာတ်ကောင်၏ ခုန်ကျော်ခြင်းအစွမ်းကို အသုံးပြုလိုက်သည်။ သူလေထုအားခွင်းအား ပြေးသွားသည့်အသံများနှင့်အတူ ချက်ချင်းလိုလိုပင် ထိုလူနှစ်ယောက်၏ အရှေ့သို့ရောက်သွား၏။ ထို့နောက်တွင် ဓားကိုအကြိမ်အနည်းငယ်ခန့်၀ှေ့ရမ်းလိုက်ပြီး ပျံသန်းလာနေသည့် မြှားများကိုတားဆီးလိုက်တော့သည်။
“အိုး အံ့သြစရာပဲ မောင်လေးမင်းက ဒီနှစ်ယောက်ရဲ့အသက်ကိုဂရုစိုက်တယ်ပေါ့။ အမကတော့ မင်းရဲ့အားနည်းချက်ကို ရှာတွေ့သွားပြီလေ။” အမျိုးသမီးမှာ ဂုဏ်ယူစွာဖြင့်ရယ်မောလိုက်သည်။ ဤအားနည်းသည့် လူနှစ်ယောက်အား ပစ်မှတ်ထားခြင်းဖြင့် ဖှေးကိုချုပ်ကိုင်နိုင်လိမ့်မည်ဟု သူမတွေးလိုက်မိသောကြောင့်ပင်။
ဤအချိန်တွင် သွေးစွန်းဂိုဏ်း၀င်ကြေးစားစစ်သည်များသည် ဖှေးဆုတ်ခွာသွားသည့်တိုင်အောင်ထိတ်လန့်အံ့သြနေကြဆဲပင်။
ဖှေး ပြောလိုက်သည်။ “ဟုတ်လား..ဒါတော့ဆိုးတာပဲ ကျွန်တော်လည်းခင်ဗျားရဲ့အားနည်းချက်ကို ရှာတွေ့သွားပြီ။”
သူထိုကဲ့သို့ပြောနေရင်းဖြင့် အမေဇုန်ဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်သည်။ သူလေထုအားဆုပ်ကိုင်လိုက်သည့်အချိန်တွင် မီးတောက်တစ်ခုလောင်ကျွမ်းသွားပြီး ရှေးကျသည့်ပုံစံရှိသည့် အပြာရောင်လေးတစ်လက်သည် သူ၏လက်ထဲတွင် ပေါ်ပေါက်လာတော့သည်။ လေးကိုယ်ထည်မှာ ကောင်းကင်သို့ပျံသန်းတော့မည့် သိမ်းငှက်တစ်ကောင်ကဲ့သို့ပင်ဖြစ်ပြီး လေးကြိုးမှာ အပြာရောင်ရှိသည့် အလင်းတန်းတစ်ခုဖြစ်ပြီး လူများကိုအေးစက်သည့်ခံစားချက်တစ်ခုကို ပေးလျှက်ရှိသည်။
သူလေးကြိုးကိုဆွဲလိုက်သည့်အချိန်တွင် အလင်းမြှားသုံးချောင်းမှာ လေးပေါ်တွင်ပေါ်လာတော့သည်။
“ကစားပွဲပြီးသွားပြီ အဘွားကြီး ခင်ဗျားဘယ်မှာလည်းထွက်လာခဲ့တော့။ ဖှေးထိုကဲ့သို့အော်ဟစ်ပြီးသည့်အချိန်တွင် သူ၏မျက်လုံးများထဲတွင် လျှပ်စီးများရှိနေသကဲ့သို့ ပတ်၀န်းကျင်သို့လှည့်ပတ်ကြည့်ရှုလိုက်သည်။ သူကြည့်ရှုလိုက်သည့်အရပ်ထံသို့ သူ၏လေးနှင့်မြှားချောင်းများမှာလည်း အဆက်မပြတ်ဦးတည်နေသည်။ ရုတ်တရက်ပင် ဖှေးမျက်လုံးများတောက်ပသွားပြီး သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာတော့သည်။ သူချက်ချင်းပင် လေးကြိုးကိုဆွဲကိုင်ထားသည့် လက်ချောင်းများကိုလွှတ်လိုက်တော့သည်။
“၀ှစ် ၀ှစ် ၀ှစ်”
လေးကြိုးတုန်ခါသံသည် ကောင်းကင်ထဲတွင် ပဲ့တင်သွားပြီး ချွန်ထက်သည့်မြှားများသည် လေချွန်သံများပြုလုပ်ပြီး လေထုကိုခွင်းကာထွက်ခွာသွားတော့သည်။
အဘွားကြီး၏ အသံကင်းမဲ့အာရုံကင်းမဲ့သည့် မြှားများဖြင့်နှိုင်းယှဥ်ကြည့်ပါက ဖှေး၏ မြှားများမှာ ထည်၀ါပြီးစွမ်းအားမြင့်သည်။ ညကောင်းကင်ရံတွင် ပျံကျလာသည့် ဥက္ကာခဲများကဲ့သို့ပင် ကောင်းကင်ကိုထိုးဖောက်ကာ ဖြတ်သန်းသွား၏။
“ဟီးဟီးဟီး မောင်လေးမင်းက..မဟုတ်သေးဘူး...အားးးး”
မြှားများသည် တစ်စုံတစ်ခုကိုထိမှန်သွားသည့်အတိုင်းပင်အော်ဟစ်သံများထွက်ပေါ်လာသည်။
ခနတာရပ်တံ့သွားပြီးတွင် မြှားများသည် ၁၀မီတာအကွာတွင်ရှိနေသည့် ကျောက်တိုင်တစ်ခုထံသို့စိုက်၀င်သွား၏။
“ဖုန်း”
ကျယ်လောင်သည့်ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး သွေးစီးကြောင်းနှစ်ခုသည် မည်သည့်နေရာမှမသိပဲထွက်ပေါ်လာတော့သည်။ တစ်စုံတစ်ခုသည်လေထဲတွင်ရုန်းကန်နေပုံရသည်။ သို့သော် မြှားသုံးချောင်းသည် ထိုအရာကို ကျောက်တိုင်ပေါ်တွင် မြဲစွာထိုးစိုက်ထားပြီး နည်းနည်းမှပင်လှုပ်ရှားခွင်မပေးချေ။ ဘုရားသခင်မှာ အပြစ်ပေးနေသကဲ့သို့ပင်။
လူတိုင်းအံ့သြနေစဥ်မှာပင် လှပသည့်ပုံရိပ်တစ်ခုသည် မြှားသုံးချောင်းစိုက်၀င်နေသည့်နေရာတွင် ဖြည်းဖြည်းခြင်းပေါ်လာတော့သည်။ သူမ၏ လက်နှစ်ဖက်လုံးနှင့် ဆံပင်များသည် မြှားသုံချောင်းဖြင့် ကျောက်တိုင်တွင်ထိုးစိုက်ထားခြင်းကိုခံထားရပြီး မြှားများစိုက်၀င်နေသည့်နေရာတစ်၀ိုက်တွင်ရေခဲများပင် စတင်ပေါ်ပေါက်လာနေပြီဖြစ်သည်။ အမျိုးသမီးမှာ ကျောက်တိုင်ပေါ်တွင်ကပ်နေရာမှာ လုံး၀ပင်လှုပ်ရှားနိုင်ခြင်းမရှိတော့ချေ။
ထိုအမျိုးသမီးမှာ သွေးစွန်းဂိုဏ်းအတွင်းတွင်ရှိသည့် စွမ်းအားအကြီးဆုံးစစ်သည်များထဲမှတစ်ယောက်ဖြစ်ပြီး အမှောင်နတ်သူငယ်မျိုးနွယ်သွေးတစ်၀က်ကိုဆက်ခံထားသူဖြစ်သည်။
သူမထံတွင် မြူဆွယ်သည့်ဟန်ပန်မျိုးလုံး၀မရှိတော့ချေ။ သူမ၏မျက်နှာသည် အရောင်ကင်းမဲ့ပြီး စိတ်ဓာတ်ကျသွားသည့်ပုံစံရှိ၏။ သူမ၏ ပါးစပ်ကိုဖွင့်လိုက်ပြီးထိတ်လန့်စွာဖြင့်အော်ဟစ်လိုက်သည်။ “ဘယ်လိုလဲ...ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလည်း မင်းငါ့ကိုဘယ်လိုလုပ်ရှာတွေ့သွားတာလဲ...” သူမ၏အမူယာသည် တစ္စေတစ်ကောင်ကိုမြင်လိုက်ရသည့်အတိုင်းပင်။
သို့သော် ဖှေးသူမကို အာရုံမစိုက်ပေ။