အခန်း (၂၃၆)
Vol. 16 Ch. 236
သူ၏လျှပ်စီးကဲ့သို့မျက်လုံးများမှာ ကျန်ရှိနေသည့် ကြေးစားစစ်သည်များအား တိုက်ခိုက်ခြင်းဖဲ့စည်းပုံပြုလုပ်ရန်အတွက် အမိန့်ပေးနေသည့် မျက်စိတစ်ဖက်ကန်းနဂါးရူးထံသို့ ကျရောက်နေပြီးဖြစ်သည်။ သူ၏ အနက်ရောင်ဆံပင်များလေထဲတွင် လွင့်ပျံနေသည်နှင့်အတူ သူထိပ်ပြောင်ကို ဓားနှစ်လက်လုံးဖြင့်ချိန်ရွယ်လိုက်သည်။ ထို့နောက်တွင် သတ်ဖြတ်လိုသည့်အရိပ်ယောင်များဖြင့် ပြည့်နှက်နေသည့်အသံဖြင့်အော်ဟစ်လိုက်၏။ “မင်းငါ့ရဲ့ချမ်းဘော့ဒ်သားတွေကို ဖမ်းဆီးသတ်ဖြတ်နေခဲ့တုန်းက ဒီလိုနေ့မျိုးရောက်လာလိမ့်မယ်လို့တွှေးလိုက်မိခဲ့လား။ ဒီနေ့ချမ်းဘော့ဒ်ဘုရင်က မင်းတို့လိုကောင်တွေကို တခြားလူရဲ့ဓားသွားအောက်က သားကောင်တစ်ကောင်ဖြစ်လာရတာ ဘယ်လိုအရသာရှိလဲဆိုတာကို ပြပေးလိုက်မယ်။”
“ထွီ..ငါ့ပါငါ ချမ်းဘော့ဒ်က ကောင်တွေကို ဖမ်းပြီးသတ်တော့လဲဘာဖြစ်လဲ...” သူသည် ဖှေးကို ထိတ်လန့်နေခဲ့သော်လည်း ထိပ်ပြောင်မှာ အန္တရာယ်ရှိသည့် လူတစ်ယောက်ပင်။ သူရက်စက်စွာဖြင့် ရယ်မောလိုက်ပြီး ပြန်လည်ကာအော်ဟစ်လိုက်သည်။ “ငါချမ်းဘော့ဒ်က လူတွေကိုသတ်ခဲ့တာ လူတစ်ထောင်မပြည့်ပေမယ့် အနည်းဆုံးလူငါးရာတော့ကျော်တယ်ကွ...အဲ့တာတွေအပြင် ချမ်းဘော့ဒ်က မိန်းကလေးတော်တော်များများကို ငါကစားရတာပျင်းလာလို့ပြည့်တန်ဆာအိမ်တွေမှာ သွားရောင်းခဲ့တာတွေလဲအများကြီးပဲ။ ဟားဟား အဆင့်၆တိုင်းပြည်ငယ်လေးရဲ့ဘုရင်က ဘာလုပ်နိုင်မာမို့လို့လဲကွ...”
“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်...” ကောင်းတယ်ဟုအကြိမ်ပေါင်းများစွာပြောအပြီးတွင် ဖှေးအလွန်ဒေါသဖြစ်သွားသဖြင့် စတင်၍ပင်ရယ်မောတော့သည်။ “ငါဘာလုပ်နိုင်မှာလဲဟုတ်လား...ငါမင်းကိုဒီနေ့တော့မသတ်သေးဘူး...အေးတစ်လအတွင်းမှာ သွေးစွန်းဂိုဏ်းတစ်ခုလုံးမြို့တော်စိန့်ပီတာစဘာ့ဒ်ကနေပျောက်သွားတာကို မင်းရဲ့ခွေးမျက်လုံးတွေကနေမြင်ရအောင် ငါလုပ်ပြမယ်ကွ...”
ခနတာခန့်ကျက်သေသေသွားပြီးနောက်တွင် ထိပ်ပြောင်မှာ စတင်၍ရယ်မောတော့သည်။ “မြို့တော်ကနေ သွေးစွန်းဂိုဏ်းတစ်ခုလုံးကိုပျောက်သွားအောင်လုပ်မယ် ဟုတ်လား....ဟားဟား ဒါကတော့ ငါကြားဖူးသမျှထဲမှာ ရယ်စရာအကောင်းဆုံးဟာသတစ်ခုပဲ။ မင်း သွေးစွန်းဂိုဏ်းထဲမှာ စစ်သည်ဘယ်နှစ်ယောက်ရှိတယ်ဆိုတာကိုရောမင်းသိလို့လား...မင်းက လောကကြီးထဲမှာ မင်းကိုယ်မင်းပြိုင်ဘက်ကင်းလှပြီထင်နေတာလား။ မင်းငါတို့ကို ရွှေဒင်္ဂါး၃၀၀၀၀ပေးမယ်ဆိုရင် ဒီကိစ္စကိုဘာမှမဖြစ်ခဲ့သလိုသဘောထားပေးလိုက်မယ်။ မင်းလဲမင်းပါမင်း ဘုရင်ဆက်လုပ်လို့ရတာပေါ့။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ဒီနေရာမှာ ငါတို့ထဲက တစ်ယောက်အသက်ရှင်ကျန်ခဲ့လိုက်တာနဲ့ ဒီသတင်းက မြို့တော်မှာရှိတဲ့ငါတို့ရဲ့ဂိုဏ်းချုပ်စီကိုရောက်သွားလိမ့်မယ်။ အဲ့ကျရင်တော့ သွေးစွန်းဂိုဏ်းကမင်းတို့ချမ်းဘော့ဒ်ကိုတစ်လအတွင်း လာလည်ပြီး အကုန်လုံးကိုသတ်ပေးလိမ့်မယ်။”
“ကောင်းပြီလေ ဒါဆိုလဲသွေးစွန်းဂိုဏ်းက ငါတို့ကိုဘယ်လိုများသတ်မှာလည်း ကြည့်ကြသေးတာပေါ့။”
ဖှေးမှာ စကားဆက်ပြီးမပြောချင်တော့ပေ။ သူလူရိုင်းဇာတ်ကောင်အဖြစ်သို့ပြောင်းလိုက်ပြီး ကုန်ကျော်ခြင်းအစွမ်းကို အသုံးပြလိုက်သည်။ သူသည် ကြေးစားစစ်သည်များထံသို့ပြေး၀င်သွားပြီး သူ၏ဓားနှစ်လက်အစွမ်းကို အပြည့်၀ပင်စတင်ကာအသုံးချတော့သည်။ ထိန်းချုပ်ထားခြင်းမရှိပဲ ဓားနှစ်လက်မှာ တောက်ပသွားသည် ရေပန်းများကဲ့သို့ ပန်းထွက်လာသည့်သွေးများနှင့်အတူ ဦးခေါင်းပြတ်များမှာ လေပေါ်သို့ပျံတက်သွားကုန်တော့၏။ စက္ကန့်အနည်းငယ်အတွင်းမှာပင် ဖှေးသည် ကြေးစားစစ်သည်များကို ဖြတ်ကျော်ကာ ထိပ်ပြောင်ထံသို့ချည်းကပ်လာတော့သည်။
“ဟားဟား ချမ်းဘော့ဒ်ဘုရင် မင်းတော့ပိတ်မိသွားပြီ။”
ထိပ်ပြောင်မှာ အနောက်သို့အလျှင်မြန်ပြေးဆုတ်ရင်းဖြင့် ရုတ်တရက်ရယ်မောလိုက်သည်။ မည်သည့်အချိန်ကတည်းကမှန်းမသိချေ။ သို့ရာတွင် သန်မာသည့်ဒူးလေးများကိုကိုင်ထားသည့် ကြေးစားစစ်သည်၁၀ယောက်ခန့်ရှိနေ၏။
“ဖျောင်း ဖျောင်း ဖျောင်း ဖျောင်း”
သူတို့အားလုံး ခလုပ်များကို နှိပ်လိုက်သည့်အချိန်တွင် သစ်ပင်ကြီးများကိုပင် ထိုးဖောက်နိုင်စွမ်းရှိသည့် မြှားအချောင်း၂၀ခန့်မှာ စပရင်သံများ၊ ဂီယာသံများနှင့်အတူ ဖှေးထံသို့တဟုန်ထိုးပျံသန်းလာတော့သည်။ ဤဒူးလေးဆယ်လက်မှာ သွေးစွန်းဂိုဏ်းစျေးကြီးပေးပြီးမှ ရရှိထားသည့် ၀ှက်ဖဲများပင်။ သူတို့အား မှော်ပစ္စည်းများဟုပင်ခေါ်နိုင်သည်။ ထိုထူးလေးများပေါ်တွင် လေမှော်အစီရင်များစီမံထားပြီး အဆင့်နှိမ့်မှော်သလင်းကျောက်များကိုတပ်ဆင်ထား၏။ မြှားအချောင်းများပေါ်၌ပင် မှော်အစီရင်များကို ပြုလုပ်စီမံထားသည်။ ထိုအစီရင်များသည် မြှားများ၏ အမြန်နှုန်း၊ ထိုခိုက်စေမှုနှင့် ထိရောက်မှုတို့ကို မြှင့်တင်ပေးရန်အတွက်ဖြစ်သည်။
ဤအခိုင်တန့်တွင် ဖှေးသည့် မြန်နှုန်းမြှင့်ချီတပ်နေဆဲကာလတွင် ဖြစ်နေသည်။ ရုတ်တရက်တိုက်ခိုက်မှုအောက်တွင် စပရင်နှင့် ဂီယာသံများထွက်ပေါ်လာလျှင်လာခြင်းမှာပင် မြှားများသည် ဖှေးခန္ဓာကိုယ်တွင်ရှိသည့်သေစေနိုင်သည့်နေရာများနှင့် နီးကပ်နေပြီဖြစ်သည်။
ဤသည်မှာ ထိပ်ပြောင်အချိန်တိုအတွင်းတွင်စီစဥ်ထားခဲ့သည့် ထောင်ချောက်တစ်ခုပင်။
ဤသည်ကြောင့်လဲ သူသည် ဖှေးအားစိန်ခေါ်သည့်စကားလုံးများကို ပြောကာ ရန်ဆွပေးနေခဲ့ခြင်းဖြစ်သည်။
ယခင်တိုက်ပွဲအတွေ့ကြုံအရ သူသည် ချမ်းဘော့ဒ်ဘုရင်ကို ယှဥ်နိုင်မည်မဟုတ်မှန်းသိရှိပြီးဖြစ်သည်။ သူ၏ ရန်သူ၏ စွမ်းအားများမှာ သူစိတ်ကူးယဥ်ထားသည်ထက်များစွာပင်ကျော်လွန်နေသည်။ ဤကဲ့သို့ရန်သူကို သူထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ပါက ရေကန်ဘေးတွင် သူတို့တပ်ဖွဲ့၏အလောင်းများ ပုံထပ်နေရုံသာရှိမည်ဖြစ်သည်။ သူ၏ တစ်ခုတည်းသော၀ှက်ဖဲမှာ ဒူလေးဆယ်လက်ပင်။ သူသည် တုံးအသည့်ပုံရှိနေသော်လည်း တကယ်တန်းမှာ အလွန်ပါးနပ်ဉာဏ်များသည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ သူ၏အပေါင်းဖော်အမျိုးသမီး ကိုယ်ရောင်ဖျောက်ပြီး ဖှေးအားတိုက်ခိုက်နေသည့်အချိန်တွင် သူဤထောင်ခြောက်ကို အမြန်စီမံခဲ့ခြင်းဖြစ်သည်။
ဤအခိုက်တန့်သည် ထောင်ခြောက်သည် သားကောက်ကိုဖမ်းယူတော့မည့်အချိန်ကာလဖြစ်၏။
ထိပ်ပြောင်၏ ရက်စက်ကြမ်းကြုတ်သည့်အပြုံးမှာ အမှောင်ထဲတွင်တောက်ပနေ၏။
သူသည် သူ၏ရယ်လိုစိတ်ကိုပင်မထိန်းနိုင်တော့ပေ။ ဖှေး၏ ခန္ဓာကိုယ်မြှားများ၏ ထိုးဖောက်ခြင်းကို ခံရပြီးနေရာ၌ပင် သေဆုံးသွားသည်ကို ကြိုတင်ပင်မြင်နိုင်နေပြီဖြစ်သည်။ သူဤရန်သူကိုရှင်းလင်းလိုက်နိုင်ပါက အခြေအနေကို ထိန်းချုပ်နိင်ဆဲဖြစ်သည်။ သူတို့အဖွဲ့မှာ ဆိုရိုကုန်သွယ်အဖွဲ့ကိုတိုက်ခိုက်ရန်အတွက် အင်အားလုံလုံလောက်လောက်ကျန်ရှိနေဆဲပင်။
“ဂရုစိုက်ဦး...”
“အန္တရာယ်ရှိတယ်..”
ဆိုရိုကုန်သွယ်အဖွဲ့တွင်ရှိနေသည့် နှာခေါင်းနီအဖိုးကြီးနှင့် အနီရောင်၀တ်ရုံနှင့်ကောင်မလေးတို့မှာ ဖှေးအားသတိပေးရန်အတွက်အော်ဟစ်လိုက်ကြသည်။ သို့ရာတွင်နောက်ကျနေပုံရ၏။
သို့သော်...
“အေးဆေးပါ...”
ဖှေးပြောလိုက်သည်နှင့်အတူ တစ်စုံတစ်ခုဖြစ်ပျက်သွားသည်။ ဖှေးခန္ဓာကိုယ်ပေါ်တွင် မီးတောက်များတောက်ပလာသည်။ အပြာရောင်အနီရောင်နှင့် ခရမ်းရောက်မီးတောက်များသည် ဖှေးခန္ဓာကိုယ်၏ အချက်ချာကျသောနေရာများတွင် တောက်ပလာတော့သည်။ ထိုမီးတောက်များနှင့်အတူ ဖှေးသည် အနောက်သို့ဆုန်ခွာသွားခဲ့ခြင်းမရှိပေ။ အရှေ့သို့သာ ဆက်လက်ချီတပ်နေ၏။ မြှားများကို ကာကွယ်ရန်အတွက် သူ၏ ဓားများကိုပင် အသုံးပြုလိုက်ခြင်းမရှိပေ။ သူသွေးဆာနေသောမြှားများထံသို့ပြေးသွားပြီး မြှားများကိုကာရန်အတွက် သူ၏ခန္ဓာကိုယ်ကိုသာအသုံးပြုလိုက်တော့သည်။
“ချွင် ချွင် ချွင် ချွင်”
လူတိုင်း၏ မျက်လုံးများနားများသူ့ထံတွင် ကျရောက်နေသည့်အချိန်တွင် သတ္တုခြင်းရိုက်ခတ်သည့်အသံများထွက်ပေါ်လာတော့သည်။ မြှားများသည် သတ္တုခေါင်းလောင်းတစ်ခုကို ရိုက်ခတ်နေသကဲ့သို့ပင်။ ကျောက်တုံးများကိုပင် ထိုးဖောက်နိုင်သည့် မြှားအချောင်း၂၀သည် ဖှေး၏ ခန္ဓာကိုယ်နှင့်ထိတွေ့လိုက်မိသည့်အချိန်တွင် နံရံနှင့်၀င်တိုက်မိသည့် သွားထိုးတံများကဲ့သို့ပင် မြေပြင်ပေါ်သို့ပြုတ်ကျကုန်တော့သည်။
တစ်ချိန်တည်းမှာပင် ဖှေးခန္ဓာကိုယ်တစ်၀ိုက်တွင် တောက်ပနေသည့် မီးတောက်များသည်လည်းတဖြည်းဖြည်းခြင်းဖြင့်ပျောက်ကွယ်သွားတော့သည်။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်နေရာမှရောက်လာမှန်းမသိသော လျို့၀ှက်ထူးဆန်းသည့် ချပ်၀တ်တစ်စုံရောက်ရှိလာတော့သည်။
လက်ချောင်း၊ လက်ဖ၀ါး၊ လက်ကောက်၀တ်၊ ဦးဆောင်း၊ ရင်ဘက်၊ နောက်ကျော၊ ခါးစကဲ့သို့ ခန္ဓာကိုယ်အစိတ်ပိုင်းများအားလုံးကို မတူညီသည့်အရောင်သွေးရှိသည့်ချပ်၀တ်များက ဖုံးကာထားကြသည်။ ဤချပ်၀တ်စုံမှာ ရိုးရှင်းပြီး ချောမွေ့သည့်ပုံရှိပြီး အေဇာရုတိုက်တွင် မြင်တွေ့ရလေ့မရှိပေ။ အစိတ်ပိုင်းတစ်ခုချင်းစီတိုင်းသည် ဖှေးခန္ဓာကိုယ်ပေါ်တွင် တင်းကြပ်စွာဖြင့်တွယ်ကပ်တပ်ဆင်ထားသည်။ သို့သော် ကြီးမားလေးလံသည့် သူရဲကောင်းသံမဏ်ချပ်၀တ်များကဲ့သို့မဟုတ်ပေ။ ဤချပ်၀တ်သည့် ဖှေးအား ထည်၀ါပြီးရဲရင့်သည့်ပုံရှိစေသည်။