အခန်း (၂၃၇)
Vol. 16 Ch. 237
ချပ်၀တ်အစိတ်ပိုင်းတစ်ခုခြင်းစီတိုင်းသည် သာမန်ထက်ပိုစွာပင် လျို့၀ှက်ထူးဆန်းပြီး လှပသည်။ အစိတ်ပိုင်းတစ်ခုနှင့်တစ်ခုမှာ တင်းကြပ်စွာဖြင့်ချိတ်ဆက်ထားကြပြီး ကြီးမားသည့်မှော်စွမ်းအားများနှင့်အတူအလင်းရောင်ဖျော့ဖျော့တစ်ခုကိုလဲ ထုတ်လွှတ်လျှက်ရှိသည်။ သူတို့အားလုံးသည်မှော်ပစ္စည်းများဖြစ်ကြသည်မှာ ထင်ရှားလှသည်။ ဘူးလ်-ခေးတို့စ်၏ ဓားနှစ်လက်နှင့်အတူ ဖှေးသည် နတ်ဆိုးနှင့်နတ်ဘုရားတို့၏ တိုက်ပွဲများဆင်နွှဲပြီးပြန်လာသည့် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
ဤချပ်၀တ်မည်သည့်နေရာမှ ရောက်ရှိလာသည်ကို မည်သူမှမြင်လိုက်ခြင်းမရှိကြချေ။
သို့သော် ဤမည်သည့်နေရာမှရောက်လာမှန်းမသိသည့် ချပ်၀တ်သည် သေစေနိုင်သည့် ချောင်းမြောင်းတိုက်ခိုက်မှုကို လွယ်ကူစွာဖြင့်ပင်ကာကွယ်လိုက်သည်ကို ရှင်းရှင်းလင်းလင်းပင်မြင်လိုက်ရသည်။ ကြီးမားသည့်မြှားများသည် ချပ်၀တ်ပေါ်တွင်အစင်းကြောင်းတစ်ခုကိုပင် ထင်ကျန်ခဲ့နိုင်ခြင်းမရှိပေ။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...” ထိပ်ပြောင်၏ မျက်လုံးများကျံ့သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးအေးစက်သွားသလိုခံစားလိုက်ရသည်။
“ချွင် ချွင် ချွင် ချွင်”
သူမတုန့်ပြန်နိုင်သေးခင်မှာပင် ဓားများရွေ့လျားသွားပြီး ဓားမှအလင်းရောင်များရောင်ပြန်ဟပ်လာသည်။ သွေးမိုးများကောင်းကင်မှရွာကျလာပြီး အတွေ့ကြုံရှိသည့် ဒူးလေးသမားဆယ်ယောက်မှာ သူတို့၏ဒူးလေးများကိုထက်မံအသုံးပြုနိုင်တော့မည်မဟုတ်ချေ။ သူတို့အားလုံးဖှေး၏ ဓားနှစ်လက်အောက်တွင် အပိုင်းနှစ်ဆယ်ပိုင်းဖြတ်ခြင်းကိုခံလိုက်ကြရ၏။
နောက်အခိုက်တန့်တွင် ဖှေး၏ဓားများသည် ထိပ်ပြောင်၏ ခန္ဓာကိုယ်ပေါ်သို့ဖြတ်သန်းသွား၏။
သူ၏ ခန္ဓာကိုယ်တွင်အေးစက်သည့်ခံစားချက်တစ်ခု ပြန့်နံ့သွားပြီး သူ၏ခြေလက်များထုံကျင်ကာ မတ်တပ်ရပ်ရန်ကိုပင်အားအင်များကုန်ခမ်းသွားသည်ကို ထိပ်ပြောင်ခံစားလိုက်ရသည်။ သူ၏ လက်ကောက်၀တ်နှင့် ခြေချင်း၀တ်နေရာများမှာ သွေးများစီးကျလာတော့သည်။ သူမတုန့်ပြန်နိုင်သေးခင်မှာပင် သူ၏ခြေလက်များမှာ ဖှေး၏ဓားနှစ်လက်ကြောင့် ပြတ်ထွက်လုနီးနီးပင်။
“ခင်ဗျားကို ပြောပါတယ်...သွေးစွန်းဂိုဏ်းတစ်ခုလုံးကျရှုံးတာကို ကိုယ်တိုင်မြင်ရအောင် ခင်ဗျားကိုအသက်ရှင်ခိုင်းထားဦးမယ်လို့....”
ဖှေး၏ အေးစက်သည့်အသံသည်သေမင်းခေါ်သံကဲ့သို့ သူ၏နားနှစ်ဖက်တွင်မြည်ဟည်းသွား၏။ သူ၏ ခြေလက်များမှရှိသော ဒဏ်ရာများသည်သူ့အားပိုမို၍ပင် စိတ်ဓာတ်ပျက်ပျားသွားစေသည်။ စစ်သည်တစ်ယောက်အတွက် ခြေလက်များတွင် ဤကဲ့သို့ဒဏ်ရာများရရှိသွားခြင်းသည် မသန်စွမ်းသူတစ်ယောက်ဖြစ်သွားသကဲ့သို့ပင်။ သေဆုံးသည်ထက်ပင် ပို၍ဆိုး၀ါးလှ၏။ ထိပ်ပြောင်မှာ မြေပြင်ပေါ်တွင်စွမ်းအားကင်းမဲ့စွာဖြင့် လဲနေရင်းဖှေးအား မျက်လုံးထဲတွင် ရက်စက်မှုများဖြင့် စိုက်ကြည့်နေ၏။ “ချမ်းဘော့ဒ်ဘုရင် မင်းကများ...” သူထိုကဲ့သို့ပြောရင်းဖြင့် သူ့လျှာသူကိုက်ဖြတ်ပြီး မိမိကိုယ်မိမိသတ်သေတော့မည့်ဆဲဆဲတွင်။
သို့သော်...
“ဖျောင်း...”
ဖှေးသူ၏ မေးရိုးပေါ်သို့တက်နင်းပြီး ချိုးလိုက်ကာ ပြောလိုက်သည်။ “ခင်ဗျားအသက်ရှင်ရမယ်လို့ ပြောပြီးပြီး အဲ့အတွက်ကြောင့်ခင်ဗျားသေမှာ မဟုတ်သေးဘူး...”
ဖှေးလေပေါ်သို့ ခုန်ပျံလိုက်ပြီး ကျောက်တိုင်တစ်ခုပေါ်သို့ တက်လိုက်၏။ သူပတ်၀န်ကျင်သို့လှည့်ပတ်ကြည့်ရှုကာ ထိပ်ပြောင်၏ဘေးတွင်ရပ်နေခဲ့သည့် အသက်လတ်ပိုင်းအရွယ် သဘောကောင်းသည့်ရုပ်ရည်ရှိသည့် လူအားရှာကြည့်လိုက်သည်။ ဤအဖွဲ့ထဲတွင်ရှိနေသည့် တိုက်ခိုက်ရေးသမား၄ယောက်ထဲတွင် သူတစ်ယောက်သာ အစွမ်းထုတ်မပြရေသးပဲကျန်ရှိနေသည့်လူဖြစ်၏။ ထိုလူသည်လည်း အန္တရာယ်ပြုလာနိုင်ချေများစွာရှိနေသည့် လူတစ်ယောက်ပင်။
တစ်ချိန်တည်းမှာပင် ဖှေးလက်ဟန်ခြေဟန်ပြပြီးအမိန့်ပေးလိုက်ရာ ပတ်၀န်းကျင်တွင်ပုန်းအောင်းနေခဲ့သည့် သူတော်စဥ်တပ်ဖွဲ့၀င်များထွက်လာပြီး ကျန်ရှိနေသေးသည့် ကြေးစားစစ်သည်များကို လိုက်လံသက်ဖြတ်ကြတော့သည်။
ဤသည်မှာ ပထမဆုံးအနေဖြင့် ချမ်းဘော့ဒ်ဘုရင် ဤနေရာသို့တစ်ယောက်တည်းလာခဲ့ခြင်းမဟုတ်သည်ကို လူတိုင်းသိလိုက်ရခြင်းပင်။ ချမ်းဘော့ဒ်ဘုရင်လက်အောက်မှ စစ်သည်များမှာ ရေကန်ကမ်းတစ်၀ိုက်ကို ၀ိုင်းထားပြီးဖြစ်သည်။ ချမ်းဘော့ဒ်ဘုရင်သည်ဤနေရာတွင်ရှိနေသည့် ကြေးစားစစ်သည်များအားလုံးကို အရှင်ထားရန်အစီစဥ်မရှိသည်မှာ ထင်ရှားလှ၏။ ချမ်းဘော့ဒ်မှစစ်သည်များမှာ စိတ်ဓာတ်ခွန်အားများအမြင့်ဆုံးရောက်နေကြပြီး စွမ်းအားလည်းကြီးမားလှသည်။ မျက်နှာတွင် အမာရွတ်တစ်ခုရှိပြီး ကြီးမားသည့်ခပ်၀၀လူကြီးတစ်ယောက်နှင့် ရွှေရောင်ဆံပင်နှင့် ငယ်ရွယ်ခန့်ညားသည့်လေးသည်တော်တစ်ယောက်မှာ စစ်သည်များကိုဦးဆောင်ပြီး တစ်ဖက်သက်လူသတ်ပွဲကြီးတစ်ခုကို ဆင်နွှဲလျှက်ရှိသည်။ သွေးစွန်းဂိုဏ်းမှာ ကြေးစားစစ်သည်များသည်အတတ်နိုင်ဆုံးကြိုးစားကာ ခုခံကြသော်လည်း ကျောက်ဆောင်နှင့် ၀င်တိုက်မိသော ကြက်ဥများကဲ့သို့ပင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်ခြင်းမရှိကြချေ။ မကြာမှီတွင် ကြေးစားစစ်သည်ဆယ်ယောက်ကျော်ခန့်သာ ကျန်ရှိနေကြတော့ပြီး လက်နက်များကိုပစ်ချကာ အသက်ချမ်းသာပေးရန်အတွက် အသနားခံကြတော့သည်။ ကျန်ရှိနေသည့် စစ်သည်များအားလုံးမှာ သေဆုံးသွားကြပြီဖြစ်သည်။
ဤအချိန်တွင် ဖှေး ကျန်ရှိနေသေးသည့် ခေါင်းဆောင်တစ်ယောက်ကိုနောက်ဆုံးတွင် ရှာတွေ့သွားပြီဖြစ်သည်။
“ပြေးတော့မလို့လား...နောက်ကျလွန်းသွားပြီကွထွက်ခဲ့စမ်း...”
ဖှေးကျောက်တိုင်ပေါ်တွင် ရပ်နေရင်းဖြင့် လေထုကိုလက်သီးဖြင့်ထိုးလိုက်သည်။ ဤလက်သီးချက်အရှိန်သည် တစ်နည်းတစ်ဖုံဖြင့် ရေကန်မျက်နှာပြင်အထိပင် ရောက်ရှိသွား၏။ လယ်ဗယ်၃၈လူရိုင်းဇာတ်ကောင်၏ ခွန်အားများမှာ လေထုကိုပေါက်ကွဲစေပြီး ကန်ရေများကို ကောင်းကင်ပေါ်သို့မြောက်တက်သွားစေသည်။ ပြန်လည်ကျဆင်းလာသည့်ရေများနှင့် အတူငါးတစ်ကောင်ကဲ့သို့ထွက်ပြေးလွတ်မြောက်ရန်အတွက် ကြံစည်နေသည့်လူတစ်ယောက်မှာ ဖြေး၏ရိုက်ချက်များကြောင့် ရေကန်စပ်သို့ပြန်လည်ကာ ရောက်ရှိလာတော့သည်။
ထိုလူမှာ သွေးစွန်းဂိုဏ်း၏ အလယ်လတ်အဆင့်ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ပြုံးနေသည့်ကျားရိုင်းဟုနာမည်ပြောင်ရရှိထားသည့်လူဖြစ်သည်။ သူသည် လူပေါင်းများစွာကိုသတ်ဖြတ်ဖူးပြီး ချမ်းဘော့ဒ်မြို့သားများကို ကျေးကျွန်အဖြစ်လူကုန်ကူးသည့်နေရာတွင် အဓိကတာ၀န်ရှိသူများထဲမှတစ်ယောက်ဖြစ်သည်။
“ကျေးဇူးပြုပြီး ချမ်းသာပေးတော်မူပါ ချမ်းဘော့ဒ်ဘုရင်...”
ထိုသူမြေပေါ်သို့ ပြန်လည်ပြုတ်ကျကျခြင်းပင် ဒူးထောက်ပြီး အသက်ချမ်းသာပေးရန်အတွက် အသနားခံတော့သည်။ ဖှေးကျောက်တိုင်ပေါ်မှ ခုန်ဆင်းပြီး ထိုလူ၏အရှေ့တွင် ရပ်လိုက်သည်။
ရုတ်တရက်....
“ဟားဟား သေစမ်းကွာ....”
ဤအသက်လတ်ပိုင်းလူမှာ တိုက်ခိုက်မှုတစ်ခုကို စတင်လိုက်သည်။ သူ၏ မျက်နှာနအမူရာသည် ရက်စက်လာသည်နှင့်အတူ သူ၏ပုခုံးများကိုလှုပ်ခါကာ လက်ချောင်းများကို ဆန့်တန်းလိုက်သည်။ သူ၏ ဒူးတံတောင်လက်ကောက်၀တ်များသည့် ထူးဆန်သည့်ပုံစံတစ်ခုအတိုင်းလှုပ်ရှားသွားပြီး ချက်ချင်းလိုလိုပင် လက်နက်ပုန်းများစွာသည် ဖှေးထံသို့မိုးရေစက်များကဲ့သို့ ပျံသန်းလာတော့သည်။ ဤလူမှာ လက်နက်ပုန်းအတတ်တွင် ဆရာတစ်ဆူပင်။ တစ်စက္ကန့်အတွင်းမှာပင် ခန္ဓာကိုယ်၏ သေစေနိုင်သည့်နေရာများစွာကို ဦးတည်ပြီး လက်နက်ပုန်းတစ်ရာကျော်ကို ပစ်လွှတ်လိုက်၏။ ထိုလက်နက်များထဲတွင် အဆိပ်များနှင့် မှော်စွမ်းအင်အရိပ်ယောင်များလဲ ပါ၀င်နေသည်။
“ဟား လွယ်လွန်းပါတယ် မင်းဒါကိုကြည့်လိုက်စမ်းး။။။”
ဖှေးနှာခေါင်းရှုံ့လိုက်သည်။ သူ ဤကဲ့သို့တိုက်ခိုက်မှုအတွက် ကြိုတင်ကာပြင်ဆင်ထားပြီးဖြစ်သည်။ သူ၏လက်ထဲတွင် ဓားများကိုကခုန်ဆော့ကစားရင်း ထိုနေရာ၌ပင်ရပ်နေ၏။ ဓားများလှုပ်ရှားသွားပြီး လေထဲတွင် ပုံရိပ်ယောင်များစွာပင်ထင်ကျန်လာခဲ့ပြီး လက်နက်ပုန်းများကို လွယ်ကူစွာပင်ကာကွယ်လိုက်သည်။
ဤသည်မှာ ဖှေးသူ၏ ဓားလက်နက်ကျွမ်းကျင်မှုကို လယ်ဗယ်၈အထိမြှင့်တင်ပြီးချိန်တွင် ရရှိခဲ့သည့် ကြောက်မက်ဖွယ်ဓားစွမ်းရည်တစ်ခုပင်။ သူ၏ဓားများအပေါ်တွင်နားလည်ကာ ထိန်းချုပ်ကိုင်တွယ်နိုင်မှုမှာ အေဇာရုတိုက်တွင်ရှိသည့် စစ်သည်အများစုထက်ပင်သာနေပြီဖြစ်သည်။
လက်နက်ပုန်းများကို ဓားများဖြင့်ရိုက်ထုတ်လိုက်ပြီဖြစ်သောကြောင့် အသက်လတ်ပိုင်းအရွယ်လူများ၏ အပြုမူများသည်လည်းအဆုံးသက်သွားပြီဖြစ်သည်။
ဖှေး၏ ဓားများသည် ထိုလူ၏ လက်များနှင့် ခြေထောက်များကိုပြင်းထန်စွာ ခုတ်ပိုင်းရန်အတွက် တွန့်ဆုတ်နေခဲ့ခြင်းမရှိပေ။ သူ၏ ခန္ဓာကိုယ်အတွင်းမှာ ကြွက်သားတစ်ချို့ကို ထိန်းချုပ်သည့်အာရုံကြာများကိုပါ ဖှေးဖျက်စီးပစ်ခဲ့သည်။ ဤကဲ့သို့ပြုလုပ်ရန်မှာ လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ ပြောင်းလဲနိုင်သည့်ဖှေးအတွက်များစွာလွယ်ကူသည်။
ဤအချိန်တွင် သွေးစွန်းဂိုဏ်းမှစစ်သည်များအားလုံးမည်သူမျှပင် ချွင်းချက်မရှိပဲ အကုန်သေဆုံးကုန်ကြပြီဖြစ်သည်။
ဆိုရိုကုန်သွယ်ရေးအဖွဲ့မှ လူများအားလုံးထိတ်လန့်အံ့သြကုန်ကြသည်။
“အရှင်မင်းကြီး ကျွန်တော်တို့ ဒီလူတွေကိုဘယ်လိုလုပ်ကြမလဲ...” တိုးရီစ်ဖှေးထံသို့ လမ်းလျှောက်လာပြီး လက်နက်ချအရှုံးပေးထားသည့် သွေးစွန်းဂိုဏ်းကြေးစားစစ်သည်များကို ညွှန်ပြကာမေးလိုက်သည်။