← Chapters

အခန်း (၂၃၈)

Vol. 16 Ch. 238

အခန်း (၂၃၈)

Vol. 16 Ch. 238

ဖှေးကြည့်လိုက်ရာ သွေးစွန်းဂိုဏ်းမှာသုံ့ပန်းများကို သူတော်စဥ်တပ်ဖွဲ့၀င်များချုပ်နှောင်ထားပြီးဖြစ်သည်ကိုတွေ့လိုက်ရသည်။ သူတို့အားလုံး တုန်ခါနေကြပြီး မြေပေါ်တွင်ဒူးထောက်နေကြသည်။ သူခနတာခန့် စဥ်းစားလိုက်ပြီး ကျောက်တိုင်ပေါ်တွင်ချည်ထားသည့် ကျိုးနေသည့်ထိပ်ပြောင်၊ အမျိုးသမီးနှင့် သေလုမျောပါးဖြစ်နေပြီဖြစ်သည့် အသက်လတ်ပိုင်းအရွယ်လူတို့ကိုညွှန်ပြလိုက်ပြီး သူ့ထံသို့လမ်းလျှောက်လာနေသည့် အိုလတ်ဂ်ကိုအမိန့်ပေးလိုက်သည်။ “ငါမင်းကို ဒီကောင်တွေကို ကိုင်တွယ်စေချင်တယ်။ မင်းဘာနည်းလမ်းကိုပဲသုံးသုံး ဒီကောင်တွေစီကနေသွေးစွန်းဂိုဏ်းအကြောင်းကို သိနိုင်သလောက်သိအောင်စစ်မေးလိုက်ကွာ..အော် အေး..အဲ့ထိပ်ပြောင်နဲ့တစ်ကောင်ကိုတော့ အသက်ရှင်လျှက်ထားလိုက်။ ငါသူ့ကို သွေးစွန်းဂိုဏ်းတစ်ခုလုံးပျက်သုဥ်းသွားတာကို မြင်စေချင်သေးတယ်။”

ထောင်မှူးအိုလတ်ဂ်မှာ ညင်းပန်းနှိပ်စက်သည့်နေရာတွင် ဆရာတဆူပင်ဖြစ်သည်။ ရက်စက်တတ်သည့်လူများကို ရက်စက်တတ်သည့်လူကသာ ကိုင်တွယ်သင့်သည့်ဖြစ်သည်။ အိုလတ်ဂ်မှာလည်း ထိုကဲ့သို့ပြုလုပ်ရန်အတွက် စိတ်လှုပ်ရှားလျှက်ရှိနေသည်။ သူ၏ နှုတ်ခမ်းများကိုလျှာဖြင့်သပ်လိုက်ပြီး မဆိုင်းမတွပင် “ဟုတ်ကဲ့ပါအရှင်မင်းကြီး” ဟုပြန်ဖြေလိုက်သည်။

ရုတ်တရက်ပင် သူတော်စဥ်စစ်သည်များသည် သူတို့ထံသို့လမ်းလျှောက်သွားပြီး ထိပ်ပြောင်နှင့် အသက်လတ်ပိုင်းအရွယ်လူတို့ကို ရေကန်ထံသို့ဆွဲခေါ်သွားကြတော့သည်။ နတ်သူငယ်သွေးတစ်၀က်ပါသည့် အမျိုးသမီးကိုလည်း အိုလတ်ဂ်ဆွဲခေါ်သွားတော့၏။

မကြာမှီအချိန်တွင် တစ်စုံတစ်ယောက်ငြီးငြူနေသည့်အသံကို အိုလတ်ဂ်၏ရယ်မောသံများနှင့်အတူ ရေကန်နားတစ်၀ိုက်မှကြားနေရ၏။ “ပလုံ ပလုံ ပလုံ” လေးလံသည့်အရာတစ်စုံတစ်ခုကို ရေကန်အတွင်းသို့ပစ်ချနေပုံရသည်။

ဖှေးသွေးစွန်းဂိုဏ်းစစ်သည်များ၏ နာကျင်စွာအော်ဟစ်သံများကိုကြားနေရင်းဖြင့် အန်ဂျယ်လာရှိနေသည့် ရထားလုံးအားကြည့်ကာ မျက်မှောင်ကြုံ့လိုက်သည်။ ထိုနောက်တွင် ကျောက်တုံးငယ်တစ်ခုဖြင့် အိုလတ်ဂ်၏ခေါင်းကို လှမ်းပစ်လိုက်ပြီး အော်ဟစ်လိုက်သည်။ “ဟေ့ကောင် ရေကန်ထဲကိုအမှိုက်တွေပစ်ချမနေနဲ့ကွနောက်ပြီး နည်းနည်း၀ေးတဲ့နေရာကိုသွားလုပ်။ ဆူညံသံတွေက လူတွေကို အနှောင့်ယှက်ဖြစ်နေမယ်။”

အိုလတ်ဂ် နှိပ်စက်သည့်နေရာကို တောအုပ်အတွင်းသို့ ရွေ့ပြောင်းလိုက်ရာ မျှော်လင့်ထားသည့်အတိုင်းပင် ဆူညံသံများလည်းလျှော့ကျသွားတော့သည်။

တိုက်ပွဲမြေပြင်အား သန့်ရှင့်းရန်အတွက် တာ၀န်ရှိသည့်လူများမှာ ဥပဒေပြုအရာရှိများပင်။

မကြာမှီတွင် သွေးများ၊ အလောင်းများခြေပျက်လက်ပြတ်များဖြင့် ပြည့်နှက်နေသည့် ရေကန်တ၀ိုက်မြေပြင်မှာ ရှင်းလင်းသွားပြီး ထိုအရာများကို ဥပေဒေပြုအရာရှိများမှ အနည်းငယ်၀ေးလှံသောနေရာတွင် ရှိသည့်မြက်တောထဲတွင် စွန့်ပစ်လိုက်ကြသည်။ လရောင်သည့် ရေကန်မျက်နှာပြင်ပေါ်တွင် တောက်ပလျှက်ရှိပြီးရေကန်တ၀ိုက်တွင် ရွှေရောင်အရွက်များရှိနေသည့် အပင်များမှာ ရွှေရောင်ကော်ဇောပြင်တစ်ခုကဲ့သို့ပင်။ သတ်ဖြတ်ခြင်းများလည်းအဆုံးသတ်သွားပြီဖြစ်သောကြောင့် ရှုခင်းမှာ တိတ်ဆိတ်ငြိမ်သက်ကာ လှပနေသည်။

စစ်ဘက်ဆိုင်ရာ ယာယီရွက်ဖြင်တဲများကို လျှင်မြန်စွာပင်ထိုးလိုက်သည်။

ချမ်းဘော့ဒ်တပ်ဖွဲ့သည့် ဤကဲ့သို့စခန်းချရခြင်းကို တိုင်းပြည်အတွင်းမှာထွက်ခွာလာသည်မှာ အချိန်အတန်ကြာမြင့်ပြီဖြစ်သဖြင့် အသားကျနေပြီးဖြစ်သည်။ အရာအားလုံးသည့် အစီစဥ်အတိုင်းပင်ရှေ့ဆက်လျှက်ရှိသည်။ တိုက်ပွဲအပြီးတွင် ချမ်းဘော့ဒ်တပ်ဖွဲ့ကိုလေ့လာအကဲခတ်နေသည့် ဆိုရိုကုန်သွယ်ရေးအဖွဲ့ကိုမူ မည်သူမျှဂရုစိုက်ကြခြင်းမရှိပေ။

သို့သော် မကြာမှီတွင် ကုန်တွယ်ရေးအဖွဲ့မှမန်နေဂျာဖြစ်သူနှင့် စွဲမက်ဖွယ်ကောင်းသည့် မိန်းမငယ်လေးတို့မှာ ဖှေးအားတွေ့ဆုံရန်အတွက် လမ်းလျှောက်လာကြသည်။

“သူတို့ကို ၀င်ခဲ့ခိုင်းလိုက်”

ဖှေးသည် ရွက်ဖျင်တဲကြီးတစ်ခု၏ အလည်တွင်ထိုင်နေပြီး စစ်သည်တစ်ယောက်ပြီးခဲ့သည့် တိုက်ပွဲနှင့်ပတ်သက်သည့်အချက်လက်များကို သတင်းပို့သည်ကိုနားထောင်နေ၏။

ဖှေးချမ်းဘော့ဒ်တိုင်းပြည်ကို ရောက်ရှိသည့်အချိန်မှစတင်ကာ တိုက်ပွဲပေါင်းများစွာကိုကြုံတွေ့ဆင်နွဲပြီးဖြစ်သည်။ သူအားလုံးကို လက်ရှိအချိန်ထိအကုန်လုံးကိုအနိုင်ရရှိခဲ့သည်။ တစ်ချို့မှာ အားနည်းသည့်ရန်သူများဖြစ်သည့်အတွက်ကံကောင်းသွားသည်ဖြစ်ပြီး ဖှေးကိုပို၍သန်မာလာစေရန်အတွက်အခွင့်ရေးပေးခဲ့သည်။ ထို့အပြင် သူရင်ဆိုင်ခဲ့သည့်ရန်သူများအားလုံးသည်ဖှေးနှင့် ချမ်းဘော့ဒ်၏ စွမ်းအားကိုလျှော့တွက်မိခဲ့သည့်အတွက်ကြောင့်လဲဖြစ်သည်။

အမဲရောင်ချပ်၀တ်နှင့်ရန်သူများသည်လည်း ဤအချက်ကြောင့်ပင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ပဲရစ်နှင့် မင်းသမီးတို့သည်လည်း ဖှေးကိုလျှော့တွက်ခဲ့ကြမိပြီး ဖှေး၏ သေဟန်ဆောင်နေခဲ့သော ရိုးရှင်းသည့်နည်းလမ်းတစ်ခုဖြင့် အကွက်ရွှေ့ခြင်းကို ခံခဲ့ရသည်။ ယနေ့သွေးစွန်းဂိုဏ်းနှင့်ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင်လည်း ဤကဲ့သို့ပင်။ သွေးစွန်းဂိုဏ်းမှာ ချမ်းဘော့ဒ်နှင့်ပတ်သက်သည့်သတင်းများကို ကြားသိပြီးဖြစ်သော်လည်း သူတို့သည် အကန့်သတ်ရှိသည့် အချက်လက်များကိုသာ သိရှိခဲ့ရသည်မှာထင်ရှားသည်။ ထို့အပြင်ဖှေး၏ စွမ်းအားများသည်လည်း တစ်နေ့ထက်တစ်နေ့သိသိသာသာတိုးတတ်လာခဲ့သည့်ဖြစ်သည့်အတွက် နောက်ဆုံးတွင်အနိုင်ရရှိခဲ့ခြင်းဖြစ်၏။

“ငါတို့ထက်အင်အားကြီးတဲ့ရန်သူနဲ့ရင်ဆိုင်ရရင်ရော ချမ်းဘော့ဒ်ကပြိုင်ဘက်ကင်းနေနိုင်သေးလား...”

ဖှေးသူ့ကိုယ်သူပြန်မေးလိုက်မိသည်။

ရုတ်တရက် ဖှေးနားလည်သွားသည်။ ဖှေးသည် သူ၏တပ်ဖွဲ့ကိုဦးဆောင်ကာ စိန်ခေါ်မှုများစွာကိုရင်ဆိုင်ခဲ့သော်လည်း ထိုစိန်ခေါ်မှုများသည် အနိုင်ရရှိနိုင်ချေများစွာရှိနေမှသာလျှင်သူရင်ဆိုင်ခဲ့သောကြောင့်ဖြစ်ပေလိမ့်မည်။ ကလေးငယ်များကို ကာကွယ်နေသည့်အတိုင်းပင် ဖှေးသည် သူ၏လူများကို မိုးကြိုးနှင့် လျှပ်စီးများကင်းစင်သွားသည့်အချိန်မှသာလျှင် မုန်တိုင်းနှင့်ရင်ဆိုင်ခဲ့စေခြင်းပင်။ ဤအတွေ့ကြုံများမှ သူတို့အားလုံးအမှန်တကယ်ပင် အတွေ့ကြုံရရှိခဲ့နိုင်လား။ သူတစ်စုံတစ်ခုကို လျစ်လျူရှုလိုက်ခဲ့မိနိုင်သည်။

အေဇာရုတိုက်သည် တောရိုင်းကြီးတစ်ခုကဲ့သို့ဖြစ်သည်။ အနာဂတ်တွင် မည်သည့်အန္တရာယ်များမှ စောင့်ကြိုနေမှန်းမည်ကဲ့သို့မှ သိရှိနိုင်မည်မဟုတ်ပေ။ သူတို့အားလုံးအလွန်သန်မာသည့် ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အချိန်သို့ရောက်ရှိလာပါက သူတော်စဥ်တပ်ဖွဲ့နှင့် ဥပဒေပြုတပ်ဖွဲ့သည့် ထိုအန္တရာယ်များကို ရင်ဆိုင်နိုင်ပါမည်လား။

ထိုမေးခွန်း၏ အဖြေကို ဖှေးကိုယ်တိုင်ပင်သိရှိခြင်းမရှိပေ။

ထိုအခိုက်တန့်တွင် တစ်စုံတစ်ယောက်သည် တဲတံခါးကိုဖွင့်လိုက်သည်။

တိုးရီစ်၏ဦးဆောင်လမ်းပြမှုအောက်တွင် မန်နေဂျာနှင့် အနီရောင်၀တ်စုံနှင့်အမျိုးသမီးတို့၀င်ရောက်လာကြသည်။

“အရှင်မင်းကြီး...” သူတို့နှစ်ယောက်လုံးအရိုသေပေးလိုက်ကြသည်။

ဆိုရိုကုန်သွယ်ရေးအဖွဲ့၏ စွမ်းအားနှင့်အရှိန်၀ါတို့ကြောင့် မန်နေဂျာမှာဤကဲ့သို့အဆင့်၆တိုင်းပြည်ငယ်မှ ဘုရင်တစ်ပါးကိုဂရုစိုက်စရာမလိုချေ။ သို့သော်လည်း အကြောင်းတစ်စုံတစ်ရာကြောင့် ဤငယ်ရွယ်သည့်ဘုရင်မှာ ချွင်းချက်တစ်ခုပင်။ မန်နေဂျာ ချမ်းဘော့ဒ်ဘုရင်ကို လေးလေးစားစားဆက်ဆံသည့်အကြောင်းရင်းမှာ သူတို့အဖွဲ့ကိုကယ်တင်ခဲ့ခြင်းအပြင် ဤလူငယ်၏ဖြစ်ထွန်းနိုင်ချေကိုလည်း မှန်းဆကြည့်မိသောကြောင့်ဖြစ်သည်။

“ထိုင်ကြပါဦး...”

ဖှေးတဲအတွင်းတွင်ရှိနေသည့် ထိုင်ခုံများကိုညွှန်ပြလိုက်ပြီးနွေးထွေးစွာဖြင့်ကြိုဆိုလိုက်သည်။

အဖိုးကြီးဇိုလာရစ်သည် ဆိုရိုကုန်သွယ်ရေးအဖွဲ့အကြောင်းကိုဖှေးအားပြောပြထားခဲ့ပြီးဖြစ်သည်။ ထိုအဖွဲ့မှာ သွေးစွန်းဂိုဏ်းထက်အဆပေါင်းများစွာပို၍စွမ်းအားအရှိန်၀ါကြီးသည့် အဖွဲ့များထဲမှတစ်ခုဖြစ်သည်။ သူတို့၏စီးပွားရေးများသည် အေဇာရုတိုက်တွင်ရှိသော စီးပွားရေးနယ်မြေများအားလုံးတွင် ဖြန့်ကျက်ထားသည်။ အဖွဲ့စည်းကိုတည်ထောင်ခဲ့သည့်ခေါင်းဆောင်မှာလည်း လူသိများသည်။ သူသည်အောက်ခြေမှစတင်ခဲ့သူဖြစ်ပြီး ယခုအချိန်တွင် အချမ်းသာဆုံးလူတစ်ယောက်ဖြစ်သည်။ သို့သော်လည်း တစ်ခါမှလူရှေ့သူရှေ့သို့ထွက်လာခဲ့ခြင်းမရှိပေ။ တချို့ကခေါင်းဆောင်သည် နေအဆင့်ရှိသိုင်းဆရာတစ်ယောက်ဖြစ်သည်ဟုလည်းပြောကြသည်။ တစ်ချို့ပြောသည်မှလည်း စစ်သည်မဟုတ်ပဲသာမန်လူတစ်ယောက်သာဖြစ်သည်ဟုလဲဆိုကြသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် စစ်ဘက်ဆိုင်ရာနှင့် မြို့ပြဘက်ဆိုင်ရာတွင် အာဏာရှိလူများနှင့်ရင်းနှီးထားသည်မှာ အသေချာပင်။ ဤအချက်ကြောင့် မည်သူမှ ဆိုရိုကုန်သွယ်ရေးအဖွဲ့ကိုပြသနာမရှာရဲကြပေ။

သို့သော် ရည်မှန်းချက်ကြီးမားသည့်သွေးစွန်းဂိုဏ်းမှာ ဆိုရိုကုန်သွယ်ရေးအဖွဲ့ကိုစတင်ကာတိုက်ခိုက်ခဲ့သည်။ လူအသွားလာနည်းသည့်တောထဲတွင် သွေးစွန်းဂိုဏ်းလက်ချက်ဖြင့် အသက်သေခါနီးအခြေအနေသို့ရောက်ရှိခဲ့၏။ အကယ်၍ သွေးစွန်းဂိုဏ်းသာအောင်မြင်သွားပါက ဆိုရိုကုန်သွယ်ရေးအဖွဲ့မည်ကဲ့သို့ပင် စုံစမ်းစစ်ဆေးစေကာမူ သူတို့အတွက်အလွန်ခက်ခဲမည်ဖြစ်သည်။

ငြင်းလို့မရသည့်အချက်မှာ ဤအဖွဲ့သည့်အလွန်အဖိုးတန်သည့် အရာတစ်ခုခုကိုသယ်ဆောင်ခဲ့သည့်အတွက် သွေးစွန်းဂိုဏ်းမှာ ဤကဲ့သို့စွန့်စားခဲ့ခြင်းဖြစ်ပေလိမ့်မည်။

ဖှေးကုန်သွယ်ရေးအဖွဲ့မှအစောင့်များသည် အနောက်တွင်ရှိနေသည့် မှော်ရထားသုံးလုံးကိုအပြင်းထန်ကာကွယ်နေကြသည်ကို သတိထားမိသည်။ ထို့ကြောင့်ထိုအရာသည်အကြောင်းပြချက်ဖြစ်နေလိမ့်မည်ကို ဖှေးရိပ်မိသည်။ သို့ရာတွင် ထိုအရာသည်ချမ်းဘော့ဒ်တိုင်းပြည်နှင့် မသက်ဆိုင်သည့်အကြောင်းကိစ္စတစ်ခုဖြစ်သောကြောင့် ဖှေးမေးမြန်းခြင်းမပြုပေ။

သူတို့သည် အရှိန်၀ါကြီးသည့် ဆိုရိုကုန်သွယ်ရေးအဖွဲ့၏အစိတ်ပိုင်းတစ်ခုနှင့်တွေ့ဆုံနေခြင်းဖြစ်သည်အတွက် သူတို့၏ဆက်ဆံရေးကိုခိုင်မြဲအောင်ပြုလုပ်ရမည်ဖြစ်သည်။ ဤအဖွဲ့၏ခေါင်းဆောင်ဖြစ်သူမှာ အဆင့်၅အရာရှိတစ်ယောက်သာဖြစ်သော်လည်း သူနှင့်ရင်းနီးထားပါကချမ်းဘော့ဒ်တိုင်းပြည်အတွက်များစွာပင် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။

“ကျွန်တော့နာမည်က ဟယ်ရီပါ။ ဆိုရိုကုန်သွယ်ရေးအဖွဲ့က အဆင့်၅မန်နေဂျာတစ်ယောက်ပါ။ အရှင့်ရဲ့ကြင်နာတတ်တဲ့ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်။ အရှင်သာရောက်မလာခဲ့ဘူးဆိုရင် ဒီညကျွန်တော်တို့ဘာဖြစ်သွားမလဲဆိုတာကို မတွေးရဲစရာပါပဲ။ အဖိုးကြီးမှာ ထိုင်ပြီးပြုံးလိုက်သည်။

“ဟားဟား ရပါတယ်ဗျာ။ ချမ်းဘော့ဒ်နဲ့သွေးစွန်းဂိုဏ်းက ရန်သူတွေပဲလေ။ တိုက်ဆိုင်သွားလို့ပါ။” ဖှေး နာမည်ကောင်းမယူလိုချေ။

“အရှင်မင်းကြီးက အတော်ရိုးတာပဲ။ အရှင်မင်းကြီးသာ မကူညီခဲ့ဘူးဆိုရင် ကျွန်တော်ရယ်၊ ကျွန်တော့သမီးရှယ်လီရယ် ကျွန်တော်တို့တစ်ဖွဲ့လုံးဘယ်လိုလုပ်ပြီး အခုလို ဒဏ်ရာတစ်ခုမှမရပဲလွတ်မြောက်လာနိုင်မှာလဲ။ သွေးစွန်းဂိုဏ်းက တန်ဖိုးရှိပစ္စည်းတွေကိုသိမ်းနိုင်ဖိုနေနေသာသာ။ ဆိုရိုအဖွဲ့စည်းက အရှင်မင်းကြီးကိုကျေးဇူးတုန့်ပြန်မှာပါ။”

ဖှေးကောင်မလေးမှာ မန်နေဂျာ၏သမီးဖြစ်သည်ကိုမယုံနိုင်ဖြစ်နေသည်။

ဖှေးပြုံးကာ စကားလမ်းကြောင်းလွှဲလိုက်သည်။ “ဒီတစ်ခေါက်တော့ သွေးစွန်းဂိုဏ်းက ခင်ဗျားတို့အဖွဲ့စည်းကိုရန်လာစလိုက်တာပဲ။ ခင်ဗျားတို့ဒီကိစ္စကိုဘယ်လိုကိုင်တွယ်မလဲ...”

“ဆယ်ရက်အတွင်းမှာပဲ သွေးစွန်းဂိုဏ်းတစ်ခုလုံးအမြစ်ပျက်စေရမယ်...” မန်နေဂျာဟယ်ရီမှာ သူ၏ဒေါသကိုပြသလိုက်သည်။ ယနေ့ည သွေးစွန်းဂိုဏ်းပြုမူခဲ့သည်မှာ သူ့အတွက်အရှက်ရဖွယ်ပင်။ ထို့ကြောင့် ထိုသွေးစွန်းဂိုဏ်းသားများကို ထိုက်တန်စွာဖြင့်လက်တုန့်ပြန်ရမည်ဖြစ်သည်။

“ဒါပေမယ့် ကျွန်တော်ကလဲကျွန်တော့လူတွေကို သွေးစွန်းဂိုဏ်းကိုကျွန်တော့လက်နဲ့ ချေမှုန်းပေးမယ်လို့ကတိပေးပြီးထားပြီ” ဖှေးပြောလိုက်သည်။

“အရှင်အဲ့လိုကတိပေးထားတာလား...” မန်နေဂျာမှာ အံ့သြသွားသည်။ “အရှင်မင်းကြီး ဘယ်အချိန်မှာသွေးစွန်းဂိုဏ်းကိုစပြီးတိုက်ခိုက်မှာလဲဆိုတာကို ကျွန်တော်သိခွင့်ရနိုင်မလား...”

“တစ်လအတွင်းမှာပေါ့...”

“တစ်လအတွင်းမှာလား...” မန်နေဂျာမှာထိတ်လန့်အံ့သြသွားသည်။ “အရှင်မင်းကြီး သွေးစွန်းဂိုဏ်းက ဘယ်လောက်ကြီးတယ်ဆိုတာသိလား။ သူတို့အဖွဲ့ထဲမှာ ဆရာဘယ်နှစ်ယောက်ရှိတယ်ဆိုတာကိုရောသိလား။ အဲ့ဆရာတွေက ဘယ်လောက်စွမ်းအားကြီးတယ်ဆိုတာကိုရောသိလား။”

ဖှေးနားလည်သည်။

မန်နေဂျာသည် သူ့အားမိမိကိုယ်မိမိအထင်မကြီးရန်အတွက် ယဥ်ကျေးသောနည်းဖြင့်သတိပေးနေခြင်းပင်။ သွေးစွန်းဂိုဏ်းသည်လည်းအလွန်အစွမ်းထက်ပြီး သန်မာသည့်အဖွဲ့စည်းတစ်ခုဖြစ်သည်။ ဂိုဏ်းထဲတွင်ဆရာများစွာရှိပြီး အစောင့်စစ်သည်များစွာလည်းများစွာရှိကြ၏။ ဖှေး၏ယနေ့တိုက်ရည်ခိုက်ရည်မှာ မည်မျှပင်ကောင်းမွန်နေစေကာမူ သွေးစွန်းဂိုဏ်းကြီးတစ်ခုလုံးအားဖြိုခွင်းရန်အတွက် လုံလောက်မှုမရှိသေးပေ။

သို့သော် ဖှေး၏စွမ်းရည်နှင့် လုပ်နိုင်စွမ်းအပြည့်၀ကိုလည်းကို မန်နေဂျာသိရှိခြင်းမရှိပေ။

ဖှေးနားလည်ပြီး ပြုံးလိုက်သည်။ “ခင်ဗျားရဲ့သတိပေးမှုအတွက်ကျေးဇူးတင်ပါတယ်။ ကျွန်တော့မှာလည်း ကျွန်နော့အစီစဥ်နဲ့ကျွန်တော်ရှိပါတယ်။ ကျွန်တော်တို့ချမ်းဘော့ဒ်တိုင်းပြည်က သွေးစွန်းဂိုဏ်းကိုတစ်လအတွင်းမှာ မဖျက်စီးနိုင်ခဲ့ဘူးဆိုရင် ဆိုရိုအဖွဲ့တာ၀န်ယူလိုက်ဖို့လဲနောက်မကျသေးဘူးမလား။ ကျွန်တော့ကို အဲ့တာကိုကတိပေးနိုင်လား။”

မန်နေဂျာ ချမ်းဘော့ဒ်ဘုရင်ဤကဲ့သို့ပြန်ဖြေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူဖှေး၏ ယုံကြည်ချက်ကိုမြင်လိုက်ရပြီး ဖှေးသည် ကမူးရှူးထိုးလူတစ်ယောက်မဟုတ်သည်ကိုသိလိုက်ရသည်။ ထို့ကြောင့်ပင် သူချက်ချင်းပင် ဆုံံးဖြတ်ချက်အသစ်တစ်ခုကိုချမှတ်လိုက်သည်။

All Chapters