← Chapters

အခန်း (၂၃၉)

Vol. 16 Ch. 239

အခန်း (၂၃၉)

Vol. 16 Ch. 239

“အဲ့လိုဆိုရင်တော့ ကျွန်တော်တို့ဆိုရိုအဖွဲ့က အရှင်မင်းကြီးဖြစ်စေချင်သလိုပဲ နောက်တစ်လလောက်စောင့်နေပေးလို့ရပါတယ်။” အမဲရောင်၀တ်စုံနှင့် မန်နေဂျာမှာ ဆုံးဖြတ်ချက်ချရန်အတွက် သိပ်ပြီးတွေ၀ေနေသည့်ဟန်မရှိချေ။

လုပ်ရပ်တိုင်းကို အကျိုးအမြတ်တွက်ချက်ပြီး ဆုံးဖြတ်ချက်ချမှတ်ခြင်းသည် အောင်မြင်သည့်စီးပွားရေးသမားတစ်ယောက်ဖြစ်လာရန်အတွက် လိုအပ်သည့်အရည်ချင်းတစ်ခုပင်ဖြစ်သည်။

ဆိုရိုအဖွဲ့စည်းမှာ စည်းပွားကုန်သွယ်ရေးအဖွဲတစ်ခုဖြစ်သည်။ စီးပွားရေးအဖွဲ့စည်းတစ်ခု၏ အဓိကရည်မှန်းချက်မှာ အကျိုးမြတ်များများရနိုင်သလောက်ရရှိရန်ဖြစ်၏။ ထို့ကြောင့် တိုက်ခိုက်သတ်ဖြတ်ခြင်းများမှာ သူတို့မလုပ်လိုသည့်အရာများထဲမှ တစ်ခုပင်။ တစ်ခြားနည်းလမ်းမရှိတော့မှသာ လုပ်ဆောင်မည်ဖြစ်သည်။ မန်နေဂျာမှာ ဤဖြစ်ရပ်ကို အထက်သို့တင်ပြပြီး အဖွဲ့ထဲတွင်ရှိနေသည့် သိုင်းဆရာများကို ဆိုရိုအဖွဲ့၏ဂုဏ်သိက္ခာကိုကာကွယ်ရန်အတွက် သွေးစွန်းဂိုဏ်းကိုချေမှုန်းလိုသည်။ သို့ရာတွင် ချမ်းဘော့ဒ်ဘုရင်၏ လက်စားချေလိုသည့် ရည်မှန်းချက်မှာလည်း ခိုင်မာသဖြင့် ခြေတစ်လှမ်းနောက်ဆုတ်ပေးရန်အတွက် ဆုံးဖြတ်လိုက်ခြင်းပင်။ ချမ်းဘော့ဒ်ဘုရင်အောင်မြင်သွားပါက ဆိုရိုအဖွဲ့သည်လည်းအလုပ်ရှုပ်သက်သာသွားမည်ဖြစ်သည်။ သူမလုပ်နိုင်ခဲ့လျှင်လည်း သွေးစွန်းဂိုဏ်းသာဖြစ်သဖြင့် ဆိုရိုအဖွဲ့စည်းသည် အချိန်မရွေးလွယ်ကူစွာပင် ဖျက်ဆီးပစ်နိုင်၏။

ထိုအရာများမှာ ကိစ္စအသေးဖွဲသာဖြစ်သည်။

မန်နေဂျာဟယ်ရီအတွက် အရေးကြီးဆုံးအရာမှာ သူသိချင်သိအရာများကို သွေးစွန်းဂိုဏ်းမှ ဖမ်းဆီးထားသည့် သုံ့ပန်းများထံမှ စုံစမ်းရန်နှင့် ချမ်းဘော့ဒ်ဘုရင်သည် ကောလဟာလများတွင်ကြားနေရသကဲ့သို့ အလားလာရှိသည့်လူငယ်တစ်ယောက်ဟုတ်သည်မဟုတ်သည်ကို အကဲခတ်ကြည့်ရန်လည်းဖြစ်သည်။ အဖွဲ့စည်းအတွက် အစီစဥ်တစ်ခုချမှတ်ကာ အကျိုးဖြစ်ထွန်းရန်အတွက် ထိုသတင်းအချက်လက်များကိုအသုံးပြုရန်ဖြစ်သည်။

သူတို့အားလုံးထိုကဲ့သို့သောလေထုအောက်တွင် အရေးကြီးကိစ္စများကို ဆွေးနွေးခြင်းမရှိကြချေ။ ကိစ္စအသေးဖွဲလေးများကိုသာ စကားစမြည်ပြောနေခဲ့ကြ၏။ စရောက်စဥ်ကတည်းက အနီရောင်၀တ်စုံနှင့် ရှယ်လီဟုခေါ်သောအမျိုးသမီးမှာ ဖှေးအားအကြိမ်အနည်းငယ်လှမ်းကာကြည့်နေခဲ့သည်။ သူမသည် စကားပြောခြင်းမရှိပေ။ အေးစက်နေသည်မဟုတ်သော်လည်း မိမိကိုယ်ကိုယ်ပိတ်လောင်ထားသကဲ့သို့ခံစားချက်ပင်။

“အလတ်ဇန္ဓားနင့်အတွက် အစောင့်တွေကို ငါရေနွေးပြင်ခိုင်းထားတယ်။” ချိုမိန်ပြီး နူးညံ့သည့်အသံတစ်ခုထွက်ပေါ်လာသည်။ အန်ဂျယ်လာ တဲတံခါးကိုဖွင့်ကာ၀င်လာပြီးပြောလိုက်သည်။ “မင်းသမီးက ခရီးရှည်ထွက်အပြီးမှာ ရေချိုးချင်တယ်လို့ပြောတယ်..” သူမပြောအပြီးတွင် တဲအတွင်းတွင်ဧည့်သည်များရောက်နေသည်ကို တွေ့လိုက်ရသည့်အတွက် အံ့သြသွား၏။ သူမ၏ နှုတ်ခမ်းများကို လက်ချောင်းများဖြင့်ဖုံးကွယ်လိုက်သည်။ မကြာမှီတွင် သူမသည် မိဘုရားလောင်းဟန်ပန်အဖြစ်သို့ပြောင်းလိုက်ပြီး မန်နေဂျာအားပြုံးပြကာ ဖှေးဘေးသို့လမ်းလျှောက်လာ၏။

ဤအရာသည် မန်နေဂျာတို့သားအဖနှစ်ယောက်၏ အာရုံစိုက်မှုကိုရရှိလိုက်သည်။

ရုတ်တရက်ရောက်ရှိလာခဲ့သည့် ဤအမျိးသမီးမှာ ကျက်သရေရှိပြီးအလွန်လှပသည့် မိန်းကလေးတစ်ယောက်ပင်။

ဟယ်ရီနှင့် ရှယ်လီတို့နှစ်ဦးလုံးသည် အဖွဲ့ထဲတွင် ရာထူးကြီးသည့်လူများဖြစ်ကြပြီး သူတို့တွင် အတွေ့ကြုံများစွာရှိသည်။ သို့ရာတွင် ဤမျှလှပသည့် အမျိုးသမီးကိုမူ မြင်တွေ့ရလေ့မရှိပေ။ အဖြူရောင်ချပ်၀တ်နှင့် အန်ဂျယ်လာနှင့် သွေးစွန်းနေသည့်ချပ်၀တ်၀တ်ဆင်ထားသည့် ဖှေးတို့နှစ်ဦးအတူထိုင်သည်ကိုမြင်လိုက်ရသည့်အချိန်တွင် သူတို့နှစ်ယောက်လုံးနှလုံးသားထဲမှ လေးစားစွာဖြင့်တွေးလိုက်မိကြသည်။ “အတော်လိုက်ဖက်တဲ့စုံတွဲပါလား...”

အန်ဂျယ်လာရောက်ရှိလာသဖြင့် ဟယ်ရီတို့လဲကြာကြာမရှိနေသင့်တော့မှန်း သဘောပေါက်လိုက်မိကြသည်။ ထို့ကြောင့် သူမက်တပ်ထကာ ပြုံးလိုက်ပြီး “အရှင်မင်းကြီး ဒီခရီးစဥ်မှာ မင်းသမီးတာနာရှာလည်းပါလာတယ်လို့ ကျွန်တော်ကြားပါတယ်။ ကျွန်တော်မင်းသမီးကို တွေ့ဆုံနှုတ်ဆက်ခွင့်များ ရနိုင်မလား...”

ဖှေးပြုံးလိုက်သည်။ ဤမန်နေဂျာမှာ သူ့ထံမှခွင့်ပြုချက်ကိုတောင်းနေခြင်းမဟုတ်ပေ။ သူ၏ လေးစားမှုကိုသာ ပြသနေခြင်းပင်။ မင်းသမီးသည်ဤနေရာတွင်ရှိနေပြီးဖြစ်သော် ဆိုရိုအဖွဲ့စည်း၏ စကားပြောပြေပြစ်ပုံမှာ သူ့အားသက်တောင့်သက်သာဖြစ်စေသဖြင့် ဖှေးပြုံးပြီးပြောလိုက်သည်။ “ရပါတယ်ဗျ သွားပါ..”

သူတို့နှစ်ယောက်ထွက်သွားပြီးနောက်တွင် အန်ဂျယ်လာသည် ပျော်ရွှင်စွာဖြင့်အစောင့်များကိုရေနွေးယူခဲ့စေရန်အတွက် မှာကြားလိုက်သည်။ ဖှေးအားဂရုစိုက်သည့် ဇနီးတစ်ယောက်ကဲ့သို့ပင် သူမဖှေး၏ ချပ်၀တ်ကိုချွတ်လိုက်ပြီး ပေကျံနေသည့် သွေးများနှင့် ဖုန်မှုန့်များကိုသန့်စင်ပေးသည်။ လွန်ခဲ့သည့် လေးနှစ်တာကာလအတွင်း အလတ်ဇန္ဒားသည် ဉာဏ်ရည်မမှီပဲကလေးတစ်ယောက်ကဲ့သို့သာဖြစ်နေခဲ့သဖြင့် အန်ဂျယ်လာနှင့် အန်မာတို့သည် သူ့အားအစစအရာရာစောင့်ရှောက်ပေးခဲ့ကြသည်။ သူ့အား ရေချိုးပေးခြင်းသည်လည်းတစ်ခုအပါ၀င်ဖြစ်သည်။

“မင်းသမီးက ရထားထဲမှာပဲတစ်နေ့လုံးနေနေခဲ့တာပဲ..အန်ဂျယ်လာသူမနဲ့အဆက်သွယ်ရှိတယ်မလား...သူမဘာတွေများလုပ်နေလဲပြောပြပါလား...” ရေနွေးဖြင့်ရေချိုးရသည်ထက်သက်တောင့်သက်သာဖြစ်စေသည့်အရာ မရှိသေးပေ။ ဖှေးပ၀ါအဖြူကိုယူလိုက်ပြီး ရေများကိုသုတ်ကာ သိချင်စိတ်ဖြင့်မေးလိုက်သည်။

“ဘာမှတော့သိပ်မလုပ်ပါဘူး...” အန်ဂျယ်လာမျက်တောင်ခက်ကာပြောလိုက်သည်။ “မင်းသမီးတာနာရှာက အတော်သနားစရာကောင်းပါတယ်။ အထူးသဖြင့်အခုလို အေးတဲ့ဆောင်းဦးပိုင်းဆိုရင်ပေါ့။ သူကလေဒဏ်ကိုမခံနိုင်ဘူးလေ။ အဲ့လိုမှမဟုတ်ဘူးဆိုရင် သူ့ရဲ့ကျန်းမာရေးအခြေအနေက ပိုဆိုးလာမှာ...အဲ့တာကြောင့် သူကရထားလုံးထဲမှာပဲနေနေရတာလေ။ ငါသာသူ့နေရာမှာဆိုရင် အတော်ပျင်းနေမှာပဲ..အဲ့တာကြောင့် ငါရယ်အန်မာရယ်သွားလည်ပေးနေတာလေ။ မင်းသမီးကလဲအတော်သဘောကောင်းတဲ့လူတစ်ယောက်ပဲ...”

အန်ဂျယ်လာ၏ ပြောပြချက်အရ ဖှေးမင်းသမီးကိုပထမဆုံးမြင်တွေ့ရသည့်အချိန်ကို သွားပြီးသတိရစေသည်။ ဤသည်မှာ သူပထမဆုံးအနေဖြင့် အပြာရောင်မျက်လုံးများနှင့်အားနည်းသည့် ခန္ဓာကိုယ်တစ်ခုကို မြင်တွေ့ဖူးခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ယောက်လုံးပထမဆုံးတွေ့သည့်အချိန်တွင် ဖှေးသည်မင်းသမီးထံတွင် အလွန်ထူးဆန်းသည့်ရောဂါတစ်ခုရှိနေသည်ဟု ထင်မှတ်မိပြီး ခွန်အားဖြည့်ဆေးပုလင်းတစ်လုံးကိုအပျော်သဘောအနေဖြင့် လက်ဆောင်ပေးခဲ့သည်။ မင်းသမီးထိုဆေးပုလင်းကို သောက်ခဲ့ဖြစ်လား လွှင့်ပစ်လိုက်သည်လားကိုသူမသိချေ။

“အော် အလတ်ဇန္ဒားမင်းသမီးက နင်ပေးတဲ့ဆေးပုလင်းက အစွမ်းထက်ပုံရတယ်လို့လဲပြောသေးတယ်။ ဒါပေမယ့် သူက အဲ့ဆေးပုလင်းကုန်သွားပြီတဲ့။ နင့်မှာ အဲ့ဆေးပုလင်းတွေကျန်နေသေးလား...သူ့ကိုထပ်ပြီးပေးလို့ရနိုင်...” အန်ဂျယ်လာ၏စကားမဆုံးသေးသော်လည်း သူမပြောမည့်အရာမှာထင်ရှားသည်။

မင်းသမီးသည် လူများ၏နှလုံးသားကို ချုပ်ကိုင်နိုင်သည့်နေရာတွင် တော်ပုံရ၏။ အနည်းဆုံး ဖှေးယခုတစ်ချိန်တွင် သတိထားလိုက်မိသည်။ အန်ဂျယ်လာသည် အင်ပါယာမင်းသမီးကို သူမ၏အကောင်းဆုံးသူငယ်ချင်းဖြစ်သည့် အန်မာကဲ့သို့ပင် သံယောဇဥ်ရှိနေပုံရသည်။ အန်ဂျယ်လာသည် ဖှေးထံမှမည်သည့်အရာကိုမှ မတောင်းဆိုခဲ့ဖူးချေ။ သူမပထမဆုံးအနေဖြင့် တောင်းဆိုသည့်အရာမှာ မင်းသမီးအတွက်ဖြစ်လိမ့်မည်ဟု ဖှေးလုံး၀ထင်မထားခဲ့ချေ။

ဖှေးချက်ချင်းပင် သူ၏ဆေးပုလင်းကို အန်ဂျယ်လာအားပေးလိုက်သည်။

ဆေးပုလင်းတစ်လုံးပင်မဆိုထားနှင့် ဤအပြစ်ကင်းသည့်ကောင်မလေး မည်သည့်အရာကိုမဆိုတောင်းဆိုစေကာမူ ဖှေးသည်အတက်နိုင်ဆုံးကြိုးစားပြီးဖြစ်အောင်လုပ်ပေးမည်ဖြစ်သည်။ ဤကြင်နာတတ်သည့်ကောင်မလေးမှာ ဖှေးနှလုံးသားထဲတွင်ရှိသော အနူးညံ့ဆုံးနေရာတစ်ခုတွင်နေရာယူထား၏။ ဒိုင်ယာဘလိုကမ္ဘာမှ မကောင်းဆိုး၀ါးများနှင့် ရင်ဆိုင်ခဲ့စေကာမူ၊ အပြင်ကမ္ဘာတွင်သွေးထွက်သံယိုတိုက်ပွဲများနှင့် မြင့်တွေ့ခဲ့စေကာမူ ဤကောင်မလေး၏ မျက်နှာကိုမြင်တွေ့လိုက်ရသည့်အချိန်တိုင်းတွင် ဖှေး၏နှလုံးသားသည် ငြိမ်းချမ်းမှုကို ခံစားရမည်ဖြစ်သည်။

ဤနတ်သမီးကဲ့သို့ ကောင်မလေးမှာ ဘုရားသခင်ထံမှ လက်ဆောင်ဖြစ်ပေလိမ့်မည်။

ဖှေးယခုကဲ့သို့တွေးမိခြင်းမှာ ပထမဆုံးမဟုတ်ပေ။

အန်ဂျယ်လာ ဆေးပုလင်းကိုမင်းသမီးထံသို့ စိတ်လှုပ်ရှားနေသည့်မျက်နှာဖြင့်ပျော်ရွှင်စွာယူဆောင်သွားနေသည်ကို ကြည့်ရင်းဖြင့် ဖှေးပြုံးလိုက်မိသည်။ မင်းသမီးသည် ခရမ်းရောင်ဆေးပုလင်းအကြောင်းကို အန်ဂျယ်လာအားရည်ရွယ်ချက်ရှိရှိဖြင့်ပြောခဲ့သည်ဖြစ်နိုင်သည်။ ထို့ကြောင့်ဆေးပုလင်းတောင်းရန်အတွက် အန်ဂျယ်လာကိုအသုံးချခဲ့ခြင်းဖြစ်နိုင်သည်။ ဖှေးဤကဲ့သို့လှည့်ကွက်များကို သေချာပင်စဥ်းစားကြည့်ရန်မလိုပဲသိရှိနိုင်သည်။ မင်းသမီးသည် သူပေးခဲ့သည့်ဆေးပုလင်းကိုလွှင့်မပစ်ပဲအမှန်တကယ်သောက်သုံးခဲ့သည်ကိုလည်း ဖှေးအံ့သြမိသည်။

ထို့အပြင် ယခင်ရက်အနည်းငယ်က သူလုပ်ခဲ့သည့်အရာများမှာလည်းအနည်းငယ်စည်းကျော်နေခဲ့ပြီးဖြစ်သည်။ မဟူရာတိုင်းပြည်၏ အဓိကပိုင်နက်မြေကို အင်ပါယာ၏ ခွင့်ပြုချက်မပါပဲ သိမ်းပိုက်ခဲ့ခြင်းနှင့် မဟူရာတိုင်းပြည်အတွင်းမှ မိုင်းတွင်းများကို ဖျက်ဆီးပစ်ခဲ့ခြင်းများကဲ့သို့ပင်။ ဤအပြုမူများကို အင်ပါယာအားသစ္စာဖောက်မှုအဖြစ်သက်မှတ်နိုင်ပြီး မင်းသမီးကိုယ်တိုင်မျက်စိဖြင့်မြင်တွေ့ခဲ့သည်။ သို့ရာတွင် သူမဘာမှမပြောခဲ့ချေ။ သူမ၏ ကြောက်မက်ဖွယ်ဦးနှောက်ထဲတွင် မည်သည့်အကြံစည်များရှိနေနိုင်သလဲ။

ဖှေးဤမေးခွန်း၏ အဖြေကိုစဥ်းစားကြည့်နေခဲ့သည်။

မင်းသမီးတာနာရှာအတွက် အရာအားလုံးသည်သူမ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည်ဟုထင်ရသည်။ ဆွေကြီးမျိုးကြီးများအတွက် အိမ်မက်ဆိုးဖြစ်ပြီး အင်ပါယာအရှင်သခင် ယရှင်းကပင် သူမအားအလေးနက်ထားဆက်ဆံခဲ့သည်။ သူမသည် ကြောက်မက်ဖွယ်ဇာတ်ကောင်တစ်ယောက်ပင်။

All Chapters