← Chapters

အခန်း (၂၄၁)

Vol. 17 Ch. 241

အခန်း (၂၄၁)

Vol. 17 Ch. 241

“ဘာ မင်းက အဲ့လိုလုပ်ဖို့အတွက် လူတစ်ယောက်ပို့လိုက်တာ ဟုတ်လား...” ခမ်းနားသည့်ရွက်ဖျင်တဲတစ်ခုအတွင်းတွင် ရွှေရောင်ချပ်၀တ်တစ်ခုကို၀တ်ဆင်ထားသည့် အသက်၁၅နှစ်ခန့်ရှိသော ဆယ်ကျော်သက်လူငယ်တစ်ဦးမှာ အော်ဟစ်လိုက်သည်။

ဤလူငယ်၏ဒေါသကိုမြင်လိုက်ရသည့်အခါတွင် တဲအတွင်းတွင်ရှိနေသည့်လူများအားလုံးကြောက်လန့်သွားကြသည်။ သူတို့အားလုံးအသက်ပင်မရှုရဲကြချေ။ အဖိုးကြီးတစ်ယောက်တည်းသာ ထိတ်လန့်သည့်ပုံမရှိပဲ ပြောလိုက်သည်။ “အဲ့တာကမိုက်မဲတယ်လို့တော့ ကျွန်တော်မထင်ပါဘူး...အရှင်သူ့ကိုသတ်တဲ့အချိန်ကျရင်ပိုပြီးအလုပ်ရှုပ်သက်သာသွားတာပေါ့...””

“ခွေးသား ငါသူ့ကိုသတ်ချင်ရင်လွယ်လွယ်လေးတင်ကွ ဘာအလုပ်မှ ရှုပ်နေမှာမဟုတ်ဘူး...ခင်ဗျားကျွန်တော့ကို အထင်သေးနေတာလား...” ရွှေရောင်ချပ်၀တ်နှင့် လူငယ်မှာ စိတ်ဆိုးနေဆဲပင်ဖြစ်ပြီး အော်ဟစ်လိုက်သည်။ “အယ်လ်ဖာ မင်းဒီမိုက်မဲတဲ့အပြုမူတွေကို ချက်ချင်းရပ်လိုက်တော့။ ဒါငါ့ရဲ့အမိန့်ပဲ။ ငါဒီနေရာမှာပဲ ထောင်လွှားနေတဲ့ချမ်းဘော့ဒ်ဘုရင်ကိုစောင့်ပြီး ငါ့လက်နဲ့ကိုယ်တိုင်သတ်မယ်။”

အဖိုးကြီးမှာ စကားတစ်ခွန်းမှ ပြန်မပြောချေ။ မဟူရာဘုရင်၊ သရေ့စ်တိုင်းပြည်ဘုရင်၊ ချီရှူအီတိုင်းပြည်ဘုရင်နှင့် တစ်ခြားသောဖှေး၏ရန်သူများမှာ သူ့အနောက်တွင်ရပ်နေကြသည်။ ပို၍အံ့သြဖွယ်ကောင်းစွာပင် ဤနေရာတွင်ရှိနေသည့် လူများမှာ တစ်ခြားလူများမဟုတ်ကြပဲတိုင်းပြည်အသီးသီးမှ ဘုရင်များပင်။ သို့သော် ထိုဘုရင်များမှာ ဤဆယ်ကျော်သက်လူငယ်လေးအရှေ့တွင် တုန်နေအောင်ထိတ်လန့်နေကြပြီး မလေးမစားမလုပ်ရဲကြချေ။

ရွှေရောင်ချပ်၀တ်၀တ်ဆင်ထားသည့် ဆယ်ကျော်သက်လူငယ်ဒေါသပြေသွားသည့်အချိန်မှ သူသည်အမိန့်များစွာကိုပေးလိုက်ပြီး လူများကိုတဲအတွင်းမှ ကန်ထုတ်လိုက်တော့သည်။

“ဆရာအယ်လ်ဖာ ကျွန်တော်တို့ရဲ့အစီစဥ်က ဆက်ပြီးအဆင်ပြေနေသေးရဲ့လား။ အရှင်ကအတော်စိတ်ဆိုးနေတဲ့ပုံပဲ...” တဲအပြင်သို့ရောက်ရောက်ခြင်းပင် မဟူရာတိုင်းပြည်ဘုရင်မှာ မေးလိုက်သည်။

“ဟုတ်တယ်ဗျ..အရှင်သာသိသွားပြီး စုံစမ်းစစ်ဆေးဖို့အတွက်ဆုံးဖြတ်လိုက်ရင်....” ချီရှူအီဘုရင်မှာ ပြောလိုက်သည်။

သူတို့အားလုံးသည် အယ်လ်ဖာဟုအမည်ရသည့်အဖိုးကြီးကို ကြည့်နေကြသည်။ ထိုအဖိုးကြီးသည်ထင်ရှားစွာပင် ရာထူးမြင့်သည့်ပုဂ္ဂိုလ်တစ်ယောက်ပင် ဖြစ်ပေလိမ့်မည်။

ဤအဖိုကြီးအယ်လ်ဖာမှာ အပြင်ပန်းကြည့်ပါက အလွန်အားနည်းနေသည့်ပုံရှိသည်။ သို့သော် သူသည် အလွန်ကြောက်စရာကောင်းသည့်လူတစ်ယောက်ပင်။ သူ့အားသိသော လူတစ်ချို့သာလျှင်သူဘယ်လောက်ကြောက်စရာကောင်းသည်ကို သိရှိကြ၏။

အယ်လ်ဖာမှာ သက်ပြင်းချလိုက်ပြီးကောင်းကင်သို့မော့ကြည့်လိုက်သည်။ သူတွေးနေသည်ကို မည်သူမျှမသိနိုင်ချေ။ ခနအရာတွင် ထုံးစံအတိုင်းသူ၏မေးစေ့ကို ပွတ်သပ်ကာပြုံးလိုက်ပြီး “ဘုရင်တွေအားလုံးအတွက်ပါ။ ကျွန်တော်တို့အရှင်က ငယ်ရွယ်ပြီးရည်မှန်းချက်ကြီးတယ်လေ။ ကျုပ်တို့လုပ်နေတာက သူ့ကောင်းကျိုးအတွက်ဆိုတာကို အချိန်နဲ့အမျှသူနားလည်လာပါလိမ့်မယ်။ အဲ့အတွက်ကြောင့် အစီစဥ်ကိုလုပ်စရာရှိတာသာ ဆက်လုပ်ကြပါ။ တစ်ယောက်ယောက်က ဒီအတွက်ကြောင့် အပြစ်တင်တာ၀န်ခံရမယ်ဆိုရင် မဆိုးရိမ်ပါနဲ့ကျုပ်တစ်ယောက်ပဲတာ၀န်ခံလိုက်ပါမယ်။”

အယ်လ်ဖာကတိပေးလိုက်သည့်အတွက် မဟူရာဘုရင်၏စိုးရိမ်စိတ်များမှာ လျှော့ကျသွားသည်။ သူအံကြိတ်ကာပြောလိုက်သည်။ “အဲ့လိုဆိုရင်တော့ ကျွန်တော်လည်းပြင်ဆင်တော့မယ်လေ...”

သရေ့စ်တိုင်းပြည်ဘုရင်သည် ပိန်သော်လည်းကြံ့ခိုင်သည့်ခန္ဓာကိုယ်တစ်ခုရှိသူဖြစ်သည်။ သူပြောလိုက်၏။ “ဟားဟား ကောင်းတာပေါ့ဗျာဒီတစ်ကြိမ်မှာတော့ ချမ်းဘော့ဒ်ဘုရင်ကို ခံစားရစေမှာပေါ့...”

အဖိုးကြီး အယ်လ်ဖာမှာ ခေါင်းငြိမ့်ကာပြောလိုက်သည်။ “ဘုရင်နှစ်ပါးရဲ့အကူညီနဲ့ဆိုတော့ ကျုပ်လဲစိတ်အေးသွားပါပြီ။ အင်ပါယာကသိုင်းဆရာတစ်ချို့ကိုမင်းကိုကိုကူညီဖို့ ငါလွှတ်လိုက်မယ်။ ဒီတစ်ကြိမ်မှာတော့ဘာမှ လွဲချော်လို့မရဘူးနော်။”

“အင်ပါယာကိုယ်ရံတော်ဌာနက သိုင်းဆရာတွေဟုတ်လား...ကောင်းတာပေါ့ဗျာ။”

မဟူရာတိုင်းပြည်ဘုရင်နှင့် သရေ့စ်တိုင်းပြည်ဘုရင်တို့နှစ်ဦးလုံးပျော်ရွှင်သွားကြသည်။ သူတို့အားလုံးလာမည့်အစီစဥ်နှင့်ပတ်သက်ပြီး ယုံကြည်ချက်ရှိနေပြီဖြစ်သည်။ သို့သော်လည်း အယ်လ်ဖာဟူသောအဖိုးကြီးသည် ဖှေးကိုမည်သည့်အတွက်ကြောင့်မုန်းတီးနေပြီး ဖှေးအားဖျက်ဆီးရန်အတွက် များစွာရင်းနီးစိုက်ထုတ်ကြိုးစားနေရသည့်အကြောင်းပြချက်ကိုမူ သူတို့မသိကြချေ။ ရန်သူ၏ ရန်သူသည် ကိုယ့်ဘက်သားဖြစ်၏။ ထို့ကြောင့် သူတို့သည် အယ်လ်ဖာ၏အကူညီကိုလက်ခံလိုက်ကြသည်။

....

....

မီတာငါးဆယ်ခန့်အ၀ေးတွင်ရှိနေသည့် မြေပြင်ပေါ်တွင် ဖုံးလွှမ်းနေသည့် ၀ံပုလွေအသေကောင်များကိုကြည့်ရင်းဖြင့် မန်နေဂျာအပါ၀င်ဆိုရိုကုန်သွယ်ရေးအဖွဲ့မှလူများမှာ ထိတ်လန့်အံ့သြနေကြသည်။ သူတို့မြင်နေရသည့်အရာကိုမယုံနိုင်ပဲဖြစ်နေကြ၏။

လေ၀ံပုလွေအကောင်၅၀၀ခန့်မှာ ဆယ်မိနစ်ကြာခန့်ပြေး၀င်လာနေခဲ့ခြင်းပင်။

ဆိုရိုကုန်သွယ်ရေးအဖွဲ့ထဲတွင် လူ၄၀ခန့်ရှိပြီး ကျွမ်းကျင်သိုင်းဆရာများလည်းပါ၀င်နေသော်လည်း ဤအခြေနေအောက်တွင် လူများဒဏ်ရာရသေဆုံးခြင်းများကို မလွဲမသေပင် ကြုံတွေ့ရမည်ဖြစ်သည်။ သို့သော်လည်း ယခုတွင် သူတို့မြင်နေရသည်မှာ....

သူတို့အားလုံးဆံပင်ရွှေရောင်နှင့် လူငယ်သည် စခန်းမှမီတာငါးဆယ်ခန့်အကွာ၀ေးသို့ ၀ံပုလွေများရောက်ရှိမလာနိုင်စေရန်အတွက် လေးတစ်လက်တည်းဖြင့်သာ ထိန်းထားသည်ကိုမြင်တွေ့ခဲ့ရသည်။ မည်သည့်၀ံပုလွေမှ လူငယ်အနီးမီတာ၅၀ခန့်အကွာသို့ ကပ်မလာနိုင်ခဲ့ကြချေ။ ထိုစည်းကိုသေမင်းကိုယ်တိုင်ရေးဆွဲထားခဲ့သည့်အတိုင်းပင်။ မည်မျှရက်စက်ကြမ်းကြုတ်သည့်၀ံပုလွေမဆို မီတာငါးဆယ်ကိုကျော်လွန်လာပါက မြှားမှန်ပြီးသေဆုံးကုန်ကြမည်ဖြစ်သည်။

“ဖျောင်း ဖျောင်း ဖျောင်း...”

လေးကြိုးတုန်ခါသံကို လူတိုင်း၏နားထဲတွင် ကြားနေကြရသည်။

လွန်ခဲ့သည့်ဆယ်မိနစ်ခန့်လုံး လေးကြိုးသံကို ကြားလိုက်ရသည့်အကြိမ်တိုင်းတွင် ၀ံပုလွေတစ်ကောင်ထိမှန်သေဆုံးမည်မှာ မလွဲအေကန်ပင်။

မည်မျှမယုံနိုင်ဖွယ်ကောင်းသည့် လေးအတတ်ပါနည်း။

ဤ၀ံပုလွေများ၏ အစွမ်းမှာသိပ်ပြီးမမြင့်မားလှသော်လည်း သူတို့သည်ညဘက်တွင် မြန်ဆန်သွက်လက်စွာလှုပ်ရှားတတ်ကြသဖြင့် သာမန်လေးသည်တော်များဆိုပါက သူတို့သွားရာလမ်းကြောင်းကိုပင် မြင်နိုင်မည်မဟုတ်ပေ။

ပို၍အံ့သြစွာပင် ဆံပင်ရွှေရောင်နှင့်လူငယ်၏ ပစ်ချက်များမှာ အလွန်လျှင်မြန်သည်။ မြှားတစ်ချောင်းကို ပစ်လွှတ်ပြီးချိန်တွင် နောက်မြှားတစ်ချောင်းသည် လေးကြိုးပေါ်တွင်ရောက်ရှိနေမည်ဖြစ်သည်။

ဤအတောအတွင်းတွင် ထိုလူငယ်၏ဘေးတွင် ထိုင်နေသည့်လူ၀ကြီးမှာ တစ်စုံတစ်ခုကိုသာပြုလုပ်ခဲ့သည်။ လူငယ်၏မြှားကျည်တောက်ကို ၁၀ကြိမ်တိုင်အသစ်လဲပေးခြင်းပင်။ မြှားကျည်တောက်တစ်ခုတွင် မြှားအချောင်း၁၀၀ခန့်ပါရှိရာ ဤလူငယ်သည် ဆယ်မိနှစ်အတွင်းတွင် မြှားအချောင်းတစ်ထောင်ကိုပစ်လွှတ်ခဲ့သည်ဟူသောအဓိပ္ပာယ်ပင်။

ဆိုရိုအဖွဲ့မှ ကောင်မလေးရှယ်လီနှင့် အဖြူရောင်၀တ်စုံနှင့် ဓားသမားတို့မှာလည်းအံ့သြနေကြသည်။

မန်နေဂျာဟယ်ရီလဲ အံ့သြနေသည်။ မြှားအစွမ်းကြောင့်မဟုတ်ချေ။ ဇီးနစ်အင်ပါယာထဲတွင် ဤထက်သာလွန်သည့်မြှားစွမ်းရည်များကို သူမြင်တွေ့ခဲ့ဖူးသည်။ အထူးသဖြင့် နတ်သူငယ်မျိုးနွယ်၏ သာလွန်သောလေးအတတ်မှာ လူသိများသည်။ မန်နေဂျာကို အံ့သြစေသည့်အရာမှာ တိုးရိစ်၏ အသက်ရွယ်၊ အရည်ခြင်းနှင့် နောက်ခံတို့ကြောင့်ပင်။ သူသည်ချမ်းဘော့ဒ်ကဲ့သို့သော တိုင်းပြည်ငယ်လေးမှာ လူငယ်တစ်ယောက်ဖြစ်နေသည်မှာ ယုံကြည်ရန်ခက်ခဲလှသည်။ သူသည် လူဆင်းရဲတစ်ဦးသာဖြစ်ပြီး စျေးကြီးသည့်လေ့ကျင့်သင်ကြားမှုများကို ရရှိခဲ့မည့်ပုံမရှိချေ။ သူ၏ပင်ကိုယ်အရည်ချင်းမှာ မည်မျှကြောက်စရာကောင်းနေသည်ကို သူမယုံကြည်နိုင်ဖြစ်နေ၏။

“ဒီလူငယ်က လေးပစ်ဖို့အတွက် မွေးဖွားလာတာပဲ...” မန်နေဂျာမှတ်ချက်ချလိုက်၏။

All Chapters