← Chapters

အခန်း (၂၄၂)

Vol. 17 Ch. 242

အခန်း (၂၄၂)

Vol. 17 Ch. 242

သူမနေနိုင်ပဲ ချမ်းဘော့ဒ်ဘုရင်၏တဲထံသို့ကြည့်လိုက်မိသည်။ မှောင်နေဆဲဖြစ်သည့်အတွက် ချမ်းဘော့ဒ်ဘုရင်သည် သူ၏ဇနီးကိုဖက်ကာ အိပ်နေလောက်ပြီဟု မန်နေဂျာတွေးလိုက်မိသည်။ ချမ်းဘော့ဒ်ဘုရင်က ဒီလိုအခြေအနေမျိုးမှာတောင် ဘယ်လိုလုပ်ပြီး အေးဆေးအိပ်နေနိုင်သေးတာပါလိမ့်။

“ငါချမ်းဘော့ဒ်ဘုရင်ကိုပဲ အာရုံစိုက်နေတာများသွားပြီး သူ့ဘေးမှာရှိတဲ့တစ်စုံတစ်ခုကို လျစ်လျူရှုမိသွားတာထင်တယ်။ ချမ်းဘော့ဒ်တိုင်းပြည်က တကယ်ပဲစိတ်၀င်စားစရာကောင်းလာပြီပဲ...ငါဥက္ကကြီးကို အဲ့အစီစဥ်ကို တကယ်ပဲအကောင်ထည်ဖော်ဖို့တိုက်တွန်းသင့်ပြီလားမသိ...”

ဆိုရိုကုန်သွယ်ရေးအဖွဲ့မှ လူတိုင်းသူတို့၏တဲများထံသို့ ပြန်ကုန်ကြသည်။

တဲများ၏အပြင်ဘက်တွင် ၀ံပုလွေအသေကောင်များဖြင့်ပြည့်နက်နေသည်။ လေ၀ံပုလွေများမှာ မှောင်သားရဲအမျိုးစားတစ်မျိုးဖြစ်သည့်အတွက် သူတို့၏ခန္ဓာကိုယ်တွင် မှော်သလင်းကျောက်များပါ၀င်သည်။ သို့သော် အဆင့်နိမ့်မှော်သားရဲတစ်ကောင်တွင်ပါ၀င်သည့် မှော်တလင်းကျောက်များမှာ သိပ်ပြီးတန်ဖိုးမရှိလှချေ။ ထို့အပြင် ၀ံပုလွေများကို ချမ်းဘော့ဒ်ဘက်မှလူငယ်တစ်ယောက်တည်းကသာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည့်အတွက် ထိုအရာများကို သွားရောက်ကောက်ယူပါက သင့်တော်မည်မဟုတ်ပေ။

တိုးရိစ်နှင့် အိုလတ်ဂ်တို့သည် ကျောက်တုံးပေါ်မှခုန်ဆင်းပြီး ၀ံပုလွေသေများထံသို့ လမ်းလျှောက်သွားကြသည်။

အိုလတ်ဂ်သည် အလောင်းများမှ မြှားချောင်းများကိုပြန်လည်ဆွဲနုတ်ပြီး မြှားကျည်တောက်ထဲသို့ပြန်ထည့်သည်။ တစ်ချိန်တည်းမှာပင် ၀ံပုလွေများ၏ဦးခေါင်းခွံထဲတွင်ရှိနေသည့် မှော်သလင်းကျောက်ကိုဓားဖြင့်ကလော်ထုတ်ကာ သူ၏အိတ်ကပ်ထဲသို့ထည့်လျှက်ရှိသည်။ အိုလတ်ဂ်သည် အလွန်ရူးသွပ်သည့်ပုဂ္ဂိုလ်တစ်ယောက်ပင်။ ဖှေးထံမှ ကန်ဆာဂုဏ်သတ္တိကြယ်တာရာရာထူးကိုချီးမြှင့်ချင်းခံထားရသည့်အတွက် အထူးသဖြင့်ညဘက်ပိုင်းတွင် သူသည် အလောင်းများကိုကိုင်တွယ်ရပါက စိတ်လှုပ်ရှားပျော်ရွှင်လာတတ်၏။

တိုးရီစ်၏ လက်ချောင်းများမှာ လေးကြိုးခနခနဆွဲတင်ခဲ့ရသဖြင့်ပွန်းပဲ့နေသော်လည်း ၀ံပုလွေများခန္ဓာကိုယ်ပေါ်မှာ မြှားဒဏ်ရာများကိုကြည့်ပြီး သူ၏မြှားစွမ်းကို ပြန်လည်ချင့်ချိန်ကာသုံးသပ်ကြည့်နေသည်။

သူ၏လေးအစွမ်းသည် ချမ်းဘော့ဒ်တိုင်းပြည်၏နတ်ဘုရားအဆင့်တွင်ထိပ်တန်းပင်။ သူသည်ယခင်ကဆိုပါက ဤကဲ့သို့ ၀ံပုလွေအကောင်၅၀၀ခန့်ကို သတ်ဖြတ်ရန်မှာဖြစ်နိုင်မည်မဟုတ်ပေ။ သို့သော် ဆာဂျီတေးရိရက်စ် ကြယ်တာရာရာထူးကို ဖှေးထံမှ လက်ခံရရှိပြီးနောက်တွင် သူ၏လေးအစွမ်းသည်လည်းများစွာ တိုးတတ်လာခဲ့ပုံရသည်။

ယနေ့ညသည် သူ့အတွက်ဖှေးစီမံထားသည့် စမ်းသပ်မှုတစ်ခုပင်။ သူ့အားကာကွယ်ရန်အတွက်အိုလတ်ဂ်ကို ထည့်ပေးခဲ့သည်။ အရေးပေါ်အခြေအနေမှသာ ၀င်ရောက်ကူညီရန်လဲ ဖှေးအိုလတ်ဂ်ကို မှာကြားထားခဲ့သည်။ ဖှေးသည်လည်း လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ ပြောင်းလဲထားခဲ့ပြီး တိုးရီစ်အကူညီလိုလာပါက ၀င်ရောက်ကူညီရန်အတွက်ပြင်ဆင်ထားခဲ့သည်။ သို့သော် တိုးရီစ်သည် ဖိအားများအောက်တွင် ကြိုးစားကာ စမ်းသပ်မှုကိုအောင်မြင်ခဲ့၏။ သူသည်၀ံပုလွေတစ်ကောင်အားသတ်ဖြတ်ရန်အတွက် မြှားနှစ်ချောင်းခန့်မျှကိုအသုံးပြုခဲ့၏။ သူသည် မြှားပညာရှင်အစစ်မှန်တို့၏လောကထဲသို့ ၀င်ရောက်ရန်ပင်အလွန်နီးကပ်လာနေပြီဖြစ်သည်။

တိုးရီစ်၏ လေးအတတ်များတိုးတတ်လာသည်ကို မြင်တွေ့ရသည့်အတွက် ဖှေးကိုယ်တိုင်ပင် ကျက်သေသေသွားခဲ့သည်။ အန္တရာယ်များပြီးဆုံးသွားသည့်အချိန်တွင် ဖှေးသူ၏တဲထံသို့တိတ်ဆိတ်စွာပင်ပြန်၀င်သွားခဲ့သည်။ သူထွက်လာသည်ကို မည်သူမျှသတိမထားမိခဲ့ချေ။

နောက်တစ်နေ့တွင် တပ်ဖွဲ့မှာ ဆက်လက်ခရီးဆက်ကြတော့သည်။

လမ်းတစ်လျှောက်တွင် တိတ်ဆိတ်ငြိမ်သက်နေသော်လည်း ထူးဆန်သည့်အရာများသည် တစ်ခုပြီးတစ်ခုဆက်လျှက်ဖြစ်ပေါ်နေ၏။

နေ့လည်ခင်းနားနေသည့်အချိန်တွင် ဆိုရိုကုန်သွယ်ရေးအဖွဲ့မှ တစ်စုံတစ်ယောက်သည် နားနေသည့်နေရာအနီးတွင်ရှိသည့် မြစ်တစ်ခုထဲတွင် အဆိပ်ခပ်ထားကြောင်းသိရှိခဲ့သည်။ ထိုရေကန်ထဲမှ ရေကိုသောက်လိုက်မိသည့်အတွက် အဆိပ်မိကာသေဆုံးသွားသည့် အစောင့်တစ်ယောက်လဲရှိ၏။ ထိုစစ်သည်သာ အဆိပ်မိပြီး သေမသွားပါက ဆိုရိုအဖွဲ့နှင့် ချမ်းဘော့ဒ်တပ်ဖွဲ့တို့နှစ်ဖွဲ့လုံအကြီးကျယ်ဒုက္ခရောက်သွားနိုင်၏။

“အရောင်မရှိ၊ အရသာလဲမရှိပြီး အတော်ကြောက်စရာကောင်းတဲ့အဆိပ်တမျိုးပဲ။ တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိနဲ့လုပ်ခဲ့တာပဲ။ နောက်ပြီးအဆိပ်ခပ်ထားတာလဲမကြာသေးဘူး ကြာပြီဆိုရင်အဆိပ်တွေက ရေစီးနဲ့အတူမြောပါသွားနေလောက်ပြီ။ ဒါကျွန်တော်တို့ကိုပစ်မှတ်ထားပြီး တိုက်ခိုက်တယ်ဆိုတာအသေချာပဲ။” မန်နေဂျာသည် ကြယ်လေးလုံးအဆင့်မှော်ဆရာတစ်ယောက်ဖြစ်ပြီး ဆေးပညာပိုင်းနှင့်ပတ်သက်၍လည်းအနည်းငယ်သိရှိသူဖြစ်သည်။ ထို့ကြောင့် သူဓာတ်ခွဲစစ်ဆေးကြည့်ပြီး အဖြေတစ်ခုကိုပေးလိုက်သည်။

ဖှေးခေါင်းငြိမ့်လိုက်သည်။

သူမြစ်ထဲမှာ အဆိပ်ခပ်ထားသည့်ရေတစ်ချို့ကို ခပ်ယူလိုက်ပြီး ပုလင်းတစ်ခုထဲတွင်ထည့်လိုက်သည်။ သူသည် ထိုအရာကိုဒိုင်ယာဘလိုကမ္ဘာမှ ဆေး၀ါးကျွမ်းကျင်သည့်ပညာရှင်တစ်ယောက်ဖြစ်သည့် အာကာရာကို စမ်းသပ်ခိုင်းရန်အတွက်ဖြစ်သည်။ သူမ ထိုအဆိပ်အတွက်ဖြေဆေးကိုဖော်စပ်နိုင်ပါက အသုံး၀င်လာနိုင်သည်။

ညနေဘက်တွင် ချမ်းဘော့ဒ်တပ်ဖွဲ့နှင့် ဆိုရိုအဖွဲ့တို့မှာ ကျောက်တုံးကြီးတစ်ချို့၏အနီးတွင် ခေတ္တရပ်နားလိုက်ကြသည်။

စခန်းချထားသည့်နေရာသို့ သားရဲများထက်မံ၍တိုက်ခိုက်လာပြန်သည်။ ထင်ထာသည့်အတိုင်းပင် ထိုသားရဲများကို တိုးရိစ်တစ်ယောက်တည်းမှသာတာ၀န်ယူဖြေရှင်းခဲ့ပြီး ဖှေးသည်အမှောင်တစ်နေရာမှ စောင့်ကြည့်ကာ တစ်စုံတစ်ခုကိုစဥ်းစားနေခဲ့သည်။

တတိယမြောက်နေ့တွင် ဖှေးတို့အဖွဲ့သည်မက်စောက်သည့်တောင်ကြားတစ်ခုမှ ဖြတ်သန်းသွားလာနေစဥ်တွင် မည်သည့်နေရာမှထွက်ပေါ်လာမှန်းမသိပဲ ကျောက်တုံးကြီးများပြိုကျလာတော့သည်။ တောင်စွန်းနှစ်ဖက်လုံးမှာ ပြိုကျလားပြီး ကျောက်တုံးကြီးများပြတ်ကျလာလျှက်ရှိကာ အလွန်အန္တရာယ်များပြားလှသည်။

“အလောင်းထပ်ငလျင်လှိုင်း...”

အိုလတ်ဂ်မှာ ကြုံး၀ါးလိုက်ပြီး သူထုတ်လွှတ်လိုက်သည့် ငလျှင်လှိုင်းများမှာ ပြုတ်ကျလာသည့် ကျောက်တုံးကြီးများကို အစိတ်စိတ်မွှာမွှာကွဲအက်ကြေမွသွားစေသည်။ ထို့ကြောင့်အခြေအနေမှာ သူတော်စဥ္တ်တပ်ဖွဲ့နှင့် ဥပဒေပြုအရာရှိများ၏အကူညီဖြင့် ထိန်းချုပ်နိုင်လာသည်။ ချမ်းဘော့ဒ်တပ်ဖွဲ့မှ စစ်သည်တစ်ယောက်သာဒဏ်ရာရရှိခဲ့သည်။ သူမင်းသမီးကိုကာကွယ်ပေးရန်ကြိုးစားရင်းဖြင့် ထိုစစ်သည်၏ခြေထောက်မှာ ကျိုးပဲ့သွားခဲ့သည်။ ဆိုရိုအဖွဲ့သည်တောင်ကြားထဲသို့ချမ်းဘော့ဒ်တပ်ဖွဲ့အနောက်မှ လိုက်ပါလာခြင်းဖြစ်သဖြင့် သိပ်ပြီးထိခိုက်မှုမရှိလိုက်ပေ။ သို့သော်လည်း ဒဏ်ရာရမှုနှင့် သေဆုံးမှုတစ်ချို့ရှိခဲ့သည်။

“ငါလေထုထဲမှာ မြေဂုဏ်သတ္တိအတွင်းအား အကြွင်းကျန်တွေကိုအာရုံခံမိနေတယ်။ ဒီတောင်ပြိုတာကို တစ်ယောက်ယောက်က ကျွန်တော်တို့ကိုအန္တရာယ်ပြုဖို့အတွက် တမင်တကာဖန်တီးထားတာပဲ...” မန်နေဂျာမှာ ဖှေးအားသူ၏အမြင်ကို မှုန်ကုပ်ကုပ်မျက်နှာဖြင့်ပြောလိုက်၏။

All Chapters