← Chapters

အခန်း (၂၄၃)

Vol. 17 Ch. 243

အခန်း (၂၄၃)

Vol. 17 Ch. 243

“ဉာဏ်ပညာရှိတဲ့လူတွေရဲ့ စဥ်းစားပုံကလဲတူကြတယ်တဲ့။ ကျွန်တော်လဲ အဲ့လိုပဲယူဆတယ်။ ဒီခွေးသားတွေကကျွန်တော်တို့ကို မနိုင်မှန်းသိတော့ ထိပ်တိုက်ရင်ဆိုင်ရဲပုံမရဘူး။ ဒါကြောင့်မို့ ဒီကောင်တွေက ဒီလိုနည်းလမ်းတွေကို အသုံးပြုနေတာပဲ...” ဖှေးယခင်က မဟူရာတိုင်းပြည်ဘုရင်လုပ်ခဲ့သည့်အရာကို ရုတ်တရက်ပြန်လည်ကာ စဥ်းစားလိုက်မိသည်။ ညဘက်သို့ရောက်သည့်အချိန်တိုင်းတွင် မင်းသားတစ်ပါးကိုမြင်းစစ်သည်တပ်ဖွဲ့တစ်ခုဖြင့် စေလွှတ်စေပြီး ဖှေးတို့တပ်ဖွဲ့အိပ်စက်အနားယူခြင်းမပြုနိုင်အောင်လုပ်ခဲ့ခြင်းပင်။

“ဒါပေမယ့် သူတို့တွေကအရှင့်ကို ဒီလိုနည်းနဲ့သတ်နိုင်မှာမဟုတ်ပဲ သိရဲ့သားနဲ့ဘာလို့အပင်ပန်းခံပြီး လုပ်နေကြသေးတာလဲ...။”

ဤတိုက်ခိုက်မှုများမှာ ချမ်းဘော့ဒ်တပ်ဖွဲ့ကိုသာ ဦးတည်နေကြောင်းကို မန်နေဂျာကောင်းစွာသဘောပေါက်သည်။ သူနှင့် ဆိုရိုကုန်သွယ်ရေးအဖွဲ့သည် ဤနေရာတွင်ရှိနေသည့်အတွက်ကြောင့်သာ ဖှေးတို့နှင့်အတူရောပြီးခံနေရခြင်းဖြစ်၏။ သို့သော် သိလိုစိတ်အပြင် သူ့ထံတွင် ချမ်းဘော့ဒ်တပ်ဖွဲ့အားရှောင်ကျင်လိုသည့်စိတ်ဆန္ဒတစ်စက်မျှပင် မရှိချေ။ ရင်းနီးမြုပ်နှံမှုတစ်ခုမပြုလုပ်မှီတွင် ပေးဆပ်မှုတစ်ခုကိုအရင်ဆုံးပြုလုပ်ရမည်မှာ စီးပွားရေးလောက၏အမှန်တရားတစ်ခုပင်။ ထို့ကြောင့် ပြန်လည်ရရှိလာမည့် အမြတ်နှင့်ချင့်ချိန်ကာ စဥ်းစားဆုံးဖြတ်ကြမည်ဖြစ်သည်။ ထိုအပြင် ထင်ရှားစွာပင် မန်နေဂျာ၏ လက်တလောလေ့လာမှုများအရ ဆိုရိုကုန်သွယ်ရေးအဖွဲ့လက်ရှိကြုံတွေ့နေရသည့်အန္တရာယ်များမှာ ချမ်းဘော့ဒ်ဘုရင်အတွက်ဆိုပါက လုံး၀ထိုက်တန်သည်ဟူသည့်အချက်ပင်။

အကျိုးမြတ်တစ်စုံတစ်ရာရှိပါက စီးပွားရေးသမားများသည်လည်း ကြေးစားစစ်သည်များထက်ပင် ပို၍ရူးသွပ်နိုင်သေးသည်။

“ကျွန်တော်လဲမသိဘူး..သူတို့တွေတစ်ခုခုလုပ်ဖို့များအချိန်ဆွဲနေကြတာလား။ ဒါမှမဟုတ်ရင် ကျွန်တော်တို့ကို ပင်ပန်းအောင်လုပ်နေကြတာလားပဲ...” ဖှေးသူ၏ပခုံးများကို ခါပြလိုက်ပြီး အရေးမပါသည့်ကိစ္စဖြစ်သည့်ဟန်ဖြင့်ပြောလိုက်သည်။ “အကျဥ်းချုပ်ရရင်တော့ ဒီကောင်တွေကမကောင်းကြံနေကြတာတော့ အသေချာပဲ..ဒီအကြောင်းကိုစဥ်းစားနေရင် ခေါင်းရှုပ်တာပဲအဖက်တင်ပါလိမ့်မယ်။ သူတို့တွေတစ်ချိန်ချိန်တစ်ရက်ရက်မှာတော့ ထွက်လာကြမှာပါ။ မန်နေဂျာဟယ်ရီရေ ကျွန်တော့ရဲ့မသိစိတ်အရဆိုရင်တော့ အရှေ့မှာကျွန်တော်တို့ကို တစ်စုံတစ်ယောက်ကစောင့်နေမယ်လို့ထင်နေတယ်ဗျ။ ဟီးဟီး သူတို့နဲ့မကြာခင်တွေ့တော့မယ်ထင်ပါတယ်။”

ဒဏ်ရာရသွားသည့်လူများကို ကုသပေးပြီးနောက်တွင် ဖှေးတပ်ဖွဲ့ကိုပို၍မြန်မြန်ဆန်ဆန်ချီတပ်ရန်အတွက် ညွှန်ကြားလိုက်သည်။

ဖှေးအန်ဂျယ်လာကို ပို၍လုံခြုံသည့်မင်းသမီးစီးနင်းရာ ရထားလုံးထံသို့ပြန်ပို့လိုက်ပြီး ဤကဲ့သို့အလစ်ငိုက်တိုက်ခိုက်ခံရခြင်းမှ ကာကွယ်ရန်အတွက် ဖှေးသူတော်စဥ်တပ်ဖွဲ့၀င်များကို ပြန်လည်ကာဆင့်ခေါ်လိုက်ပြီး သူကိုယ်တိုင်ဒရူးဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်သည်။ ဤအချိန်တွင် သူ၏ဒရူးဇာတ်ကောင်သည် လယ်ဗယ်၃၂သို့ရောက်ရှိသွားပြီဖြစ်သဖြင့် ၀ံပုလွေ၅ကောင်နှင့် ကျီးကန်းသုံးကောင်တို့ကိုဆင့်ခေါ်နိုင်ပြီဖြစ်သည်။ ဖှေးဤသားရဲများကို ပတ်၀န်းကျင်တစ်၀ိုက်သို့စေလွှတ်လိုက်ပြီး ပတ်၀န်းကျင်ကိုအနှီးကပ်ကိုယ်တိုင်စောင့်ကြည့်တော့သည်။

ဒရူးဇာတ်ကောင်သည် သူ၏အမြင်အာရုံကို သူဆင့်ခေါ်ထားသည့်သားရဲများ၏ အမြင်အာရုံအဖြစ်သိုပြောင်းလဲနိုင်သောကြောင့် ဖှေးသည် မျက်လုံးအပိုများရရှိလိုက်သည့်အတိုင်းပင်။ သူသည်အချင်း၁၀မီတာခန့်ပတ်၀န်းကျင်တစ်၀ိုက်ရှိအရာအားလုံး၏ လှုပ်ရှားမှုကိုမြင်တွေ့နိုင်စွမ်းရှိသည်။

အပြင်ပိုင်းတွင်ဖှေးသည် စိတ်တည်ငြိမ်နေသည့်ပုံပေါက်သော်လည်း သူ၏နှလုံးသားထဲတွင်မူ သတ်ဖြတ်လိုသည့်ဆန္ဒများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။

လက်ရှိဖြစ်ပွားသွားခဲ့သည့်တောင်ပြိုကျမှုကြောင့် သူတော်စဥ်တပ်ဖွဲ့၀င်၅ယောက်နှင့် ဥပဒေပြုတပ်ဖွဲ့၀င်၁၂ယောက်ခန့်ဒဏ်ရာရရှိခဲ့သည်။ တစ်ချို့ဒဏ်ရာများမှာ စိုးရိမ်ရသည့်အနေထားမှာပင်ရှိသည်။ ဤသည်မှာချမ်းဘော့ဒ် အမဲရောင်တပ်ဖွဲ့စစ်သည်များဖြင့်တိုက်ခိုက်ခဲ့စဥ်ကတည်းမှ အများဆုံးထိခိုက်ခဲ့ခြင်းဖြစ်သည်။ ဒိုင်ယာဘလိုမှဆေးပုလင်းများသာမရှိပါက အသေအဆုံးများပင်ရှိလာနိုင်ခဲ့သည်။ဆိုရိုကုန်သွယ်ရေးအဖွဲ့ပင် သူတို့၏အစောင့်စစ်သည်ငါးဦးခန့်ဆုံးရှုံးခဲ့သည်။ ဤကဲ့သို့ ရွံ့ရှာစရာကောင်းသည့် ချောင်းမြောင်းတိုက်ခိုက်မှုများမှာ တစ်ခုပြီးတစ်ခုဖြစ်ပေါ်လျှက်ရှိရာ နောက်တစ်ကြိမ်တွင်လည်းမည်ကဲ့သို့ ပြုလုပ်လာဦးမည်ကိုမခန့်မှန်းနိုင်ချေ။

“မင်းငါ့ကိုလာရှုပ်နေတာလား...ငါ့စစ်သည်တွေကဒီနေရာမှာသေရမယ့်လူတွေမဟုတ်ဘူး...”

ဖှေးဆုံးဖြတ်ချက်ချပြီးသွားပြီးဖြစ်သည်။ သူဤကဲ့သို့သူရဲဘောကြောင်ကာ အကျင့်မကောင်းသည့်ကောင်များကို ရက်ရက်စက်စက်ပင် တုန့်ပြန်တော့မည်ဖြစ်သည်။

.......

.......

နေ၀င်ချိန်မှာ သွေးကဲ့သို့ပင် သူတို့မျက်လုံးရှေ့တွင်ရှိသည့် မြက်ခင်းပြင်ကြီးကို အနီရောင်ချယ်သလျှက်ရှိသည်။

ရှုခင်းမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ပင် ငြိမ်းချမ်းကာလှပနေသည်။

ရုပ်တရက်ပင် အရပ်ရှည်ရှည်နှင့် ခပ်ပိန်ပိန်လူတစ်ယောက်သည် အ၀ါရောင်မြက်ခင်းများပေါ်တွင် ပေါ်လာ၏။

သူ၏တုန်ခါနေသောလက်များဖြင့် သူ၏အမဲရောင်ဦးဆောင်းကိုဆွဲချွတ်လိုက်သည်။ ဦးဆောင်းအောက်တွင်ရှိနေသည်မှာ မျက်ရည်၀ဲနေသည့်မျက်လုံးများဖြင့် ပိန်သွယ်သွယ်မျက်နှာတစ်ခုပင်။ စီးဆင်းနေသည့်မြစ်တစ်စင်းနှင့် တောင်များကြားထဲတွင်တည်ရှိနေသည့် နန်းတော်ကြီးကိုလှမ်းကြည့်ရင်းဖြင့် သူ၏မျက်ရည်များကိုထိန်းချုပ်နိုင်ခြင်းမရှိတော့ပေ။ သူ၏အမိမြေအငွေ့သက်များပါ၀င်နေသည့် လေထုကိုတစ်၀ကြီးရူရှိုက်လိုက်ပြီး မြေပြင်ပေါ်သို့ဒူးထောက်ကာထိုင်ချလိုက်သည်။

“ချမ်းဘော့ဒ်တိုင်းပြည်ကြီး ငါအသက်ရှင်လျှက်ပြန်လာပြီကွ....”

ဤလူသည် သူ၏လက်များကို မိုးပေါ်သို့မြောက်လိုက်ပြီး ဒေါသဖြင့်အော်ဟစ်လိုက်သည်။

ထိုအော်ဟစ်သံနှင့် အတူလူတစ်ယောက်ပြီးတစ်ယောက်ထပ်မံရောက်ရှိလာပြီး တောင်ထိပ်သို့ပြေးတက်သွားကြသည်။ သူတို့အားလုံးစုတ်ပြတ်နေသည့်အ၀တ်စားမျာဖြင့် သူတို့အရွယ်စားမဟုတ်သည့်ချပ်၀တ်များကို၀တ်ဆင်ထားကြသည်။ ဤကဲ့သို့ရှည်လျားသည့်ခရီးတစ်ခုပြီးသည့်အချိန်တွင် သူတို့သည်အလွန်ပင်ပန်းနေကြပြီးဖြစ်သည်။ သူတို့လက်ထဲတွင် သတ်ဖြတ်ရန်အတွက်အသုံးပြုသည့်လှံံရှည်များမှာ လမ်းလျှောက်ရန်အတွက် တောင်၀ှေးများဖြစ်လာကြ၏။ သူတို့ခွန်အားများမှာကုန်ခမ်းနေကြသော်လည် သူတို့၏နှလုံးသားခွန်အားကိုအသုံးပြုကာ ဤနေရာသို့ရောက်ရှိရန်အတွက် ပြန်လာခဲ့ကြခြင်းဖြစ်သည်။

“ပြန်ရောက်ပြီကွ...ငါပြန်ရောက်ပြီ...”

“ငါ့ရဲ့ချမ်းဘော့ဒ်မြို့ကို ပြန်ပြီးမြင်နိုင်ပြီပေါ့ကွာ...”

“ဘုရားရေ ငါအိမ်မက်မက်နေတာမဟုတ်ဘူးမလား...”

ဤလူများမှာ လမ်းပါ့ဒ်၊ ဒရော့ဂ်ဘာနှင့် ပီးရာ့စ်တို့ပြန်လည်လိုက်ပို့ပေးခဲ့ကြသည့် ချမ်းဘော့ဒ်တိုင်းပြည်မှ မိုင်းတွင်းကျေးကျွန်များပင်။

မဟူရာတိုင်းပြည်တွင် ငရဲကဲ့သို့ဘ၀မျိုးကို နေ့စဥ်နေထိုင်ခဲ့ရပြီးနောက်တွင် သူတို့သည် ဇူလီမြစ်ရေကိုနောက်တစ်ကြိမ်သောက်သုံးရလိမ့်မည်ဟုမထင်တော့ပေ။ ချမ်းဘော့ဒ်ကိုလဲ နောက်တစ်ကြိမ်ထက်မံ၍ မြင်တွေ့ခွင့်ရလိမ့်မည်ဟု မထင်ခဲ့ကြတော့ချေ။ သို့သော်လည်း မြင်ကွင်းမှာ သူတို့အရှေ့သို့တိုက်ရိုက်ရောက်ရှိလာသဖြင့် သူတို့အားလုံးရူးမတက်ပင်ဖြစ်သွား၏။

ရုတ်တရက် လူအုပ်အတွင်းမှ အာမေဍိတ်သံတစ်ခုထွက်ပေါ်လာသည်။

အသက်၅၀အရွယ်လူတစ်ယောက်သည် မြင်းပေါ်မှပြုတ်ကျသွားပြီး လူအများသူ့အားပြန်လည်မတင်လိုက်သည့်အချိန်တွင် သူသည်အသက်ရူခြင်းမရှိတော့ပေ။

“အဖေတော့ဆုံးပြီဒစ်ခ်ရေ...တကယ်တန်းဆိုရင် သူ့ရဲ့ခန္ဓာကိုယ်ကလုံး၀မခံနိုင်တော့ဘူးလေ။ သူကချမ်းဘော့ဒ်ကို နောက်ဆုံးအကြိမ်အနေနဲမြင်သွားချင်လို့တစ်လမ်းလုံးတောင့်ခံလာခဲ့တာ...” တစ်ချို့လူများ၏ မျက်လုံးများတွင် မျက်ရည်များစီးကျနေကြသည်။ “အခုသူ့ရဲ့ဆန္ဒပြည့်၀သွားပြီဆိုတော့ စိတ်လျှော့လိုက်တော့တာထင်တယ်။ သူဖြစ်ချင်သလိုပဲ သူ့ရဲ့မွေးရပ်မြေမှာပဲ မြေမြုပ်သဂြိုဟ်ပေးလို့ရပါပြီ..”

ဤလူများတွင် ရောထွေးနေသည့်ခံစားချက်များရှိနေကြသည်။ အိမ်မက်တစ်ခုကဲ့သို့ပင်။

လမ်းပေါ့ဒ်၊ ဒရော့ဂ်ဘာနှင့် ပီးရာ့စ်တို့သည် လူအုပ်ကိုပတ်လည်၀ိုင်းကာ ကာကွယ်ပြီးလိုက်ပါလာလျှက်ရှိသည်။ သူတို့အားလုံးဤမြင်ကွင်းကိုမြင်လိုက်ရသည့်အချိန်တွင် သက်ပြင်းချမိလိုက်ရုံမှတစ်ပါးမတတ်နိုင်ကြချေ။ အဖိုးကြီးဒစ်ခ်မှာ အမိမြေကိုမမြင်ရမချင်းသေမင်းကပင် သူ့အားမတားဆီးနိုင်ခဲ့ပေ။

လမ်းပါ့ဒ်သည် သူတို့ပြန်ရောက်လာကြောင်းကို သတင်းပို့ရန်အတွက် ချမ်းဘော့ဒ်တိုင်းပြည်သို့မြင်းတစ်ကောင်ကို စေလွှတ်လိုက်သည်။

ဤအခိုက်တန့်တွင် သူ့အနောက်သို့ကင်းထောက်စစ်သည်တစ်အုပ်ရောက်ရှိလာသည်။ သူတို့လမ်းပါ့ဒ်ဘေးသို့ အမြန်ရောက်လာပြီး တီတိုးပြောလိုက်၏။ လမ်းပါ့ဒ်၏မျက်နှာသည် ရုတ်တရက်ပြောင်းလဲသွားတော့သည်။ သူသည်အမိမြေသို့ပြန်ရောက်စဖြစ်သည့်အတွက် ပျော်ရွှင်အောင်ပွဲခံနေကြဆဲဖြစ်သည့် သူ့လူများကိုကြည့်ရင်းဖြင့် အသံနိမ့်ကာ မေးလိုက်၏။ “ဘယ်လောက်၀ေးသေးလဲ....”

“သူတို့ကျွန်တော်တို့ နယ်နိမိတ်ထဲကိုတော့၀င်လာပြီ ဒီကိုရောက်ဖို့ဆိုရင်တော့ တစ်နာရီလောက်လိုဦးမယ်ထင်တယ်။”

“ဒီဓားမြတွေကတော့ကွာ...ဒီကောင်တွေက ငါတို့ချမ်းဘော့ဒ်တိုင်းပြည်ကို ပြောင်တင်းကျူးကျော်ရဲတာပဲ။ ပီးရာ့စ်လူအုပ်ကိုမြန်မြန်ဆက်ချီတပ်ကြမယ်။ ငါတို့လူတွေကိုတစ်နာရီအတွင်း မြို့ထဲကိုလုံလုံခြုံခြုံပြန်ရောက်အောင်လုပ်ပေးလိုက်။ ဒရော့ဂ်ဘာမင်းကမြင်းတစ်ကောင်ယူသွားပြီး ဘတ်စ်နဲ့ ဘရွတ်ကိုအမြန်သွားသတင်းပို့။ ရန်သူတွေလာတိုက်နေတာမို့ သူတို့လဲတိုက်ပွဲ၀င်ဖိုပြင်ရတော့မယ်။ နောက်ပြီးကျရင် မင်းငါနဲ့လိုက်ခဲ့ပြီး အနောက်ဘက်ကိုကာကွယ်ထားပေး။”

လမ်းပါ့ဒ်မကြာမှီအချိန်တွင် အမှန်ကန်ဆုံးဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်တော့သည်။

All Chapters