အခန်း (၂၄၄)
Vol. 17 Ch. 244
အဆင့်၄တိုင်းပြည်တစ်ခုဖြစ်သည့် တာဒီကီတိုင်းပြည်နယ်စပ်နေရာဖြစ်သည့် မိုကြိုးတောင်ဒေသတွင် ကောင်းကင်တစ်စင်းဟုအမည်ရသည့် ကျင်းမြောင်းပြီး အန္တရာယ်ရှိသော တောင်ကြားနေရာတစ်ခုရှိသည်။
ကောင်းကင်တစ်စင်း၏ ဘေးနှစ်ဖက်တွင်ရှိနေသည်မှာ မက်စောက်မြင့်မားသည့်တောင်စွန်းကြီးများပင်။ တောင်များမှာ ချောမွေ့နေပြီး တွယ်တက်ရန်အတွက်မဖြစ်နိုင်သလောက်ပင်။ သစ်ပင်များပေါက်ရောက်နေခြင်းလည်းမရှိပေ။
အမဲရောင်၀တ်ရုံနှင့် လူတစ်ချို့သည် ထိုတောင်စွန်းပေါ်တွင်ရှိသော ကျောက်တုံးကြီးတစ်ခုပေါ်တွင် တစ်စုံတစ်ခုအတွက်ပြင်ဆင်နေရင်းဖြင့်အလုပ်များနေကြသည်။ တစ်ချိန်တည်းမှာပင် လူတစ်ချို့သည်အမြင့်တစ်နေရာတွင် ရပ်လျှက်အ၀ေးတစ်နေရာတွင်ရှိသည့်တောင်လမ်းတစ်ခုသို့ လှမ်းကြည့်နေရင်းဖြင့်ပြောလိုက်သည်။ “အမြန်လုပ်ကြကွ သူတို့လာနေကြပြီ..”
အ၀ေးတွင်ရှိနေသည့် တောင်လမ်းတွင် လူတစ်စုချီတပ်လာနေသည်ကိုတွေ့မြင်နေရ၏။
သို့သော် ဤအခိုက်တံ့တွင် ရုတ်တရက်စူးရှသည့်အော်ဟစ်သံတစ်ခုထွက်ပေါ်လာပြီး တစ်စုံတစ်ရာသည့် သူတို့ထံသို့ ပျံသန်းလာ၏။ အမဲရောင်၀တ်ရုံနှင့် လူများခေါင်းထောင်ပြီးကြည့်လိုက်သည့်အချိန်တွင် သူတို့၏အမြင်အာရုံတစ်ခုလုံးမှောင်မဲသွားပြီး စူးရှသည့်နာကျင်မှုတစ်ခုကို ခံစားလိုက်ကြရသည်။ မဲနက်နေသည့်ကျီးကန်းသုံးကောင်သည် သူတို့ထံသို့ ရက်စက်ကြမ်းကြုတ်စွာဖြင့်ပျံသန်းလာပြီး ချွန်ထက်နေသည့်ခြေသည်းများဖြင့် သူတို့၏မျက်လုံးများကိုချက်ချင်းပင် ဖောက်ထုတ်ပစ်လိုက်၏။
“အား...ကယ်ပါဦး...”
မျက်လုံးများဆုံးရှုံးသွားသည့် ကံမကောင်းသည့်လူသုံးဦးမှာ မြေပြင်ပေါ်တွင်နာကျင်စွာဖြင့်လူးလိမ့်နေရင်းအမြင်အာရုံမရှိတော့သည့်အတွက်ကြောင့် တောင်အောက်သို့ပြုတ်ကျကာ သေဆုံးကုန်ကြတော့၏။
အခြေအနေမှာ ဗရမ်းပတာဆန်လှသည် တစ်ချိန်တည်းမှာပင် အဖြူရောင်၀ံပုလွေကြီးသုံးကောင်သည် ကျန်ရှိနေသေးသည့် အမဲရောင်၀တ်ရုံနှင့် လူလေးယောက်ကို ၀ိုင်းလိုက်ပြီး ရက်စက်ကြမ်းကြုတ်စွာဖြင့် စတင်ကိုက်ဖြတ်တော့သည်။ ထို၀ံပုလွေများသည့် အဆင့်၃မှော်သားရဲများဖြစ်ကကြသည့် လေ၀ံပုလွေများထက်များစွာသာလွန်သည့် ကြောက်မက်ဖွယ်ခွန်အားများကို ပြသကြသည်။ မကြာမှီအချိန်တွင် ကျောက်တောင်ထိပ်တွင် ပြန့်ကျဲနေသည့် အသားစများ၊ အရိုးများနှင့် သွေးများသာ ကျန်ရှိနေတော့၏။
မိနစ်အနည်းငယ်ခန့်အကြာတွင် ချမ်းဘော့ဒ်တပ်ဖွဲ့နှင့် ဆိုရိုကုန်သွယ်ရေးအဖွဲ့တို့သည် ကောင်းကင်တစ်စင်းတောင်ကြားလမ်းသို့ရောက်ရှိလာကြသည်။
“အား..ဒီနေရာမှာလည်း လူသေအလောင်းတွေပါလား...” အိုလတ်ဂ်သူ၏ နှုတ်ခမ်းများကိုသပ်ကာ အံ့သြစွာဖြင့် အာမေဍိတ်သံတစ်ခုကိုပြုလုပ်လိုက်သည်။
“ဆက်သွား...” ဖှေး အိုလတ်ဂ်၏ ဖင်ကိုဆောင့်ကန်ချင်စိတ်ပေါက်နေ၏။ အဘယ်ကြောင့်ဆိုသော် ဤဖတ်တီးမှာ လူသေအလောင်းမျာကို မြင်သည့်အချိန်တိုင်းတွင် ဗိုက်နာသည့်လူအိမ်သာတစ်လုံးကိုတွေ့လိုက်သကဲ့သို့ ပြုမူလေ့ရှိသောကြောင့်ပင်။ ဤသည်မှာ ရှက်ရွံ့ဖွယ်ကောင်းလှသည်။
မန်နေဂျာမှာ အလောင်းများကိုအသေချာကြသည့်လိုက်ရာ ဤအလောင်းများသည်လဲ သူတို့လမ်းတစ်လျှောက်တွင် တွေ့ခဲ့ရသည့်အလောင်း၅လောင်းနှင့် တူညီနေသလိုရှိသည်ကို သတိထားမိလိုက်သည်။ ဤအလောင်းများမှာ အမြင့်မှပြုတ်ကျထားသဖြင့် အပိုင်းပိုင်းကျိုးကြေနေသော်လည်း သူတို့၏မျက်လုံးများဖောက်ထုတ်ခြင်းခံခဲ့ရသည်ကို မြင်နိုင်နေဆဲပင်။ သူတို့သည် သားရဲတိရိစ္တာန်တစ်ကောင်ကောင်၏တိုက်ခိုက်ခြင်းကို ခံခဲ့ရပုံရသည်။ မန်နေဂျာအနည်းငယ်ထက်မံ၍ စဥ်းစားကြည့်လိုက်မိသည်။ မနေ့က တစ်စုံတစ်ယောက်တောင်များကို ဖြိုကျကာလုပ်ကြံခဲ့သဖြင့် အနည်းငယ်ထိုခိုက်ပြီးချိန်မှစ၍ လမ်းခရီးတစ်လျှောက်မှာ အခက်ခဲတစ်စုံတစ်ရာကိုပင် မကြုံရတော့ပဲချောမွေ့နေကာ တာနီကီနယ်ကစပ်သို့ရောက်ရှိလာသည်ကို မန်နေဂျာသတိထားလိုက်မိသည်။
ကောင်ကင်တစ်စင်းတောင်ကြားကို ဖြတ်ကျော်ပြီး နှစ်နာရီခန့်ဆက်လက်ခရီးဆက်ပြီးနောက်တွင် သူတို့အားလုံးမိုးကြိုးတောင်ဒေသအစွန်ဖျားသို့ရောက်ရှိလာကြ၏။
တစ်ခြားတောင်များထက် မီတာ၁၀၀ခန့်ပို၍မြင့်မားနေသည့်တောင်နှစ်လုံးကို လှမ်းကာမြင့်တွေ့နေရသည်။ ကြက်များကားတွင်ရောက်နေသည့် ကြိုးကြာများကဲ့သို့ပင် ထောင်ထွက်နေ၏။ ထိုတောင်နှစ်လုံးကို တောင်ညီနှောင်ဟုခေါ်ကြပြီး ထိုတောင်များသည် တစ်လုံးနှင့်တစ်လုံးဆန့်ကျင့်ဘက်နေရာတွင်တည်ရှိနေသည်။ တောင်ညီနောင်အားဖြတ်ကျော်ကာ တစ်ရက်ခန့်ထက်မံခရီးဆက်ပြီးပါက သူတို့သည် ခရီးဆုံးဖြစ်သည့် ဇီးနစ်အင်ပါယာနယ်နိမိတ်အတွင်းသို့ရောက်ရှိတော့မည်ဖြစ်သည်။
သို့သော် တပ်ဖွဲ့သည်တောင်ညီနောင်သို့ရောက်ရန်မီတာ၅၀၀ခန့်လိုသည့်အချိန်တွင် တောင်ခြေတွင်ရပ်နေသည့် ရွှေရောင်ချပ်၀တ်နှင့် ပုံစံတကျရှိနေသည့် စစ်သည်၁၀၀ခန့်ကို ဖှေးလှမ်းမြင်လိုက်ရ၏။ သူတို့သည် ချမ်းဘော့ဒ်တပ်ဖွဲ့ရောက်ရှိလာသည်ကိုတွေ့သော်လည်း လမ်းဖယ်ပေးမည့်ပုံမရှိချေ။ လူငယ်တစ်ယောက်သည် ထိုတပ်ဖွဲ့၏အရှေ့တွင်ရပ်လျှက်ရှိနေသည်။ ရွှေရောင်ချပ်၀တ်၊ ရွှေရောင်ဦးဆောင်းနှင့် သူ၏ရွှေရောင်ဆံပင်များလေထဲတွင် လွှင့်ပျံနေသည်နှင့်အတူ ထူးဆန်းသည့်ပုံစံရှိသည့် မှော်သားရဲတစ်ကောင်ကို စီးနင်းနေပြီး အ၀ေးသို့တိုက်ခိုက်လိုသည့်ဆန္ဒများပြည့်နက်နေသည့်မျက်လုံးများဖြင့် လှမ်းကြည့်နေ၏။
ရွှေရောင်ချပ်၀တ်၀တ်ဆင်ထားသည့်လူငယ်ကို တွေ့လိုက်သည့်အချိန်တွင် မန်နေဂျာဟယ်ရီ၏မျက်နှာပေါ်တွင် အံ့သြသည့်အမူရာတစ်ခုပေါ်လာကာ “အဲ့တာသူပဲ....ဘယ်လောက်အံ့သြစရာကောင်းလဲ...”
“ခင်ဗျားသူ့ကို သိလား။ သူကဘယ်သူလဲ...” ဖှေးသူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့်မေးလိုက်သည်။
“တော်၀င်သူရဲကောင်းပဲ။ အထူးသူရဲကောင်းဆယ်ယောက်ထဲက နံပါတ်၁၀နေရာကိုရထားတဲ့လူပဲ။ သူကခရစ်-စူတွန်ပဲ သူ့ကိုယ်သူတော့ရွှေရောင်နေမင်းသူရဲကောင်းလို့ခေါ်တယ်။ သူက အသက်၁၆နှစ်ပဲရှိသေးပေမယ့် ဇီးနစ်အင်ပါယာရဲ့ပါရမီရှင်သူရဲကောင်းတွေထဲက တစ်ယောက်ပဲ။ သူ့အရွယ်ကောင်လေးတွေတော်တော်များများရဲ့အိမ်မက်က သူရဲကောင်းတွေရဲ့တပည့်ဖြစ်ဖိုကို သူက အထူးသူရဲကောင်းဆယ်ယောက်ထဲကတစ်ယောက်တောင်ဖြစ်နေပြီ။ သူ့ကို အင်ပါယာအရှင်သခင် ယရှင်းကိုယ်တိုင်က အဲ့ရာထူးပေးထားတာလေ။ သူကအနာဂတ်ရဲ့ကြယ်ပွင့်ပဲ အင်ပါယာမှာရှိတဲ့လူတော်တော်များများက သူ့ကိုအင်ပါယာသူတော်စဥ်သိုင်းဆရာတစ်ယောက်ဖြစ်လာနိုင်တယ်လို့တောင် ယုံကြည်ထားကြတယ်။ အရှင်းဆုံးပြောရရင်တော့ သူကရင်ဆိုင်ရခက်မယ့် လူတစ်ယောက်ပဲ။”
မန်နေဂျာမှာ ဂုဏ်ပုဒ်တွေအများကြီးအသုံးပြုပြီး အ၀ေးတွင်လှမ်းမြင်နေရသည့် လူငယ်လေး၏အကြောင်းကို ဖှေးအားပြောပြလျှက်ရှိသည်။ သူ၏ မျက်လုံးများမှာလည်းအလွန်လေးနက်နေသည်။ ဤငယ်ရွယ်သည့်စစ်သည်မှာ အင်ပါယာထဲတွင် ဂုဏ်သတင်းကြီးမားသည့်လူတစ်ယောက်ဖြစ်သည်မှာ ထင်ရှား၏။ သို့သော် မန်နေဂျာမှာ ရယ်မောလိုက်ပြီး ထက်မံပြောကြားလိုက်သည်။ “ဒါပေမယ့် ဒီသူ့ကိုယ်သူရွှေရောင်နေမင်းသူရဲကောင်းလို့ခေါ်တဲ့ ပါရမီရှင်က အတော်ဒေါသကြီးတယ်လို့လဲပြောကြတယ်။ သူဆန္ဒကိုဘယ်သူ့ကိုမှ ပြောင်းလဲခွင့်မပေးဘူးတဲ့။ သူကအတော်မာနကြီးတဲ့လူတစ်ယောက်ပဲ။ ဒါကြောင့်လမ်းတစ်လျှောက်မှာ ကျွန်တော်တို့ကိုလုပ်ကြံတဲ့လူတွေကိုတော့ သူလွှတ်လိုက်တာမဟုတ်လောက်ဘူး။ သူကအဲ့လိုတွေလုပ်ဖို့ စိတ်၀င်စားတဲ့လူမျိုးမဟုတ်ဘူးလေ။ ဒါပေမယ့် ကျွန်တော်ကြည့်ရသလောက်ဆိုရင်တော့ သူက အရှင့်ကိုစောင့်နေပုံရတယ်။ အရှင်သူနဲ့တွေ့တဲ့အချိန်မှာ သတိထားမှရမယ်။”
“ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကြီးလာကြတဲ့ စောက်ကလေးတွေက အဲ့လိုပဲဗျ။ ဖင်ယားကြတယ်။ ဟီးဟီး အဲ့ကောင်ကျွန်တော့ကို စိတ်ဆိုးအောက်မလုပ်ဖို့မျှော်လင့်ရမှာပဲ။” ဖှေးထိုကဲ့သို့ပြောနေရင်းဖြင့် သူ၏မျက်နှာပေါ်တွင် အဓိပ္ပယ်ရှိသည့် အပြုံးတစ်ခုပေါ်လာ၏။
လူရိုင်းဇာတ်ကောင်၏ တိုက်ပွဲအာရုံခံနိုင်မှုမှာ အလွန်မြင့်မားသည်။ ဖှေးဤရွေရောင်ချပ်၀တ်နှင့် သူရဲကောင်းမှ သူ့အပေါ်ရန်လိုနေသည့်အာရုံကို ကြိုတင်စွာခံစားမိပြီးဖြစ်သည်။ ဖှေး သူတို့နှစ်ယောက်အတိတ်တွင်တွေ့ဆုံခဲ့ခြင်းမရှိပဲ မည်သည့်အတွက်ကြောင့်ရန်လိုနေရသည်ကို စဥ်းစားနေမိသည်။ ဖှေးအလွန်လဲစိတ်ဆိုးနေမိသည်။ “မင်းက ငါ့လမ်းကို အကြောင်းမဲ့လာပိတ်နေတာပဲ။ ဖယ်မပေးဘူးဆိုရင်တော့ မင်းအမေကတောင်မမှတ်မိလောက်တဲ့ထိ ရိုက်ပေးလိုက်မယ်။” သူတွေးလိုက်မိသည်။
သူတို့ကြားအကွာ၀ေးနီးကပ်လာသည်နှင့်အမျှ လေထုထဲတွင်ရှိနေသည့် တင်းမာမှုကိုလူတိုင်းခံစားနေရသည်။
နှစ်ဖွဲ့လုံးသည် တစ်ဖက်နှင့်တစ်ဖက်ရန်ဆောင်မှုများကိုအပြန်လည်ခံစားနေရသည်။
ဘလက်ကီ၏မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သည့်အရိပ်ယောင်များတောက်ပသွားသည်နှင့် နက်ရှိုင်းသည့်ဟောင်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။ တိုးရိစ်လဲ သူ၏လက်များဖြင့် မြှားသုံးစင်းကိုတိတ်ဆိတ်စွာဆွဲထုတ်လိုက်သည်။ ထောင်မှုူးအိုလတ်ဂ်လည်း သူ၏လက်သီးများကိုတင်းကြပ်စွာဆုပ်လိုက်သည်။ ထူးဆန်းသည့်ပုံစံရှိပြီး အပေါ်တွင် ချိတ်ကောက်များတပ်ဆင်ထားသည့် အမဲရောင်လက်အိပ်တစ်စုံမှာ သူ့လက်သီးများပေါ်တွင်ပေါ်လာတော့သည်။ ခေါင်းဆောင်ပီတာသည်လည်း သူတော်စဥ်တပ်ဖွဲ့ကို “V” ပုံဖွဲ့စည်းပုံဖွဲ့စည်းရန်အတွက်အမိန့်ပေးလိုက်၏။ မီးမှုတ်သားရဲများ၏ ခွာရင်းများတွင်လည်း အနီရောင်မီးတောက်များစတင်၍ တောက်ပလာတော့သည်။
တောင်ညီနောင်တောင်ခြေတွင်ရှိနေသည့် ရွှေရောင်ချပ်၀တ်နှင့်စစ်သည်များသည်လည်း တစ်စုံတစ်ခုကို အာရုံခံလိုက်မိလိုက်ကြသည်။ သူတို့၏ မျက်နှာများတွင် အထင်သေးသည့်အပြုံးများပေါ်လာကြတော့၏။ ဤသည်မှာ ဆွေကြီးမျိုးကြီးများမှ လူဆင်းရဲများကိုဆက်ဆံနေသကဲ့သို့ပင်။ သူတို့အားလုံးတစ်ညီတစ်ညာပင် ဦးဆောင်းများကို ဆွဲချွတ်လိုက်ကြပြီး သူတို့လက်ထဲတွင် ကိုင်ဆောင်ထားသည့် လှံရှည်များကို အပေါ်သို့၄၅ဒီဂရီထောင်မက်လိုက်ကြပြီး သူတို့ခန္ဓာကိုယ်အတွင်းမှ ရွှေရောင်နှင့် ငွေရောင်အတွင်းအားမီးတောက်များကို ထုတ်လွှတ်လိုက်ကြသည်။ ထိုအတွင်းအားမီးတောက်များသည် ထိုစစ်သည်များ၏ လှံများနှင့်အတူ စီးနှင်းနေသည့်မြင်းများကိုပါ လွှမ်းခြုံသွားတော့၏။ အ၀ေးမှကြည့်ပါက စစ်သည်များနှင့် မြင်းများမှာ ပေါင်းစပ်သွားသကဲ့သို့ပင်။ ရွှေရောင်အလင်းစီးကြောင်းတစ်ခုပုံစံဖြစ်နေ၏။ ရှေ့ဆုံးမှ သူရဲကောင်းလူငယ်အမိန့်ပေးလိုက်လျှင်ပေးလိုက်ခြင်းပင် သူတို့သည်ရှေ့သို့ချီတပ်ကာ ရန်သူကိုတစ်စစီဆုတ်ဖြဲတော့မည့်အတိုင်းပင်။