အခန်း(၂၄၅)
Vol. 17 Ch. 245
ဤကဲ့သို့တင်းမာသည့်လေထုအောက်တွင် အဖွဲ့နှစ်ဖွဲ့သည်တစ်ဖွဲ့နှင့်တစ်ဖွဲ့နီးကပ်လာတော့သည်။ ဖှေးနှင့် သူရဲကောင်းလူငယ်တို့သည်လည်း တစ်ယောက်မှနောက်ဆုတ်ပေးမည့်ပုံမရှိကဲ တစ်ယောက်နှင့်တစ်ယောက်ပြင်းထန်စွာဖြင့်စိုက်ကြည့်နေကြသည်။ သူတို့ကြားအကွာ၀ေးမှာ နှစ်ဆယ်မီတာခန့်သာရှိနေတော့သည်။
ဖှေးသူ၏လက်ကို ၀ှေ့ရမ်းပြလိုက်သည့်အချိန်တွင် ချမ်းဘော့ဒ်တပ်ဖွဲ့နှင့် ဆိုရိုကုန်သွယ်ရေးအဖွဲ့တို့ ရပ်တန့်လိုက်ကြသည်။
ခနတာ တိတ်ဆိတ်သွားပြီးနောက်တွင်....
“မင်းက အင်ပါယာစည်းမျဥ်းတွေကိုချိုးဖောက်ပြီးတော့ အဖွဲ့၀င်တိုင်းပြည်တွေကို တိုက်ခိုက်ခဲ့တဲ့ အလတ်ဇန္ဒားဆိုတဲ့ကောင်လား...”
ရွှေရောင်ချပ်၀တ်နှင့် လူငယ်သူရဲကောင်းမှာ အရင်စကားစလိုက်သည်။
သူသည် သူစီးနှင်းနေသည့် မှော်သားရဲ၏ဦးခေါင်းကိုပုတ်လိုက်၏။ ထိုမှော်သားရဲမှာ ၀ံပုလွေတစ်ကောင်ကဲ့သို့ပင်။ သို့သော် နဖူးထိပ်တွင် ဦးချိုတစ်ခုပါ၀င်နေ၏။ အ၀ါရောင်အမွေးမြင်များရှိပြီး သံမဏိချိန်ကြိုးများသည် သူ၏ခန္ဓာကိုယ်တစ်၀ိုက်တွင်ရစ်ပတ်ထားသည်။ သားရဲမှာ ခြေတစ်လှမ်းခြင်းလှမ်းကာ လူငယ်သူရဲကောင်းကိုအရှေ့သို့ခေါ်သွား၏။ သူရဲကောင်၏အသံနေအသံထားအရသူသည် လူထောင်ပေါင်းများစွာ၏ အသက်ကိုထိန်းချုပ်နေသည့် နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ ဖှေးအား ရာဇ၀တ်သားတစ်ယောက်ကဲ့သို့ စွပ်ဆွဲလျှက်ရှိသည်။
“နားလည်မှုလွဲနေတာနေမှာပါ မစ်စတာခရစ်...”
အမဲရောင်၀တ်စုံနှင့် မန်နေဂျာဟယ်ရီမှာ ဆူတွန်ပြောသည်ကိုကြားသည့်အချိန်တွင် နားလည်မှုလွဲနေသည့်ကိစ္စများရှိနေသည်ဟုခံစားလိုက်ရပြီးဖှေးအား စိတ်လိုက်မာန်ပါမပြုမူရန် အချက်ပြလိုက်သည်။ မန်နေဂျာမှာ အရှေ့သို့မြင်းဖြင့်ထွက်သွားပြီး ရယ်မောကာ “မင်စတာ ဘုရင်အလတ်ဇန္ဒားက တိုက်ခိုက်ခံခဲ့ရတာပါ။ သူလုပ်ခဲ့တာက သူ့ကိုယ်သူပြန်လည်ခုခံရုံလောက်ပါပဲ။” မန်နေဂျာမှာ ဆူတွန်ကို သူသိသည့်အရာများကို ဖြေးညင်းစွာဖြင့်ရှင်းပြနေသည်။ ချမ်းဘော့ဒ်တိုင်းပြည် မဟူရာခံတပ်အားတိုက်ခိုက်သည့်နေရာသို့ရောက်သည့်အချိန်တွင် သူသည်ဖြစ်စဥ်ကို သူသိသလိုရှင်းပြ၏။ မဟူရာတိုင်းပြည်ဦးစွာ ကျူးလွန်ခဲ့သည့် လူကုန်ကူးမှုများနှင့် တရားမ၀င်ညင်းပန်းနှိပ်စက်မှုများကို ဖော်ပြပြီးချိန်တွင် သူပြောလိုက်သည်။ “နှစ်ဖက်လုံးကတော့ အမှားတွေရှိတာပေါ့။ ဒါပေမယ့် မဟူရာတိုင်းပြည်ကအရင် ချမ်းဘော့ဒ်တိုင်းပြည်သားတွေကို နှိပ်စက်သတ်ဖြတ်ခဲ့တာလေ။ ဒါကြောင့်မို့ မစ်စတာခရစ် သေချာအရင်စုံစမ်းကြည့်ပါဦးလား..”
“အော် မန်နေဂျာဟယ်ရီကိုး မတွေ့တာတောင်ကြာပြီ...” ရွှေရောင်ချပ်၀တ်နှင့် လူငယ်သူရဲကောင်းမှာ ခေါင်းငြိမ့်ပြလိုက်သည်။ ဆိုရိုကုန်သွယ်ရေးအဖွဲ့သည် အေဇာရုတိုက်တွင်ရှိသည့် အဖွဲ့စည်းကြီးများထဲမှတစ်ခုဖြစ်သည်။ မန်နေဂျာဟယ်ရီမှာ ဇီးနစ်အင်ပါယာတွင်ရှိသည့် ထိပ်တန်းမန်နေဂျာများထဲမှ တစ်ယောက်ဖြစ်သည့်အတွက် ဇီးနစ်အင်ပါယာတွင်ရှိသည့်အရေးကြီးပုဂ္ဂိုလ်များထဲမှ တစ်ယောက်ဟုပင်ဆိုနိုင်၏။ ခရစ်-ဆူတွန်မှာ မာနထောင်လွှားသော်လည်း လေးစားမှုပေးရမည့်တာ၀န်ရှိ၏။ “ဒါပေမယ့် ကျွန်တော်သိချင်တာက ဂုဏ်သရေရှိမန်နေဂျာဟယ်ရီက ဘာလို့များချမ်းဘော့ဒ်က အရိုင်းစိုင်းတွေနဲ့ သူတို့ရဲ့စောက်ပိန်းဘုရင်ကို ကာကွယ်ပေးနေရတာလဲဆိုတာကိုပဲ...”
ဆူတွန်ပြောလိုက်သည့်အချိန်တွင် သူဆိုလိုသည့်အရာကိုဖုံးကွယ်ထားခြင်း လုံး၀မရှိပေ။ လေပြေတစ်ခုတိုက်ခတ်သွားပြီး အရိုင်းစိုင်းများနှင့် စောက်ပိန်းဟူသည့်စကားလုံးများကို ချမ်းဘော့ဒ်တပ်ဖွဲ့မှ လူများအားလုံး၏နားထဲတွင် ရှင်းလင်းစွာကြားလိုက်ရ၏။ ချမ်းဘော့ဒ်တပ်ဖွဲ့မှာ ချက်ချင်းပင် ဒေါသဖြစ်သွားတော့၏။ တိုးရိစ်၊ အိုလတ်ဂ်နှင့် ပီတာတို့၏ခန္ဓာကိုယ်မှာ ချက်ချင်းပင်အတွင်းအားမီးတောက်များတောက်ပလာတော့သည်။
ဖှေးလက်၀ှေ့ရမ်းပြလိုက်ပြီး လူတိုင်းကို စိတ်ထိန်းရန်အချက်ပြလိုက်သည်။
သူနှာခေါင်းရှုံ့လိုက်ပြီး မည်သည့်အရာကိုမျှပြောကြားခြင်းမရှိပေ။
“မစ်စတာခရစ် တကယ်မှားတဲ့လူက မဟူရာဘုရင်ပါဗျ...” မန်နေဂျာမှာ ဖှေးအားကူညီရန်အတွက် ကြိုးစားနေဆဲပင်။
“တော်လောက်ပြီ မန်နေဂျာဟယ်ရီ။ ကျွန်တော်ခင်ဗျားဘယ်သူဆိုတာကို သတိပေးရမယ့်ပုံပဲ။ တိုက်ပေါ်က ထုံးတမ်းဓလေ့တွေအရဆိုရင် အင်ပါယာကစည်းမျဥ်းတွေကို ဂရုမစိုက်ပဲနဲ့ တစ်ခြားအဖွဲ့၀င်နိုင်ငံတွေကိုတိုက်ခိုက်တာက အင်ပါယာတော်၀င်သူရဲကောင်းတပ်ဖွဲ့က အထူးသူရဲကောင်းတွေစီမံရမယ့်ကိစ္စပဲ။ ခင်ဗျားတို့ဆိုရိုကုန်သွယ်ရေးအဖွဲ့၀င်ရောက်စွက်ဖက်ရမယ့်ကိစ္စမဟုတ်ဘူး...”
ခရစ်-ဆူတွန်သည် မန်နေဂျာအားစကားဖြတ်ပြောလိုက်ပြီး ချမ်းဘော့ဒ်တပ်ဖွဲ့ကိုထက်မံကာရန်စလိုက်သည်။ “ခင်ဗျားပြောသလိုမှန်ရင်လဲ ဘာဖြစ်လဲ။ ကျွန်တော်သူတို့ကို အရင် သူရဲကောင်းနန်းတော်မှာရှိတဲ့ ထောင်ထဲကိုထည့်ပြီးမှသေချာဆက်ပြီးစစ်ဆေးနိုင်မယ်....”
“တော်၀င်နန်းတော်က အကျဥ်းထောင်ထဲမှာ ဖမ်းထားမယ်ဟုတ်လား...” မန်နေဂျာမှာ ထိတ်လန့်သွားသည်။ “အရှင်အဲ့လိုလုပ်လို့မရဘူးလေ။ ချမ်းဘော့ဒ်ဘုရင်က အင်ပါယာယရှင်းကိုယ်တိုင်ထီးနန်းတင်ထားပေးတဲ့ တော်၀င်မျိုးနွယ်တစ်ယောက်ပဲ။” သူရဲကောင်းနန်းတော်ထဲတွင်ရှိသည့် အကျင်းထောင်မှာ သစ္စာဖောက်မှုကဲ့သို့ကြီးမားသည့် ရာဇ၀တ်သားများကို ချုပ်နှောင်ထားသည့်နေရာဖြစ်သည်။ ဇီးနစ်အင်ပါယာစတင်တည်ထောင်စဥ်မှစ၍ ထိုအကျဥ်းထောင်ထဲမှ အသက်ရှင်လျှက်လွတ်မြောက်လာနိုင်သည့်လူ တစ်ယောက်မှမရှိခဲ့ချေ။ ခရစ်ပြောသည့်ပုံအရဆိုပါက သူသည် ချမ်းဘော့ဒ်တိုင်းပြည်မှလူများကို အမြစ်ပြတ်ချမှုန်းချင်သည့်ပုံရသည်။ မည်သည့်အကြောင်းကြောင့် ထိုကဲ့သို့ပြုလုပ်လိုနေသနည်း။
“ဟားဟား ဟာသပဲ ဟာသပဲ တော်၀င်မျိုးနွယ်ဟုတ်လား...” သူရဲကောင်းလူငယ်၏မျက်နှာသည် အလွန်ရယ်စရာကောင်းသည့်ဟာသတစ်ခုကို ကြားလိုက်ရသည့်အသွင်သို့ပြောင်းလဲသွား၏။ “အရိုင်းစိုင်းတစ်အုပ်နဲ့ ကျပ်မပြည့်တဲ့ဘုရင်က ဘယ်လိုလုပ်ပြီးတော်၀င်မျိုးနွယ်ဖြစ်နိုင်မှာလဲ...ဒီကောင်တွေကအင်ပါယာရဲ့ ဂုဏ်သရေနဲ့ဘယ်လိုလုပ်ပြီးထိုက်တန်မှာလဲ။ သူတို့ကအင်ပါယာအတွက် အရှက်ရစရာတွေပဲ..ဒီလိုအင်ပါယာအတွက် မကောင်းတဲ့အညစ်ကြေးတွေကို ငါကိုယ်တိုင်သန့်စင်ရမယ်...”
သူရဲကောင်းလူငယ်မှာ မန်နေဂျာကို အရေးမလုပ်တော့ချေ။ သူသည် ထူးဆန်းသည့်သားရဲကို စီးကာဖှေးအရှေ့သို့သွားလိုက်သည်။ သူသည် ၁၀မီတာခန့်နီးကပ်လာသည့်အချိန်တွင် ခေါင်းကိုမော့လိုက်ပြီး အမိန့်ပေးသည့်လေသံဖြင့်ပြောလိုက်၏။ “ငါမင်းတို့ကောင်တွေကို နောက်ဆုံးအခွင့်ရေးပေးမယ်။ မင်းတို့လက်နက်ချပြီး မင်းတို့ရဲ့မီးမှုတ်သားရဲတွေကို ပေးမယ်ဆိုရင် မင်းတို့ကောင်တွေဒီနေရာမှာ သေစရာမလိုတော့ဘူး။ ငါကသိပ်ပြီး စိတ်ရှည်တဲ့လူမဟုတ်ဘူးလို့တော့သတိပေးလိုက်မယ်။ အမြန်လုပ်ကြ။”
“စောက်ရူး...” ဖှေး ပြောလိုက်သည်။
“မင်းဘာပြောလိုက်တာ...”
ခရစ်ဆူတွန်မှာ ကျက်သေသေသွား၏။ သူကြားလိုက်သည့်အရာမှန်ကန်လားပင် မသေချာပေ။ “ငါ့ကိုတစ်စုံတစ်ယောက်က ဘာလို့အဲ့လိုပြောရဲတာလဲ...”
သို့သော် သူ့အားစောင့်ကြိုနေသည်မှာ ချမ်းဘော့ဒ်ဘုရင်ထံမှ ခနဲ့ရန်စမှုများပင်။ ဆူတွန်မှာ ချက်ချင်းပင်ဒေါသဖြစ်သွား၏။ သူ၏ရွှေရောင်ဆံပင်များလေထဲတွင်လွှင့်ပျံနေရင်းဖြင့် ဖှေးအားမီးတောက်နေသည့်မျက်လုံးများဖြင့်ကြည့်ကာ သတ်ဖြတ်လိုသည့်အသံနေအသံထားဖြင့် ပြောလိုက်သည်။ “မင်းအဲ့လို ထပ်ပြောရဲရင်ပြောလိုက်စမ်း...”
“စောက်ရူး စောက်ရူး စောက်ရူး...” ဖှေးမှာ ဆူတွန်၏မျက်နှာကိုကြည့်ပြီး ရယ်ချင်စိတ်ပင်ပေါက်လာတော့သည်။ “မင်းက မင်းကိုယ်မင်းအရေးကြီးတယ်ထင်နေတာလားကွ...မင်းအဖေက အခါတစ်ရာလောက်တောင်ပြောလိုက်ဦးမယ်။ မင်းဘာလုပ်ချင်လဲ...။” ဖှေးရယ်မောလိုက်သည်။
“မင်း....ကောင်းပြီလေ။ မင်းတို့အရိုင်းစိုင်းကောင်တွေ ငါမင်းကိုအရင်သတ်မယ်...”
သူရဲကောင်းလူငယ်မှာ အော်ဟစ်လိုက်ပြီး သူ၏လှံကို ဒေါသဖြင့်ညင်သာစွာ၀ှေ့ရမ်းလိုက်၏။
“ချွင်...”
ငွေရောင်သတ္တုဂုဏ်သတ္တရှိအတွင်းအား အလင်းတန်းတစ်ခုသည် ရွှေရောင်လှံအတွင်းမှထွက်ခွာသွားသည်။
ထိုအတွင်းအားများမှာ ဆယ်မီတာခန့်ရှည်လျားသည့် လှံရှည်တစ်ချောင်း၏ပုံသဏ္ဏာန်ကိုယူပြီး မြေပေါ်တွင်နက်ရှိုင်းသည့် အစင်းကြောင်းကြီးတစ်ခုကို ထင်ကျန်စေခဲ့ကာ ဖှေးထံသို့ပျံသန်းသွားတော့သည်။ ဆူတွန်သည် သူ၏စွမ်းအားများကို လုံး၀ထိန်းချုပ်ထားခြင်းမရှိပေ။
ဆရာတစ်ယောက်သည် ရန်သူတစ်ယောက်သည်ကောင်းသည် ဆိုးသည်ကို အရင်အကဲခတ်ရန်လိုအပ်၏။
ဤတိုက်ခိုက်မှုမှာ ဆူတန်၏ စမ်းသပ်မှုတစ်ခုသာဖြစ်သည်။ သို့သော်လည်းစမ်းသပ်တိုက်ခိုက်မှုမှာပင် အလွန်စွမ်းအားကြီးမားလှသဖြင့် လူတိုင်း၏မျက်နှာများပြောင်းလဲသွားတော့၏။ သူတို့သည့် ဤသတ္တုစွမ်းအင်ဖြင့် ပြုလုပ်ထားသည့်လှံရှည်ထွက်ခွာသွားသည့်အရှိန်ကြောင့်ဖြစ်ပေါ်လာသည့် လေစီးကြောင်းကိုသာခံစားရသော်လည်း ထိုလေစီးကြောင်းကပင် သူတို့၏အရေပြားပေါ်သို့ ဓားများဖြင့်ခြစ်နေသကဲ့သို့ခံစားနေရ၏။ သန်မာသည့်လူများသည် နာကျင်မှုကိုခံစားလိုက်ရသည်။ အနည်းငယ်အားနည်းသည့်လူများမှာမူ သူတို့၏အရေပြားပေါ်တွင်သွေးများပင် စို့လာတော့သည်။
ကြယ်ငါးလုံးအဆင့်ထက်ကျော်လွန်သည့် သိုင်းဆရာတစ်မျိုးကသာ ဤကဲ့သို့တိုက်ခိုက်မှုမျိုးကို ပြုလုပ်နိုင်သည်။
အတွင်းအားစွမ်းအင်များဖြင့် ပြုလုပ်ထားသည့်ကြီးမားသည့်လှံရှည်ကြီးသည် ဘုရားသခင်၏ ဥပဒေကဲ့သို့ပင် လူတိုင်းခံစားလိုက်ရသည်။ ထိုအရာကိုမည်သူမျှရပ်တံ့နိုင်မည်မဟုတ်ပေ။
တော်၀င်အင်ပါယာသူရဲကောင်းနန်းတော်မှ အထူးသူရဲကောင်းဆယ်ယောက်၏ကျော်ကြားမှုမှာ နာမည်သက်သက်သာမဟုတ်ပေ။
ပစ်မှတ်ထားခံရသည့် ဖှေးသည်လည်းကြီးမားသည့်အန္တရာယ်ကိုခံစားလိုက်ရသည်။ သို့သော် သူသည် ဘလက်ကီပေါ်တွင်ထိုင်လျှက်ပင် ထိုလှံရှည်သူနှင့်၃၀စင်တီမီတာခန့်အနီးသို့ရောက်လာသည့်အချိန်တွင် လက်သီးဖြင့်ထိုးလိုက်၏။
လက်သီးချက်မှာ အားနည်းပြီး ညင်သာသကဲ့သို့ခံစားရ၏။
သို့သော် မှော်ဆန်သည့်အရာတစ်စုံတစ်ခုဖြစ်ပျက်သွား၏။ အတွင်းအားစွမ်းအင်များဖြင့်ပြုလုပ်ထားသည့် လှံရှည်မှာ လေပေါ်တွင်ရုတ်တရက်ရပ်တံ့သွားတော့၏။ မရွေ့လျားနိုင်သည့်အရာတစ်ခုကို ၀င်တိုက်မိလိုက်သကဲ့သို့ပင်။ ထိုအချိန်မှစ၍အရှေ့သို့ ဆက်လက်ပျံသန်းသွားခြင်းမရှိတော့ပေ။