အပိုင်း(၁၂၈)-အန္တရာယ်ရှိသော ပိုင်နက်ကျူးကျော်ခြင်း
Vol. 002 Ch. 128
“အစ်ကို၂ အဲဒီအမှိုက်ရှီမာမျိုးနွယ်ကနေ နှင်ထုတ်ခံလိုက်ရတာသေချာလား” စကားပေါ့၍ ရုပ်ဆိုးသော ရှီမာခိုင်က မေးလိုက်သည်။
ရှီမာခိုင်သည် သူ့လက်မောင်းအားထိကာ သူ့မျက်လုံးများသည် ရီဝေနေခဲ့သည်။ ထိုနေရာသည် အရင်က ရှီမာလိုင် အနာတရဖြစ်အောင်လုပ်ခဲ့သည့်နေရာဖြစ်သည်။
“ငါတို့နှစ်တစ်ရာကျော် မတွေ့တာကြာပေမယ့် မှားစရာအကြောင်းမရှိဘူး” ရှီမာခိုင်ပြောလိုက်သည် “ငါတို့မျိုးနွယ်ရဲ့ ဒေါသမီးမှုတ်က ငါ့ကို ဒဏ်ရာရစေတာသေချာတယ်”
သူတို့နှင့် အတူပါရှိလာသော ရှီမာလင်းသည် မျက်မှောင်ကြုတ်လိုက်ကာ ပြောလိုက်သည် “အစ်ကို၃က ဝိညာဉ် ဒုတိယအမြင့်ဆုံးအဆင့်တောင်ရောက်နေပြီ ဒါကို ရှီမာလိုင်က မင်းကိုဒဏ်ရာရအောင်လုပ်နိုင်တယ်ဆိုတော့ သူ့အားက မင်းထက်သာနေတာလား”
“သူသာ ဒေါသမီးမှုတ်နည်းကို တိတ်တဆိတ်မသင်ခဲ့ရင် ဘယ်လိုလုပ်ရှီမာလိုင်က ငါ့ကိုဒဏ်ရာရအောင်လုပ်နိုင်မှာလဲ” ရှီမာခိုင်ပြောလိုက်သည်။
“ဟုတ်တယ်၊ ငါတို့မျိုးနွယ်ကနေ နှင်ထုတ်ခံရတဲ့သူက ငါတို့ဒေါသမီးမှုတ်နည်းကို သင်စရာအကြောင်းမရှိဘူး၊ ရှီမာလိုင်သာ သင်ရဲသင်ကြည့်၊ သူနဲ့တွေ့လို့ကတော့ အမှိုက်အဖြစ်ပြန်ပြောင်းပေးလိုက်မယ်” ရှီမာခိုင်သည် ပြောကာ သွားကြိတ်လိုက်သည်။
သူတောင် ဒေါသမီးမှုတ်နည်းကို ကျွမ်းကျင်အောင်မသင်ရသေးတာ၊ ရှီမာလိုင်က သင်ပြီးတော့ ရှီမာခိုင်ကို ဒဏ်ရာရအောင်လုပ်ခဲ့သည်။ သူသည် အဓိကကို ချုပ်ကိုင်ပြီးဖြစ်နေပြီ။ သူထိုအကြောင်းအားစဉ်းစားမိသောအခါ အံကြိတ်ထားသော သွားများသည် ပြင်းထန်လာပြီး ပိုနာကျင်သွားလေသည်။
“သူဘာပဲသုံးသုံး ဒဏ်ရာရတာက ရတာပဲ” ရှီမာခိုင်ပြောလိုက်သည် “ဒါပေမယ့် သူနဲ့နောက်ထပ်တွေ့ဖို့မလိုတော့ပါဘူး၊ သူကငါ့ဝိညာဉ်ကောင်းလေးကြောင့် ဒဏ်ရာရသွားတာပဲ၊ သူနှစ်ရက်တောင်ခံမှာမဟုတ်ဘူး၊ ငါတို့အဲဒီကလေးလေးတွေကိုပဲ သွားတွေ့ရုံပဲ”
သတ်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်သည် ပင့်သက်ရှိုက်ကာ ပြောလိုက်သည် “အဲနှစ်ကဖြစ်ခဲ့တာတွေ ပေါ်သွားတာတော့မဟုတ်လောက်ပါဘူးနော်၊ ဘယ်လိုပဲဖြစ်ဖြစ် ဦးလေး၄က အပြစ်ကနေလွတ်မြောက်ဖို့ကြိုးစားပေမယ့် နောက်ဆုံးတော့ဖိအားပေးခံခဲ့ရတာပဲ၊ ကိုယ်တိုင်မတွေ့ရရင်တော့ သေချာမသိနိုင်ဘူးလေ”
“ညီမလေး ၇၊ အဲဒါဘာပြောတာလဲ” ရှီမာရှင်းသည် ရှီမာလိုင်အားကာကွယ်ပြောပေးသည်ကို ရှီမာခိုင်ကြားသော် သူမျက်နှာသည် မည်းနက်သွားကာ အပြစ်တင်လိုက်သည်။
“မြင်တဲ့ဟာကိုပြောတာပဲလေ” ရှီမာရှင်းသည် အညံ့မခံပဲ ရှီမာခိုင်အားကြည့်ပြီးပြောလိုက်သည်။
“တော်ကြတော့၊ ရန်မဖြစ်ကြနဲ့၊ ဒီတစ်ခေါက်လုပ်ရမယ့်တာဝန်ကိုမမေ့ကြနဲ့” ရှီမာလင်းပြောလိုက်သည် “ညီလေး ၃ ဒီနေရာမှာ ရွှေမြွေအသီးရှိတာသေချာလား”
“အစ်ကိုကြီး၊ အဲတုန်းက ကျွန်တော်လည်း အရမ်းစိတ်လှုပ်ရှားခဲ့တာပဲ၊ အဲအချိန်တုန်းက ကျွန်တော်ဒီပြည်နှင်ပေးခံရတဲ့မြေကို လမ်းလျှောက်ထွက်လာတာပဲ ရွှေမြွေအသီးအမှည့်ကို တွေ့ခဲ့မယ်လို့ထင်တောင်ထင်မထားဘူး၊ ကျွန်တော်ရောက်သွားတော့ ခြေတစ်လှမ်းနောက်ကျသွားတာ နှမြောစရာပဲ၊ ရွှေမြွေအသီးကမရှိတော့ဘူး၊ ဒါပေမယ့် အဲဒါရွှေမြွေအသီးဆိုတာသေချာတယ်” ရှီမာခိုင်သည် အခိုင်အမာပြောလိုက်သည်။
“ဦးကြီး၊ ရွှေမြွေအသီးနဲ့ဆိုရင် သမီးတို့အဘိုးနဲ့တခြားသူတွေနဲ့ ပြန်အားပြည့်လာနိုင်လား” ရှီမာယူလန်မေးလိုက်သည်။
ထိုလူတစ်စုလုံးတွင် သူမသည် အငယ်ဆုံးဖြစ်သည်။ သူမတွင် ထူးခြားသော ပင်ကိုယ်အရည်အချင်းရှိ၍သာ ရှီမာလင်းနှင့် တခြားသူများသည် သူမအား အန္တရာယ်ကြီးမားသော ဆိုဖီယာတောင်တန်းသို့ခေါ်လာခြင်းဖြစ်သည်။
“အဲလိုလည်းမဟုတ်ဘူး” ရှီမာလင်းပြောလိုက်သည် “အဂ္ဂိရတ်ဆရာပြောတာတော့ အဲရွှေမြွေအသီးနဲ့ဆိုရင် အဘိုးနဲ့တခြားသူတွေ ပြန်နိုးလာနိုင်ချေရှိတယ်လို့ပြောတာ”
“အဖေနဲ့တခြားသူတွေက နှစ်အများကြီးပေးဆပ်လာတာ၊ ရွှေမြွေအသီးကသာ သူတို့ကို ကုသပေးနိုင်ရင် ငါတို့ ဆိုဖီယာတောင်တန်းကို ဖြတ်တဲ့ စွန့်စားတာက ဘာမှမဟုတ်သေးဘူး” ရှီမာရှင်းသက်ပြင်းချလိုက်သည်။
“ဒီခရီးအတွက် ငါတို့ရတဲ့အချိန်ကတိုတယ်၊ ငါတို့ရွှေမြွေအသီးကိုမြန်မြန်ရှာပြီး ဦးလေး၄နဲ့ တစ်မျိုးနွယ်လုံးအတွက် ယူသွားပေးရမယ်” ရှီမာလင်းပြောလိုက်သည်။
“ရွှေမြွေအသီးက ဒီနယ်မြေမှာရှိလားဆိုတာ မသေချာဘူးလေ” ရှီမာခိုင်ပြောလိုက်သည် “ဒီပြည်နှင်ဒဏ် နယ်မြေက မကြီးပေမယ့် မသေးဘူး၊ ငါတို့ရှာဖို့ဘယ်လောက်ကြာမလဲမသိသေးဘူး”
“အဲလိုမဖြစ်ဘူး” ရှီမာခိုင်ပြောလိုက်သည် “ရွှေမြွေအသီးရှိတဲ့နေရာမှာ လူတွေပွက်လောရိုက်သွားသေးတယ်၊ ယူသွားတဲ့သူကလည်း လျှို့ဝှက်ထားနိုင်မှာမဟုတ်ဘူး၊ အဲအချိန်ကျရင် ငါတို့မြို့တော်ကိုသွားပြီး နည်းနည်း စုံစမ်းလိုက်ရင် သိရမှာပါ”
“မြို့တော်ကိုဝင်ဖို့ ဘယ်လောက်ကြာဦးမလဲ” ရှီမာရှင်းပြောလိုက်သည်။
“နေ့တစ်ဝက်…”
ညရောက်သောအခါ လူတစ်စုသည် မြို့တော်ဂိတ်ဝသို့ ရောက်လာခဲ့ကြသည်။ ညမှောင်နေပြီဖြစ်၍ အားလုံးသည် အနားယူရန် တည်းခိုဆောင်ကို ရှာကြလေသည်။
နောက်တစ်နေ့မနက်ရောက်သောအခါ ရှီမာခိုင်သည် ပိုင်ရှင်အား အခန်းခပေးရန်ရွှေဒင်္ဂါးများကို ထုတ်လိုက်လေသည်။ သူသည် တည်းခိုဆောင်ပိုင်ရှင်ရှေ့ချလိုက်ကာ ပြောလိုက်သည် “တည်းခိုဆောင်ပိုင်ရှင်၊ ရှီမာလီလို့ခေါ်တဲ့ လူကိုသိလား”
“ဒီမြို့တော်မှာ ရှီမာလိုင်ကို မသိတဲ့သူရှိမလား” တည်းခိုဆောင်ပိုင်ရှင်သည် ပျော်ရွှင်စွာပြုံးကာ ရွှေဒင်္ဂါးများကို သိမ်းလိုက်သည်။ သူပြောသည်မှာ “အဲလူက ကျွန်တော်တို့ ဒုံချန်းနိုင်ငံရဲ့ စစ်သူကြီးပဲ၊ အပြင်ကကိစ္စတွေကို ဂရုမစိုက်နိုင်လောက်အောင် ခင်ဗျားတို့တောင်မှာပဲ ကျင့်ကြံနေကြတာတော့မဟုတ်ပါဘူးနော်”
“စစ်သူကြီးဟုတ်လား၊ ဒါဆို သူဘယ်မှာနေတာလဲ”
ထိုလူများသည် သူတို့တစ်ဘဝလုံးကို ကျင့်ကြံခြင်းတွင်သာ နစ်မြှုတ်ထားသည်ဟု တည်းခိုဆောင်ပိုင်ရှင်ယုံကြည်လိုက်သည်။ သူတို့သည် ရှီမာလိုင်အား ဘာလို့ရှာသည်ကိုတော့ မသိပါ၊ သို့သော် ရွှေဒင်္ဂါးများမျက်နှာဖြင့် သူပြောသည် “ရှီမာအိမ်တော်က အင်ပါယာမြို့တော်မှာရှိတယ်၊ ဒီနဲ့တော့ နည်းနည်းဝေးတယ်၊ ဧည့်သည်တို့ သူတို့ကို ဘာလို့ရှာတာလဲ သိခွင့်ရှိမလား”
ရှီမာခိုင်သည် တည်းခိုဆောင်ပိုင်ရှင်အား စိုက်ကြည့်လိုက်ရာ ထပ်မမေးတော့ပေ။
“ဒါဆို ရွှေမြွေအသီးကိုဘယ်သူယူသွားလဲဆိုတာ မင်းသိလား”
“ရွှေမြွေသီးဟုတ်လား၊ အဲဒါနဲ့ပတ်သတ်ပြီးကျွန်တော်မသိဘူး” တည်းခိုဆောင်ပိုင်ရှင်ပြောလိုက်သည်။
သူပြောသည်ကို ကြားပြီးနောက် ရှီမာလီနှင့် တခြားသူများ၏ မျက်နှာများသည် မှောင်မိုက်သွားတော့သည်။
သူတို့စိတ်ညစ်သွားသည်ကို တည်းခိုဆောင်ပိုင်ရှင်မြင်သော် ချက်ချင်းပင်ရှင်းပြသည် “ဧည့်သည်တို့ ကျွန်တော်တကယ်မသိတာပါ၊ ကျွန်တော်တင်မဟုတ်ဘူး၊ တခြားသူတွေကိုမေးလည်း ခင်ဗျားတို့သိရမှမဟုတ်ဘူး”
“ဘာလို့လဲ၊ အဲတုန်းက ရွှေမြွေအသီးရဖို့ လူတွေအများကြီးစောင့်နေကြတာ၊ ရွှေမြွေအသီးရသွားတာ ဘယ်သူလဲဆိုတာကို သိတဲ့သူမရှိဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ရှီမာခိုင်ပြောလိုက်သည်။
“ဧည့်သည်တို့ မရှင်းသေးဘူးထင်တယ်၊ ဒါပေမယ့် ကျွန်တော်လည်း သူများတွေဆီကကြားတာပါ လူတွေနဲ့ သားရဲတွေအများကြီးရွှေမြွေအသီးကိုယူဖို့ စောင့်နေကြပေမယ့်၊ နောက်ဆုံးတော့ မသိတဲ့လူတစ်ယောက်က ခိုးသွားတယ်ဆိုပဲ” တည်းခိုဆောင်ပိုင်ရှင်သည် ပြောလိုက်သည်။
“မသိတဲ့လူတစ်ယောက်ဟုတ်လား”
“ဟုတ်တယ်” တည်းခိုဆောင်ပိုင်ရှင်သည် ပြောလိုက်သည် “အဲတုန်းက ပူလွောင်တောင်တန်းမှာ သွေးလွှမ်းတဲ့ တိုက်ပွဲတွေဖြစ်ခဲ့တယ်၊ စစ်မြေပြင်ကတော့ လုံးဝ ဝရုန်းသုန်းကားပဲ၊ အဲမှာ အင်အားမကြီးတဲ့သူမရှိဘူးလို့ ကျွန်တော်ကြားတာပဲ၊ စစ်သူကြီးရှီမာတောင်သွားသေးတယ်၊ သူက ကျွန်တော်တို့ဒုံချန်းနိုင်ငံက အင်အားကြီးတဲ့သူထဲမှာ ပါတယ်၊ ဒါပေမယ့် သူလည်း ရွှေမြွေအသီးကိုမရခဲ့ဘူး”
“သူက အင်အားအကြီးဆုံးလူလို့မင်းပြောတာမလား၊ ဘယ်လိုလုပ်သူအဲဒါကိုမရတာလဲ၊ အဲဒါကို ဝိညာဉ်သားရဲခိုးသွားတာလား” ရှီမာရှင်းမေးလိုက်သည်။
“မဟုတ်ဘူး၊ စစ်သူကြီးရှီမာက အံ့ဖွယ်သားရဲနဲ့တိုက်ခိုက်နေတုန်း ဖောက်ထွက်မရတဲ့အချိန်မှာပဲ လူတစ်ယောက်က မမြင်ရတဲ့နေရာကနေ ပြေးလာပြီး ရွှေမြွေအသီးပင်ကို အမြစ်ကနေနှုတ်သွားတာပဲ” တည်းခိုဆောင်ပိုင်ရှင်ပြောလိုက်သည် “အဲလူရဲ့တစ်ကိုယ်လုံးက ဝတ်ရုံခြုံထားပြီး အဲလူရဲ့စွမ်းအားက စစ်သူကြီးထက်မြင့်တယ်လို့ပြောကြတာပဲ၊ အမြင့်ဆုံးအဆင့်ရောက်တဲ့လူလို့တောင်ပြောကြတယ်၊ အဲနတ်ဆိုးအိုတွေဘယ်တောင်က လာလဲတော့ ကျွန်တော်တို့လည်းမသိဘူး”
ရှီမာလင်းနှင့် ရှီမာရှင်းတို့အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ရှုပ်ထွေးနေသော မျက်လုံးများသည် ကြည်လင်လာကြသည်။ ဒုံချန်းလိုနိုင်ငံမျိုးမှာ အဆင့်မြင့်ဝိညာဉ် ရှိနေတာလား။
“ဒါဆို ငါတို့ဘက်က လူများဖြစ်နေမလား၊ ရွှေမြွေအသီးက ဒုံချန်းနိုင်ငံမှာ မရှိတော့တာလား” ရှီမာခိုင်ပြောလိုက်သည်။
ရှီမာလင်းနှင့်တခြားသူများသည် ရှီမာယူလန်အားကြည့်လိုက်ရာ သူမခေါင်းခါပြလိုက်သည်။ သူမသေချာစွာပင် “မဟုတ်ဘူး သမီးခံစားလို့ရတယ်၊ အဲရွှေမြွေအသီးက ဒီမှာရှိသေးတယ်၊ ဒုံချန်းနိုင်ငံမှာပဲ”
“အခု ဘယ်သူ့လက်ထဲမှာ မရှိတာလဲဆိုတာမသိတာ၊ ရှာရင်ပြဿနာတော့နည်းနည်းရှိလိမ့်မယ်” ရှီမာရှင်းသည် စိုးရိမ်စွာပြောလိုက်သည် “ငါတို့ငါးရက်အတွင်းရှာနိုင်ပါ့မလား”
ရှီမာလင်းနှင့် တခြားသူများလည်း ထိုအကြောင်းအားစဉ်းစားနေကြသည်။ အစပိုင်းတွင် လွယ်ကူသည့် တာဝန်ဖြစ်လိမ့်မည်ဟု ထင်ထားသည်၊ သို့သော် ထိုလူ၏ သရုပ်မှန်ကို မသိရသဖြင့် ခက်ခဲသော တာဝန်ဖြစ်လာသည်။
“ယူလန် မင်းက အဖိုးတန်ပစ္စည်းတွေနဲ့ပတ်သတ်ရင် သိလွယ်တယ်၊ အဲဒါဘယ်နေရာမှာလဲဆိုတာ ခံစားလို့ရလား” ရှီမာလင်းမေးလိုက်သည်။
ရှီမာယူလန် မျက်စိမှိတ်လိုက်ကာ ကြိုးစားကြည့်ကာ ပြောလိုက်သည် “မရဘူး၊ ယေဘုယျဦးတည်ချက်ကိုပဲ ခံစားလို့ရတယ်၊ ဟိုဘက်မှာပဲ”
ရှီမာယူလန် နေရာတစ်ခုအား ညွှန်ပြရာ တည်းခိုဆောင်ပိုင်ရှင်ပြောလိုက်သည် “အဲဒါ အင်ပါယာမြို့တော်သွားတဲ့ဘက်ပဲ”
ရှီမာလင်း တည်းခိုဆောင်ပိုင်ရှင်အားကြည့်ကာ ပြောလိုက်သည် “ဒါဆို ကျွန်တော်တို့ အင်ပါယာမြို့တော်ကိုသွားပြီး ရှီမာမျိုးနွယ်က ကျန်တဲ့သူတွေကိုသွားရှာလိုက်ပါမယ်”
ထိုအချိန်တွင် အိမ်တံခါးအပြင်သို့ထွက်လာသော ရှီမာလိုင်သည် ထူးဆန်းသောခံစားချက်ရလိုက်သဖြင့် ဆိုဖီယာတောင်တန်းဘက်သို့ ကြည့်လိုက်လေသည်။