← Chapters

အခန်း (၂၄၆)

Vol. 17 Ch. 246

အခန်း (၂၄၆)

Vol. 17 Ch. 246

“ဖုန်း..”

လှံတံသည် အားကို မခံနိုင်တော့သကဲ့သို့ပင် ကျယ်လောင်သည့်ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး အက်ကွဲကြောင်းများပေါ်ထွက်လာကာ အစိတ်စိတ်မွှာမွှာကွဲကြေသွားတော့သည်။ လှံရှည်အားဖွဲ့စည်းထားသည့်ငွေအတွင်းအားစွမ်းအင်များသည် ထိန်းချုပ်မှုကင်းမဲ့သွားပြီး အရပ်မျက်နှာအနှံ့ထံသို့ ဓားချောင်းများကဲ့သို့ပျံ့နှံ့သွားတော့၏။ တိုက်ပွဲမြေပြင်တစ်၀ိုက်တွင်ရှိနေသည့်သစ်ပင်များနှင့် တောင်များအားလုံးထိခိုက်ကုန်တ၏။ သူတို့အားလုံးပျက်စီးကုန်ပြီး မြေပြင်ပေါ်တွင်ရှိနေသည့် အလွှာတစ်ခုပင် ပျက်စီးသွားတော့သည်။ ဖုန်မှုန့်များကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး မြင်ကွင်းမှာ ကြောက်မက်ဖွယ်ပင်။

ပေါ်၍မှော်ဆန်သည့်အရာမှာ ငွေသတ္တုအတွင်းအားစွမ်းအင်များမှာ ဘေးပတ်၀န်းကျင်တွင်ရှိနေသည့်အရာအားလုံးကိုဖျက်ဆီးပစ်သော်လည်း ဖှေးနောက်တွင်ရှီနေသည့် လူအုပ်စုမှာမူ မှော်ဆန်သည့်ဒိုင်းတစ်ခုဖြင့် ကာကွယ်ခြင်းခံထားရသကဲ့သို့ပင်။ သူတို့အား ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ချေ။ ဖှေး ဘလက်ကီပေါ်တွင် ငြိမ်သက်စွာဖြင့်ထိုင်နေသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ဖုန်မှုန့်တစ်ခုမှပင်တင်ကျန်နေခြင်းမရှိပဲ။ သူ၏ဆံပင်တစ်မွှေးမျှပင် ရွှေ့လျားသွားခြင်းမရှိခဲ့ပေ။

ခနအကြာတွင် ဖှုန်မှုန့်များအောက်သို့ပြန်လည်ကာ ကျဆင်းလာ၏။

“ဟမ် ကောင်းပြီလေ မင်းက ငါ့ရဲ့ရန်သူဖြစ်ဖို့ထိုက်တန်သားပဲ...” ဖြစ်ပျက်ခဲ့သည်များကို မြင်တွေ့အပြီးတွင် ရွှေရောင်ချပ်၀တ်နှင့်လူငယ်မှာ ဤကဲ့သို့ဖြစ်လာမည်ကို ထင်မထားသကဲ့သို့ အံ့သြသွားသည်။ သို့သော် ခနအကြာတွင် သူ၏မာနထောင်လွှားမှုမှာ သူ့ထံသို့ပြန်လည်ကာရောက်ရှိလာ၏။ “ငါက ဆွေကြီးမျိုးကြီးခရစ်မိသားစုမှာ မွေးဖွားလာတဲ့လူပဲ။ အသက်၂နှစ်အရွယ်မှာ လှံတစ်ချောင်းကိုစကိုင်ပြီးလေ့ကျင့်ခဲ့တယ်။ အသက်၃နှစ်မှာ အတွင်းအားစွမ်းအင်တွေကို စပြီးအသုံးပြုနိုင်ခဲ့တယ်။ အသက်၆နှစ်မှာ သူရဲကောင်းပညာသင်တစ်ယောက်ဖြစ်လာခဲ့တယ်။ အသက်၁၀နှစ်မှာ သူရဲကောင်းတပ်ဖွဲ့ထဲကို ၀င်ခဲ့တယ်။ အသက်၁၄နှစ်မှာ ငါတိုက်ပွဲတွေမှာ၀င်ရောက်ပါ၀င်ပြီး ခေါင်းဆောင်တွေအမြောက်များကို သတ်ဖြတ်သုတ်သင်ခဲ့တယ်။ အသက်၁၅နှစ်မှာ သူရဲကောင်းနန်းတော်မှာရှိတဲ့ သူရဲကောင်းတတပ်ဖွဲ့ထဲကို ၀င်ခဲ့ပြီး အခုအသက်၁၆နှစ်ရောက်တဲ့အချိန်မှာ အထူးသူရဲကောင်း၁၀ယောက်ထဲက တစ်ယောက်ဖြစ်လာခဲ့တယ်။ အနာဂတ်မှာ သူတော်စဥ်သိုင်းဆရာတစ်ယောက်ဖြစ်လာဖို့အတွက် ယာထားခြင်းခံရတဲ့လူတစ်ယောက်ပဲ။ မင်းငါ့ရဲ့ရိုက်ချက်တစ်ခုကို ကာကွယ်နိုင်တာကိုပဲ ဂုဏ်ယူနေသင့်တယ်။ ဒါပေမယ့် ငါကမင်းတို့လိုအရိုင်းစိုင်းတွေအင်ပါယာရဲ့ဂုဏ်သရေကို ညိုးနွမ်းစေခဲ့တာကို သည်းခံပေးမယ်လို့မဆိုလိုဘူး။ မင်းရဲ့အသက်ကို ပေးဆပ်ပြီး မင်းကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို ပြန်ပြီးဆေးကြောရလိမ့်မယ်။”

သူရဲကောင်းလူငယ်မှာ မျက်နှာပေါ်တွင် ဂုဏ်ယူသည့်အမူယာတစ်ခုဖြင့် ဖှေးအနားသို့ကပ်လာ၏။ သူသည် သူ၏သက်တမ်းတစ်လျှောက်တွင် စွမ်းဆောင်ခဲ့သည်များကို ကြွား၀ါအော်ဟစ်ရင်းဖြင့် ဖှေး၏ယုံကြည်ချက်များကို ဖျက်ဆီးရန်အတွက်ကြိုးစားလျှက်ရှိသည်။

“သေစမ်း မင်းက ငါနဲ့လာယှဥ်ရဲတယ်ပေါ့...” ဖှေးပြောရင်းဖြင့် နှာခေါင်းရှုံ့လိုက်သည်။ “ငါကဆေးရုံတစ်ခုမှာ မွေးဖွားခဲ့တာပဲ။ အသက်၃နှစ်မှာ မူကြိုတက်ခဲ့ပြီးတော့။ အသက်၆နှစ်မှာ မူလတန်းတက်ခဲ့တယ်။ အသက်၁၂နှစ်မှာ အလယ်တန်းကျောင်းတက်ခဲ့ပြီးတော့ အသက်၁၅နှစ်မှာ အထက်တန်းအောင်ခဲ့တယ်။ အသက်၁၈နှစ်မှာတော့ တက္ကသိုလ်သွားတက်ပြီး အတော်ဆုံးကျောင်းသား၃ယောက်ထဲကတစ်ယောက်ဆိုပြီး ဂုဏ်ထူးတစ်ခုကိုရရှိခဲ့တယ်။ နောက်ပြီးငါက အတန်းထဲမှာလည်း အတန်းခေါင်းဆောင်ပဲ။ လွန်ခဲ့တဲ့၁၉နှစ်လုံးငါ့ရဲ့အဆင့်တွေက သာမန်ထက်တစ်ခါမှမကျဖူးဘူး။ ငါ့ရဲ့အမှတ်တွေကလဲတစ်ခါမှ ၉၀အောက်မရောက်ဖူးဘူး။ ငါ့ဆရာက မိဘဆရာဆွေးနွေးပွဲရောက်ပြီဆိုတိုင်း ငါ့ကိုချီးကျူးနေကြ။ တက္တကိုယ်တက်တဲ့အချိန်မှာလည်း စာမေးပွဲ၁၁ခုပဲကျဖူးသေးတယ်.....” ဖှေးသည်လည်း သူ၏မျက်နှာပေါ်တွင် ပို၍ပင်ဂုဏ်ယူ၀င့်ကြွားသည့်အမူရာဖြင့် အချက်လက်များစွာကိုရေရွက်လိုက်သည်။ “မင်း ဒါတွေနဲ့ယှဥ်နိုင်လို့လား...” သူမေးလိုက်သည်။

သူသည်ဖှေးပြောနေသည့်အရာများကို နားမလည်သော်လည်း ဖှေးမျက်နှာပေါ်တွင်ရှိနေသည့် ဂုဏ်ယူ၀င့်ကြွားသည့်အမူယာကြောင့်အနည်းငယ်အထင်ကြီးသွားသလိုဖြစ်သွား၏။ ဖှေးပြောသည်များသည်ကိုလည်း ယုတ္တုရှိသည်ဟု ယူဆလိုက်သည်။

“ကောင်ပြီလေ မင်းငါ့ကို တရားမျှမျှတိုက်ခိုက်နိုင်ဖို့အခွင့်ရေးပေးလိုက်မယ်။ မင်းတို့လိုကောင်တွေကို တိုက်ပွဲဆိုတာဘယ်လိုလဲဆိုတာသိအောင်ပြပေးရသေးတာပေါ့။ ငါမင်းတို့ကောင်တွေအကုန်လုံးကို ငါ့လက်သန်းတစ်ချောင်းထဲနဲ့တောင် သတ်ပစ်လို့ရတယ်။”

သူရဲကောင်းလူငယ်မှာ ကောင်းကင်ပေါ်သို့ထိုးတက်နေသည့် ငွေရောင်မီးတောင်တစ်ခုအသွင်သို့ပြောင်းလဲသွားတော့သည်။ အကြိမ်ပေါင်းအနည်းငယ်ခုန်ပျံပြီးသည့်နောက်တွင် တောင်ဘက်တွင်ရှိနေသည့်တောင်ညီနောင်တစ်လုံး၏အပေါ်သို့ရောက်ရှိသွားတော့သည်။ ထိုနေရာတွင် လေတိုက်နှုန်းပြင်းထန်နေသော်လည်း သူသည်တစ်ချက်မှုရွေ့လျားခြင်းမရှိပဲ ခိုင်မြဲစွာဖြင့်ရပ်လျှက်ရှိသည်။ သူသည် တိုက်ပွဲ၀င်ရန်အတွက် စောင့်စားနေသည့်စစ်ပွဲနတ်ဘုရားတစ်ပါးကဲ့သို့ပင်။

“ဟားဟား ကောင်းပြီလေ မင်းငါ့ကို လက်သန်းနဲ့ဘယ်လိုသတ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့...”

ဖှေးချက်ချင်းပင် ပြန်လည်ကာဖြေကြားလိုက်သည်။ သူ၏တိုက်ပွဲ၀င်လိုသည့်ဆန္ဒမှာလည်း ပြင်းပြလျှက်ရှိ၏။ ဖှေး အေဇာရုတိုက်သို့ရောက်ရှိလာပြီး ချမ်းဘော့ဒ်ဘုရင်စတင်၍ဖြစ်လာသည့်အချိန်ကတည်းက သူ၏အရှေ့တွင်ရှိနေသည့်လူငယ်မှာ သူ့အားအန္တရာယ်ရှိသည့်ခံစားချက်ကို ပေးခဲ့ဖူးသည့် လူလေးယောက်ထဲမှတစ်ယောက်ဖြစ်သည်။ ကျန်သုံးယောက်မှာ [ဓားတစ်လက်သူရဲကောင်း] အဖြူရောင်၀တ်စုံနှင့် အဖိုးကြီးမာဖီနှင့် [ဇီးနစ်စစ်ပွဲနတ်ဘုရား] အာရှဗင်တို့ဖြစ်ကြသည်။ တိုက်ခိုက်မှုတစ်ချက်ကိုပင် မခံနိုင်သည့် အားနည်းသည့်ရန်သူများနှင့်နှိုင်းယှဥ်ပါက ထိုက်တန်သည့်ရန်သူသည် ဖှေး၏လူရိုင်းဇာတ်ကောင်တွင်ရှိသည့် တိုက်ပွဲဆာလောင်စိတ်ကိုဆူပွက်စေသည်။ ဖှေးရယ်နေရင်းဖြင့် လူရိုင်းဇာတ်ကောင်၏ရုပ်ပိုင်းဆိုင်ရာခွန်အားများကိုအသုံးပြုကာ မြောက်ဘက်တွင်ရှိသည့်တောင်ညီနောင်တစ်လုံးပေါ်သို့ခုန်တက်သွား၏။

တောင်နှစ်လုံးထိပ်တွင် စစ်သည်နှစ်ယောက်ရပ်လျှက်ရှိသည်။

တောင်ဘက်တွင်ရှိသည့် တောင်ထိပ်ပေါ်တွင် ရွှေရောင်ချပ်၀တ်နှင့် ပါရမီရှင်သူရဲကောင်းမှာ သူ၏အစွမ်းများကို အပြည့်၀ထုတ်လွှတ်ရန်အတွက် တွန့်ဆုတ်နေခြင်းမရှိပေ။

မျက်စိစူးစေသည့် ငွေသတ္တုအတွင်းအားစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်အားလွှမ်းခြုံလျှက်ရှိပြီး အကန့်သက်မရှိသကဲ့သို့ပင် ဆက်လက်ကြီးထွားနေဆဲပင်။ အတွင်းအားစွမ်းအင်များသည် ပိုးသားကဲ့သို့ပင် ပေါ့ပါးသည်ဟုထင်ရသည်။ ဓားသွားများတစ်ခုနှင့်တစ်ခု ပွတ်တိုက်နေသကဲ့သို့ သတ္တုခြင်းပွတ်တိုက်သည့်အသံများထွက်ပေါ်လာလျှက်ရှိသည်။ သူနှင့်အနီးတစ်၀ိုက်တွင်ပျံသန်းနေသည့် ငှက်များမှာ တောင်ဘက်တောင်ထိပ်ပေါ်တွင်အတွင်းအားစွမ်းအင်များ၏ ခုတ်ပိုင်းခြင်းကိုခံလိုက်ရပြီး သွေးမြူများအဖြစ်သို့ပင်ပြောင်းလဲသွားတော့၏။

မြောက်ဘက်တောင်ထိပ်ပေါ်တွင် ဖှေးညင်သာစွာဖြင့် ကြုံး၀ါးလိုက်သည်။

ရောင်စုံမီးတောက်များသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် ချက်ချင်းပင် တောက်ပလာပြီး မှော်စွမ်းအင်များသည်သူ၏ခန္ဓာကိုယ်တစ်၀ိုက်မှ ထွက်ပေါ်လာတော့သည်။ တင်းကြပ်ပြီးအနုစိတ်သည့်ချပ်၀တ်တစ်စုံသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာသည်။ ဤချပ်၀တ်မှာ လေးလံသည့်ဟန်မရှိပေ။ ဖှေးခန္ဓာကိုယ်အချိုးစားနှင့် ကွက်တိပင်။ ချပ်၀တ်အစိတ်ပိုင်းတစ်ခုခြင်းစီတိုင်းတွင် ရှုပ်ထွေးသည့်မှော်သင်္ကေတများကို ရေးထိုးထား၏။ သူတို့ထံမှာ ကြမ်းကြုတ်သည့်ခံစားမှုတစ်ခုကို ထုတ်လွှတ်နေပြီး ဤချပ်၀တ်မှာ အရာ၀တ္တုတစ်ခုမဟုတ်ပေ။ ဖှေး၏ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုကဲ့သို့ပင်။

စစ်သည်နှစ်ယောက်မှာ သူတို့၏စွမ်းအားများကို ဖုံးကွယ်ထားခြင်းမရှိပဲ တောင်အောက်တွင်ရှိနေသည့် လူများမှာ အံ့သြမင်သက်နေကြ၏။

ပီတာ၊ တိုးရိစ်နှင့် အိုလတ်ဂ်တို့အပေါ်သို့မော့ကြည့်နေကြသည်။ ရန်သူမှာ သူရဲကောင်းနန်းတော်မှ အထူးသူရဲကောင်းဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်နေသော်လည်း သူတို့၏စိတ်ထဲတွင် သူတို့ဘုရင်၏ပြိုင်ဘက်ကင်းပုံမှာ စွဲကျန်နေပြီးဖြစ်သည်။ သူတို့သည် ဘုရင်နှင့် အလွန်ရင်းနီးနီးကပ်သော်လည်း သူတို့ဘုရင်၏အစွမ်းကုန်မာမူ သူတို့အတွက်လျို့၀ှက်ချက်တစ်ခုဖြစ်နေဆဲပင်။ သူတို့သည် သူတို့ဘုရင်အလွန်စွမ်းအားကြီးသည်ဟူ၍သာပြောနိုင်သည်။ ဤသည်မှာ သူတို့ဘုရင်မည်လောက်အထိစွမ်းအားကြီးသည်ကို မြင်နိုင်ရန်အတွက်အခွင့်ရေးတစ်ခုပင်။

သူတို့နှင့် သိပ်မ၀ေးသော်နေရာတွင် ရွှေရောင်ချပ်၀တ်များ၀တ်ဆင်ထားသည့် စစ်သည်၁၀၀သည်လည်း တောင်ထိပ်သို့လှမ်းကြည့်နေကြသည်။ ချမ်းဘော့ဒ်မှလူများကဲ့သို့ပင် သူတို့သည်လည်းသူတို့၏ခေါင်းဆောင်အပေါ်တွင် ယုံကြည်ချက်ရှိကြသည်။ သို့သော် မြင်းပေါ်တွင်ရှိနေသည့် အဖိုးကြီးတစ်ယောက်မှာမူ သူ၏မျက်လုံးများကို ကျဥ်းမြောင်းလိုက်သည်။ သူမည်သည့်အရာကို တွေးနေသည်ကို မည်သူမှသိနိုင်မည်မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် ဆိုရိုကုန်သွယ်ရေးအဖွဲ့မှ လူများသည်လည်းတောင်ထိပ်သို့ငေးးကြည့်နေကြသည်။ ချမ်းဘော့ဒ်တပ်ဖွဲ့ထဲတွင်ပါလာသည့် မင်းသမီးသည်လည်း ပထမဆုံးအကြိမ်အနေဖြင့် ရထားပြတင်းပေါက်ကိုဖွင့်လိုက်ပြီး အန်ဂျယ်လာ၊ အန်မာတို့နှင့်အတူ အထူးအာရုံစိုက်ကာ ကြည့်ရှုနေ၏။

.......

.......

မြို့တော် စိန့်ပီတာစဘာ့ဒ်တွင်ဖြစ်သည်။

တိမ်တိုက်များပေါ်သို့ပင်ရောက်ရှိနေသည့် ခံတပ်တစ်ခုကဲ့သို့အဆောက်ဦးရှည်ကြီးတစ်ခုပေါ်တွင် ရဲစွမ်းသတ္တိပြည့်၀သည့်ပုံစံရှိသည့် ယောက်ျားတစ်ယောက်သည် ရုတ်တရက်သူ၏မျက်လုံးများကိုဖွင့်လိုက်၏။ သူမက်တပ်ထရပ်လိုက်ပြီး ကျောက်တုံးအဆောက်ဦးတွင်ရှိသည့် ပြတင်းပေါက်တစ်ခုထံသို့လမ်းလျှောက်သွား၏။ သူ၏အမြင်အာရုံသည် မဲမှောင်နေသည့်တိမ်တိုက်များကို ကျော်လွန်ကာတစ်စုံတစ်ခုအားမြင်လိုက်ရသကဲ့သို့ ပြောလိုက်သည်။ “သူက ဘယ်သူလဲ....ကောင်လေးဆူတွန်ကို စွမ်းအားအပြည့်သုံးရအောင်လုပ်နေတာပါလား။ ဒါကငါ့ကို စိတ်၀င်စားအောင်လုပ်နေတယ်။”

တစ်ချိန်တည်းမှာပင် မြို့တော်အတွင်းတွင်ရှိနေသည့် စွမ်းအားကြီးလူများလည်း အ၀ေးမှထွက်ပေါ်နေသည့် ရင်းနှီးသောအတွင်းအားစွမ်းအင်များကို အာရုံခံလိုက်မိကြသည်။

“ဟမ် ကောင်လေးဆူတွန်က ရန်သူတစ်ယောက်နဲ့တိုက်ခိုက်နေတာလား...”

“ဟားဟား တည်ငြိမ်နေတဲ့ပင်လယ်က ဘယ်တော့မှာ သင်္ဘောသားကောင်းကောင်းတစ်ယောက်ကို မွေးထုတ်နိုင်မှာမဟုတ်ဘူး။ အဲ့ကလေးတစ်ခါလောက်ရှုံးနိမ့်ဖူးမှ သင်ခန်းစာရမှာပဲ...”

“ဘယ်သူပါလိမ့် အဲ့စောက်ကလေးနဲ့တိုက်ခိုက်နေတာက...တစ်ခါတည်းသတ်လိုက်ရင်ကောင်းမယ်...”

အတွေးပေါင်းများစွာနှင့် စွမ်းအင်များစွာထွက်ပေါ်လာ၏။

လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာကျော်ခန့်ကတည်ထောင်ထားသည့် မြို့တော်စိန့်ပီတာစဘာ့တ်တွင် နွေးထွေးသာနေရောင်ခြည်နှင့် လှပသည့်ပန်းပွင့်များမပွင့်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဇီးနစ်၏ ဂုဏ်ကျက်သရေဖြသည့် သိမ်းပိုက်၍မရနိုင်သောခံတပ်ဟု နာမည်ပေးထားသည့် မြို့တော်တွင် တိမ်ညိုတိမ်မဲများဆိုင်းနေသည်မှာ နှစ်ပတ်ကျော်ပြီပင်ဖြစ်၏။ ရာသီဥတုမှာ စိုစွတ်ထိုင်းမှိုင်းနေပြီး နေထိုင်သည့်မြို့သူမြို့သားများမှာ တစ်ခါမှမကြုံဖူးသေးသည့် မလုံခြုံမှုနှင့်မအီမသာဖြစ်မှုတို့ကိုခံစားနေရ၏။

All Chapters