အခန်း (၂၄၇)
Vol. 17 Ch. 247
“အရိုင်းစိုင်းကောင် မင်းငါ့ကိုစိတ်မပျက်စေဘူးလို့မျှော်လင့်တယ်..”
သူရဲကောင်းလူငယ်မှာ ရယ်မောလိုက်ပြီး သူ၏လှံရှည်ကို လှုပ်ရမ်းလိုက်သည်။ ငွေသတ္တုအတွင်းအားစွမ်းအင်တစ်ချို့သည် လှံတစ်ချောင်း၏အသွင်ကိုယူလိုက်ပြီး ခနတာရပ်တန့်အပြီးတွင် ဖှေးထံသို့ပျံသန်းသွားတော့သည်။ လေထုကိုနှစ်ခြမ်းခွဲလိုက်သကဲ့သို့ပင် တောင်ကြားထဲတွင် ကျယ်လောင်သည့် ပေါက်ကွဲသံကြီးများထွက်ပေါ်လာ၏။
“ချွင်..”
ဖှေးလက်သီးဖြင့်ထိုးလိုက်ပြီး သတ္တုအသံတစ်ခုကို ပြုလုပ်လိုက်၏။
သူသည် အဆင့်၆ရှားပါးပစ္စည်းတစ်ခုဖြစ်သည့် [တိုက်တန်တိုက်ပွဲလက်အိပ်]ကိုတပ်ဆင်ထားသည်။ ထိုလက်အိပ်ပေါ်တွင် ရှေးကျသည့်မှော်သင်္ကေတများစွာရှိနေပြီး အမဲရောင်ချိပ်ကောက်များစွာလဲပါရှိသည်။ ဖှေး၏ လက်နှင့် လက်မောင်းတို့ကို နဂါးကြေးခွံအလွှာများကဲ့သို့ကာကွယ်ပေးထားသည်။ သူ၏ခုခံနိုင်စွမ်းမှာ ကြိုက်သည့်သတ္တုအမျိုးစားနှင့် နှိုင်းယှဥ်နိုင်ပြီး လူရိုင်းဇာတ်ကောင်၏ခွန်အားမှာ ထိုလက်အိပ်ကို အသုံးပြုတိုက်ခိုက်ခြင်းဖြင့် နှစ်ဆခန့်မြင့်မားပေးသည်။ အဖျက်စွမ်းအားကြီးသည့် ခွန်အားမှာ အတွင်းအားစွမ်းအင်များဖြင့်ပြုလုပ်ထားသည့် လှံရှည်ကိုဖှေးထံသို့မရောက်ခင်မှာပင် ထုချေပစ်လိုက်သည်။ ဖှေးအနီး၅မီတာခန့်သို့ရောက်ရှိသည့်အချိန်တွင် ထိုလှံများသည် အစိတ်စိတ်မွာမွာဖြစ်သွားတော့၏။
“အရိုင်းစိုင်းကောင် မင်းရဲ့လက်နက်ကို ထုတ်လိုက် အဲ့လိုမှမဟုတ်ဘူးဆိုရင်မင်းငါ့ကို လုံး၀ယှဥ်နိုင်မှာမဟုတ်ဘူး...”
သူရဲကောင်းလူငယ်မှာ လေပေါ်သို့ခုန်ပျံလိုက်ရင်းဖြင့် အော်ဟစ်လိုက်သည်။ သူလေပေါ်တွင်ရှိနေသည့်အချိန်တွင် သူ၏လှံရှည်ကို လက်နှစ်ဖက်လုံးဖြင့်ဆုပ်ကိုင်လိုက်၏။ ရွှေရောင်သူရဲကောင်းလှံမှာ တုန်ခါသွား၏။ ထိုလှံသည် ပုံရိပ်ယောင်များစွာအဖြစ်သို့ပြောင်းလဲသွားပြီး ဖှေးကိုရိုက်ခတ်လိုက်သည်။ ဤတိုက်ခိုက်မှုမှာ လျှပ်စီးကဲ့သို့ပင် လျှင်မြန်သွားပြီးကြောက်မက်ဖွယ်ပင်။ မုန်တိုင်းတစ်ခုကဲ့သို့ပင် နားစူးစေသည့် ဆူညံသံများစွာထွက်ပေါ်လာပြီး ဖှေးအားတိုက်ခိုက်မှုများဖြင့် လွှမ်းခြုံလိုက်တော့သည်။ ထိုတိုက်ခိုက်မှုသည် ဖှေးအား ချွန်ထက်သည့်လက်နက်ပေါင်းများစွာက တစ်ပြိုင်နက်တိုက်ခိုက်လိုက်သကဲ့သို့ပင် ခံစားရစေသည်။
“ငါ့လက်နက်က ငါ့ရဲ့လက်သီးတွေပဲ...”
ဖှေးမကြောက်သည့် ဟန်ဖြင့်ရယ်မောလိုက်သည်။ သူသည် လက်သီးနှစ်ဖက်ဖြင့် ဆက်တိုက်ထိုးလိုက်၏။ ထို ထိုးချက်များမှာ မမြန်ဆန်သလို နှေးလဲမနှေးကွေးလှချေ။ ထိုလက်သီးချက်များသည့် အားနည်းသည့်ပုံပေါက်သော်လည်း လှံပုံရိပ်ယောင်များစွာမှာ နေရောင်နှင့်တွေ့လိုက်ရသည့် စီးနှင်းများကဲ့သို့ပင်တစ်ခုပြီးတစ်ခုပျောက်ကွယ်သွားလျှက်ရှိသည်။ ဤတိုက်ခိုက်မှုသည် ဖှေး၏ဆံပင်တစ်ပင်ကိုပင် ထိခိုက်စေခြင်းမရှိပေ။
သူရဲကောင်းလူငယ်၏ မျက်နှာအရောင်မှာပြောင်းလဲသွား၏။ သူသည်နက်ရှုင်းသည့်အသံဖြင့်ကြုံး၀ါးလိုက်ပြီး လှံရှည်၏အရင်းဘက်ကို သူ၏လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်လိုက်ပြီး အရှေ့သို့ထိုးနှက်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် လှံတံနှင့် ပေါင်းစပ်သွားသကဲ့သို့ ရွှေရောင်အလင်းတန်းတစ်ခုအသွင်သို့ပြောင်းလဲသွားပြီး အရှေ့သို့ ထွက်ခွာသွားတော့သည်။ သူထို့သည့်ချက်ချင်းပင် ဖှေး၏ခုခံမှုကို ကျော်လွန်ကာ ဖှေး၏နှလုံးသားကိုချိန်တွယ်ထားသည်။ လှံထိပ်တွင်မီးပွားစများပင် ထွက်ပေါ်လာပြီး လေထုနှင့်အရှိန်ပြင်းစွာပွတ်တိုက်နေသဖြင့် မီးတောက်များပင်ထွက်ပေါ်လာတော့သည်။
ဖှေး၏ခုခံမှုစည်းမျဥ်း ထိုးဖော်ခံလိုက်ရသည်ကို တွေ့လိုက်ရသည့်အချိန်တွင် လူတိုင်းအခြင်းခြင်းတီတိုးပြောကြားနေကြတော့သည်။
ချမ်းဘော့ဒ်မှလူများသည် သူတို့၏ဘုရင်အပေါ်တွင် ယုံကြည်ချက်ရှိကြသော်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် အာမေဍိတ်သံများပြုလုပ်မိကြ၏။ သူတို့ထဲတွင်ရှိနေသည့်အသန်မာဆုံးလူဖြစ်သည့် ပီတာပင် ဤကဲ့သို့တိုက်ပွဲများတွင်ပါ၀င်ရန်အတွက် အဆင့်မမှီသေးချေ။ တိုက်ခိုက်နေကြသည့် လူနှစ်ယောက်မှာ အနည်းဆုံးကြယ်ငါးလုံးအဆင့် အလယ်လတ်အဆင့်တွင်ရှိနေသည့်စစ်သည်များပင်။ သူတို့နှစ်ယောက်အ၀ေးတွင်ရှိသည့်တောင်ထိပ်ပေါ်တွင် မတိုက်ခိုက်နေပါက အနီးပတ်၀န်းကျင်တွင်ရှိနေသည့်လူများသည် တိုက်ပွဲအားကြည့်နေရုံဖြင့်ပင် ဒဏ်ရာများရရှိသွားနိုင်သည်။ လူများသည် အရာများကို ရှင်းရှင်းလင်းလင်းမြင်နိုင်ခြင်းမရှိသဖြင့် ပါးစပ်အဟောင်းသားဖြင့်ငေးကြည့်နေရုံသာတက်နိုင်၏။
တစ်ဖက်တွင် ရွှေရောင်ချပ်၀တ်နှင့်စစ်သည်များသည် ခရစ်-ဆူတွန်အသာစီးရနေသည်ကိုတွေရသည့်အတွက် အားပေးသံများပြုလုပ်နေကြ၏။ ခရစ်စီးသည့် သားရဲဖြစ်သည့် ၀ံပုလွေလိုလိုမြင်းလိုလိုကောင်ကြီးကပင် ဘလက်ကီကို အထင်သေးသည့်အကြည့်ဖြင့်စိုက်ကြည့်လျှက်ရှိသည်။ ဘလက်ကီလဲချက်ချင်းပင် မြေပြင်ကို ခြေဖြင့်စောင့်လိုက်ပြီး ဟောင်သံတစ်ခုဖြင့်တုန့်ပြန်လိုက်သည်။
“အား..ဒုက္ခပါပဲ...” မှော်ရထားလုံးထဲတွင်ရှိနေသည့် အန်မာပင် ထိတ်လန့်ကာ အော်ဟစ်လိုက်မိသည်။
“မစိုးရိမ်ပါနဲ့ အလတ်ဇန္ဒားက ဘာမှမဖြစ်ပါဘူး...” တိတ်ဆိတ်နေခဲ့သည့် မင်းသမီးမှာ အန်မာကို နှစ်သိမ့်ပေးလိုက်သည်။ သူမ အန်မာ၏ ပုခုံးကိုပုတ်ပေးရင်းဖြင့် ဘေးတွင်ရှိနေသည့် အန်ဂျယ်လာကို ကြည့်လိုက်သည်။ ဤအပြစ်ကင်းစင်သည့်အမျိုးသမီးမှာ သူမခင်ပွန်းလောင်း၏အခြေအနေကို စိုးရိမ်ခြင်းမရှိသည်ကိုတွေ့လိုက်ရ၏။ သူမသည့် တောင်ထိပ်တွင်ဖြစ်ပျက်နေသည်များကိုသာ စိုက်ကြည့်လျှက်ရှိသည်။ သူမ၏တည်ငြိမ်နေမှုအရ သူမသည်မြောက်ဘက်တောင်ပေါ်တွင်ရှိသည့် ယောက်ျားအပေါ်တွင် ယုံကြည်ချက်ရှိနေသည်ကို မင်းသမီးတာနာရှာပြောနိုင်၏။
တကယ်တန်းတွင် အန်ဂျယ်လာ၏ယုံကြည်မှုများမှာ အကြောင်းရင်းတစ်ခုရှိ၍သာဖြစ်သည်။
“ချွင် ချွင် ချွင်...”
သတ္တုခြင်းရိုက်ခတ်သံများစွာထွက်ပေါ်လာသည်။
ဖြည်းညင်းစွာလက်သီးများကို ၀ှေ့ရမ်းနေသည့်ဖှေးမှာ ချက်ချင်းပင် သူ၏ဗျူဟာများကို ရုတ်တရက်ပြောင်းလဲလိုက်သည်။ သူလျှပ်စီးကဲ့သို့လျှင်မြန်သည့် လက်သီးချက်များကို ဖန်တီးလိုက်သည်။ လက်သီးချက်တစ်ခုခြင်းစီတိုင်းသည် လှံထိပ်ကိုတိကျစွာပင်ထိမှန်သည်။ တစ်ချက်ထိလိုက်သည့်အချိန်တိုင်းတွင်လည်း လှံရှည်တွင်ရှိနေသည့် အတွင်းအားစွမ်းအင်မီးတောက်များသည်လည်း တစ်စတစ်စလျှော့နည်းလာသည်ကို ထင်ထင်ရှားရှားပင်တွေ့မြင်နေရသည်။ လက်သီးသုံးချက်ထိုးအပြီးတွင် လှံရှည်တွင်တောက်ပနေသည့် အတွင်းအားစွမ်းအင်မီးတောက်များမှာလည်းပျောက်ကွယ်သွားပြီး လှံကိုယ်ထည်မှာထင်ထင်ရှားရှားပေါ်လာတော့သည်။
“ချွင်...”
နောက်ထပ်လက်သီးချက်တစ်ခုပင်။
ထိုလက်သီးချက်မှာ လှံထိပ်သို့တိကျစွာပင်ထိမှန်လိုက်သည်။
သူရဲကောင်းလူငယ်မှာ ပျော်ရွှင်သွား၏။ သူရယ်မောလိုက်ပြီး “စောက်ပိန်းပဲ မင်းက လက်သီးကိုပဲသုံးပြီး င့ါလှံကိုယှဥ်နိုင်မယ်ထင်တယ်ပေါ့။..”သူအော်ဟစ်လိုက်ရင်းဖြင့် ငွေအတွင်းအားစွမ်းအင်များမှာ သူရဲကောင်းလူငယ်၏ခန္ဓာကိုယ်မှထွက်ခွာသွားပြီး လှံရှည်ထံသို့စီး၀င်သွား၏။ ရွှေရောင်လှံရှည်မှာ လေထုထဲတွင်ပင် တုန်ခါသွားပြီး ကျားများ၊ နဂါးများဟိန်းဟောက်သကဲ့သို့ဆူညံသံတစ်ခုထွက်ပေါ်လာတော့သည်။
“ဟုတ်လား...မင်းရဲ့တုတ်ချောင်းက ငါ့လက်သီးနဲ့ ယှဥ်နိုင်မလားကြည့်ကြသေးတာပေါ့...”