အခန်း (၂၄၈)
Vol. 17 Ch. 248
ဖှေးသည် ဒိုင်ယာဘလိုကမ္ဘာမှအဆင့်၆ရှားပါးပစ္စည်းဖြစ်သည့်တိုက်ပွဲတွင် တိုက်တန်လက်အိပ်နှစ်စုံကို၀တ်ဆင်ထားခြင့်ဖြစ်သည်။ ထိုလက်အိပ်နှစ်ဖက်၏အကြမ်းခံနိုင်မှုမှာ ၅၀/၅၀ရှိပြီး ဖျက်ဆီး၍မရနိုင်သကဲ့သို့ပင်။ ဖှေးသည် ဆူတွန်၏လှံတံကိုကြောက်နေစရာအကြောင်းမရှိပေ။ ဖှေးပြောလိုက်ရင်းဖြင့် လှံထိပ်ကိုထိုးနှက်လိုက်၏။
“ဖုန်း...”
မိုးကြိုးတစ်ခုဟိန်းလိုက်သကဲ့သို့ပင် အဖျက်စွမ်းအားကြီးသည့်ခွန်အားနှင့် လှံတံမှာတွေ့ဆုံသွားပြီး လှံတံအားလွမ်းခြုံလျှက်ရှိသည့် ငွေသတ္တုအတွင်းအားစွမ်းအင်များကို လွှင့်စင်သွားစေ၏။ တစ်ဖက်တွင် ဆူတွန်သည်လည်း လှံတံအားထိန်းမထားနိုင်တော့ပဲ သူ့လက်အတွင်းမှလွှင့်ထွက်သွားတော့၏။
ဆူတွန်ကိုယ်တိုင်သည်လည်း ဤကြီးမားသည့်ခွန်အား၏သက်ရောက်မှုကို ခံစားလိုက်ရသည်။ သူအနောက်သို့လွှင့်ထွက်သွားပြီး တောင်ဘက်တောင်ထိပ်ပေါ်မှ ပြုတ်မကျမှီဆိုရုံလောက်သာထိန်းထားနိုင်လိုက်၏။
လေညင်းတစ်ခုပြန်လည်တိုက်ခတ်လာသည့်အချိန်တွင် ဘာမှဖြစ်ပျက်မသွားသကဲ့သို့ပင်။
“ကောင်းလှချည်လား....” သူရဲကောင်းလူငယ်မှာ ရုတ်တရက်ပြောလိုက်သည်။ သူ၏လက်နက်လွှင့်ထွက်သွားသည့်တိုင်အောင် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေဆဲပင်။ “ငါမင်းရဲ့အစွမ်းကိုလျှော့တွက်ခဲ့မိတယ်ဆိုတာကို တော့၀န်ခံရလိမ့်မယ်။ မင်းငါ့ကိုအံ့သြစေပေမယ့်။ ဒီလောက်နဲ့ငါ့ကိုအနိုင်ယူနိင်မယ်ထင်ရင်တော့မှားတာပဲကွ။ တကယ့်တိုက်ပွဲကအခုမှစပြီ။”
သူထိုကဲ့သို့ပြောအပြီးတွင် သူရဲကောင်းလူငယ်မှာ သူ၏လက်ကို၀ှေ့ရမ်းလိုက်သည်။ တောင်အောက်သို့ပြုတ်ကျနေဆဲဖြစ်သည့် လှံတံမှာ မမြင်နိုင်သည့်စွမ်းအားတစ်ခု၏ဆွဲငင်ခြင်းကိုခံလိုက်ရသည့်အတိုင်းပင် သူ၏လက်များအတွင်းသို့ပြန်လည်ကာ ပျံသန်းလာ၏။ သူ၏ညာလက်ဖြင့် လှံတံကို ကိုင်ဆွဲကာ ကောင်းကင်ပေါ်သို့ကိုင်မြောက်နေရင်းဖြင့် သူ၏ဘယ်လက်ကိုအသုံးပြုကာ လည်ပင်းတွင်၀တ်ဆင်ထားသည့် ဆွဲကြိုးကိုဆွဲဖြုတ်လိုက်၏။ “၀ုန်း...” ဆွဲကြိုးကိုဆွဲဖြုတ်လိုက်သည့်အချိန်တွင် သူ၀တ်ဆင်ထားသည့်ရွှေရောင်၀တ်ရုံမှာ လေထဲတွင် တလွင့်လွင့်ဖြင့်၀ဲပျံလာတော့သည်။
သူရဲကောင်းလူငယ်၏ ဖြစ်တည်မှုသည်လည်း စတင်၍ပြောင်းလဲစပြုလာ၏။ ကောင်းကင်သို့ ထိုးထောင်နေသည့်ကြီးမားသည့် လှံရှည်ကြီးတစ်ချောင်းကဲ့သို့ပင် သူ၏အစွမ်းများသည်လည်း တရိပ်ရိပ်ဖြင့်တိုးပွားလာတော့သည်။ ဆူတွန်၏စွမ်းအားများသည် ကြယ်ငါးလုံးနောက်ဆုံးအဆင့်ထိပင်ရောက်ရှိလုဖြစ်နေပြီဖြစ်ကြောင်းကို ဖှေးခံစားလိုက်မိသည်။
“စောက်ရူး မင်းရဲ့အစွမ်းတွေကလဲ မင်းရဲ့အပြောလောက်ကြီးပါစေလို့ ငါမျှော်လင့်တယ်...”
ဖှေးသည် စိုးရိမ်သွားသော်လည်း သူရဲကောင်းလူငယ်ကို ပါးစပ်ဖြင့်တိုက်ခိုက်ရန်အတွက်တွန့်ဆုတ်နေခြင်းမရှိပေ။
သို့သော် သူ၏အရှေ့တွင်ရှိနေသည့် မာနထောင်လွှားသည့်ရန်သူမှာ သူရင်ဆိုင်ဖူးသမျှထဲတွင် အသန်မာဆုံးဖြစ်သည်ကို ၀န်ခံရမည်ဖြစ်သည်။ အရှေ့ဘက်တောင်ထိပ်တွင် မင်းသမီးအားကယ်တင်ရန်အတွက် ခနတာမျှသာပေါ်လာခဲ့သည့် [ဓားတစ်လက်သူရဲကောင်း]၊ ပဲရစ်ဘက်မှ ဆံပင်အဖြူရောင်နှင့်အဖိုးကြီးမာဖီသည်လည်း ကြယ်၆လုံးအဆင့်စစ်သည်တစ်ယောက်ပင်။ ဇီးနစ်စစ်ပွဲနတ်ဘုရား အာရှဗင်သည်လည်း ကြယ်၆လုံးအဆင့်နီးနီးစစ်သည်တစ်ယောက်ပင်။ သို့သော် သူတို့နှစ်ဦးလုံးသည် ချောင်းမြောင်းတိုက်ခိုက်မှုများနှင့် ထောင်ချောက်များကြောင့် ဒဏ်ရာအပြင်းထန်ရရှိသွားခဲ့ကြသဖြင့် သူတို့နှစ်ဦးအစွမ်းကုန်အသုံးပြုပြီးတိုက်ခိုက်သည်ကို ဖှေးမမြင်ခဲ့ဖူးလိုက်ချေ။ ဤအချက်လက်များအားလုံးသည် စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ဖှေးအောင်ပွဲခံခဲ့ရသည့်အခြေအနေကို ဦးတည်ခဲ့၏။ ယနေ့အချိန်တွင်မူ ဤကြယ်၅လုံးအဆင့်စစ်သည်၏ သူတောင့်တနေသည့် တိုက်ပွဲအပြင်းစားကို ယူဆောင်လာပေးလျှက်ရှိသည်။
“သတ္တုအတွင်းအားစွမ်းအင်....ရွှေ...လှံ...ဆူနာမီ...”
သူရဲကောင်းလူငယ်ကြုံး၀ါးနေရင်းဖြင့် သူခန္ဓာကိုယ်အားလွှမ်းခြုံလျှက်ရှိသည့် ငွေရောင်အတွင်းအားစွမ်းအင်များသည် စုပြုံလာပြီး ပတ်၀န်းကျင်သို့စတင်ပျံ့နှံ့လာ၏။ ပင်လယ်အတွင်းမှ ဆူနာမီလှိုင်းလုံးကြီးမားကဲ့သို့ပင် အတွင်းအားစွမ်းအင်များသည် ပတ်၀န်းကျင်သို့ လှိုင်းလုံးများသဖွယ်စတင်ကာပျံ့နှံ့လာ၏။ ပို၍အံ့သြဖွယ်ကောင်းသည်မှာ ဆူနာမီရေလှိုင်းများကဲ့သို့ ဆူညံသံများပင်ထွက်ပေါ်လာလျှက်ရှိခြင်းပင်။ သူ၏လက်ထဲတွင်ကိုင်ထားသည့်ရွှေရောင်လှံတံမှာ လျှပ်စီးကဲ့သို့ပင်လျှင်မြန်စွာဖြင့်လည်ပတ်လာပြီး ဆူတွန်၏အနောက်တွင်ရှိနေသည့် ဆူနာမီရေလှိုင်းများကဲ့သို့ အတွင်းအားစွမ်းအင်များထဲတွင် ရွှေရောင်ဓားသွားတစ်ခုအသွင်သို့ပြောင်းလဲသွားတော့၏။ ဤရွှေရောင်ဓားသွားပေါ်ထွက်လာသည့်အချိန်တွင် အတွင်းအားစွမ်းအင်များအားလုံးသည် အချိန်ခနခန့်ရပ်တန့်သွားသည့်အတိုင်းပင်။
ဤအခိုက်တန့်တွင် သူရဲကောင်းလူငယ်၏အစွမ်းများသည် ကြယ်၆လုံးအဆင့်သို့ပင်ရောက်ရှိသွားသကဲ့သို့ပင်။
“သေစမ်း သူကနောက်ဆုံးသိုင်းကွက်ထုတ်တော့မှာလား ဘာလားပဲ...”
ဖှေးသတိကြီးကြီးထားလိုက်ပြီး ထိုသိုင်းကွက်ကို ထိပ်တိုက်ရင်ဆိုင်ရန်အတွက်ပြင်ဆင်လိုက်၏။
အေဇာရုတိုက်ပေါ်တွင်ရှိသည့် စစ်သည်တိုင်းတွင် သူတို့ကိုယ်ပိုင်အထူးသိုင်းကွက်တစ်ခုစီရှိကြသည်။ ဤသိုင်းကွက်များကိုအသုံးပြုခြင်းဖြင့်စစ်သည်များသည် သူတို့အစွမ်းထက်ကျော်လွန်သည့် ထိခိုက်စေမှုများကို ပြုလုပ်နိုင်ကြသည်။ အကြိမ်ပေါင်းများစွာတွင် ဤသိုင်းကွက်များသည် တိုက်ပွဲအခြေအနေကို ပြောင်းလဲနိုင်စွမ်းရှိကြ၏။ သူရဲကောင်းလူငယ်၏သိုင်းကွက်မှာ အထင်ကြီးဖွယ်ပင်။ ဆူတွန်၏နောက်တွင်ပင် ဆူနာမီရေလှိုင်းပုံစံအတွင်းအားများကို ဖန်တီးပေးလျှက်ရှိ၏။ ဆူတွန်သူ၏အတွင်းအားစွမ်းအင်များကို ပို၍သိပ်သည်းအောင်ပြုလုပ်နေသည်။ ဤငွေအတွင်းအားစွမ်းအင်များမှ ဖန်တီးနေသည့် စူးရှသည့်လေစီးကြောင်းများမှာ နေရာအနံ့သို့ပြန့်နှံ့လျှက်ရှိသည်။ ဖှေး၏အရေပြားများသည် ထိုလေစီးကြောင်းများကြောင့်ပင် နာကျင်မှုကိုခံစားနေရပြီဖြစ်ပြီး သူ၏ခြေထောက်အောက်တွင်ရှိသည့် ကျောက်တုံးများမှာ ဆက်တိုက်ပင်အမှုန့်ချေခြင်းခံနေရပြီး လေနှင့်အတူလွှင့်မြောသွားလျှက်ရှိသည်။
“ဒီအစွမ်းက ထုတ်သုံးလိုက်ပြီဆိုရင်ပြန်ပြီး ရပ်တံ့လို့မရတော့ဘူး။ အရိုင်းစိုင်းကောင် မင်းက အတော်လေးတော့အစွမ်းထက်ပါတယ်။ မင်းအညံ့ခံပြီး တော်၀င်သူရဲကောင်းတပ်ဖွဲ့ရဲ့အမိန့်ကို နာခံမယ်ဆိုရင် မင်းအသက်ကိုချမ်းသာပေးမယ်။” သူရဲကောင်းလူငယ်မှာ လေပေါ်သို့စတင်၍ ပျံတက်လာသည်။ သူသည် ဖှေးအားတရားစီရင်နေသည့် နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ သူဖှေးအားအော်ဟစ်နေရင်းဖြင့် လေပေါ်တွင်၀ဲပျံနေသည့် သူ၏ရွှေရောင်လှံတံသည်လည်း ထိန်းချုပ်၍မရနိုင်အောင်တုန်ခါလျှက်ရှိသည်။
ဖှေးမည်သည့်အရာမှ ပြန်ပြောခြင်းမရှိပဲ နှာခေါင်းရုုံ့လိုက်၏။ သူရဲကောင်းလူငယ်၏ ပါးစပ်မှထွက်လာသည့် အရိုင်းစိုင်းကောင်ဟူသောစကားလုံးသည် သူ၏ခန္ဓာကိုယ်အတွင်းမှ သွေးများကို ဆူပွက်စေသည်။
သူ၏လက်သီးနှစ်ဖက်ကို ထိုးလိုက်ပြီး တိုက်တန်တိုက်ပွဲသုံးလက်အိပ်ပေါ်မှ နဂါးကြေးခွံကဲ့သို့ မှော်သင်္ကေများသည် အမဲရောင်အလင်းတစ်ခုလင်းလတ်သွား၏။ လယ်ဗယ်၃၈လူရိုင်းဇာတ်ကောင်၏ ကြောက်မက်ဖွယ်ခွန်အားများကို အပြည့်၀ထုတ်လွှတ်လိုက်သည်။ ဤအခိုက်တန့်တွင်ရှိသည့် လူရိုင်းဇာတ်ကောင်၏ခွန်အားများသည် ထူးဆန်သည့်လေထုတစ်ခုကို ဖန်တီးလျှက်ရှိသည်။ ဖှေးဘေးပတ်၀န်းကျင်တွင်ရှိသည့် ကျောက်စများသည် မြေဆွဲငင်အားကင်းမဲ့သွားသည့်အတိုင်းပင် လေပေါ်သို့မြောက်တက်ကုန်ကြ၏။
“မင်းကိုယ်တိုင်က တောင်းဆိုနေမှတော့ သေစမ်းကွာ...”
ရွှေရောင်ချပ်၀တ်နှင့် သူရဲကောင်းလူငယ်မှာလည်း ဒေါသဖြစ်သွား၏။ သူ၏ညာလက်ကို ၀ှေ့ရမ်းလိုက်သည့်အချိန်တွင် သူ၏ရွှေရောင်လှံတံမှာ ဖှေးထံသို့ပျံသန်းသွားရင်းဖြင့် ရွှေရောင်အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလဲသွားတော့၏။ ငွေသတ္တုအတွင်းအားစွမ်းအင်များသည်လည်း လေပေါ်တွင် စွမ်းအင်လှိုင်းများဖန်တီးရင်းဖြင့် ရေလှိုင်းဆူညံသံများကို ထုတ်လွှတ်လျှက်ရှိသည်။
ဤတိုက်ခိုက်မှု၏ အဖျက်စွမ်းအားကြီးမားမှုမှာ ထိတ်လန့်ဖွယ်ပင်။ တောင်ဘက်တွင်ရှိနေသည့်တောင်မှာ ဦးစွာထိခိုက်ခြင်းခံလိုက်ရသည်။ တောင်တန်းမှာ ကျောက်တုံးများနေရာအနှံ့သို့ လွှင့်စင်ကုန်သည်နှင့်အတူ ချက်ချင်းပင်ပေါက်ကွဲသွားတော့၏။ ဤကဲ့သို့ မီးတောင်ပေါက်ကွဲမှုကဲ့သို့ဖြစ်ရပ်ကြောင့် ကောင်းကင်နှင့်မြေကြီးပါတုန်လှုပ်သွားသကဲ့သို့ခံစားလိုက်ရသည်။
ဖှေး၏ ခေါင်းထဲတွင် ဤတိုက်ခိုက်မှုကို ခုခံရန်အတွက် ဖြေရှင်းချက်တစ်ခုတည်းသာရှိသည်။
လက်သီးဖြင့်ထိုးခြင်းပင်။
“ဖုန်း ဖုန်း ဖုန်း”
ဖှေးလက်သီးဖြင့်ထိုးလိုက်သည့်အချိန်တွင် ကြီးမားသည့်ခွန်အားမှာ သူ၏အရှေ့တွင်ရှိနေသည့်လေထုကိုပေါက်ကွဲသွားစေ၏။ မကြာမှီတွင် ကားတစ်စီးအရွယ်စားခန့်ရှီသည့် ၀ေ၀ေ၀ါး၀ါးလက်သီးရာကြီးများမှာ ရွှေရောင်အလင်းတန်းနှင့် စွမ်းအင်လှိုင်းတို့ကို ခုခံတိုက်ခိုက်ရန်အတွက် လေထဲတွင်ပေါ်ပေါက်လာတော့သည်။ အချိန်ခနအတွင်းမှာပင် ဖှေးလက်သီးအချက်၁၀၀ခန့်ကို အနည်းဆုံးထိုးနှက်လိုက်၏။ သူ၏ပတ်၀န်းကျင်အနီးတစ်၀ိုက်တွင် လက်သီးရာများစွာပေါ်ပေါက်လာလျှက်ရှိသည်။ ထိုလက်သီးရာအရှိန်များသည် တစ်ခုနှင့်တစ်ခုပေါင်းစပ်သွားပြီး ဆူတွန်၏တိုက်ခိုက်မှုနှင့် ထိပ်တိုက်တွေ့ဆုံလိုက်တော့သည်။
“ဖုန်း...”
ရိုက်ခတ်မှုအရှိန်မှာ ပတ်၀န်းကျင်သို့ပျံ့နှံ့သွား၏။
တောင်နှစ်လုံးလုံးတွင် အက်ကွဲကြောင်းရာများပေါ်လာပြီးမြေကြီးမှာ စတင်၍တုန်ခါလာတော့သည်။ သူတို့အားလုံးပြိုကျတော့မည့်ပုံရှိသည်။
“သေစမ်းတောင်တွေပြိုကျတော့မယ်ဟ ဘေးကင်းရာကိုရှောင်ကြ...”
တပ်ဖွဲ့နှစ်ခုလုံးမှလူများသည် တောင်ပေါ်မှပြိုကျလာသည့် ကျောက်တုံးကြီးများကြောင့်ထိခိုက်ခြင်းမရှိစေရန်အတွက် အမြန်ပင်ရှောင်ရှားကြတော့သည်။ ဖှေးနှင့် ဆူတွန်တို့၏တိုက်ခိုက်မှုများသည် ကြယ်၆လုံးအဆင့်သို့ပင်ရောက်ရှိသွားသည့်ပုံရ၏။ အေဇာရုတိုက်မှ စစ်သည်များအတွက်ကြယ်၆လုံးအဆင့်သို့ရောက်ရှိခြင်းသည် အောင်မြင်မှုကြီးကြီးမားမားပင်။ စစ်သည်တစ်ယောက်သည် ကြယ်၆လုံးအဆင့်ထက်ကျော်လွန်သွားပါက သူသည် သိုင်းပညာရှင်အစစ်မှန်စာရင်းထဲသို့ပင်ရောက်ရှိသွားပြီဟု ဆိုနိုင်၏။ ဤကဲ့သို့ ကြယ်၆လုံးအဆင့်ထက်ပင်ကျော်လွန်သည့် တိုက်ခိုက်မှုနှစ်ခုကြောင့် နှစ်ပေါင်းများစွာကြာတည်ရှိခဲ့သည့် တောင်နှစ်လုံးမှာ ပြိုကျလာတော့၏။
ဖုန်မှုန့်များသည် လူတိုင်း၏အမြင်အာရုံကို ဖုံးကာလိုက်၏။
“ချွင် ချွင် ချွင်...”
မီးပွားစများထွက်ပေါ်လာပြီး လူနှစ်ယောက်သည် မှုန်မှုန့်များဖြင့် ပြည့်နှက်နေသည့် ကောင်းကင်ပေါ်တွင်နေရာခြင်းလဲလိုက်သည်။
ငွေသတ္တုအတွင်းအားစွမ်းအင်များသည် နေရာအနှံ့သို့ပြန့်နှံ့သွားပြီး ကြောက်မက်ဖွယ်စွမ်းအားများကို ထုတ်လွှတ်လျှက်ရှိသည်။ ဤစွမ်းအင်းများနှင့်ထိလိုက်မိသည့် လွှင့်မြောနေသည့်စွမ်းအင်များသည် စက္ကန့်အနည်းငယ်အတွင်းမှာပင် ဖုန်မှုန့်များအဖြစ်သို့ပြောင်းလဲသွားတော့၏။ တစ်ခါတစ်ရံတွင် သူရဲကောင်းလူငယ်၏ကြုံး၀ါးသံနှင့်အတူ ငွေအတွင်းအားစွမ်းအင်များသည် မြေကြီးကိုဆုတ်ဖြဲပစ်လိုက်ပြီး ဖှေး၏ရယ်မောသံများ၊ လှိုင်းလုံးကြီးများကဲ့သို့ဆူညံသံများသည် ကောင်းကင်ပေါ်တွင်ပဲ့တင်နေ၏။
“ဖုန်း...”
ကျယ်လောင်သည့် ပေါက်ကွဲသံကြီးထွက်ပေါ်လာပြီးနောက်တွင် လူနှစ်ယောက်သည် နေရာခွာလိုက်ပုံရ၏။
“တိုက်ပွဲပြီးသွားပြီလား...ဘယ်သူနိုင်သွားတာလဲ...”
လူတိုင်းသည် ဖုန်မှုန့်များစတင်၍ငြိမ်သက်လာပြီးဖြစ်သည့် ကုန်းပြင်မြင့်ပေါ်သို့ စိုက်ကြည့်နေကြ၏။ ဖုန်မှုန့်များငြိမ်သက်ပြီးရှင်းလင်းသွားသည့်အချိန်တွင် တိုက်ပွဲရလဒ်ကို သိရတော့မည်ဖြစ်သဖြင့် လူတိုင်း၏ရင်ခုန်သံများသည်လည်း မြင့်တက်လာတော့သည်။ သူတို့သည် သက်ဆိုင်ရာခေါင်းဆောင်အပေါ်တွင် ယုံကြည်ချက်ရှိကြသော်လည်း ယခုတိုက်ပွဲမှာမူပြင်းထန်လွန်းလှသည်။ သူတို့အတွက် နတ်ဘုရားများတိုက်ခိုက်နေသည်ကို ကြည့်နေရသည့်အတိုင်းပင်။ တောင်များပင်ပြိုကျကုန်ပြီး မြေပြင်များပင် ကွဲအက်ကုန်သဖြင့် သူတို့အားလုံးလက်ရှိအချိန်တွင် စိတ်ငြိမ်ငြိမ်မထားနိုင်ကြတော့ပေ။
နောက်ဆုံးတွင် ဖုန်မှုန့်များသည် လေနှင့်အတူလွင့်ပါသွား၏။
ဖုန်မှုန့်များကြားထဲမှ လူနှစ်ဦး၏ပုံရိပ်သည်လည်း ပို၍ပို၍ရှင်းလင်းလာတော့သည်။
အနီရောင်သွေးများသည် မြေပြင်ပေါ်သို့တစ်စက်ခြင်းကျနေ၏။
လူတိုင်းထိတ်လန့်အံ့သြသွား၏။