← Chapters

အခန်း (၂၄၉)

Vol. 17 Ch. 249

အခန်း (၂၄၉)

Vol. 17 Ch. 249

ကောင်းကင်အောက်တွင် ပြိုကျပြီးသည့်တောင်တန်းများ၏ထိပ်တွင်ဖြစ်သည်။

လူနှစ်ယောက်သည် ဂုဏ်ယူ၀င့်ကြွားစွာဖြင့် ရပ်နေကြသည်။ လေတိုက်သည့်အချိန်တွင် သူတို့၏၀တ်ရုံများသည် တဖျတ်ဖျတ်အသံများကို ပြုလုပ်လျှက်ရှိ၏။

တောင်အောက်တွင်ရှိနေသည့် လူများပါးစပ်အဟောင်းသားဖြစ်နေရသည့် အကြောင်းရင်းမှာ သူတို့သည့်နောက်ဆုံးတွင် တိုက်ပွဲရလဒ်ကို မြင်တွေ့လိုက်ရသည့်အတွက်ပင်။ တောင်ထိပ်တွင် ချမ်းဘော့ဒ်ဘုရင်၏ခန္ဓာကိုယ်နေရာအနှံ့တွင် ဒဏ်ရာမျိုးစုံရရှိနေ၏။ ဒဏ်ရာတစ်ခုခြင်းစီတိုင်းသည် ပါးလွှာသည့် ဘလိတ်ထားဖြင့်လှီးထားသကဲ့သို့ပင်။ အမာရွက်များကိုမြင်တွေ့နိုင်ခြင်းမရှိသော်လည်း ဤဒဏ်ရာများမှ သွေးများဆက်တိုက်ထွက်လာလျှက်ရှိပြီး မြေပေါ်သို့စီးကျကုန်ကြသည်။ မြေပေါ်တွင် သွေးစီးကြောင်းအငယ်စားလေးတစ်ခုပင်ဖြစ်ပေါ်လာလျှက်ရှိသည်။

တောင်ဘက်တောင်ထိပ်တွင် ဖှေး၏ရန်သူဖြစ်သည့် ခရစ်ဆူတွန်သည် သူ၏လှံရှည်ကိုကောင်းကင်သို့ထောင်မက်ကာကိုင်ထားပြီးရပ်လျှက်ရှိသည်။ သူ၏ရွှေရောင်ချပ်၀တ်ပေါ်တွင် ဖုန်တစ်မှုန်မျှပင်တင်ကျန်နေခြင်းမရှိပေ။ သူသည်တောင်ထိပ်တွင် မားမားမက်မက်ရပ်လျှက်ရှိပြီး သူ၏ရွှေရောင်ဆံပင်များသည်လည်း လေနှင့်အတူလွင့်ပျံလျှက်ရှိသည်။ သူသည်နေမင်းကဲ့သို့ပင်တောက်ပနေသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခုမှမရှိပေ။ သူထိုနေရာ၌ပင် တောင်တစ်လုံးကဲ့သို့ရပ်နေ၏။

“ချမ်းဘော့ဒ်ဘုရင်ရှုံးသွားတာလား...”

“ရွှေရောင်အင်ပါယာ အထူးသူရဲကောင်းကနိုင်သွားတာလား..”

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် တောင်အောက်တွင်ရှိသည့် လူအုပ်နှစ်စုသည် မတူညီစွာဖြင့်တုန့်ပြန်နေကြ၏။

ရွှေရောင်ချပ်၀တ်နှင့် တော်၀င်သူရဲကောင်းနန်းတော်မှစစ်သည်များသည် သူတို့၏လှံများကိုကိုင်မြောက်ရင်းဖြင့် အားပေးကာပျော်ရွှင်စွာအော်ဟစ်နေကြ၏။ သူတို့ခေါင်းဆောင်အား လေးစားကိုးကွယ်သည့်အမူယာများကိုပင် ဖုံးကွယ်ထားခြင်းမရှိပေ။ ထိုလူများ၏နောက်တွင် မြင်းပိန်တစ်ကောင်ပေါ်တွင်ရှိနေသည့်အဖိုးကြီးတစ်ဦးသည် နောက်ဆုံးတွင် ပြုံးလိုက်ပြီး စိတ်ကျေနပ်စွာဖြင့်ခေါင်းငြိမ့်လိုက်၏။ သူမည်ကဲ့သို့တွေးနေသည်ကို မည်သူမှမသိနိုင်ချေ။

ချမ်းဘော့ဒ်တပ်ဖွဲ့ဘက်ခြမ်းတွင် ပီတာ၊ အိုလတ်ဂ်နှင့် တိုးရိစ်တို့သည် တိုက်ပွဲအခြေနေကို ထပ်ခါတလဲလဲပြန်ကြည့်နေရင်းဖြင့် မျက်မှောင်ကြုံ့နေကြသည်။ သူတို့ဘုရင်နှင့် သူရဲကောင်းလူငယ်တို့ခန္ဓာကိုယ်ပေါ်တွင်ရှိသည့် ဒဏ်ရာအခြေအနေနှင့် နှိုင်းယှဥ်ကြည့်ပါက ဘုရင်အလတ်ဇန္ဒားရှုံးနိမ့်သွားသကဲ့သို့ပင်။ သို့သော် ထိုသုံးယောက်သည် သူတို့တစ်စုံတစ်ခုကို မေ့လျှော့နေသကဲ့သို့ထူးဆန်းသည့်ခံစားချက်တစ်ခုကို ခံစားရလျှက်ရှိသည်။

“အား..အလတ်ဇန္ဓား...သူဒဏ်ရာရသွားပြီ...”

မင်းသမီး၏မှော်ရထားလုံးထဲတွင် ဆံပင်ရွှေရောင်နှင့်အန်မာမှာ အလွန်စိုးရိမ်လျှက်ရှိသည်။ ဤအခိုက်တန့်တွင် အန်မာသည် တောင်ထိပ်တွင်ရှိနေသည့်လူမှာ ဘုရင်တစ်ပါးဖြစ်သည်အား မေ့လျှော့သွားပုံရ၏။ သူမသည် အစေခံတစ်ယောက်သာဖြစ်သော်လည်း ဘုရင်အားမမျှော်လင့်ပဲနာမည်တပ်ကာ ခေါ်လိုက်မိ၏။

မင်းသမီး၏ အပြာရောင်မျက်လုံးများမှာ ပုံမှန်အတိုင်းပင်တည်ငြိမ်လျှက်ရှိ၏။ စိတ်၀င်စားသွားသည့် အရိပ်ယောင်သည် သူမ၏မျက်လုံးများထဲတွင် ဖျတ်ကနဲလင်းလတ်သွား၏။ သူမ၏ဘေးတွင်တိတ်ဆိတ်ငြိမ်သက်နေသည့် အန်ဂျယ်လာမှာ သူမ၏ပြူးကျယ်သည့်မျက်လုံးများကို ဖွင့်ထားဆဲပင်။ သွေးများဖြင့်ဖုံးလွှမ်းနေသည့် လူတစ်ယောကိုကြည့်နေရင်းဖြင့် အန်ဂျယ်လာ၏မျက်လုံးများထဲတွင် မှော်ဆန်သည့်အလင်းရောင်တစ်ခုလင်းလတ်သွား၏။ ဤသည်မှာ ပျာယာခတ်ခြင်းနှင့် ထိတ်လန့်စိုးရိမ်ခြင်းမျိုးမဟုတ်ပေ။ စစ်မှန်သည့် ယုံကြည်မှုနှင့် စိတ်တည်ငြိမ်မှုတို့ပင်။

တပ်ဖွဲ့နှစ်ခု၏ အရှေ့ဆုံးတွင်ဖြစ်သည်။

အမဲရောင်ခွေးကြီးနှင့် ၀ံပုလွေတစ်ကောင်ကဲ့သို့ထူးဆန်သည့်သားရဲကြီးမှာ တစ်စုံတစ်ခုအားအာရုံခံလိုက်မိကြပုံရသည်။ သူတို့နှစ်ကောင်လုံးထံမှ မိုးချုန်းသံကဲ့သို့ ဟိန်းဟောက်သံများထွက်ပေါ်လာ၏။ သူတို့၏ခန္ဓာကိုယ်ပေါ်မှာ အမွေးမျှင်များသည် အပ်များကဲ့သို့ထောင်မက်လာကြ၏။ သားရဲနှစ်ကောင်မှာ လူတိုင်းကို ထိတ်လန့်စေနိုင်သည့် အန္တရာယ်ရှိသောအငွေ့သက်များကို ထုတ်လွှတ်လျှက်ရှိသည်။

......

......

မိုးကြိုးတစ်ခုသည် တိမ်တိုက်များကြားတွင်ရုတ်တရက်လင်းလတ်သွား၏။

နားကိုပင်ထုံထိုင်းသွားစေသည့် မိုးချိန်းသံတစ်ခုသည် စိန့်ပီတာစဘာ့ဒ်တွင်ရှိသည့် လူတိုင်း၏နားထဲတွင် မြည်ဟည်းသွား၏။

အမဲရောင်ခံတပ်မျှော်စဥ်ကြီးတစ်ခုသည် တိမ်တိုက်များထိရောက်သည်ထိပင်မြင့်မားလျှက်ရှိပြီး မျှော်စဥ်ထပ်ပိုင်းမှာ ကောင်းကင်ဘုံသို့ထိုးစိုက်ထားသည့် ဓားတစ်လက်ကဲ့သို့ပင်။

မျှော်စဥ်ထိပ်တွင်ရှိသည့် ပြတင်းပေါက်တစ်ခု၏အရှေ့တွင် အရပ်ရှည်ရှည်နှင့် လူထွားကြီးတစ်ယောက်၏ မျက်နှာပေါ်တွင် ရုတ်တရက်အံ့သြသွားသည့်အမူယာတစ်ခုပေါ်လာ၏။ သူ၏အမြင်အာရုံသည် မိုင်သောင်းပေါင်းများစွာသို့ပင်ကျော်လွန်သွားပြီးအံ့သြဖွယ်ရာတစ်စုံတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ပင်။ ထို့နောက်တွင် သူပြုံးလိုက်၏။ “စိတ်၀င်စားစရာပဲ...ငါဒီလိုစိတ်၀င်စားစရာကောင်းတဲ့အဆုံးသက်ကို မျှော်လင့်မထားဘူး...ဒီကောင်ကြောင့် အနာဂတ်မှာ အခြေအနေတွေဘယ်လိုဖြစ်လာမယ်ဆိုတာက စိတ်၀င်စားစရာကောင်းလာပြီပဲ...”

“ဟားဟားဟား... လုံး၀ထင်မထားဘူး...”

“အံ့သြစရာပဲ ဒီနှစ်ဇီးနစ်စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲက ပိုပြီးစိတ်၀င်စားစရာကောင်းလာတော့မယ်ထင်တယ်။”

“ကောင်းတယ်။ စောင့်ကြည့်ရတာတန်ပါတယ်....”

“ဟီးဟီး အင်ပါယာသိုင်းဆရာတစ်ယောက်မွေးဖွားလာတာလား...”

အင်ပါယာမြို့တော်၏ ကောင်းကင်ပေါ်တွင် ကြောက်မက်ဖွယ်စွမ်းအားကြီးသည့် အတွင်းအားဖြစ်တည်မှုများနိုးထလာ၏။ သူတို့အားလုံးသည် တစ်စုံတစ်ခုကို အာရုံခံလိုက်မိကြပုံရပြီး အံ့သြနေကြသည်။ သူတို့အားလုံးထို့နောက်တွင် ချက်ချင်းပင် ပြန်လည်ကာပုန်းရှိုးပျောက်ကွယ်သွားကြတော့၏။

အင်ပါယာမြို့တော်အပေါ်တွင်ရှိနေသည့် တိမ်ညိုတိမ်မဲများသည် ပို၍ပင်မဲနက်ကာ ထိုင်းမှိုင်းလာလျှက်ရှိသည်။

All Chapters