အခန်း (၂၅၀)
Vol. 17 Ch. 250
တောင်နှစ်လုံးထိပ်တွင်ဖြစ်သည်။
“ငါသိချင်တာက အဲ့ပဲရစ်လို့ခေါ်တဲ့အမျိုးသမီးက မင်းကို ငါ့ကိုရှင်းခိုင်းလိုက်လို့လား...” ဖှေးမေးလိုက်သည်။
သူ၏ ဒဏ်ရာများမှ သွေးများစီးကျလျှက်ရှိသည်။ လူရိုင်းဇာတ်ကောင်၏ရုပ်ပိုင်းဆိုင်ရာခွန်အားမှာ ကြီးမားလှသော်လည်း သူ၏ခန္ဓာကိုယ်ထဲတွင် စိမ့်၀င်နေသည့် ငွေသတ္တုစွမ်းအင်များကို ချက်ချင်းမဖယ်ရှားနိုင်သေးပေ။ ရေတွက်၍မရနိုင်သည့် ဓားသွားများသည် သူ၏ဒဏ်ရာများကို အဆက်မပြတ်လှီးဖြတ်နေသကဲ့သို့ပင်။
ကြောက်မက်ဖွယ်အတွင်းအားစွမ်းအင်များမှာ ယခင်တိုက်ပွဲဖြစ်ပွားသည့်အချိန်အတွင်းက ဖှေး၏ခန္ဓာကိုယ်အတွင်းသို့ ၀င်ရောက်သွားခဲ့၏။ ဤကဲ့သို့ကြောက်မက်ဖယ်ရန်သူနှင့်ရင်ဆိုင်နိုင်ရသည့်အချိန်တွင် ဒဏ်ရာမရရှိပဲတိုက်ခိုက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ခနတာ တိတ်ဆိတ်သွားပြီးနောက်တွင် ရွှေရောင်ချပ်၀တ်နှင့်သူရဲကောင်းမှာ နောက်ဆုံးတွင်ပြန်လည်ကာဖြေကြားလိုက်၏။
“လေဒီပဲရစ်က မင်းကို ပြသနာမရှာဖို့ငါ့ကိုတားခဲ့တယ်။ ဒါပေမယ့် တော်၀င်သူရဲကောင်းနန်းတော်က အထူးသူရဲကောင်းတစ်ယောက်အနေနဲ့ ငါကမင်းကို ပြသနာလာရှာဖို့အတွက် အကြောင်းပြချက်လိုသေးလို့လား..။ သနားစရာကောင်းတဲ့အရိုင်းစိုင်းကောင်ပဲ မင်းလုပ်ခဲ့တဲ့အရာတိုင်းက မင်းကို တော်၀င်သူရဲကောင်းနန်းတော်မှာ ကြိုးစင်တင်ဖို့လုံလောက်နေပြီ။”
“ဟားဟား ဟုတ်လား...။ ဒါပေမယ့် မင်းအခုလောလောဆယ်တော့ အဲ့လိုလုပ်နိုင်တော့မယ့်ပုံမပေါ်ဘူး...” ဖှေးပြုံးပြီးပြောလိုက်သည်။
သူပြောပြီးလျှင်ပြီးချင်းတွင် ထူးဆန်းသည့်အရာတစ်ခုဖြစ်ပျက်သွား၏။
“ချွတ်...”
တိုးညင်းသည့်အသံတစ်ခုသည် ကောင်းကင်နှင့် မြေကြီးတွင် ပဲ့တင်သွား၏။
ဆူတွန်၏ ရွှေရောင်လှံတံပေါ်တွင်အက်ကွဲကြောင်းအသေးလေးတစ်ခုပေါ်လာသည်။ ထို့နောက်တွင် အက်ကွဲသံများပို၍ပို၍ထွက်ပေါ်လာသည်နှင့် ဆူတွန်၏လှံပေါ်တွင်လည်း အစင်းရာပို၍ပို၍များလာတော့သည်။ တစ်စုံတစ်ယောက်သည် မှင်ဖြင့် လှံတံပေါ်တွင်အမဲရောင်အစင်းကြောင်းများကို ရေးဆွဲလိုက်သကဲ့သို့ပင်။ ထို့နောက်တွင် ချက်ချင်းပင် ဆူတွန်စျေးကြီးပေးကာထုလုပ်ခဲ့ပြီး အသက်ကဲ့သို့တန်ဖိုးထားခဲ့သည့် လှံရှည်မှာ ရုတ်တရက်မြေပေါ်သို့ပြုတ်ကျပြီး ကြေမွကာတိုက်ခတ်နေသော လေနှင့်အတူလွင့်ပါသွားတော့သည်။ ရွှေရောင်လိပ်ပြာများ စက္ကန့်အနည်းငယ်ကြာလေပေါ်တွင် ကခုန်ပြီး ပျောက်ကွယ်သွားသကဲ့သို့ပင်။
“ငါကျိမ်တယ်။ နောက်တစ်ခါမင်းနဲ့ထပ်ပြီးတွေ့တဲ့အချိန်ကျရင် မင်းကို သူရဲကောင်းနန်တော်က ကြိုးစင်ပေါ်ကို အရောက်ပို့မယ်လို့...”
ရွှေရောင်ချပ်၀တ်နှင့်ကောင်လေးသည် သူ၏လှံတံကြေမွသွားပြီး လေနှင့်အတူလွှင့်မြောသွားသည်ကို မြင်လိုက်ရသည်။ သူနာကျင်မှုကို မခံစားရပဲမနေနိုင်ချေ။ သို့သော် တိုက်ပွဲစတင်စဥ်ကတည်းက သူ၏လှံရှည်သည် ရန်သူ၏ကြောက်မက်ဖွယ်လက်သီးချက်ကြောင့် ကြိုးကြေသွားသည်ကို သတိထာားမိပြီးဖြစ်သော်ကြောင့် အံ့သြခြင်းမရှိတော့ပေ။ တိုက်ပွဲအတွင်းတွင် လှံတံတစ်စစီမဖြစ်စေရန်အတွက် သူ၏အတွင်းအားများဖြင့် ထိန်းထားခဲ့ခြင်းသာဖြစ်သည်။
“ငါတို့နှစ်ယောက်နောက်တစ်ကြိမ်ဆုံတဲ့အခါကြရင်လဲ ရလဒ်ကတော့အတူတူပဲဖြစ်မယ်။”
ဖှေးနှာခေါင်းရှုံ့လိုက်သည်။ တောင်အောက်မှကြည့်နေသည့်မျက်လုံးများသာမရှိပါက ဤပါရမီရှင်ဟုခေါ်သည့် စောက်ကလေးမှာ ဒုတိယအခွင့်ရေးရရှိလိမ့်မည်မဟုတ်ပေ။
ခရမ်းရောင်မီးတောက်များတောက်ပလာပြီးနောက်တွင် ဖှေ၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများသည် မှော်ဆန်စွာပင်ပျောက်ကင်းသွား၏။
အချိန်ခနအတွင်းမှာပင် ဖှေးသည် ပြင်းထန်သည့်နာကျင်မှုကို အံ့ကြိတ်ခံပြီး ကြီးမားသည့်ခွန်အားကိုအသုံးပြုပြီး သူ၏ခန္ဓာကိုယ်အတွင်းတွင် စိမ့်၀င်နေသည့် ငွေသတ္တုစွမ်းအင်များကို ဖယ်ရှားပစ်လိုက်ခြင်းဖြစ်သည်။ သူလျို့၀ှက်စွာဖြင့် သောက်လိုက်သည့် [ရှင်သန်ခြင်း]ဆေးပုလင်းအစွမ်းကြောင့် သူ၏ခန္ဓာကိုယ်မှသွေးများစီးကျလျှက်ရှိသည့် ဒဏ်ရာများသည်လည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ ချပ်၀တ်ပေါ်မှ လှံရာများကြောင့်သာမဟုတ်ပါက ဖှေးသည်ထိတ်လန့်ဖွယ်တိုက်ပွဲတစ်ခုကို တိုက်ခိုက်ခဲ့ကြောင်းကို မည်သူမျှပြောနိုင်မည်မဟုတ်ပေ။
ဖှေး၏ ချက်ချင်းပြန်ကောင်းလာမှုနှင့် ဆန့်ကျင်ဘက်ပင် ရွှေရောင်သူရဲကောင်း၏ အခြေအနေမှာ ပို၍ပင်ဆိုး၀ါးလျှက်ရှိသည်။
“ချွတ် ချွတ် ချွတ် ချွတ်....”
ဆူညံသံများမှာ အဆက်မပြတ်ထွက်ပေါ်လာလျှက်ရှိသည်။ ဤအကြိမ်တွင် ကွဲအက်သွားသည်မှာ တောက်ပနေသည့် ရွှေရောင်သူရဲကောင်းချပ်၀တ်ပင်။ ရွှေရောင်လှံတံကွဲအက်သွားသည့်ပုံအတိုင်းပင် အက်ကွဲရာများသည် ဦးဆောင်းအပါ၀င်အပေါ်မှ အောက်ရောက်သည်အထိနေရာအနှံ့သို့ပျံံ့နှံ့သွားသည်။ ထို့နောက်တွင် ချပ်၀တ်အပိုင်းစများသည် ဆူတွန်၏ခန္ဓာကိုယ်ပေါ်မှ ကွာကျလာပြီး အမှုန့်ဖြစ်သည်အထိကြေမွကာ လေနှင့်အတူလွင့်ပါသွားတော့သည်။ အောက်တွင် ၀တ်စားထားသည့် အ၀တ်စားများအပါ၀င်ပင် ပျက်စီးဆုတ်ပြဲကုန်ကြသည်။
အထူးသူရဲကောင်းတစ်ယောက်ဖြစ်ပြီး ရွှေရောင်နေမင်းသူရဲကောင်းဟုခေါ်ကြသည့် ဆူတွန်မှာ တောင်ထိပ်ပေါ်လူအများ၏မျက်လုံးများအောက်တွင် အ၀တ်စားမပါပဲရပ်လျှက်ရှိ၏။ ခြေဆုံးခေါင်းဆုံး၀တ်လစ်စားလစ်ပင်။ သူ၏ညီလေးပင် ဖုံးကွယ်ထားခြင်းမရှိပေ။
“အရိုင်းစိုင်းကောင် မင်းငါ့ကို ဒီနေ့ပေးခဲ့တဲ့အရှက်ရမှုကို တစ်နေ့ကျရင်အဆတစ်ရာပြန်ပြီးပေးမယ်...”
ရွှေရောင်သူရဲကောင်းဆူတွန်၏ မျက်လုံးများမှာ မီးတောက်များဖြင့်ပြည့်နှက်နေ၏။ သူ၏ကိုယ်လုံးထီးဖြစ်နေမှုအပေါ်တွင် ရှက်ရွံ့စိတ်လုံး၀မရှိပဲ တောင်ထိပ်ပေါ်တွင် မားမားမက်မက်ရပ်လျှက်ရှိသည်။ သို့မဟုတ် သူသည် ၀တ်လစ်စားလစ်ဖြစ်နေခြင်းကြောင့် ပို၍မားမားမက်မက်ရပ်နေရသည်လည်း ဖြစ်နိုင်၏။ ကိုယ်လုံးတီးဖြင့်နေရခြင်းကြောင့်မဟုတ်ပေ။ သူ့အားအရူးတပိုင်းဖြစ်စေသည့် အချက်မှာ သူလွယ်လွယ်ကူကူဖြင့် ရှုံးနှိမ့်ခဲ့ခြင်းပင်။ သို့သော် ဤပါရမီရှင်သူရဲကောင်းမှာ သာမန်လူများနှင့်မတူသည့် သူ၏သရုပ်ကိုပြသလျှက်ရှိသည်။ ဤကဲ့သို့အခြေအနေမှာပင် တည်တည်ငြိမ်ငြိမ်နှင့် မားမားမက်မက်ရပ်တည်နေဆဲပင်။
သို့သော် ရုတ်တရက် ကြောက်မက်ဖွယ်ရာတစ်စုံတစ်ခုဖြစ်ပျက်သွားသည်။
သတိပေးချက်တစ်စုံတစ်ရာမရှိပဲ သွေးစီးကြောင်းများသည် ဤသူရဲကောင်းလူငယ်၏ ခန္ဓာကိုယ်ပေါ်မှာထွက်ပေါ်လာခြင်းပင်။ ဆူတွန်၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခုမှုမရှိပေ။ သွေးများသည် မွှေးညင်းပေါက်များထဲမှ စိမ့်ထွက်နေပုံရသည်။ သူ၏ကြွက်သားများ၊ အရိုးများနှင့် ကိုယ်တွင်းအင်္ဂါများသည် ဖှေး၏ကြောက်မက်ဖွယ်လက်သီးချက်များကြောင့် ဒဏ်ရာရရှိသွားပုံရသည်။ ယခုမတိုင်ခင်ထိ သူသည် ထိုအတွင်းဒဏ်ရာများကို အတွင်းအားဖြင့်ထိန်းချုပ်ထားရန်အတွက် ကြိုးစားနေခဲ့ခြင်းပင်။ သို့သော် လက်ရှိအချိန်တွင်မူ လူလုံး၀ထိန်းထားနိင်ခြင်း မရှိတော့ပဲ သွေးများသည် ရေများကဲ့သို့စီးကျလာတော့၏။
သူ၏အသိစိတ်၀ေ၀ါးလာရင်းဖြင့် သူသည် မြဲမြဲမရပ်နိုင်တော့ချေ။ သူသည် ယိုင်ထိုးယိုင်ထိုးဖြစ်ပြီး တောင်အောက်သို့ လိမ့်ကျသွားတော့၏။
“အော်အေး ငါမင်းကိုပြောဖိုမေ့သွားတာ။ မင်းတို့စောက်ရူးတွေအင်ပါယာထီးနန်အတွက် ပြိုင်ဆိုင်တိုက်ခိုက်နေကြတာကိုလဲ ငါသောက်ဂရုမစိုက်ဘူး။ မင်းငါနဲ့လာမရှုပ်တာကောင်းမယ်။ ငါလဲမင်းလိုပဲ စိတ်ရှည်တဲ့ကောင်မဟုတ်ဘူး...”
ဤသည်မှာ သတိမလစ်ခင်အချိန်တွင် ဆူတွန် အရိုင်းစိုင်းဘုရင်ထံမှ နောက်ဆုံးကြားလိုက်ရသည့် စကားပင်။
တောင်အောက်တွင်ရှိနေသည့် လူများထံမှ အာမေဍိတ်သံများထွက်ပေါ်လာတော့၏။