← Chapters

အခန်း (၂၅၁)

Vol. 17 Ch. 251

အခန်း (၂၅၁)

Vol. 17 Ch. 251

ရုတ်တရက် အခြေအနေများပြောင်းလဲသွားခြင်းပင်။

တိုက်ပွဲအဆုံးတွင် ရလဒ်သည် ဤကဲ့သို့ဒရာမာဆန်ဆန်ပြောင်းလဲသွားလိမ့်မည်ဟု မည်သူမှထင်မထားခဲ့ပေ။

ယခင်က အားသာနေသည်ဟု ထင်ခဲ့ရသည့် ရွှေရောင်သူရဲကောင်းသည် တိုက်ပွဲ၏အဆုံးသတ်တွင်ချက်ချင်းပင် ရှုံးနိမ့်သွားခဲ့၏။ သူ၏ရွှေရောင်လှံတံနှင့် ချပ်၀တ်မှာလည်း တိုက်ပွဲအပြီးတွင် ပျက်စီးသွားပြီဖြစ်သည်။ တောင်အောက်တွင်ရှိသည့် လူများအားလုံးပါးစပ်အဟောင်းသားဖြစ်နေကြသည်။ အထူးသဖြင့် ရွှေရောင်ချပ်၀တ်နှင့် စစ်သည်တော်အယောက်၁၀၀ခန့်ပင်။ သူတို့အားလုံးခရစ်ဆူတွန်၏ ခန္ဓာကိုယ်တောင်အောက်သို့ပြုတ်ကျလာသည်ကို ငေးကြည့်နေရုံသာ တက်နိုင်၏။ သွားရောက်ကယ်တင်ရန်အတွက် သတ္တိမရှိကြတော့ပေ။

ဤအခိုက်တန့်တွင် ၀ံပုလွေကဲ့သို့သားရိုင်းမှာ သူ၏မျက်လုံးမှ ရက်စက်သည့်အလင်းရောင်တစ်ခုလင်းလတ်သွားသည်။ ဟိန်းဟောက်လိုက်ပြီး ခြေလေးချောင်းနှင့် ခုန်လိုက်ပြီး နောက်တွင် အ၀ါရောင်အလင်းတန်းတစ်ခုအဖြစ်သို့ပြောင်းလဲသွား၏။ ကျောက်တုံးအကျိုးပဲ့များကို ခြေတင်ရန်နေရာအဖြစ်အသုံးချပြီး ပြေးသွားကာ ပြုတ်ကျလာသည့် ရွှေရောင်သူရဲကောင်းလူငယ်ကို မြဲမြံစွာဖြင့်ဖမ်းလိုက်သည်။ ထို့နောက်တွင် ဖှေးအားတစ်ချက်ခန့်ဟိန်းဟောက်မာန်ဖီလိုက်ပြီး သတိလစ်မေ့မျောနေသည့် ရွှေရောင်သူရဲကောင်းကို သူ၏ကျောပြင်ပေါ်တွင်တင်ကာ အင်ပါယာမြို့တော်တည်ရှိရာအရပ်ထံသို့ ပြေးသွားတော့သည်။

“အမြန်လုပ်ကြ အရှင့်ကို ကာကွယ်ပေးကြ...”

သူရဲကောင်းနန်းတော်မှ စစ်သည်များအော်ဟစ်လိုက်သည်။ သူတို့အားလုံးအရှေ့တွင်ရှိနေသည့် ချမ်းဘော့ဒ်တပ်ဖွဲ့ကိုလစ်လျူရှုလိုက်ပြီး ထိုသားရဲ၏အနောက်မှလိုက်ပါပြီးထွက်ပြေးကုန်ကြတော့သည်။ ထိုတပ်ဖွဲ့၏အနောက်တွင်ရှိသည့် အဖိုးကြီး၏မျက်နှာမှာ အရောင်ကင်းမဲ့လျှက်ရှိသည်။ သူသည် စက္ကန့်အနည်းငယ်ခန့်ကျက်သေသေကာ ပါးစပ်အဟောင်းသားဖြစ်နေ၏။ ထို့နောက်တွင် သူ၏မျက်လုံးများထဲတွင် မယုံနိုင်သည့်အမူယာဖြင့်မြောက်ဘက်တောင်ထိပ်တွင်ရှိနေသည့် လူကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူ၏နှလုံးသားထဲတွင် အေးစက်သည့်ခံစားချက်တစ်ခုပေါ်ထွက်လာပြီး တစ်ဖက်သို့လှည့်ကာ သူ၏မြင်းကိုကြာပွတ်ဖြင့်ရိုက်လိုက်ပြီး ဆုတ်ခွာသွားတော့၏။

“၀ုန်း...”

စူးရှသည့် လေသည်ကောင်းကင်အားထိုးဖောက်လိုက်သည်။ သူ၏နားဘေးမှဖျက်သန်းသွားပြီး လမ်းကြောင်း၏ဘေးတွင်ရှိသည့် ကျောက်ဆောင်တစ်ခုကို ထိမှန်သွား၏။ ကျောက်တောင်မှာ အပိုင်းပိုင်းဖြစ်ကာ ပြိုကျလာပြီး ဖုန်မှုန့်များသည် နေရာအနှံ့ပင်။

“တစ်ခြားလူတွေကို ချမ်းဘော့ဒ်ရဲ့ရန်သူဖြစ်အောင်သွေးထိုးပေးတဲ့လူတွေရဲ့အဆုံးသတ်ကလဲ ဒီကျောက်ဆောင်လိုဖြစ်လိမ့်မယ်...”

ချမ်းဘော့ဒ်ဘုရင်၏ အသံံကို ဤအဖိုးကြီး၏နားထဲတွင် ကြားလိုက်ရသည်။ အဖိုးကြီးအယ်လ်ဖာဆိုသူမှာ နှလုံးတုန်သွားပြီး မည်သည့်အရာကိုမျှပြန်မပြောရဲချေ။ သူ၏ မီးခိုးရောင်ဆံပင်များလေထဲတွင် လွှင့်ခါနေသည်နှင့်အတူ မြင်းကို အရှိန်တင်လိုက်ပြီး ကပျာကယာထွက်ပြေးသွားတော့၏။

ဖှေးမြောက်ဘက်တောင်ပေါ်တွင် ရပ်နေရင်းဖြင့် ရွှေရောင်သူရဲကောင်းတပ်ဖွဲ့မိုးကုန်စက်၀ိုင်းအောက်တွင် ပျောက်ကွယ်သွားသည်ကို ကြည့်နေ၏။

ဤတိုက်ပွဲအတောတွင်းတွင် ဖှေးသည် အထူးသူရဲကောင်းဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ရွှေရောင်နေမင်းသူရဲကောင်းဟုခေါ်သောသူ၏ မာနထောင်လွှားသည့်စိတ်နေစိတ်ထားကို ၀ေ၀ေ၀ါး၀ါးခံစားလိုက်ရသည်။ သူသည်အလွန်မာနထောင်လွှားသည့်လူဖြစ်သော်လည်း ရေများကိုအဆိပ်ခပ်ခြင်း၊ ချောင်းမြောင်းကာ တောင်နံရံများကို ဖြိုချခြင်းစသည့်နည်းလမ်းများကိုအသုံးပြုမည့်လူမျိုးမဟုတ်ကြောင်းကို ဖှေးခံစားလိုက်မိသည်။

ဖှေးအကြောင်းပြချက်များကို ဂရုတစိုက်တွေးကြည့်ရင်းဖြင့် သူ၏မျက်လုံးများသည် စစ်သည်များ၏အနောက်တွင်ရှိနေသည့် မြင်းပေါ်မှအဖိုးကြီးထံသို့ကျရောက်သွားပြီး သူအရာအားလုံးကို အာရုံခံလိုက်မိသည်။ ဤအဖိုးကြီးသည် အကြံပေးကဲ့သို့လူမျိုးဖြစ်ပေလိမ့်မယ်။ သူ၏ ကောက်ကျစ်သည့်ရုပ်ကိုကြည့်ပါက ဖြစ်ပျက်ခဲ့သမျှအရာအားလုံးသည် ဤအဖိုးကြီး၏ အကြံစည်ဖြစ်ပေလိမ့်မည်။ ဤကဲ့သို့သော လူများသည် တခြားလူများအား မြွေတစ်ကောင်ကဲ့သို့နည်းလမ်းများကို အသုံးပြုကာတိုက်ခိုက်တတ်ပြီး ဖှေးလုံး၀နှစ်သက်ခြင်းမရှိပေ။ သူ့တွင် သက်သေအခိုင်လုံမရှိသောကြောင့်သာဖြစ်သည်။ သို့မဟုတ်ပါက ဤအဖိုးကြီးအားအရိုးတစ်ခြားအသားတစ်ခြားဖြစ်အောင်ပြုလုပ်လိုက်မိမည်ဖြစ်သည်။

ပျက်စီးခါနီးဖြစ်နေသည့် မှော်ချပ်၀တ်ကို ချွတ်ရင်းဖြင့် ဖှေးသူ၏ခန္ဓာကိုယ်ပေါ်တွင်၀တ်ဆင်ထားသည့် တီရှပ်ကို သန့်ရှင်းလိုက်ပြီး ဖှေးတောင်အောက်သို့ခုန်ဆင်းလိုက်သည်။ လူရိုင်းဇာတ်ကောင်၏ ခုန်ကျော်ခြင်းအစွမ်းကို အကြိမ်အနည်းငယ်ခန့်အသုံးပြုပြုပြီး ဖှေးချက်ချင်းလိုလိုပင် တောင်အောက်သို့ရောက်ရှိသွားတော့၏။

“အရှင်မင်းကြီး အသက်ရှည်ပါစေ...” စိတ်အလှုပ်ရှားဆုံးဖြစ်နေသည့် ထောင်မှူးအိုလတ်ဂ်မှာ သူ၏လက်များကို မြောက်ပြီးအော်ဟစ်လိုက်တော့သည်။ သို့သော် ယခုအကြိမ်တွင်မူ မည်သူမှ အိုလတ်ဂ်၏ အပြုမူကို ရယ်မောခြင်းမရှိကြချေ။

အဘယ်ကြောင်ဆိုသော် သူတို့အားလုံးသည်လည်း အိုလတ်ဂ်ကဲ့သို့ပင် လိုက်ပါပြုမူနေကြသောကြောင့်ပင်။ အမြဲလိုလိုအနေတည်လေ့ရှိသည့် ခေါင်းဆောင်ပီတာပင် သူ၏သွေးများဆူပွက်နေသကဲ့သို့ ခံစားနေရ၏။ သူ၏ ဦးနှောက်ထဲမှ တစ်စုံတစ်ခုသည် ပေါက်ကွဲတော့မည့်သကဲ့သို့ပင်။ မယုံနိုင်ဖွယ်ပင်။ အလွန်ပင်မယုံနိုင်စရာကောင်းလှသည်။ ယခုအချိန်မတိုင်မှီက ချမ်းဘော့ဒ်တပ်ဖွဲ့ထဲတွင်ရှိသည့်လူတိုင်းသည် သူတို့ဘုရင်သည် အလွန်အစွမ်းထက်သည်ဟုသာသိထားကြသည်။ သို့သော် အထူးသူရဲကောင်းဆယ်ယောက်ထဲမှ တစ်ယောက်ကိုပင် အပြတ်သက်အနိုင်ယူနိုင်သည့် အဆင့်တွင်ရှိမည်ဟု မထင်ခဲ့ကြပေ။

“၀ုတ် ၀ုတ် ၀ုတ်...”

အမဲရောင်ခွေးကြီးလဲ ၀င်ရောက်ပါ၀င်ကာ အောင်ပွဲခံနေသည်။ သူ၏ အမှီးများကို ၀ှေ့ရမ်းနေရင်းဖြင့် ဟောင်လိုက်သည်။

“အလတ်ဇန္ဒား...”

အ၀ေးမှ ချိုသာသည့်အသံတစ်ခုထွက်ပေါ်လာ၏။ မိဘုရားလောင်းအန်ဂျယ်လာမှာ လှပစွာကခုန်နေသည့် လိပ်ပြာတစ်ကောင်ကဲ့သို့ပင်။ သူ၏ အဖြူရောင်ဂါ၀န်ကိုမရင်းဖြင့် မင်းသမီး၏မှော်ရထားလုံးပေါ်မှ ခုန်ဆင်းကာ ဖှေး၏လက်မောင်းများအတွင်းသို့ပြေးလာ၏။

သူ၏နှာခေါင်းအတွင်းသို့ ၀င်ရောက်လျှက်ရှိသည့် သင်းပျံ့သောရနှံ့ သူ၏လက်မောင်းများကြားထဲတွင်ရှိနေသည့် နွေးထွေးနူးညံ့သည့်ခန္ဓာကိုယ်တို့ကို ခံစားရင်းဖြင့် ဖှေးသူ၏ နှလုံးသားထဲတွင်နွေးထွေးသွားသကဲ့သို့ခံစားလိုက်ရသည်။ သံမဏ်ကဲ့သို့မာကျောသည့် ယောက်ျားတစ်ယောက်ပင် အသေအကြေတိုက်ပွဲအပြီးတွင် သူ့အားနွေးထွေးစွာပွေ့ဖက်ကြိုဆိုမည့် မိန်းကလေးတစ်ယောက်ကို လိုအပ်ပေလိမ့်မည်။ ဤအခိုက်တန့်တွင် ဖှေး မိန်းမငယ်လေးတစ်ယောက်၏ မီးတောင်ပေါက်ကွဲတော့မည့်သကဲ့သို့ အချစ်စိတ်များကို ခံစားလိုက်မိသည်။ သူအနည်းငယ်လဲအပြစ်မကင်းသလိုခံစားလိုက်ရ၏။ ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် ဤကောင်မလေးအား စိုးရိမ်စေခဲ့မိသောကြောင့်ပင်။

အ၀ေးတွင်ရှိသည့် မှော်ရထားလုံးပေါ်တွင်ရှိသည့် အမျိုးသမီးနှစ်ယောက်၏ မျက်နှာအမူယာများမှာလဲ ပျော်ရွှင်လျှက်ရှိသည်။ ဆံပင်ရွှေရောင်နှင့် အန်မာ၏မျက်နှာပေါ်တွင် ယခင်ကစိုးရိမ်သည့်အတွက် ကျဆင်းခဲ့သည့် မျက်ရည်ရာများရှိနေသေးသော်လည်း ပြုံးလျှက်ရှိသည်။ ဤအခိုက်တန့်တွင် အနည်းငယ်စိတ်ဆက်ပြီး ခေါင်းမာသည့် ရွေရောင်ဆံပင်နှင့်ကောင်မလေး၏ စိတ်ထဲတွင် ငြိမ်သက်မှုတို့ကိုခံစားရလျှက်ရှိသည်။ သူမ၏ စိတ်ထဲတွင် ယခင်က ကျပ်မပြည့်ခဲ့သည့် အလတ်ဇန္ဒားကို အန်ဂျယ်လာ ကာကွယ်စောင့်ရှောက်ပေးနေသည့် ပုံရိပ်များကိုလဲပြန်လည် မြင်ယောက်လျှက်ရှိ၏။

မင်းသမီးသည်လည်း သူမ၏ပင်လယ်ပြင်ကဲ့သို့မျက်လုံးများသည် မှော်ရထားလုံးပေါ်တွင် အန်ဂျယ်လာထိုင်ခဲ့သည့်နေရာကိုကြည့်လျှက်ရှိ၏။ ခရမ်းရောင်ကတီပါအခင်းပေါ်တွင် ထင်ရှားသည့် လက်ရာတစ်ခုထင်ကျန်ခဲ့လျှက်ရှိသည်။ ဤသည်မှာ တစ်စုံတစ်ယောက်တင်းကြပ်သည့်ဖိအားများအောက်တွင် တင်းကြပ်စွာဆုပ်ကိုင်ခဲ့ခြင်းကြောင့်ဖြစ်ပေါ်ခဲ့ခြင်းပင်။ ဤအရာကိုမြင်ရင်းဖြင့် မင်းသမီး၏မျက်နှာပေါ်တွင်အပြုံးတစ်ခုပေါ်လာ၏။ “ငါထင်ထာက ဒီကောင်မလေးက သူ့ချစ်သူပေါ်မှာ လုံး၀ယုံကြည်ချက်ရှိနေပြီးတော့ နည်းနည်းမှမစိုးရိမ်ခဲ့ဘူးထို့ထင်နေတာ။ တကယ်တန်းတော့ဒီလိုကိုး...”

သို့သော် ဤဉာဏ်ပညာရှိသည့် မင်းသမီးမသိခဲ့သည်မှာ ဤကဲ့သို့ရိုးရှင်းပြီး ငယ်ရွယ်သည့်ကောင်မလေးတစ်ယောက်အတွက် ဤကဲ့သို့အခြေအနေတွင် သူမ၏ချစ်သူအပေါ်တွင် ယုံကြည်ချက်ထားရန်မှာ မည်မျှခက်ခဲခဲ့မည်ဆိုသည်ကိုပင်။

အ၀ေးတစ်နေရာတွင်ရှိနေသည့် ဆိုရိုကုန်သွယ်ရေးအဖွဲ့သည့်လည်း အံ့သြမင်သက်လျှက်ရှိသည်။

သူတို့၏ နှလုံးသားထဲတွင်ရှိနေသည့် အံ့သြထိတ်လန့်မှုမှာ ဖော်ပြရန်အတွက်ခက်ခဲပေလိမ့်မည်ဖြစ်သည်။

အထူးသဖြင့် မန်နေဂျာဟယ်ရီ၊ အနီရောင်၀တ်စုံံဖြင့် ချစ်စဖွယ်ကောင်မလေးရှယ်လီနှင့် သူမ၏ဘေးတွင်ရှိနေသည့် အဖြူရောင်၀တ်စုံဖြင့်ဓားသမားတို့ပင်။ သူတို့အားလုံးအလွန်ပင် ယုံရခက်သည့်အရာတစ်ခုကို မြင်တွေ့လိုက်ရသည်။ ဤတိုက်ပွဲကိုအောင်နိုင်လိုက်ခြင်း၏အဓိပ္ပာယ်ကို ချမ်းဘော့ဒ်တိုင်းပြည်မှလူများသိချင်မှသိပေလိမ့်မယ်။ သို့သော်လည်း ဤလူများမှာမူ ကောင်းစွာသဘောပေါက်၏။ ဤသည်မှာ အထူးသူရဲကောင်းဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ခရစ်ဆူတွန်ပင်။ အင်ပါယာတွင် အလေးစားခံရဆုံးပါရမီရှင်တစ်ယောက်၊ အင်ပါယာသိုင်းလောကအတွက် အနာဂတ်ကြယ်ပွင့်တစ်ယောက်ပင်။။ ဆူတွန်မှာ ၁၆နှစ်သာရှိသေးပြီး သူ၏အတွေ့အကြုံမှာ ကျန်ရှိနေသည့် အထူးသူရဲကောင်း၉ယောက်နှင့် နှိုင်းယှဥ်ကြည့်ပါက နုနယ်နေသေးသော်လည်း သူသည်တော်၀င်သူရဲကောင်းနန်းတော်၏ ပြရုပ်တစ်ခုဖြစ်နေဆဲပင်။ ဤသည်မှာ တစ်ခါမှမဖြစ်ဖူးသေးသည့်အရာတစ်ခုပင်။ [ဓားတစ်လက်သူရဲကောင်း]လဲဤကဲ့သို့လုပ်နိုင်စွမ်းရှိသည်။ သို့သော် သူသည် အထူးသူရဲကောင်းတစ်ယောက်ကို ဤကဲ့သို့ တစ်ခါမှ စိန်မခေါ်ဖူးခဲ့ချေ။

အတိုးချုန်းပါက ချမ်းဘော့ဒ်ဘုရင်သည် သမိုင်းတစ်ခုကို ဖန်တီးခဲ့ခြင်းပင်။

ယခုအချိန်တွင် အင်ပါယာအရှင်သခင်ယရှင်း၏ကျန်းမာရေးအခြေအနေတစ်နေ့ထက်တစ်နေ့ပိုပြီးဆိုး၀ါးလာသည့်နှင့် အမျှ ၀န်ကြီးများ၏ထောက်ခံမှုနှင့် စွမ်းအားကိုယ်စီရှိကြသည့် အာရှဗင်နှင့် ဒိုမင်ဂူတို့၏ ထီးနန်းလုရေးအတွက် အပြိုင်ဆိုင်များပို၍ပြင်းထန်လာသည်နှင့်အတူ အင်ပါယာ၏အခြေအနေမှာလည်း ပို၍ရှုပ်ထွေးလာနေပြီဖြစ်သည်။ သူတို့နှစ်ဦးကြားတွင် တိုက်ခိုက်မှုများမှာလည်း နေ့ဘက်ညဘက်များတွင် တိုးပွားလာလျှက်ရှိသည်။ သို့သော် ကြားနေများဖြစ်သည့် သူရဲကောင်းနန်းတော်မှ သူရဲကောင်းများနှင့် အင်ပါယာသူတော်စဥ်သိုင်းဆရာများကို စည်းရုံးရန်မှာ မင်းသားနှစ်ပါးအတွက်အရေးကြီးလှသည်။ အဘယ်ကြောင့်ဆိုသော် သိုင်းပညာသည်လည်း ထီးနန်းလုတိုက်ပွဲတွင်အရေးပါသောကြောင့်ပင်။ သို့သော်ဤကဲ့သို့သော် အချိန်ခါတွင် သူရဲကောင်းနန်းတော်မှအထူးသူရဲကောင်းတစ်ယောက်ကိုပင် စိန်ခေါ်နိုင်သည့် လူငယ်ဆရာတစ်ပါးမထင်မှတ်ပဲထွက်ပေါ်လာသည်မှာ မည်ကဲ့သို့အဓိပ္ပာယ်ရှိမည်နည်း။ ဤသည်မှာ ရန်သူအားတစ်ချက်ထဲဖြင့်ပင် သတ်ဖြတ်နိုင်သည့်ဓားတစ်ချောင်းထွက်ပေါ်လာသကဲ့သို့ပင်။ ဤလူအား ကိုယ့်ဘက်ပါအောင်စည်းရုံးနိုင်သည့်အဖွဲ့စည်းသည် ထီးနန်းလုတိုက်ပွဲတွင် ပို၍အားသာလာနိုင်သည်မှာ အမှန်ပင်။

ပျက်စီးလုနီးနီးဖြစ်နေသည့် တောင်နှစ်လုံးကို ကြည့်ရင်းဖြင့် မန်နေဂျာ၏စိတ်ထဲတွင် စိတ်ခံစားချက်များရောထွေးလျှက်ရှိသည်။

ယခုအချိန်မှ စတင်ပြီးချမ်းဘော့ဒ်ဘုရင်၏ ဂုဏ်သတင်းသည်လည်း ပြန့်နှံ့တော့မည်ဖြစ်ကြောင်းကို သူရှင်းလင်းစွာသဘောပေါက်သည်။ ဤအချိန်မှစတင်ပြီး ဇီးနစ်အင်ပါယာထဲတွင်ရှိသည့် မည်သည့်အဖွဲ့၀င်တိုင်းပြည်မဆိုချမ်းဘော့ဒ်တိုင်းပြည်ကို ရန်စရဲတော့မည်မဟုတ်ပေ။ ထို့နောက်တွင် ဤသတင်းသည်မကြာမှီမှာပင် အင်ပါယာထဲတွင် စတင်ပျံ့နှံ့တော့မည်ဖြစ်ပြီး ချမ်းဘော့ဒ်ဘုရင်သည်လည်း စွမ်းအားကြီးအဖွဲ့စည်းများ၏ အာရုံစိုက်မှုတို့ကိုခံလာရတော့မည်ဖြစ်သည်။ ချမ်းဘော့ဒ်ဘုရင်မည်သည့်အဖွဲ့ဘက်မှ ထောက်ခံမည်ဆိုသည်အပေါ်တွင်လည်း သူ၏အနာဂတ်သည် မူတည်နေသောကြောင့်ပင်။

ပျက်စီးနေသည့် တောင်ညီနောင်နှစ်လုံးသည်လည်း ဤကြောက်မက်ဖွယ်တိုက်ပွဲ၏ မှတ်ကျောက်တစ်ခုပင်။

ကဗျာဆရာများ၊ အနုပညာရှင်များ ဤနေရာသို့လာရောက်ပြီး တိုက်တစ်ခုလုံးကိုကိုင်လှုပ်ခဲ့သည့် လူငယ်တစ်ယောက်စတင်ပေါ်ထွက်လာသည့်အကြောင်းကို ရေးဖွဲ့ကြမည့်အချိန်မှာ သိပ်ပြီးကြာလိမ့်တော့မည်မဟုတ်ပေ။

All Chapters