← Chapters

အခန်း (၂၅၂)

Vol. 17 Ch. 252

အခန်း (၂၅၂)

Vol. 17 Ch. 252

အောင်ပွဲခံနေသည့် လူအုပ်မှာ အချိန်အတန်ကြာပြီးမှ ငြိမ်သက်သွား၏။

ဤအကြိမ်တွင် လူတိုင်းဖှေးအားကြည့်နေသည့်အကြည့်များမှာ ပြောင်းလဲသွားပြီဖြစ်သည်။ အထူးဖြင့် ဆွေကြီးမျိုးကြီးများ၊ တော်၀င်မျိုးနွယ်များကို မြင်တွေ့နေကြဖြစ်သည့်အတွက် အဖွဲ့၀င်တိုင်းပြည်ငယ်လေးတစ်ခုမှ ဘုရင်တစ်ပါးကိုအထင်မကြီးခဲ့သည့် ဆိုရိုကုန်သွယ်ရေးအဖွဲ့မှ စစ်သည်တစ်ချို့ပင်။ သို့သော် ယခုအချိန်တွင်မူ သူတို့ဖှေးအားကြည့်သည့်အကြည့်များမှာ လေးစားမှုများ၊ ကိုးကွယ်မှုများဖြင့် ပြည့်နှက်နေတော့၏။ ဤသည်မှာ အားနည်းသူများ၊ အားကြီးသူအပေါ်တွင် တုန့်ပြန်တတ်သည့်သဘာ၀ပင်။ နိုင်ရာစားတောကြီးတစ်ခုကဲ့သို့ အေဇာရုတိုက်ပေါ်တွင် ခွန်အားကြီးသူများသည် လေးစားခြင်းခံရပြီး၊ ပြသနာတိုင်းကို အင်အားကိုသာအသုံးပြုပြီးဖြေရှင်းလေ့ရှိသောကြောင့်ပင်။

အနည်းငယ်ပြန်လည်ပြင်ဆင်ပြီးသည့်နောက်တွင် တပ်ဖွဲ့မှာ ဆက်လက်၍ခရီးဆက်ကြတော့သည်။

ဤတိုက်ပွဲကိုအောင်နိုင်ခြင်းသည် အနာဂတ်တွင်ကြုံတွေ့လာနိုင်သည့် ချောင်းမြောင်းတိုက်ခိုက်မှုများကို ရှင်းလင်းလိုက်ပြီးဖြစ်သည်။ ယခုအချိန်တွင် အဖွဲ့ထဲတွင် အထူးသူရဲကောင်းတစ်ယောက်ကိုပင် အနိုင်ယူနိုင်သည့် ဆရာတစ်ယောက်ပါရှိနေခြင်းကြောင့် သေချင်စိတ်ရှိနေသည့်လူများသည်သာလျှင် ဖှေးတို့တပ်ဖွဲ့ကို ရန်လာစရဲတော့မည်ဖြစ်၏။

ထို့ကြောင့် လူတိုင်းသည် ယုံကြည်မှုအပြည့်ဖြင့် ဆက်လက်ခရီးဆက်ကြတော့သည်။

ဖှေးမိန်းမလှလေးကို လက်ထဲတွင် ပွေ့ပိုက်ရင်းဖြင့် မဟူရာမုန်တိုင်း၏ကြောပြင်ပေါ်တွင် သက်တောင့်သက်သာစီးနင်းလိုက်ပါနေသည်။ ယခုတွင် သူတို့ရှေ့တွင် တောင်တန်းတစ်ခုသာဖြတ်ကျော်ရန်ကျန်ရှိတော့ပြီး ကျန်ရှိနေသည့်ခရီးမှာမူ လွင်ပြင်တစ်ခုပင်။ ချမ်းဘော့ဒ်တပ်ဖွဲ့၏ ကျန်ရှိနေသောခရီးတွင် အန္တရာယ်တစ်စုံတစ်ရာရှိလာနိုင်ဖွယ်မရှိတော့ပဲ သူတို့သည် အင်ပါယာမြို့တော်ထံသို့ တစ်ရက်အတွင်းပင် ရောက်ရှိနိုင်လိမ့်မည်ဖြစ်သည်။

သို့သော် သူတို့ တောင်တန်းသို့ဖြတ်ကျော်ပြီးလုအချိန်တွင် ဖှေးရုတ်တရက်နောက်သို့လှည့်ကြည့်လိုက်မိသည်။ ဤအခိုက်တန့်တွင် ဖှေးဘာကြောင့်လဲတော့မသိချေ သူ၏နှလုံးသားထဲတွင် တစ်စုံတစ်ခုကို ခံစားလိုက်မိ၏။ ချမ်းဘော့ဒ်တိုင်းပြည်သည် တစ်စုံတစ်ခုနှင့်ကြုံတွေ့နေရသကဲ့သို့ပင် ဖှေး၏နှလုံးသားထဲတွင် ထူးဆန်သည့်ခံစားချက်တစ်ခုကိုခံစားနေရသည်။

......

......

“ချုန်း ချုန်း ချုန်း...”

မြတ်ခင်းပြင်တစ်ခုလုံးတုန်ခါနေသည်။

ကောင်ကင်နှင့် မြေကြီးထိစပ်နေသည့် မိုးကုတ်စက်၀ိုင်းတွင် ရေလှိုင်းတစ်ခုကဲ့သို့ မြင်းစစ်သည်တပ်ဖွဲ့ကြီးတစ်ခုထွက်ပေါ်လာ၏။ လေထဲတွင် လွှင့်ပျံနေသည့် အလံရှည်များမှာ အမဲရောင်နဂါးအသေးလေးများကဲ့သို့ပင်။ အလံများအားလုံးသည် အမဲရောင်ဖြစ်ပြီး အလံပေါ်တွင် အရုပ်ဆိုးအကျည်းထန်လှသည့် သွေးများစီးကျနေသော ဓားတစ်လက်နှင့် အရိုးခေါင်းပုံကို ရေးဆွဲထားသည်။ ဤသည်မှာအမဲရောင်ချပ်၀တ်များ၀တ်ဆင်ထားသည့် အမည်မသိရသေးသောတပ်ဖွဲ့တစ်ခုပင်။ ချီတပ်လာသည့် မြင်းစစ်သည်များ၏ ချပ်၀တ်နှင့် ဦးဆောင်းစသည်တို့ပေါ်တွင် သင်္ကေတများပါရှိခြင်းမရှိပေ။ သူတို့သည် သူတို့၏သရုပ်မှန်ကို အသေချာဖုံးကွယ်ထားခဲ့သည်မှာ ထင်ရှားလှ၏။

မြင်းစစ်သည်နှစ်ထောင်ခန့်မှာ သတ်ဖြတ်လိုသည့်ဆန္ဒများဖြင့် ထိုးတက်နေသည့်မျှော်စဥ်ကြီးများကဲ့သို့ပင်။

သူတို့၏အရှေ့အနည်းငယ်၀ေးလှံသောနေရာတွင်ရှိသည့် ကုန်းမြင့်တစ်ခုပေါ်တွင် အနှီရောင်နှင့်အမဲရောင်လူနှစ်ယောက်တို့မှာ မားမားမက်မက်ရပ်တည်နေကြသည်။ သူတို့အားလုံးအကြောက်တရားကင်းမဲ့စွာဖြင့် ချီတပ်လာသည့် မြင်းစစ်သည်တပ်ဖွဲ့ကို ရင်ဆိုင်နေရင်းဖြင့် တစ်စုံတစ်ခုကိုတိတ်ဆိတ်စွာဖြင့် စောင့်စားနေကြ၏။

အဖွဲ့နှစ်ခုကြား အကွာ၀ေးမှာ နီးကပ်သည်ထက်နီးကပ်လာနေပြီဖြစ်သည်။

“ငါက ချမ်းဘော့ဒ်ဘုရင်လက်အောက်က ရွှေရောင်တောရက်စ်သူရဲကောင်း ဒရော့ဂ်ဘာပဲ...ချီတပ်လာတဲ့တပ်ဖွဲ့နားထောင်ကြ။ မင်းတို့က ချမ်းဘော့ဒ်ပိုင်နက်ထဲကို ကျူးကျော်လာနေပြီးပြီ။ မင်းတို့ကို ပြန်ဆုတ်ခွာဖို့ ငါဆယ်စက္ကန့်အချိန်ပေးမယ်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင်တော့ မင်းတို့တွေအကုန်သေပွဲ၀င်ရလိမ့်မယ်...”

ကုန်းမြင့်ပေါ်တွင် ရပ်နေသည့်သူရဲကောင်းမှာ ရုတ်တရက်အော်ဟစ်လိုက်သည်။ သူ၏အသံမှာ ကျယ်လောင်လှသဖြင့် ကောင်းကင်ကိုထိုးဖောက်ပြီး ချီတပ်လာသည့်မြင်းခွာသံများကို လွှမ်းခြုံကာ အ၀ေးသို့ပြန့်လွှင့်သွားသည်။

သို့သော်...

“၀ှီး....”

တစ်ဘက်တွင်ရှိနေသည့်အဖွဲ့ထံမှ တုန့်ပြန်မှုမှာ ပို၍ပင်ကျယ်လောင်သည့် မြှားတစ်စင်းပင်။

ကျယ်လောင်သည့်လေခွင်းသံတစ်ခုနှင့် ထိုမြှားမှာ အနီရောင်မီးတောက်များလွှမ်းခြုံံထားသည်။ ကောင်းကင်ပေါ်မှကျဆင်းလာသည့် ဥက္ကာပျံတစ်ခုကဲ့သို့ပင်။

“အခြေနေမကောင်းဘူး...ဒရော့ဂ်ဘာ ဂရုစိုက်...” လမ်းပါ့ဒ်၏ မျက်နှာမှာပြောင်းလဲသွားသည်။

မြှားထံတွင် အစွမ်းထက်သည့်မီးအတွင်းအားစွမ်းအင်များပါ၀င်နေသည်ကို သူမြင်လိုက်မိသည်။ ဤသည်မှာ အနည်းဆုံးကြယ်သုံးလုံးအလယ်လတ်အဆင့်ခန့်ရှိသော ဆရာတစ်ပါးထံမှ ပစ်လွှတ်လိုက်သည့်မြှားတစ်ချောင်းပင်။ သူဒရော့ဂ်ဘာအတွက် စိုးရိမ်သဖြင့် ရှေ့သို့ခြေတစ်လမ်းတိုးလိုက်ပြီးကောင်းကင်ပေါ်သို့ လက်သီးဖြင့်ထိုးလိုက်၏။ သူ၏လက်သီးမှာ ငွေရောင်လျှပ်စီးအလင်းတန်းများထွက်ခွာသွားပြီး မြှားကိုတိုက်ရိုက်ထိမှန်လိုက်၏။ ဆူညံသည့် ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီးနောက်တွင် ကောင်းကင်ပေါ်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်သွား၏။ မမြင်နိုင်သည့်လေလှိုင်းများမှာ အရပ်မျက်နှာအစုံသို့ပြန့်နှံ့သွားပြီး ပတ်၀န်းကျင်တွင်ရှိနေသည့်အရာများကိုဖျက်ဆီးပစ်လိုက်သည်။

“လေးစားမှုမရှိတဲ့ ခွေးမသားပဲ...” ဒရော့ဂ်ဘာမှာ ဒေါသဖြစ်သွား၏။

သူဘေးပတ်၀န်းကျင်သို့ကြည့်လိုက်ပြီး သူ၏မြင်းဘေးတွင်ချိတ်ထားသည့် ပုဆိန်ကြီးကိုယူလိုက်သည်။ ထို့နောက်တွင် လက်နှစ်ဖက်လုံးကိုအသုံးပြုပြီးခွန်အားအပြည့်သုံး၀ှေ့ရမ်းကာ ရန်သူများထံသို့ ပစ်လွှတ်လိုက်၏။ ဟော့ခ်ဆေးပုလင်းသောက်သုံးထားပြီးနောက်တွင် သူ၏လက်နှစ်ဖက်မှာ ပေါင်တစ်သောင်းခန့်ရှိသည့် ခွန်အားများကို ထုတ်လွှတ်နိုင်စွမ်းရှိသည်။ ပုဆိန်မှာ လျှင်မြန်စွာ၀ှေ့ရမ်းနေပြီး ရန်သူဘက်မှ ပစ်လွှတ်လိုက်သည့်မြှားထက်ပင် ပို၍အဆင့်မြင့်သည့်ဟန်ပင်။

ဤပုဆိန်သည် သူနှင့်မီတာနှစ်ရာခန့်၀ေးသောနေရာထံသို့ပျံသန်းသွား၏။

မြှားပစ်လွှတ်ခဲ့သည့် သူရဲကောင်းမှာ ဤပုဆိန်ကိုကြိုတင်ကာမြင်လိုက်ရပြီး ထိပ်တိုက်မကာကွယ်ရဲပေ။ သူ၏ခန္ဓာကိုယ်ပေါ်တွင် အနီရောင်စွမ်းအင်မီးတောက်များတောက်ပနေသည့်အတူ လေပေါ်သို့ခုန်တက်လိုက်ပြီး ပုဆိန်အားရှောင်လိုက်၏။ သူ၏ လှုပ်ရှားမှုများမှာ ပျော့ပျောင်းလှပြီး နောက်တစ်ကြိမ်ထက်မံခုန်ပြီးသည့်နောက်တွင် သူ၏မြင်းပေါ်သို့ ပြန်လည်ထိုင်လိုက်၏။ ထင်ရှားစွာ ဆရာတစ်ယောက်ပင်။

သို့သော် သူ၏အနောက်မှလိုက်ပါနေသည့် လူများမှာမူ ကံမကောင်းလှချေ။

ပထမဆုံးလူမတုန့်ပြန်နိုင်သေးခင်မှာပင် သူသည် ပုဆိန်၏တိုက်ရိုက်ပိုင်းဖြတ်ခြင်းကို ခံလိုက်ရ၏။ အသံတစ်သံမှထွက်ပေါ်လာခြင်းမရှိပဲ သူသည်နှစ်ပိုင်းပြတ်သွားပြီး သူ၏ခန္ဓာကိုယ်အောက်ပိုင်းမှာမူမြင်းပေါ်တွင်စီးနေဆဲပင်။ ခန္ဓာကိုယ်အပေါ်ပိုင်းသည် မြင်းအောက်သို့ပြုတ်ကျသွားပြီး တစ်စစီကြေမွသွား၏။ ထိုအချိန်တိုင်အောင် ပုဆိန်သည် ယခင်အရှိန်နှင့် ဆက်လက်ပျံသန်းနေဆဲဖြစ်ပြီး အနောက်တွင်ရှိနေသည့် မြင်းစစ်သည်၇ယောက်ခန့်လဲ ထိုကဲ့သို့ပင်တူညီသောအဆုံးသတ်ဖြင့် ကြုံတွေ့လိုက်ရ၏။ ချက်ချင်းပင် အမဲရောင်မြင်းစစ်သည်များကြားထဲတွင် သွေးစီးကြောင်းများထွက်ပေါ်လာတော့သည်။

“သေစမ်းကွာ....အမြန်ချီတပ်ပြီး အဲ့ခွေးသားကိုသတ်စမ်း...” မီးစွမ်းအင်အသုံးပြုသည့်စစ်သည်မှာ သူ၏ခါးတွင်ချိတ်ထားသည့် ဓားကိုဆွဲထုတ်ကာအော်ဟစ်လိုက်သည်။

အမဲရောင်မြင်းစစ်သည်များမှာ အရှိန်မြင့်ကာချီတပ်လာကြတော့သည်။

“၀ှစ် ၀ှစ် ၀ှစ် ၀ှစ်..”

စူးရှသည့်အသံများသည် ကောင်းကင်အားထိုးဖောက်လိုက်ပြီး အမဲရောင်စစ်သည်တပ်ဖွဲ့ထံမှာ ရောင်စုံစွမ်းအင်များဖုံးလွှမ်းထားသည့် ဓားလေးချောင်းထွက်ပေါ်လာတော့၏။

“သေစမ်း ရန်သူတွေဘက်မှာ ဆရာတွေပါတာပဲ...ငါတို့နှစ်ယောက်ထဲကိုင်တွယ်နိုင်မှာမဟုတ်လောက်ဘူး...”

လမ်းပါ့ဒ်ထိုအသံများကို ကြားလိုက်သည့်အချိန်တွင် သူ၏မျက်နှာမှာပြောင်းလဲသွား၏။ ဤဓားများမှာ ကြီးမားသည့်စွမ်းအင်များကို ပြသလျှက်ရှိသည်။ ကြယ်သုံးလုံးအဆင့်ထက်ပိုသည့် ဆရာလေးယောက်ပါရှိနေသည့်အဓိပ္ပာယ်ပင်။ ထို့အပြင် မြင်းစစ်သည်အင်အား၂၀၀၀ခန့်ပါရှိသည့် တပ်ဖွဲ့မှာ သူနှင့် ဒရော့ဂ်ဘာတို့နှစ်ယောက်ထဲကိုင်တွယ်နိုင်သည့်ကိစ္စမျိုးမဟုတ်ပေ။

“မစိုးရိမ်ပါနဲ့ ဖရန့်ခ်...ကျွန်တော်တို့ဒီခွေးသားတွေကို နှုတ်ဆက်လက်ဆောင်လေးနည်းနည်းလောက်အရင်ပေးလိုက်ရအောင်...”

ဒရော့ဂ်ဘာမှာ ပြောရင်းဖြင့် ကျန်ရှိနေသည့် ပုဆိန်သုံးချောင်းကိုလှမ်းယူလိုက်သည်။ ကြောက်မက်ဖွယ်ခွန်အားအောက်တွင် ဤပုဆိန်သုံးချောင်းသည် လေဗွေများသဖွယ်လည်ပတ်သွားပြီး ရန်သူတပ်ဖွဲ့ထဲတွင် သွေးစီးကြောင်းသုံးခုကို ထပ်မံဖန်တီးလိုက်၏။

“သေစမ်း....”

“အဲ့ကောင်တွေကို သတ်ပစ်စမ်းကွာ...”

ထိပ်တိုက်မတွေ့ဆုံမှီမှာပင် ဒရော့ဂ်ဘာပစ်လွှတ်လိုက်သည့် ပုဆိန်များမှာ လူအယောက်၄၀ကျော်ခန့်ကို သတ်ဖြတ်ပစ်လိုက်ပြီးဖြစ်သည်။ အရှေ့ဆုံးမှ ချီတပ်လာသည့် ရောင်စုံအတွင်းအားမီးတောက်များလွှမ်းခြုံနေသည့်ဆရာလေးပါးမှာ ဒေါသဖြစ်သွား၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် အဖွဲ့နှစ်ခုကြားအကွာ၀ေးမှာ တစ်ရာမီတာခန့်ပင်နီးကပ်လာနေပြီဖြစ်ပြီး ကောင်ကင်းအားဖုံးလွှမ်းနေသည့် မြှားမိုးများမှာ ထိုနှစ်ယောက်ထံသို့စတင်ကာရွာကျလာတော့သည်။

“အမြန်လုပ် ဆုတ်ခွာတော့..”

လမ်းပါ့ဒ်နှင့် ဒရော့ဂ်ဘာတို့မှာ မီးမှုတ်သားရဲများပေါ်သို့ ခုန်တက်လိုက်ကြပြီးအနောက်တွင် ဖုန်မှုန့်များသာချန်ထားခဲ့ပြီး ဆုတ်ခွာသွားကြတော့သည်။ သူတို့၏အဆင့်၄မှော်သားရဲများဖြစ်သည့် မီးမှုတ်သားရဲများမှာ သာမန်စစ်မြင်းများထက်များစွာပို၍ မြန်ဆန်လှသည့်အတွက် ချက်ချင်းပင် တိုက်ပွဲမှထွက်ခွာပြီး ချမ်းဘော့ဒ်တိုင်းပြည်ထံသို့ ဆုတ်ခွာသွားကြ၏။

ကီလိုမီတာသုံးထောင်ခန့်အကွာတွင်ဖြစ်သည်။

ချမ်းဘော့ဒ်စစ်သည်တစ်ရာကျော်ခန့်မှာ တောင်ကုန်းတစ်ခုပေါ်တွင်ရပ်နေကြသည်။ ရှေ့ဆုံးတွင်ဦဆောင်နေသည့် လူမှာအမဲရောင်ရေတံခွန်ကဲ့သို့ဆံပင်များဖြင့်ဖြစ်ပြီး ထူးခြားသည့်အမဲရောင်ချပ်၀တ်တစ်ခုကို၀တ်ဆင်ထား၏။ သူ၏ခါးတွင် ငါးပေခန့်ရှည်ပြီး လက်ငါးချောင်းစာခန့်အကျယ်ရှိသော ဓားတစ်လက်ကိုလွယ်ထားပြီး သူ၏မျက်နှာတွင် တရားမျှတမှုရှိသည့် အရိပ်ယောင်များဖြင့် ပြည့်နှက်နေ၏။ ဤလူမှာ ချမ်းဘော့ဒ်တိုင်းပြည်၏ စစ်ဘက်ဆိုင်ရာခေါင်းဆောင်ဘရွတ်ပင်။

ချမ်းဘော့ဒ်တိုင်းပြည်မှ တပ်ကူများမှာရောက်ရှိလာပြီဖြစ်သည်။

ချမ်းဘော့ဒ်တပ်ကူများနှင့် ငါးမီတာခန့်၀ေးသောနေရာတွင် ကယ်တင်လာခဲ့သည့် ချမ်းဘော့ဒ်မှမိုင်းတွင်ကျေးကျွန်၇၀၀ခန့်မှာ သူတို့အားကြိုဆိုရန်လာကြသည့် စစ်သည်များ၏အကူညီဖြင့် မြို့အတွင်းသို့ အမြန်ပြေး၀င်လျှက်ရှိကြသည်။ သူတို့အားလုံးမြို့အတွင်းသို့၀င်ရောက်ပြီးသည်နှင့်တပြိုင်နက်ချမ်းဘော့ဒ်တပ်ဖွဲ့သည် မြေမျက်နှာသွင်ပြင်အားသာမှုကို အသုံးပြုပြီး ဘယ်ကမှန်းမသိရောက်လာသည့်ရန်သူများအားခုခံရန်မှာအခက်ခဲရှိတော့မည်မဟုတ်ပေ။

“ဆရာဘရွတ် အခြေအနေတော့သိပ်မကောင်းဘူး။ ရန်သူတွေထဲမှာ သိုင်းဆရာလေးယောက်ပါတယ်။” လမ်းပါ့ဒ်နှင့် ဒရော့ဂ်ဘာတို့ ဘရွတ်ထံသို့ရောက်လာပြီး အခြေအနေကိုတင်ပြလိုက်သည်။

ဘရွတ်၏ မျက်နှာမှာပြောင်းလဲသွားသည်။ သို့သော် သူချက်ချင်းပင် တည်ငြိမ်အောင်ပြန်ထိန်းလိုက်၏။ “ကိစ္စမရှိဘူး..ငါတို့သူတို့ကို ၁၅မိနစ်လောက်အချိန်ဆွဲဖို့ပဲလိုတယ်။ ငါတို့လူတွေအကုန်မြိုထဲ၀င်ပြီးတာနဲ့ တပြိုင်နက်ဂိတ်တံခါးကိုပိတ်လိုက်ပြီး ခုခံလို့ရတယ်။” သူမျက်မှောင်ကြုံ့ပြီး ခနတာခန့်စဥ်းစားပြီးနောက်တွင် အမိန့်များစွာကိုချမ်းဘော့ဒ်တပ်ဖွဲ့ထံံသို့ ပေးလိုက်၏။ ဘရွတ်ကိုလူတိုင်းလေးစားကြသည့်အတွက် စစ်သည်တိုင်းသည် ချက်ချင်းပင် ဘရွတ်ပေးထားသည့်အမိန့်များအတိုင်စတင်၍ ပြင်ဆင်ကြတော့သည်။

မကြာမှီတွင် ချီတပ်လာကြသည့်အမဲရောင်စစ်သည်များမှာ သူတို့၏မြင်ကွင်းတွင် ပေါ်လာတော့၏။ အတွင်းအားမီးတောက်များနှင့် သိုင်းဆရာလေးယောက်မှာ ပို၍သတိထားမိဖွယ်ပင်။

All Chapters