အခန်း (၂၅၃)
Vol. 17 Ch. 253
ဇီးနစ်အင်ပါယာပိုင်နက်အတွင်းသို့၀င်ရောက်ပြီးသွားသည့်နောက်တွင် ချမ်းဘော့ဒ်တပ်ဖွဲ့နှင့် ဆိုရိုကုန်သွယ်ရေးအဖွဲ့တို့စိတ်အေးသွားကြ၏။
ဤတော်၀င်မြေပိုင်နက်ထဲတွင် မည်သည့်အဖွဲ့၀င်တိုင်းပြည်ကမှ ချမ်းဘော့ဒ်တပ်ဖွဲ့ကိုတိုက်ခိုက်ရဲလိမ့်မည်မဟုတ်ပေ။ သို့မဟုတ်ပါက အဆင့်၁အဖွဲ့တိုင်းပြည်၏ဘုရင်ပင်လျှင် ထိုကဲ့သို့ပြုလုပ်ပါက ချက်ချင်းဖမ်းဆီးကာ ကွပ်မျက်ခံရမည်ဖြစ်သောကြောင့်ပင်။ ချွင်းချက်ရှိလိမ့်မည်မဟုတ်ပေ။
ဤသည်မှာ အမိအင်ပါယာတစ်ခု၏ စွမ်းအားပင်။
သူ၏အမိအင်ပါယာထံသို့ ပထမဆုံးရောက်ဖူးသည့်ဖှေးမှာ အလွန်စိတ်၀င်စားလျှက်ရှိသည်။
အမိအင်ပါယာမြို့တော်အတွင်းတွင်ရှိသည့်လေထုမှာ တစ်ခြားအဖွဲ့၀င်တိုင်းပြည်များတွင်ရှိသည်နှင့်မတူပဲထူးခြားလျှက်ရှိသည်ကို ဖှေးသတိထားမိ၏။ ပတ်၀န်းကျင်မှာ ပို၍တင်းကြပ်နေသည်။ ချမ်းဘော့ဒ်တိုင်းပြည်ပိုင်နက်အတွင်းသို့စတင်၀င်ရောက်လာသည့်အချိန်မှစပြီး ဖှေးအတားဆီးများစွာနှင့် စစ်သည်အစောင့်ကင်းတဲများစွာတို့ကို တွေ့ရှိခဲ့ရသည်။ ထိုအရာများအပြင် ကင်းလှည့်နေသည့် ချပ်၀တ်အပြည့်စုံ၀တ်ဆင်ထားသည့် မြင်းစစ်သည်များစွာလည်းရှိနေသေးသည်။ သူတို့သည့် အဖွဲ့များစွာခွဲလျှက်စနစ်တကျကင်းလှည့်လျှက်ရှိရာ ကောင်းကင်ပေါ်မှ ပိုက်ကွန်ကြီးတစ်ခုနှင့် ဖုံးကာထားသကဲ့သို့ပင် အင်ပါယာအတွင်းရှိလုံခြုံရေးမှာ တင်းကြပ်လှသည်။ ရှည်လျားလှသည့် မျှော်စဥ်ကြီးများလည်းရှိနေသည့်အတွက် မည်သူမျှ ပိုင်နက်အတွင်းသို့ မသိပဲ၀င်လာနိုင်လိမ့်မည်မဟုတ်ပေ။
ချမ်းဘော့ဒ်တပ်ဖွဲ့နှင့် ဆိုရိုကုန်သွယ်ရေးအဖွဲ့တို့မှာ ပိုင်နက်အတွင်းသို့ကီလိုမီတာအနည်းငယ်လောက်သာ ခရီးဆက်လာရသေးသော်လည်း အစောင့်များစွာနှင့်တွေ့ပြီး မေးခွန်းများစွာတို့ကို အစစ်မေးခံခဲ့ရပြီးဖြစ်သည်။ သူတို့မေးသည့် မေးခွန်းများမှာ အလွန်အသေးစိတ်ကျလှသဖြင့် ဖှေးသည် ရန်သူတစ်ယောက်ကဲ့သို့ပင်အဆက်ဆံခံနေရသည့်အတိုင်းပင်။
ဤဖြစ်ရပ်မှာ ဖှေးအားအံ့သြစေသလို ထူးဆန်းသလိုလဲခံစားရစေသည်။
“လေထုက ထူးဆန်းနေတယ်။ ဇီးနစ်ရဲ့စစ်အင်အားက ကောင်းတယ်ဆိုပေမယ့် ပုံမှန်ဆိုဒီလောက်ကြီးမတင်းကြပ်သင့်ဘူး။ ဖြစ်လာတော့မယ့်စစ်ပွဲကြီးတစ်ခုအတွက်ပြင်ဆင်နေသလိုပဲ။ စိတ်၀င်စားစရာပဲ...”
ဖှေးအသေးစိတ်လေ့လာသုံးသပ်ကြည့်နေသည်။
“ကျင်းပတော့မယ့်စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲကြောင့်လားတော့မသိဘူး...အဖွဲ့၀င်နိုင်ငံပေါင်း၂၅၀လောက်က ကျွမ်းကျင်စစ်သည်တွေမြို့တော်ထဲကိုလာမယ်ဆိုတော့ သတိကြီးကြီးထားနေတာလဲဖြစ်နိုင်တာပဲ...” ဖှေးဤအကြောင်းပြချက်တစ်ခုတည်းကိုသာ စဥ်းစားနိုင်၏။
တောင်ညီနှောင်တွင် တိုက်ပွဲဖြစ်ပွားပြီးသည်မှစ၍ တစ်ရက်တာခန့်ကြာမြင့်သွားပြီဖြစ်သည်။
ယခုအချိန်တွင် ဖှေးအပန်းမဖြေနိုင်သေးပေ။ သူတွင်ရှိသည့်အကျင့်ကောင်းတစ်ခုအတိုင်း ဖှေးဆူတွန်နှင့် တိုက်ပွဲမှရရှိလာသည့် သင်ခန်းစာယူစရာအချက်များကို ပြန်လည်ကာသုံးသပ်ကြည့်နေမိခဲ့သည်။ ဤတိုက်ပွဲသည် ဖှေးကိုလှုံ့ဆော်ပေးခဲ့ပြီး သူဤကမ္ဘာသို့စတင်၍ရောက်လာခဲ့စဥ်က ခံစားခဲ့ရသည့်ဖိအားတစ်ခုကို ခံစားရစေခဲ့သည်။ သူသည်ပို၍ပင် အစွမ်းထက်သည့်စစ်သည်များနှင့် တွေ့ကြုံရကာ ပို၍ပင်ခက်ခဲသည့် စိန်ခေါ်မှုများဖြင့်ရင်ဆိုင်ရဦးမည်ဟု ခံစားနေရသည်။ သူသည် လာမည့်မုန်တိုင်းဒဏ်ကိုခံနိုင်ရန်အတွက် အစွမ်းကုန်သုံးပြီး သူ၏စွမ်းအားများကို မြှင့်တင်ရမည်ဖြစ်သည်။
လွန်ခဲ့သည့်တစ်ရက်အတွင်းသည် ဖှေးသည်ပြီးခဲ့သည့်တိုက်ပွဲကို ပြန်လည်ကာသုံးသပ်ကြည့်ရင်းဖြင့် တိုးတက်မှုများစွာကိုပြုလုပ်နိုင်ခဲ့သည်။
ဖှေးအတွက် အကြီးမားဆုံးတိုးတက်မှုမှာ လူရိုင်းဇာတ်ကောင်၏ တိုက်ခိုက်မှုစတိုင်ပင်။
ဤအေဇာရုတိုက်ပေါ်တွင် နတ်ဘုရားများကပင် လက်ခံထားရသည့် အမှန်တရားတစ်ခုရှိ၏။ စစ်သည်များနှင့် မှော်ဆရာတိုင်းသည် သူတို့၏ကိုယ်ပိုင် လျို့၀ှက်သိုင်းကွက်များရှိကြသည်။ မျိုးဆက်များစွာဖန်တီး အဆင့်မြှင့်တင်ခဲ့ကြသဖြင့် ဤသိုင်းကွက်များတွင် စွမ်းအားအပေါ်တွင် နက်ရှိုင်းသည့် နားလည်မှုများစွာပါ၀င်နေပြီး ထိခိုက်စေနိုင်မှု အမြောက်များကို ပြုလုပ်နိုင်ကြသည်။ ထိုအရာများထဲတွင် သိုင်းဆရာများ၏ သိုင်းကွက်များနှင့် မှော်ဆရာများ၏ မှော်အစီရင်များမှာ စွမ်းအားအမြင့်ဆုံးနည်းပညာများပင်။
မှော်ဆရာလောကတွင် သူ၏ထူးခြားမှုကြောင့် ပိုက်ဆံနှင့် ကြွယ်၀မှုများစွာလိုအပ်သည်။ ထို့ကြောင့် မှော်ဆရာအရေတွက်မှာ စစ်သည်အရေတွက်နှင့် နှုင်းယှဥ်ကြည့်ပါက နည်းပါးနေခြင်းဖြစ်သည်။ ဖှေးဤကမ္ဘာသို့ ရောက်လာခဲ့စဥ်မှ စပြီး မှော်ဆရာတစ်ချို့ကိုသာ တွေ့ဖူးသေးသည်။ တကယ်တန်းတွင် သူကြုံတွေ့ဖူးသမျှမှော်ဆရာများထဲတွင် စွမ်းအားအမြင့်ဆုံးမှော်ဆရာမှာ ချမ်းဘော့ဒ်တိုင်းပြည်၏ ၀န်ကြီးချုပ်ဟောင်း ဘစ်ဇားပင်။ ဘစ်ဇားသည်တကယ်တန်းတွင် ကြယ်လေးလုံးအဆင့်မှော်ဆရာတစ်ယောက်ပင်။ သူတွင် ပညာသင်ပေးသည့်ဆရာမရှိသဖြင့် သူထံတွင် အသိပညာလုံလုံလောက်လောက်ရှိပုံမရချေ။ ထို့ကြောင့် ကြယ်လေးလုံးအဆင့်သို့ပင်ရောက်အောင်ကျင့်နိုင်သည်မှာ အံ့သြဖွယ်ကောင်းလှ၏။ သူကြယ်လေးလုံးအဆင့်သို့ရောက်ပြီးသည့်နောက်တွင် သူသည် အဆင့်၄မှော်တိုက်ခိုက်ခြင်းများကိုလည်း သင်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် သူ၏စွမ်းအားများကို အပြည့်၀အသုံးချနိုင်ခြင်းမရှိပေ။ သူသည်လက်နက်မရှိသည့် စစ်သည်တစ်ယောက်ကဲ့သို့ပင်။ ဤဖြစ်ရပ်မှာ ဖှေးအားမှော်ဆရာတို့အစွမ်းထက်ပုံကို သိရှိစေခဲ့သည်၊။
မှော်ဆရာများအပြင် ဖှေး အတွင်းအားစွမ်းအင်ကိုအသုံးပြုသည့်စွမ်းအားကြီးသည့်စစ်သည်များစွာနှင့်တွေ့ဆုံခဲ့ရသည်။ သူတို့ထဲတွင် အစွမ်းထက်ဆုံးပုဂ္ဂိုလ်မှာ ပဲရစ်ဘက်မှ ဆံပင်အဖြူရောင်နှင့်အဖိုးကြီးမာဖီနှင့် ဇီးနစ်စစ်ပွဲနတ်ဘုရားအာရှဗင်တို့ပင်။ သို့သော် ဖှေးအားထိတ်လန့်အံ့သြစေဆုံးဖြစ်သူမှာ ရွှေရောင်နေမင်းသူရဲကောင်းခရစ်ဆူတွန်ပင်။ သူတို့နှစ်ယောက်တောင်ညီနောင်ပေါ်တွင် တိုက်ခိုက်ခဲ့စဥ်ကဖြစ်သည်။
ဤအထူးသူရဲကောင်း၏ သိုင်းကွက်ဖြစ်သည့် ရွှေရောင်လှံရှည်ဆူနာမီသိုင်းကွက်မှာ ဖှေးအားအံ့သြစေခဲ့သည်။
ဤသည်မှာ ဖှေးပထမဆုံးအနေဖြင့် ကြယ်ငါးလုံးအဆင့်စစ်သည်တစ်ယောက်သည် ကြယ်၆လုံးအဆင့်ရှိသည့် တိုက်ခိုက်မှုကို ထုတ်သုံးသည်ကို မြင်တွေ့ဖူးခြင်းပင်။
သူသည် သူဖန်တီးခဲ့သည့်သိုင်းကွက်များဖြစ်သည့် အလင်းလက်သီးနှင့် အလောင်းထပ်ငလျင်လှိုင်းတို့နှင့်ပတ်သက်ပြီး များစွာဂုဏ်ယူနေမိခဲ့သည်။ သို့သော် သူဖန်တီးခဲ့သည့်သိုင်းကွက်များမှာ ဆူတွန်၏သိုင်းကွက်နှင့် နှိုင်းယှဥ်ကြည့်ပါက အထင်ကြီးဖွယ်မရှိတော့သည်ကို သူလက်ခံလိုက်ရသည်။ ဤမမျှော်လင့်ပဲရရှိလိုက်သည့်အတွေ့ကြုံသည် ဖှေးအတွက်ပို၍အဆင့်မြင့်သည့် သိုင်းကွက်ကျင့်စဥ်စာလိပ်များဖန်တီးရန်ရည်မှန်းချက်ကို ပို၍ခိုင်မာစေသည်။
ထိုအချက်အပြင် ရွှေရောင်နေမင်းသူရဲကောင်းနှင့်တိုက်ပွဲအတွင်းတွင် ဖှေးသူ၏လူရိုင်းဇာတ်ကောင်အတွက် တိုက်ခိုက်ခြင်းပုံစံအသစ်များကိုလည်း ရှာဖွေ့တွေ့ခဲ့လိုက်သည်။
အတွင်းအားစွမ်းအင်ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာခွန်အားဖြစ်စေကာမူ ထိုအရာများသည်အစွမ်းများသာဖြစ်သည်။ ကံမကောင်းစွာပင် လူရိုင်းဇာတ်ကောင်အနေဖြင့်ဖှေးသည် သူ၏ခွန်အားများကို အလွန်အခြေခံကြသည့်နည်းလမ်းများဖြင့်သာအသုံးပြုနိုင်သည်။ ဤတိုက်ခိုက်ခြင်းပုံစံသည် တစ်ခြားစစ်သည်များ၏ ပြိုးပြိုးပြက်ပြက်အတွင်းအားစွမ်းအင်သိုင်းကွက်များနှင့် နှိုင်းယှဥ်ကြည့်ပါက အလွန်ရိုးရှင်းလှ၏။ ထိခိုက်စေနိုင်မှုကို ချက်ချင်းမတိုးမြှင့်နိုင်ခြင်းအပြင်ဖှေး၏လူရိုင်းဇာတ်ကောင်တွင် ပစ္စည်းများဖြင့် ပစ်ပေါက်ခြင်းမှလွဲ၍ အ၀ေးပစ်တိုက်ကွက်များလည်းမရှိပေ။
ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်းတွင် ဖှေးလူရိုင်းဇာတ်ကောင်၏အစွမ်းကိုတခြားနည်းလမ်းဖြင့်အသုံးပြုနိုင်သည့်နည်းတစ်ခုကိုရှာတွေ့ခဲ့သည်။
အ၀ေးတွင်ရှိနေသည့်ရန်သူကိုလှမ်းဤတိုက်ခိုက်ရန်အတွက် လေထုကိုသိပ်သည်းအောင်လက်သီးအချက်ပေါင်းများစွာထိုးပြီးပစ်လွှတ်ခြင်းပင်။
ရွှေရောင်နေမင်းစစ်သည်နှင့် တိုက်ပွဲအတွင်းတွင် ဖှေးဖိအားများအောက်တွင် အလွန်ထူးဆန်းသည့်တိုက်ပွဲအခြေအနေတစ်ခုသို့ရောက်ရှိခဲ့၏။ ဤအချိန်တွင် သူ၏ခန္ဓာကိုယ်အတွင်းတွင်ရှိသည့်ဆဲလ်တစ်ခုခြင်းစီသည် နိုးထလာသကဲ့သို့ပင်။ ဤအခြေအနေတွင် သူ၏လူရိုင်းဇာတ်ကောင်၏ခွန်အားများသည် အလွန်ထူးခြားသည့်အရာတစ်ခုကိုဖန်တီးခဲ့သည်။ စွမ်းအားကုန်ထုတ်လွှတ်လိုက်ပြီးနောက်တွင် ဖှေးသည် သူ၏အဖျက်စွမ်းအားကြီးသည့်ခွန်အားများကိုအသုံးပြုပြီး လေထုကိုထိုးကာ ကားတစ်စီးအရွယ်စားရှိသည့် လက်သီးရာများကိုဖန်တီးခဲ့ခြင်းပင်။ ထိုလက်သီးရာများသည် ကြည်လင်သည့်အရောင်ဆင်းရှိပြီး လက်သီးတစ်ခု၏ပုံံကိုအသေးစိတ်ဖော်ဆောင်လျှက်ရှိသည်။
ဖှေးအားအံ့သြစေဆုံးမှာ လက်သီးရာတစ်ခုခြင်းစီတိုင်းတွင် သူထိုးလိုက်သည့်ခွန်အား၁၀၀ရာခိုင်နှုန်းပါ၀င်နေခြင်းပင်။ ခွန်အားများသည်မပျောက်ကွယ်မှီအချိန်ထိလက်သီးရာများအဖြစ်တည်ရှိနေကြခြင်းဖြစ်သည်။ ထိုလက်သီးရာများမပျောက်ကွယ်မှီအချိန်တွင်းတွင်ဖှေးသည် လက်သီးရာပေါင်း၃၀ ၄၀ခန့်ထက်မံဖန်တီးနိုင်ပြီးရန်သူအားတပြိုင်နက်တိုက်ခိုက်နိုင်သည်။ အတူပေါင်းစည်းပါကဖှေးရန်သူတစ်ယောက်ကို အကြိမ်ပေါင်း၄၀တိုက်ခိုက်လိုက်သည့် အင်အားနှင့်တူညီသည်။ အတူပေါင်းစည်းလိုက်ပါက ထိလိုက်စေနိုင်မှုသည့် ကြယ်၆လုံးအဆင့်အစွမ်းတစ်ခုဖြင့်ပင်ညီမျှသည်။
ဤအချက်ကြောင့် ဖှေးသည် ဆူတွန်၏ငွေအတွင်းအားစွမ်းအင်များကြောင့်ဒဏ်ရာရရှိနေပြီးဖြစ်သော်လည်း အခြေအနေများကိုပြောင်းလဲကာအနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဤသည်မှာ ဖှေးအား ဤကဲ့သို့အဆင့်ရှိသည့်တိုက်ပွဲများတွင် အနိုင်ရရှိလိုပါက သိုင်းကွက်တစ်ချို့ကိုလေ့ကျင့်သင့်ကြောင်းလဲသဘောပေါက်စေခဲ့သည်။