← Chapters

အခန်း (၂၅၄)

Vol. 17 Ch. 254

အခန်း (၂၅၄)

Vol. 17 Ch. 254

ဤသည်မှာ ဖှေးသူ၏လူရိုင်းဇာတ်ကောင်အပေါ်တွင် နားလည်သွားသည့်နားလည်မှုအသစ်ပင်။

တိုက်ပွဲအပြီးနောက်တစ်နေ့တွင် ဖှေးလက်သီးရာများကိုထက်မံဖန်တီးခြင်းကို အကြိမ်ကြိမ်ကြိုးစားကြည့်ခဲ့သည်။ သူအကြိမ်ပေါင်းများစွာလေ့ကျင့်ပြီးသည့်နောက်တွင် ဤသိုင်းကွက်ကိုကျွမ်းကျင်စွာဖြင့်အသုံးပြုနိုင်သွားပြီးဖြစ်သည်။ ထိုအပြင် လူရိုင်းဇာတ်ကောင်၏ လက်ရှိခွန်အား၊ ရုပ်ပိုင်းဆိုင်ရာအာရုံများနှင့် တိုက်ပွဲအတွေ့ကြုံတို့သည် သူအားလက်သီးရာ၄၆ခုခန့်အထိဖန်တီးနိုင်စွမ်းရှိသည်ကိုလည်း လေ့လာခဲ့မိသည်။ ဤသည်မှာ သူ၏ အကန့်သက်ပင် လက်သီးရာ၄၆ခုကျော်လွန်သွားသည့်အချိန်တွင် ပထမဆုံးထုတ်လွှတ်ထားသည့်လက်သီးချက်မှာ လေထဲတွင်ပျောက်ကွယ်သွားမည်ဖြစ်ပြီး ထိုထက်ပို၍ မစုပေါင်းနိုင်တော့ချေ။

လက်သီးရာပေါင်း၄၆ခုပေါင်းစီး၍တိုက်ခိုက်ခြင်းသည် ကြယ်၆လုံးအဆင့်ထိခိုက်စေနိုင်မှုနှင့်ညီမျှပြီး ဤသည်ကပင် အတော်ကောင်းမွန်နေပြီဖြစ်သည်။

“ဒီလက်သီးရာတွေကို ပေါင်းစည်းပြီးတိုက်ခိုက်တဲ့အကွက်က ကျန်တဲ့သိုင်းကွက်တွေနဲ့ယှဥ်နိုင်လောက်ပါတယ်။ နောက်ပြီး ငါကိုယ်တိုင်ဖန်တီးခဲ့တာပဲ။ ဒါကြောင့်မို့ ငါဒီသိုင်းကွက်ကို နာမည်တစ်ခုပေးမှရမယ်။ ကောင်းကင်လက်သီးလို့ခေါ်တာပေါ့ဟားဟား...” ဖှေးသူပေးသည့်နာမည်ကို သဘောကျပြီးကျယ်လောင်စွာရယ်မောလိုက်မိသည်။

ဆူတွန်နှင့်တိုက်ပွဲပြီးဆုံးသွားပြီးသည့်နောက်တွင် ဖှေးစွမ်းအားဂိတ်တံခါးအသစ်တစ်ခုကို ဖွင့်လိုက်မိသကဲ့သို့ခံစားရ၏။ သူယခင်ကခံစားခဲ့ရသည့် မျက်နှာကျက်မှာပျောက်ကွယ်သွားသကဲ့သို့ခံစားလိုက်ရပြီး သူသည်ဒိုင်ယာဘလိုကမ္ဘာမှဇာတ်ကောင်အမျိုးမျိုးနှင့် အစွမ်းအမျိုးမျိုးတို့အပေါ်တွင်မူတည်ပြီး သိုင်းကွက်များနှင့် တိုက်ခိုက်ပုံများကို ဖန်တီးနိုင်တော့မည်ဖြစ်သည်။ ယခင်က အိုတကုတစ်ယောက်ဖြစ်ခဲ့သည့် ဖှေးအတွက် ဤသည်မှာ ပျော်စရာပင်။

“ငါအခုတိုက်ခိုက်မှုအတွက် သိုင်းကွက်တစ်ခုရှိသွားပြီဆိုတော့ ခုခံဖို့အတွက်လဲသိုင်းကွက်တစ်ခုလောက်စဥ်းစားရမယ်။”

ဖှေးတွေးလိုက်မိသည်။

လူရိုင်းဇာတ်ကောင်၏ ပင်ကိုယ်တိုက်ခိုက်မှု ပုံစံမှာရိုးရှင်းလှသည်။ တိုက်ခိုက်ခြင်းကိုသာပြုမူပြီး ခုခံခြင်းလုံး၀မရှိပေ။ ရှေ့သို့သာချီတပ်ပြီးအနောက်သို့ဆုတ်ခွာမည်မဟုတ်ပေ။ သို့သော် ဘုရင်တစ်ပါးအနေဖြင့် တိုက်ပွဲတစ်ခုပြီးဆုံးသည့်အချိန်တိုင်းတွင် သွေးများစိုရွှဲနေပြီးသေခါနီးပုံစံံဖြစ်နေခြင်းသည် သူ၏ပုံရိပ်နှင့်သိပ်ပြီးမအပ်စပ်လှချေ။

သို့သော်လည်း သူသည် သူ၏စိတ်ထဲတွင်ရှိနေသည့်အရာပေါ်တွင်၁၀၀ရာခိုင်နှုန်းအာရုံစိုက်နိုင်ခြင်းမရှိပေ။

အဘယ်ကြောင့်ဆိုသော် သူ၏အနောက်ဘက်ချမ်းဘော့ဒ်တိုင်းပြည်တည်ရှိနေသည့်အရပ်တွင် တစ်စုံတစ်ခုမှာသူ့အားဆင့်ခေါ်နေသကဲ့သို့ဖှေးခံစားနေရသည်။ ၀ေ၀ါးသော်လည်း ရုတ်တရက်အရေးကြီးဆင့်ခေါ်ခြင်းခံနေရသကဲ့သို့ခံစားချက်သည် ဖှေးအားတွေ၀ေသွားစေ၏။

လွန်ခဲ့သည့်တစ်ရက်ခန့်ကဖြစ်သည်။

ချမ်းဘော့ဒ်မြို့ပြင်တွင် ဆောင်းဦးလေသည် မြက်ခြောက်ပင်များကြားထဲမှနေ၍ဖြတ်သန်းကာတိုက်ခတ်နေ၏။

“ချီတပ်ကြ ချမ်းဘော့ဒ်ကိုတစ်ခါတည်းသိမ်းပိုက်ပစ်လိုက်စမ်း...”

အနည်းဆုံးကြယ်လေးလုံအဆင့်ခန့်အစွမ်းရှိလောက်သည့် ဆရာလေးပါးသည်မြင်းများကိုစီးလျှက်ချမ်းဘော့ဒ်တိုင်းပြည်ထံသို့ချီတပ်လာလျှက်ရှိသည်။ သူတို့၏အနောက်တွင် တောက်ပသည့်ချပ်၀တ်များဖြင့် ခေါင်းတွင် သရဖူများ၀တ်ဆင်ထားသည့် ဘုရင်တစ်ချို့လည်းပါရှိသည်။ သတ်ဖြတ်ရန်ရည်ရွယ်ချက်များကို ဖုံးကွယ်ထားခြင်းမရှိပဲ သူတို့၏မျက်နှာအမူရာများမှာ ရက်စက်မှုများဖြင့်ပြည့်နှက်နေလျှက်ရှိသည်။ သူတို့၏အနောက်တွင်ရှိသည်မှာ အမဲရောင်ရေလှိုင်းများကဲ့သို့ချီတပ်လာနေသည့် အမဲရောင်ချပ်၀တ်နှင့်မြင်းစစ်သည်၂၀၀၀ခန့်ပင်။ သံမဏိမြင်းခွာများမှာ မြေပြင်ပေါ်သို့ခြေလှမ်းလျှက်ရှိပြီး ဖုန်မှုန့်များကိုလေပေါ်သို့ပျံ၀ဲသွားစေသည်။ ထိုဖုန်မှုန့်များကြားထဲတွင် အရိုင်းခေါင်းနှင့်သွေးစွန်းနေသည့် ဓားတစ်ချောင်းပုံသင်္ကေတများပါရှိသည့် အမဲရောင်အလံများသည် နဂါးများကဲ့သို့တလူလူလွှင့်ပျံလျှက်ရှိသည်။

တပ်ဖွဲ့တစ်ခုလုံးမှာ သိုးအုပ်ထံသို့ပြေးလာနေသည့်ဆာလောင်နေသော ၀ံပုလွေများကဲ့သို့ပင်။

နောက်ဆုံးတွင် လှပသည့်ချမ်းဘော့ဒ်တိုင်းပြည်နှင့် တောင်တန်းများကို ထိုကျူးကျော်လာသူများ၏မျက်လုံးများထဲတွင် မြင်တွေ့လိုက်ရသည်။

“ချီတပ်ကြ အကုန်သတ်ပစ်ကွာ....”

“အကုန်သတ်ပစ် အကုန်သိမ်းပိုက်ကြ...”

ပစ်မှတ်ကို မြင်တွေ့လိုက်အပြီးတွင် ကျူးကျော်လာသူများသည် သွေးနံ့ရလိုက်သည့် ခွေးအများကဲ့သို့အော်ဟစ်ကြုံး၀ါးကြတော့သည်။

လွန်ခဲ့သည့်၁၅မိနှစ်လောက်ခန့်က ချမ်းဘော့ဒ်ဘုရင်လက်အောက်မှရွှေရောင်သူရဲကောင်းများဟုခေါ်သည့် လူနှစ်ယောက်သည် သူတို့၏အရှေ့တွင်ထောင်လွှားစွာဖြင့်ရောက်လာခဲ့ကြပြီး အနည်းငယ်ခုခံပြီးနောက်တွင် ထွက်ပြေးဆုတ်ခွာသွားခဲ့ကြသည်။ ဤသည်မှာ ကျူးကျော်သူများ၏ စိတ်ကိုလှုံ့ဆော်ပေးပြီးစိတ်အားထက်သန်လာစေသည်။ ရွှေရောင်သရဖူများနှင့် ဘုရင်များသည် နန်းတော်ကိုမြင်တွေ့ရသည့်အချိန်တွင်ရယ်မောကာ သူတို့၏စစ်သည်များကိုအမိန့်များပေးလျှက်ရှိသည်။ အချက်ပေးခရာသံတစ်ခုထွက်ပေါ်လာပြီး ချီတပ်နေသည့်စစ်သည်များသည်သူတို့၏အရှိန်ကိုလျှော့ချလိုက်ကြသည်။ ဖွဲ့စည်းပုံတစ်ခုနှင့် တစ်ခုအကြားတွင်အကွာ၀ေးတစ်ခုစီခြားလိုက်ပြီး နောက်ဆုံးချီတပ်တိုက်ခိုက်ခြင်းမပြုမှီတွင် စွမ်းအင်များကိုချွေတာနေကြခြင်းဖြစ်သည်။

သို့သော် ဤအခိုက်တန့်တွင် အပြောင်းလဲတစ်ခုဖြစ်ပျက်သွားသည်။

“၀ှစ် ၀ှစ် ၀ှစ်....”

မြှားပေါင်းများစွာသည် ညာဘက်တွင်ရှိနေသည့်တောင်ကုန်းပေါ်မှ မြင်းစစ်သည်များထံသို့ အရိပ်မဲများကဲ့သို့ကျရောက်လာတော့သည်။ မြှားများသည် လေထဲတွင်ဆူညံသံများစွာကို ပြုလုပ်လျှက်သူတို့ထံသို့ကျဆင်းလာ၏။ ကြိုတင်ပြင်ဆင်ထားခြင်းမရှိသည့်အတွက်ကြောင့် ဖွဲ့စည်းပုံ၏ညာဘက်အချမ်းတွင်ရှိနေသည့်မြင်းစစ်သည်၂၀ကျော်ခန့်မှာ မြှားထိမှန်ကာ မြင်းများပေါ်မှပြုတ်ကျပြီး အနောက်မှပါရှိသည့်သူတို့အပေါင်းများ၏ မြင်းများနင်းချေမှုကြောင့်အသားစများဖြစ်ကုန်ကြတော့သည်။

“ခြုံခိုတိုက်ခိုက်တယ်ဟေ့....ချမ်းဘော့ဒ်ကလေးသည်တော်တွေ။ သူတို့ညာဘက်မှာရှိတယ်။”

“သေစမ်း ငါတို့ကိုရှာတွေ့သွားပြီလား...”

“ဟားဟား...ဘယ်ကခြုံခိုတိုက်ခိုက်မှုလဲကွ။ သူတို့တွေစုစုပေါင်းမှ အယောက်၃၀လောက်ပဲရှိတယ်။ ကိုလတ်လူ၅၀လောက်ခေါ်သွားပြီး အဲ့ကောင်တွေရဲ့ခေါင်းကို ငါ့စီကိုဆယ်မိနစ်အတွင်းယူလာခဲ့စမ်း...”

ကျူးကျော်လာသူများမှာ ဤတိုက်ခိုက်မှုကို ချက်ချင်းပင်တွေ့ရှိသွားသည်။ ချမ်းဘော့ဒ်တပ်ဖွဲ့ဘက်မှအင်အားကိုမြင်သည့်အခါတွင် သူတို့သည် စိတ်အေးသွားကြ၏။ ရွှေသရဖူတစ်ခု၀တ်ဆင်ထားသည့် ဘုရင်တစ်ပါးသူ၏ဓားကို၀ှေ့ရမ်းလိုက်သည့်အချိန်တွင် မြင်းစစ်သည်၁၀၀ခန့်မှာ ရယ်မောလိုက်ပြီး ဖွဲ့စည်းပုံထံမှ ခွဲထွက်ကာ တောင်တန်းများပေါ်တွင် ပုံးနေကြသည့်ချမ်းဘော့ဒ်လေးသည်တော်များကို သတ်ဖြတ်ရန်အတွက် ချီတပ်သွားကြတော့၏။

လူတိုင်းသတ်ဖြတ်ရန်အတွက်မျှော်လင့်နေသည်နှင့်အတူထိုမြင်းစစ်သည်များသည် တောင်တန်းများ၏အနောက်သို့၀င်ကာပျောက်ကွယ်သွားကြတော့သည်။

သို့သော် နှစ်မိနစ်အတွင်းတွင် ဘုရင်သူ၏လူများပြန်ရောက်လာရန်အတွက်မျှော်လင့်နေသည့်အချိန်တွင် တစ်စုံတစ်ခုဖြစ်ပျက်သွား၏။

“၀ှစ် ၀ှစ် ၀ှစ်...”

သူတို့၏ညာဘက်ရှိတောင်ခြေတွင်ရှိနေသည့်ခြုံပုတ်များထံမှ မြှားပေါင်းများစွာထွက်ခွာလာပြန်သည်။

ဤသည်မှာ အံ့သြဖွယ်ပင်။

ရှေ့သို့ချီတပ်နေသည့်အမဲရောင်ချပ်၀တ်နှင့်စစ်သည်များသည် ဤအရာကိုမျှော်လင့်မထားသည့်အတွက် များစွာမြှားထိပြီးမြေပေါ်သို့ပြုတ်ကျကုန်ကြသည်။ သို့သော် မြင်းစစ်သည်၅၀ကျော်ခန့်ကျဆုံးသွားသည့်အချိန်တွင် တိုက်ခိုက်သူများကိုတွေ့လိုက်ကြရသည်။ ချမ်းဘော့ဒ်မှလေးသည်တော်နောက်တစ်ဖွဲ့ပင်။ သူတို့သည်အယောက်၂၀ခန့်သာရှိသော်လည်း တောင်တန်းများနှင့် မြက်ပင်ရှည်များကို အသုံးချကာပုန်းကွယ်နေကြခြင်းဖြစ်သည်။ လူအင်အားအနည်းသာရှိသော်လည်း လေးပစ်ကျွမ်းကျင်လှသည်။ ပစ်လွှတ်လိုက်သည့် မြှားတစ်ချောင်းစီကပင် မြင်းစစ်သည်တစ်ယောက်ကို ကျဆုံးစေသကဲ့သို့ပင်။ သို့သော် ကျူးကျော်သူများသည် ရှေ့ကိုသာမဲ၍ချီတပ်နေကြသဖြင့် ဤအချက်ကိုသတိမထားမိလိုက်ကြချေ။ ကျူးကျော်သူများ၏ခေါင်းဆောင်များသတိထားမိသည့် တစ်ခုတည်းသောအရာမှာ လူအင်အားပင်။ လူ၂၀ခန့်သည့် စစ်သည်အင်အား၂၀၀၀ကျော်ကို ချိမ်းခြောက်နိုင်ခြင်းမရှိသည်မှာ ထင်ရှားလှသည်။ နောက်ထပ်ဘုရင်တစ်ပါးသူ၏ဓားကို၀ှေ့ရမ်းလိုက်သည့်အချိန်တွင် မြင်းစစ်သည်နောက်ထပ်အယောက်၁၀၀ခန့်မှာ ထိုလေးသည်တော်များကို သတ်ဖြတ်ရန်အတွက် ထွက်ခွာသွားကြပြန်သည်။

သို့သော် မကြာမှီတွင် ကျူးကျော်သူများသည် မူမမှန်မှုတစ်ခုကိုသတိထားလိုက်မိသည်။

သူတို့အားဘေးနှစ်ဖက်မှ ပစ်ခတ်နေသည့်မြှားများမှာ ရှိနေဆဲပင်။ သူတို့၏မြင်းစစ်သည်များသည်လည်း တစ်ယောက်ပြီးတစ်ယောက်ဆက်တိုက်မြင်းများပေါ်မှပြုတ်ကျပြီး ကျဆုံးလျှက်ရှိသည်။ ၁၀မိနစ်အတွင်းမှာပင် သူတို့တပ်ဖွဲ့သည် အကျဆုံး၄၀၀ကျော်ခန့်ကို ခံစားလိုက်ရ၏။ ပို၍ခြောက်ခြားစရာကောင်းသည်မှာ ထိုလေးသည်တော်များကို ရှင်းလင်းရန်အတွက်စေလွှတ်လိုက်သည် စစ်သည်အဖွဲ့များမှာလည်း ပြန်လာခြင်းမရှိကြတော့ပေ။ သေကုန်ကြပြီဖြစ်နိုင်၏။

All Chapters