← Chapters

အခန်း (၂၅၆)

Vol. 18 Ch. 256

အခန်း (၂၅၆)

Vol. 18 Ch. 256

သို့သော် မကြာမှီအချိန်တွင် မြင်းစစ်သည်များမရယ်နိုင်ကြတော့ပေ။ ချမ်းဘော့ဒ်တိုင်းပြည်မှလေးသည်တော်များသည် ပုဆိန်များဖြင့်ပစ်ပေါက်သည့်စစ်သည်များအဖြစ်သို့ပြောင်းလဲသွားသောကြောင့်ပင်။ သူတို့အားလုံးမြင်းနံဘေးတွင် ချိတ်ထားသည့်ပုဆိန်များကို ဆွဲယူလိုက်ပြီး အကြိမ်ပေါင်းအနည်းငယ်၀ှေ့ရမ်းလိုက်ပြီး သူတို့အားပစ်ပေါက်လိုက်သည်။ တံခါးတစ်ချပ်စာခန့်အရွယ်စားရှိသည့် ပုဆိန်များသည် ၀ဲပျံလာပြီး ဤအရာအတွက် ပြင်ဆင်ထားခြင်းမရှိသည့် မြင်းစစ်သည်များမှာ နာကျင်စွာအော်ဟစ်ကုန်ကြတော့သည်။ သွေးများ၊ ခြေပြတ်လက်ပြတ်များ၏ ကြားထဲတွင် ပုဆိန်များသည် အသက်၅၀ခန့်ကို ချွေယူသွား၏။ မြင်းစစ်သည်အရေတွက်မှာ ၂၅၀ခန့်သာကျန်ရှိတော့ပြီး များစွာကျဆုံးခဲ့ပြီးဖြစ်သည်။

၁၀မိနစ်ခန့်အနောက်မှလိုက်ပြီးသည့်နောက်ဆုံးတွင် အမဲရောင်ချပ်၀တ်နှင့်စစ်သည်များသည် ချမ်းဘော့ဒ်မှလေးသည်တော်များကို တောင်ခြေတွင်ရှိသည့်သစ်တောတစ်ခုအတွင်းသို့တွန်းပို့နိုင်ခဲ့ပြီးဖြစ်သည်။ မြင်းများသည် တောထဲတွင် လွတ်လပ်စွာဖြင့်သွားလာနိုင်ခြင်းမရှိသည့်အတွက် ချမ်းဘော့ဒ်မှလေးသည်တော်များသည် မြင်းများပေါ်မှခုန်ဆင်းပြီး သစ်တောအတွင်းသို၀င်ပြေးကုန်ကြတော့၏။

“ဆင်းကြတော့ သူတို့အနောက်ကနေပြေးလိုက် အကုန်သတ်ပစ်...”

ခေါင်းဆောင်ဒစ်ခ်ဆိုသူမှာ အလွန်ဒေါသဖြစ်နေပြီးဖြစ်သည်။ ထို့ကြောင့်သေချာစဥ်းစားမချင့်ချိန်တော့ပဲ သူ၏စိတ်ထဲတွင် ချမ်းဘော့ဒ်မှလေးသည်တော်များကို အမြန်သတ်ဖြတ်နိုင်ရေးကိုသာ စဥ်းစားနေမိတော့သည်။

သို့သော် မကြာမှီအချိန်တွင် ဒစ်ခ်သူ၏လုပ်ရပ်များအတွက် နောင်တရလိုက်မိတော့သည်။

သူ၏မြင်းစစ်သည်များ မြင်းပေါ်မှခုန်ဆင်းပြီး တောအုပ်အတွင်းသို့ပြေး၀င်လိုက်မိသည့်အချိန်မှ စပြီး သူတို့သည် ဤ၀င်္ကဘာကဲ့သို့တောအုပ်ကြီးထဲတွင် လမ်းပျောက်နေပြီးဖြစ်သည်။ ခနအကြာတွင် သူတို့အားလုံးတောအုပ်ထဲတွင် တစ်ကွဲတပြားစီဖြစ်ကုန်တော့၏။ ဒစ်ခ်စိတ်ငြိမ်သွားပြီး သူ၏စစ်သည်များကို လူစုရန်အတွက် အမိန့်ပေးရန်ပြင်သည့်အချိန်တွင် အနောက်တွင် ဓားအမဲရောင်ကြီးတစ်ချောင်းကိုလွယ်ထားသည့် လူတစ်ယောက်သည် သူ၏အရှေ့သို့ရောက်လာ၏။

ဒစ်၏မျက်လုံးများချက်ချင်းပင် ကျင်းမြောင်းသွားသည်။

ဤဆံပင်အနီရောင်နှင့် လူထံမှ အန္တရာယ်ကိုသူအာရုံခံလိုက်မိသောကြောင့်ပင်။

“မင်းက ဘယ်သူလဲ...”

ဒစ်ခ်သူ၏ ခန္တာကိုယ်အားအစိမ်းရောင်စွမ်းအင်မီးတောက်များဖြင့် လွှမ်းခြုံလိုက်ပြီး သူ၏ဓားကိုဆွဲထုတ်လိုက်၏။

“ချမ်းဘော့ဒ်ဘုရင်လက်အောက်က လီရိုသူတော်စဥ် ဖရန့်ခ်လမ်းပါ့ဒ်ပဲ မင်းအသက်ကိုအဆုံးသက်ပေးဖို့လာခဲ့တာ။”

ဆံပင်အနီရောင်နှင့်လူမှာ သူ၏ဓားကိုမြေပြင်ပေါ်သို့ထိုးစိုက်လိုက်ပြီး ထိုနေရာ၌ပင်တည်ငြိမ်စွာရပ်နေ၏။ သူသည်တည်ငြိမ်နေသည့်ပုံပေါက်နေသော်လည်း သူ၏ခန္ဓာကိုယ်အတွင်းမှ လျှပ်စီးသံများထွက်ပေါ်လာလျှက်ရှိပြီး လျှပ်စီးအလင်းတန်းများသည် သူ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာ၏။ မကြာမှီတွင် သူ၏ခန္ဓာကိုယ်အားလျှပ်စီးများလွှမ်းခြုံကာ ပေါက်ကွဲသွားပြီး ဘေးပတ်၀န်းကျင်ရှိသစ်ပင်များကို မီးသွေးများအဖြစ်သို့ပြောင်းလဲပစ်လိုက်သည်။

“လျှပ်စီးစွမ်းအင်သုံးစစ်သည်လား...” ဒစ်ခ်အံ့သြသွားသည် ထို့နောက်တွင် စိတ်လှုပ်ရှားသည့်အမူရာတစ်ခုသည် သူ၏မျက်နှာပေါ်တွင်ပေါ်လာပြီး နှုတ်ခမ်းများကိုလျှာဖြင့်သပ်လိုက်ရင်းဖြင့် ပြောလိုက်သည်။ “ငါဒါကို မျှော်လင့်မထားဘူး ချမ်းဘော့ဒ်တိုင်းပြည်ငယ်လေးမှာ မင်းလိုစစ်သည်တစ်ယောက်ရှိနေမယ်လို့လေ။ ကောင်းတယ် ကောင်းတယ် ကောင်းတယ်...” သူပြောနေရင်းဖြင့် သူ့အားလွှမ်းခြုံထားသည့် အစိမ်းရောင်စွမ်းအင်မီးတောက်များမှာ ကြီးထွားလာ။ “ငါ့ရဲ့၀ါသနာက အစွမ်းထက်တဲ့စစ်သည်တွေကို နှိပ်စက်ရတာပဲ။ ဒီငါ့လက်ထဲမှာ ကိုင်ထားတဲ့ဓားက ကြယ်လေးလုံးအဆင့်စစ်သည် ၃၆ယောက်ရဲ့ဦးခေါင်းတွေကို ပိုင်းဖြတ်ပြီးသွားပြီ။ ဒီနေ့မင်းနဲ့ဆိုရင်တော့ ၃၇ယောက်ပေါ့...”

“မင်းက အတော်စကားများတဲ့ကောင်ပဲ...” ဤသည်မှာ လမ်းပါ့ဒ်၏ တုန့်ပြန်မှုပင်။

......

တစ်ချိန်တည်းမှာပင် ချမ်းဘော့ဒ်၏ညာဘက်တွင်ရှိသည့် လွင်ပြင်ပေါ်တွင်ဖြစ်သည်။

၂မီတာခန့်အမြင့်ရှိသည့် မြက်ပင်များပေါက်ရောက်နေသည့် လွင်ပြင်ပေါ်တွင် တစ်ခြားမြင်းစစ်သည်အဖွဲ့တစ်ခု၏ ခေါင်းဆောင်ဖြစ်သည့် ကြယ်လေးလုံးအဆင့်စစ်သည်အလန်မှာလည်း သူ၏အပေါင်းဖော်ဒစ်ခ်ကဲ့သို့ပြသနာနှင့်ကြုံတွေ့နေရသည်။ သူ၏မြင်းစစ်သည်တစ်၀က်ကျော်ခန့်မှာ ချမ်းဘော့ဒ်လေးသည်တော်များ၏ မြှားများ၊ ပုဆိန်များလက်ချက်ကြောင့် ကျဆုံးကုန်ကြပြီဖြစ်သည်။ ဒေါသအောက်တွင် သူသည်ချမ်းဘော့ဒ်လေးသည်တော်များအနောက်သို့ လိုက်ရင်းဖြင့် ဤမြက်ခင်းထဲသို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။ သူဤနေရာသို့၀င်ရောက်လာသည့်အချိန်တွင် အစိမ်းရောင်ပင်လယ်ပြင်ကြီးတစ်ခုအတွင်းသို့ရောက်ရှိလာသကဲ့သို့ခံစားရသည်။ သူ၏ရန်သူများသည် သူ၏တပ်ဖွဲ့ကိုလူခွဲရန်အတွက် ကြိုးစားခဲ့ခြင်းပင် သူ၏စစ်သည်များအားလုံးသည်ဤမြက်ခင်းပြင်ထဲတွင် တစ်ကွဲတစ်ပြားစီဖြစ်ကုန်ကြပြီဖြစ်သည်။ ယခုအချိန်တွင် သူ၏အရှေ့တွင်ရှိနေသည်မှာ သိပ်ပြီးခင်မင်းရင်းနှီးတတ်ပုံမပေါ်သည့် ချမ်းဘော့ဒ်မှ လူသန်ကြီးနှစ်ယောက်ပင်။

“ချမ်ဘော့ဒ်က တောရက်စ်သူတော်စဥ်ဒရော့ဂ်ဘာနဲ့ ကပ်ပရီကွန်းသူတော်စဥ် ပီးရာ့စ်ပဲ..ဟီးဟီး မအေဘေး ဒီတစ်ခါတော့မင်းသေချောပေါက်သေပြီ...” လူသန်ကြီးနှစ်ယောက်သည် အလန်အား သူတို့၏နာမည်ကိုမိတ်ဆက်ပြီးနောက်တွင် ရက်စက်စွာရယ်မောပြီး လက်သီးများဆုပ်ရင်းသူ့ထံသို့လမ်းလျှောက်လာတော့သည်။

“စောက်ပိန်းတွေ မင်းတို့ကောင်တွေက ငါ့ကိုအဲ့လိုပြောရဲတယ်ပေါ့...မင်းတို့နှစ်ယောက်လုံးကြယ်သုံးလုံးအဆင့်တောင်ရှိသေးတာမဟုတ်ဘူး...” အလန်သူ၏ဓားကို၀ှေ့ရမ်းလိုက်သည့်အခါတွင် အပြာရောင်ရေစွမ်းအင်များပေါက်ကွဲသွားပြီး ဓားဖြင့်ပစ်လွှတ်လိုက်သည့် ရိုက်ချက်နှစ်ခုသည် လူသန်ကြီးနှစ်ယောက်၏ လည်ပင်းများထံသို့ လျှပ်စီးကဲ့သို့ပျံသန်းသွားတော့သည်။

“သူက သိုင်းဆရာတစ်ယောက်ပဲ...”

“ငါတို့တွေယှဥ်နိုင်မှာ မဟုတ်ဘူး...”

ဒရော့ဂ်ဘာနှင့် ပီးရာ့စ်တို့၏ မျက်နှာမှာ ရန်သူ၏အစွမ်းကို ခန့်မှန်းလိုက်မိသည့်အချိန်တွင် ပြောင်းလဲသွားတော့၏။

.......

“အသင့် ပြင်ထား ပစ်တော့...”

ခေါင်းဆောင်ဘရွတ်မှာ တည်ငြိမ်နေဆဲပင်။ သူ၏ ဓားကိုအရှေ့သို့၀ှေ့ရမ်းကာ အမိန့်ပေးလိုက်သည်။ သူ၏အသံလေထဲတွင် ပျံနှံ့သွားသည်နှင့်အတူ လေးကြိုးတုန်ခါသံများစွာထွက်ပေါ်လာတော့သည်။ မြှားများသည် ကျယ်လောင်သောဆူညံသံများစွာနှင့်အတူရန်သူများထံသို့ ပျံသန်းသွားတော့သည်။

ချက်ချင်းပင် အမဲရောင်ချက်၀တ်နှင့် မြင်းစစ်သည်များမှာ တံစဥ်းနှင့်ရိပ်သိမ်းခံရသည့်ကောက်ပင်များကဲ့သို့ လဲကျကုန်ကြတော့သည်။

ဤသည်မှာ စစ်ပွဲတစ်ခုဖြစ်သည်။

ရက်စက်ပြီး အညှာတာကင်းမဲ့သည်။

မြှားများကျဆင်းလာသည်နှင့်အတူ သွေးများကောင်းကင်ပေါ်သို့ ပန်းထွက်ကုန်သည်။ ကောင်ကင်ပေါ်တွင် မကြာမှီတွင် နာကျင်စွာအော်ဟစ်သံများနှင့် ပြည့်နှက်သွားတော့၏။

မြင်းစစ်သည်တစ်ယောက်မြှားမှန်ပြီး မြင်းပေါ်မှပြုတ်ကျသည့်အချိန်တွင် သူ၏အပေါင်းပါများ၏ မြင်းခွာများ၏နင်းချေခြင်းကို ခံရမည်ဖြစ်ပြီး သေဆုံးကုန်မည်ဖြစ်သည်။

မြှားများ၏ လွှမ်းမိုးမှုအောက်တွင် မြင်းစစ်သည်များသည် သူတို့၏မြင်းများကို ကြာပွတ်ဖြင့်ရိုက်ရင်းဖြင့် မြန်မြန်ချီတပ်နိုင်ရန်ကိုသာကြိုးစားရတော့၏။ သူတို့သည် ချမ်းဘော့ဒ်လေးသည်တော်များအနီးသို့ အချိန်တိုအတွင်းတွင်ရောက်ရှိရန်လိုအပ်၏။ သူတို့သည် ခန္ဓာကိုယ်ကိုအရှေ့သို့ ယိမ်းနိုင်သလောက်ယိမ်းထားပြီး ကောင်းကင်မှရွာကျလာသည့်မြှားများမထိမှန်စေရန်အတွက် ဘုရားသခင်ထံတွင် ဆုတောင်းရုံမှတစ်ပါးမတတ်နိုင်ချေ။ အစွမ်းမြင့် သိုင်းဆရာတစ်ယောက်၏ကာကွယ်ခြင်းကိုခံထားရသည့် ဘုရင်တစ်ပါးမှလွဲ၍ ဤမြှားများကို မည်သူမှရှောင်ရှားနိုင်ခြင်းမရှိပေ။ ကံကောင်းသန်မာသည့်စစ်သည်များသာ အသတ်ရှင်နိုင်ကြ၏။

ကံကောင်းစွာပင် သူတို့၏ရန်သူများကို မီတာ၂၀၀ခန့်အ၀ေးတွင်ရှိသော တောင်ကုန်းတစ်ခုပေါ်တွင်မြင်နေရပြီဖြစ်သည်။

သူတို့သည် အင်အား၂၀၀ခန့်သာရှိပြီး ခုခံခြင်းဖွဲ့စည်းပုံတစ်ခုကို ဖွဲ့စည်းထားကြသည်။ အ၀ေးမှကြည့်ပါက သူတို့သည် အကူညီကင်းမဲ့နေသည့် စာခြောက်ရုပ်များကဲ့သို့ပင်။ ဤရန်သူမှာ အားနည်းပြီးစွမ်းအားကင်းမဲ့နေသည့်မြင်ကွင်းမှာ စစ်သည်များ၏ စိတ်ဓာတ်ကိုမြင့်မားစေသည်။ သူတို့တစ်ယောက်ခြင်းစီသည် အားနည်းသည့်ရန်သူများကို တစ်ကြိမ်ထဲဖြင့်ပင် ၀င်ရောက်ချီတပ်ပြီး အမှုန့်ချေပစ်နိုင်သည်ဟု ယုံကြည်နေကြသည်။ သူတို့အားလုံးမကြာမှီအချိန်အတွင်းတွင် ချမ်းဘော့ဒ်တိုင်းပြည်အတွင်းသို့ ၀င်စီးကာ သတ်ဖြတ်၊ အဆောက်ဦးများမီးရှို့၊ မိန်းမများကို သားမယားပြုကျင့်ပြီး တန်ဖိုးကြီးပစ္စည်းများကို ယူဆောင်နိင်တော့မည်ဟုလဲယုံကြည်နေကြ၏။

သူတို့သည် နီးကပ်သည်ထက် နီးကပ်လာနေပြီဖြစ်သည်။

အဖွဲ့နှစ်ဖွဲ့ကြားတွင် မီတာ၅၀ခန့်သာကွာ၀ေးတော့သည်။

မျက်စိအားကောင်းသည့် အမဲရောင်ချပ်၀တ်နှင့်မြင်းစစ်သည်များမှာ သူတို့၏ရန်သူများ၏မျက်နှာပေါ်တွင်ရှိသည့် ကြောက်လန့်နေသည့်အမူယာများကိုပင် မြင်နိုင်နေပြီဖြစ်သည်။ ဤမြင်ကွင်းသည် သူတို့ကိုယ်အတွင်းတွင်ရှိသည့် ရက်စက်မှုကို ပို၍ပင်လှုံ့ဆော်ပေးလိုက်သည်။ သူတို့တစ်ယောက်ခြင်းစီသည် ကြုံး၀ါးလိုက်ပြီးမြင်းများကို ပို၍မြန်အောင်ပင် အရှိန်တင်လိုက်ကြ၏။ သူတို့၏ရန်သူများ၏ ခေါင်းကိုပိုင်းဖြတ်ရန်အတွက် ဓားများကိုကြိုတင်၍ ၀ှေ့ရမ်းနေကြသည်။

မျက်နှာတွင်အမာရွတ်ရှိသည့် စစ်သည်ပင် ငွေအတွင်းအားစွမ်းအင်များ သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံဲထားရင်းဖြင့် မျက်မှောင်ကြုံ့လျှက်ရှိ၏၊။ တစ်စုံတစ်ခုထူးဆန်းနေသည်ကို သူအာရုံခံမိသောကြောင့်ပင်။

ဘယ်အချိန်ကမှန်းမသိချေ ထူးဆန်းပြီးရင်းနှီးသလိုလိုရှိသည့် စူးရှသည့်အနှံ့တစ်ခုသည် လေထုထဲတွင် ပျံ့နှံ့နေ၏။ ခွေးနှစ်ကောင်နှင့် ပုဆိန်တစ်လက်ပုံပါသည့် ထူးဆန်းသည့်အလံတစ်ခု၏ အောက်တွင်ရပ်နေသည့် ဆံပင်အနက်ရောင်နှင့်ခေါင်းဆောင်အားလှမ်းမြင်လိုက်ရသည့်အချိန်တွင် သူကြောက်လန့်သွား၏။ ထိုဆံပင်အမဲရောင်နှင့်ခေါင်းဆောင်မှာ အလံအောက်တွင် ကြောက်လန့်ခြင်းမရှိပဲ သံချောင်းတစ်ခုကဲ့သို့ခိုင်မြဲစွာဖြင့်ရပ်နေသောကြောင့်ပင်။ သူ့အားဆိုး၀ါးသည့်ခံစားချက်တစ်ခုကိုပေးလျှက်ရှိသည်။

“ခနနေဦး ထောင်ခြောက်တစ်ခုလုပ်ထားတာဖြစ်ရမယ်....” သူ၏အမာရွတ်နှင့် မျက်နှာပေါ်တွင် အတွေးပေါင်းများစွာဖြတ်သန်းသွား၏။ သူလေထဲတွင် ပျံ့နှံ့နေသည့် အနံ့ကိုရသည့်အချိန်တွင် တစ်စုံတစ်ခုကိုရုတ်တရက်တွေးလိုက်မိ၏။

သို့သော် ဤသည်မှာ နောက်ကျသွားပြီဖြစ်သည်။

“ဖျောင်း ဖျောင်း ဖျောင်း...”

လေးကြိုးသံများထွက်ပေါ်လာ၏။

မျက်နှာပေါ်တွင် အမာရွတ်နှင့်သူရဲကောင်းမှာ အပေါ်သို့မော့ကြည့်လိုက်ရာ မီးတောက်များတောက်ပနေသည့် မှော်မြှားအချောင်း၂၀ကို မြင်လိုက်ရသည့်အချိန်တွင် သူ၏မျက်လုံးများကျင်းမြောင်းသွာတော့သည်။ မီတာနှစ်ဆယ်ခန့်အကွာတွင် ဤမြှားများသည် သူတို့တပ်ဖွဲ့ထံသို့ ကြမ်းတမ်းစွာလောင်ကျွမ်းနေသည့်မီးတောက်များနှင့်အတူ ပျံသန်းလာနေသောကြောင့်ပင်။

နောက်တစ်စက္ကန့်တွင် မယုံနိုင်စရာအရာတစ်ခုဖြစ်ပျက်သွား၏။

ဖုန်း....

မြေပြင်မှာ ငရဲပြည်ကဲ့သို့စတင်ပြီးလောင်ကျွမ်းတော့၏။

မြေပြင်တစ်ခုလုံးမီးစွဲကုန်ခြင်းပင်။

မီတာ၀က်ခန့်မြင့်မားသည့် မြက်ခြောက်ပင်များမှာ မြင်းစစ်သည်များ၏ အသက်ချွေယူသည့် ငရဲပြည်မှမီးတောက်များအဖြစ်သို့ပြောင်းလဲကုန်တော့သည်။ မီးတောင်ပေါက်ကွဲသကဲ့သို့ပင် အနီရောင်မီးတောက်များသည် မြေပြင်ပေါ်တွင် ပေါ်လာပြီး မြင်းစစ်သည်များ၏အသက်ကို အညှာတာကင်းမဲ့စွာဖြင့်ချွေယူသွားတော့သည်။ စူးရှသည့်အနံ့နှင့် မီးတောက်များ၊ မီးခိုးများသည် နေရာအနှံ့ပင်။ မီးများသည် အချင်းတစ်ကီလိုမီတာခန့်သို့ပျံ့နှံ့သွား၏။ မြင်းစစ်သည်တိုင်းလိုလိုပင် ဤငရဲမီးတောက်များထဲတွင် လောင်ကျွမ်းကုန်ကြ၏။

သေမင်းသည် အချက်ပေးခြင်းမရှိပဲရောက်ရှိလာခြင်းပင်။

အညှာတာကင်းမဲ့သည့်မီးတောက်များသည် အရာအားလုံးကို၀ါးမျိုသွား၏။

ရက်စက်စွာရယ်မောနေခဲ့ပြီး လက်နက်များကို၀ှေ့ရမ်းနေခဲ့သည့် မြင်းစစ်သည်များမှာ ယခုအခါတွင်မီးတောက်လူသားများအဖြစ်သို့ပြောင်းလဲသွားပြီး နာကျင်စွာအော်ဟစ်ရင်းဖြင့်ရုန်းကန်နေကြ၏။ သူတို့အားလုံးလက်နက်များကို ပစ်ချပြီး ခန္ဓာကိုယ်ပေါ်တွင်စွဲလောင်နေသည့်မီးတောက်များကို ငြိမ်းသက်နိုင်ရန်အတွက် ကြိုးစာနေကြသည်။ သို့သော် မီးတောက်များမှာ ဤတိုက်ပေါ်တွင် အစွဲလမ်းအကြီးဆုံးစစ်သည်များကဲ့သို့ပင် သူတို့၏ ခန္ဓာကိုယ်ကိုစားသုံးသွား၏။ မကြာမှီတွင် ဤလူများသည် မီးလောင်ပြီးတစ်ယောက်ပြီးတစ်ယောက်သေဆုံးကုန်ကြတော့သည်။

ဤမြင်ကွင်းသည် အလွန်ခမ်းနားလှပြီး ကြောက်မက်ဖွယ်ကောင်းလှပြီး ပုံပြင်များထဲတွင်ပါရှိသည့် တားမြစ်ထားသည့်မီးမှော်မန္တာန်တစ်ခုကဲ့သို့ပင်။

သို့သော် မျက်နှာတွင် အမာရွတ်ဖြင့်သူရဲကောင်းမှာ ဤသည်မှာ တားမြစ်ထားသည့်မှောမန္တာန်မဟုတ်သည်ကိုရှင်းလင်းစွာသိရှိသည်။

ဤမြှားများတွင် သူရင်းနှီးသည့် မီးဂုဏ်သတ္တိစွမ်းအင်များပါ၀င်သည်။ ဤသည်မှာ ရိုးရှင်းပြီး ပြုလုပ်ရလွယ်ကူသည့် သာမန်မှော်မြှားများသာဖြစ်သည်။ လွင်ပြင်တစ်ခုလုံးမီးလောင်ကျွမ်းကုန်ရသည့်အကြောင်းရင်းမှာ လွင်ပြင်ထဲတွင် မီးစွဲလွယ်သည့်လောင်စာကဲ့သို့ပစ္စည်းများကို ကြိုတင်ချထားသောကြောင့်ပင်။ ဤလောင်စာပစ္စည်းများမှာ စူးရှသည့်အနံ့တစ်ခုရှိပြီး မီးပွားစတစ်ခုကိုပင် မီးတောက်ကြီးတစ်ခုအဖြစ်သို့ စက္ကန့်အနည်းငယ်အတွင်းမှာပင် ပြောင်းလဲပေးနိုင်သည်။ ဤသည်မှာ လေထဲတွင်ရနေသည့်စူးရှရှအနံ့၏ လားရာပင်။ ဤသည်မှာ မီးတောက်များလွယ်ကူစွာဖြင့်မြန်မြန်ဆန်ဆန်ပျံ့နှံ့သွားရခြင်း၏ အကြောင်းရင်းပင်။

မည်သည့်အချိန်မှ စတင်လည်းမသိချေ လေပြင်းတစ်ခုမှာတိုက်ခတ်လာသည်။

လေပြင်း၏တိုက်ခတ်မှုအောက်တွင် မီးတောက်မှာလည်း ကြီးသည်ထက်ကြီးထွားလာ၏။ မီးခိုးများမှာ ကောင်းကင်သို့ဖုံးလွှမ်းသွားပြီး နာကျင်စွာအော်ဟစ်သံများသည် လွင်ပြင်တွင် ပျံ့နှံ့သွားသည်။ လူများ မြင်းများမီးစွဲနေကြပြီး မီးတောက်များသည် နေရာအနှံ့ပင်။

မျက်နှာတွင်အမာရွတ်နှင့် သူရဲကောင်းမှာ သူ၏အတွင်းအားစွမ်းအင်များကိုအကုန်ထုတ်လွှတ်ထားပြီး မီးတောက်များ သူ့အနီးသို့ရောက်မလာစေရန်အတွက် တားဆီးထား၏။

“ဟေ့ကောင်တွေနားထောင်ကြ မကြောက်ကြနဲ့ ဆက်ပြီးချီတပ်ကြ ချီတပ် ချီတပ် ချီတပ်ကြ ဒီမီးပင်လယ်ရဲ့အပြင်ကို ရောက်အောင်ချီတပ်ကြ အရှေ့မှာ မြစ်တစ်စင်းရှိတယ်...”

မျက်နှာတွင်အမာရွတ်နှင့် သူရဲကောင်းခေါင်းဆောင်မှာ ဒေါသဖြင့်အော်ဟစ်ကာအရှေ့သို့ဆက်လက်ချီတပ်ကြရန်အတွက် အမိန့်ပေးလိုက်သည်။ အသက်ရှင်နိုင်ရန်အတွက် တစ်ခုတည်းသောနည်းလမ်းမှာ ဤမီးပင်လယ်အတွင်းမှ မြန်နိုင်သမျှမြန်မြန်ထွက်ရန်ဖြစ်သည်။ လေသည်မြောက်ဘက်မှတိုက်ခိုက်နေသည့်အတွက် သူတို့၏အရှေ့တွင်ရှိနေသည့်ရန်သူများထံသို့ မီးတောက်များမှာ ပျံ့နှံ့သွားခြင်းမရှိပေ။ မြင်းစစ်သည်များသည် သူတို့အရှေ့တွင်ရှိသည့်ရန်သူများထံသို့ ဆက်လက်ချီတပ်ခြင်းကသာလျှင် ဤအိမ်မက်ဆိုးမှလွှတ်မြောက်နိုင်သည်တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်းသိရှိသွားကြ၏။

“ချီတပ်ကြ အဲ့ချမ်းဘော့ဒ်က ခွေးသားတွေကို သတ်ပစ်မယ်....”

ဤသည်မှာ မျက်နှာတွင်အမာရွတ်နှင့် သူရဲကောင်း၏စိတ်ထဲတွင်ရှိသည့်တစ်ခုတည်းသောအရာပင်။

All Chapters