အခန်း (၂၅၇)
Vol. 18 Ch. 257
ကောင်းကင်အားဖုံးလွှမ်းနေသည့် မီးတောက်များထဲတွင် အော်ဟစ်ရုန်းကန်နေကြည့်ပုံရိပ်များမှာ တဖြည်းဖြည်းငြိမ်သက်သွားကြပြီဖြစ်သည်။
သို့သော် ရှင်သန်ခြင်းသည် မှော်ဆန်လှ၏။ မီးတောက်များမှာရက်စက်ကြမ်းကြုတ်လှသော်လည်း အမဲရောင်ချပ်၀တ်များနှင့် မြင်းစစ်သည်အတော်များများ ရှင်သန်နိုင်ခဲ့ကြသည်။
သူတို့အားလုံး ပုံပျက်ပန်းပျက်ဖြစ်နေသော်လည်း သူတို့၏သံမဏိချပ်၀တ်များမှာ ကယ်တင်ခဲ့ခြင်းပင်။ သံမဏိသည် အပူစီးကူးရန်လွယ်သော်လည်း မီးစွဲသည့်ပစ္စည်းမဟုတ်ပေ။ သူတို့ခန္ဓာကိုယ်တွင်ရှိနေသည့် အတွင်းအားများကိုအသုံးပြုပြီး အပူမှကာကွယ်နိုင်ခဲ့ပြီးအရှေ့သို့သာ ပြေးလွှားနေကြသည့်မြင်းများ၏အကူညီကို အသုံးပြုပြီးမီးတောက်များအတွင်းမှ ထွက်ခွာရန်ကြိုးစားနေကြ၏။
ရွေသရဖူးများနှင့် ဘုရင်များမှာ သာမန်စစ်သည်များနှင့် နှိုင်းယှဥ်ပါက မီးဒဏ်ကိုသိပ်ပြီးခံရခြင်းမရှိပေ။ သူတို့ဘေးတွင်ကာကွယ်ပေးနေသည့် ကြယ်နှစ်လုံးအဆင့်စစ်သည်များရှိနေသောကြောင့်ပင်။ သူတို့သည် ကြယ်နှစ်လုံးအဆင့်သာအစွမ်းရှိသော်လည်း သူတို့၏အတွင်းအားစွမ်းအင်များသည် ဘုရင်များကို မီးတောက်များမထိစေရန်ကာကွယ်ပေးနိုင်ရန်အတွက် လုံလောက်သည်။
လွင်ပြင်ပေါ်တွင်ရှိနေသည့် မြက်ခြောက်များမှာ မီးတောက်များကိုရှည်ကြာစွာထိန်းထားနိုင်ခြင်းမရှိပေ။ ၁၀မိနစ်ခန့်ကြာသည့်အချိန်တွင် မီးတောက်များမှာ ငြိမ်သက်စပြုလာပြီဖြစ်သည်။
ဤအချိန်တွင် မြင်းစစ်သည်တစ်ထောင်ကျော်ရှိသည့်အနက်၅၀၀ခန့်မှာ မီးပင်လယ်အတွင်းမှ ရှင်သန်နိုင်ခဲ့ကြသည်။
သူတို့အနောက်တွင် ပြာပုံများထဲမှထွက်လာသည့် မီးပွားစများရှိနေဆဲပင်။ တစ်ချို့စစ်သည်များမှာ မသေသေးသော်လည်း သူတို့၏ ခြေလက်များသည် မီးပြင်းထန်စွာလောင်ထားခြင်းခံထားရသဖြင့် တုန်ခါနေကြသည်။ မြင်ကွင်းမှာ ကြောက်မက်ဖွယ်ပင်။ လွင်ပြင်တစ်ခုလုံးသည် ငရဲပြည်ကဲ့သို့မဲနက်နေ၏။ စိုက်ကြည့်ရန်ပင် ခက်ခဲလှသည်။ အသားများမီးလောင်သည့်ရွံရှာဖွယ်အနံ့တစ်မျိုးမှာ လေထုထဲတွင်ပျံ့နှံ့နေသည်။ လောင်ကျွမ်းနေသည့်လူအလောင်းများနှင့် မြင်းအလောင်းများကို မီးသွေးကဲ့သို့အတုန်းအခဲများကိုကြည့်ပြီးခွဲခြားနိုင်ဆဲပင်။ တိုးငြင်းသည့်ပေါက်ကွဲသံများသည် ရန်ဖန်ရန်ခါတွင်ထွက်ပေါ်လာလျှက်ရှိသည်။ ဤသည်မှာ ကိုယ်တွင်းအင်္ဂါများမီးလောင်ကာ ပေါက်ကွဲရာမှထွက်ပေါ်လာသည့်အသံများပင်။ အမဲဲရောင်အတုံးခဲများမှ အနီရောင်အရည်များစီးထွက်လာလျှက်ရှိပြီး မီးပွားစများနှင့်အတူပေါက်ကွဲသွားမည်ဖြစ်သည်။
မီးအတွင်းမှထွက်ခွာလာနိုင်ပြီး အသက်ရှင်နေဆဲဖြစ်သည့်မြင်းစစ်သည်များမှာ စစ်ပွဲများစွာတိုက်ခိုက်ဖူးသည့် ကျွမ်းကျင်းစစ်သည်များပင်။ သိုသော်လည်း ယခုအချိန်တွင်မူသူတို့အားလုံးအနောက်သို့လှည့်ပြီး ဖြစ်ပျက်နေသည့်ငရဲပြည်ကဲ့သို့မြင်ကွင်းကို ကြည့်နိုင်သည့်သတ္တိမရှိကြတော့ပေ။ ဤမြင်ကွင်းကို မတော်တဆမြင်လိုက်မိသည့်စစ်သည်များသည် ပျို့အန်ကာ အော်ဟစ်ငိုကြွေးကြမည်ဖြစ်သည်။ သူတို့အားလုံးတွေးခေါ်နိင်စွမ်းများ ဆုံးရှုံးသွားပြီး တုန်ခါကာ ကြောက်လန့်နေကြသည်။
မျက်နှာတွင် အမာရွတ်နှင့်ခေါင်းဆောင်မှာ သူ၏မြင်းကိုရပ်လိုက်ပြီး အနောက်သို့လှည့်ကြည့်လိုက်ရာ သူ၏မျက်နှာမှာ မဲနက်သွားသည်။
သူသည်တိုက်ပွဲရာနှင့်ချီပြီးတိုက်ခိုက်ဖူးသူတစ်ယောက်ဖြစ်ပြီး စစ်ပွဲတွင် ၁၀နှစ်တာခန့်အတွေ့ကြုံများစွာရရှိပြီးနောက်တွင် သူရဲကောင်းနန်းတော်တွင် သူရဲကောင်းတစ်ယောက်ဖြစ်လာခဲ့ခြင်းဖြစ်သည်။ အသက်၁၆နှစ်အရွယ်ကောင်လေးတစ်ယောက်တိုက်ပွဲတစ်ခုတွင်ပထမဆုံးအကြိမ်တိုက်ခိုက်သည့်အကြိမ်မှစပြီး သူ၏မျက်နှာပေါ်မှအမာရွတ်သည် သူ၏အကောင်းဆုံးဆုတံဆိပ်တစ်ခုပင်။ သူ၀တ်ဆင်ထားသည့် အထူးချပ်၀တ်ကို သူ၏ဒုတိယသင်္ကတတစ်ခုအနေဖြင့်သာသက်မှတ်ထားသည်။ ယခုအချိန်ထိသူသည် စစ်ပွဲဗျူဟာကိုကျွမ်းကျင်သူတစ်ယောက်ဖြစ်သည့်အတွက် ဤကဲ့သို့တိုင်းပြည်ငယ်လေးတစ်ခုကိုတိုက်ခိုက်သည့်အချိန်တွင် ဆုံးရှုံးမှုကြီးကြီးမားမားနှင့်တစ်ခါမှတွေ့ကြုံဖူးခြင်းမရှိသေးပေ။ ယခုအချိန်တွင်မူ အကျအရှုံးများရှိရုံသည်သာမဟုတ်ပေ။ ကြီးကြီးမားမားဆုံးရှုံးလိုက်ခြင်းပင်။
“အဖွဲ့ပြန်ဖွဲ့ကြ...” မျက်နှာတွင်အမာရွတ်နှင့်သူရဲကောင်းအော်ဟစ်လိုက်ပြီး အချက်ပေးခရာသံံမှာ ထက်မံ၍ မြည်ဟည်းသွားသည်။
အသက်ရှင်လျှက်ကျန်ခဲ့သည့် စစ်သည်အယောက်၅၀၀ကျော်ခန့်တွင် စစ်သည်၄၀၀ခန့်ကသာ ဆက်လက်၍တိုက်ခိုက်နိုင်စွမ်းရှိကြတော့သည်။ စစ်သည်များသည်အဖွဲ့များကိုလျှင်မြန်စွာဖြင့်ပြန်လည်ဖွဲ့စည်းလိုက်ကြပြီး မီတာ၅၀ခန့်၀ေးသောနေရာသို့တောင်ကုန်းတစ်ခုထံသို့ သူတို့ခေါင်းဆောင်၏အော်ဟစ်အမိန့်ပေးသံနှင့်အတူ ချီတပ်သွားကြတော့၏။ “လက်စားချေကြ...” အသံမှာကျယ်လောင်လှသဖြင့် ကောင်းကင်ပေါ်မှ မိုးချုန်းသံကဲ့သို့ပင်။
မျက်နှာတွင်အမာရွတ်နှင့် သူရဲကောင်းမှာရှေ့ဆုံးမှချီတပ်သွားပြီး အမဲရောင်ချပ်၀တ်နှင့်စစ်သည်များမှာ သူ၏အနောက်မှ ကပ်၍လိုက်ပါလာသည်။
တောင်ကုန်းပေါ်တွင်ရှိသည့်အလံအောက်တွင်ရပ်နေသည့် အမဲရောင်ချပ်၀တ်နှင့် ချမ်းဘော့ဒ်မှခေါင်းဆောင်၏ဘေးတွင် စစ်သည်အယောက်၅၀ခန့်သာရှိသည်။ ဤချမ်းဘော့ဒ်မှစစ်သည်များသည် ပရမ်းပတာဖြစ်နေကြသည်မှာ ထင်ရှား၏။ သူတို့သည် ဤမီးအတွင်းမှ ရှင်သန်လာနိုင်သည့်စစ်သည်များကိုထည့်တွက်ထားခဲ့မိသည့်ပုံမရချေ။ သူတို့အားလုံးထွက်ပြေးလိုလျှင်ပင် ထွက်ပြေးဆုတ်ခွာရန်အတွက် အချိန်မရှတော့ပေ။
ကျူးကျော်လာသူများသည် မီတာ၅၀ခန့်အကွာ၀ေးကို ၁၀စက္ကန့်လောက်တွင် ရောက်ရှိလာတော့မည်ဖြစ်သည်။
“အကုန်သတ်ပစ်ကွာ ခေါင်းတွေဖြတ်ပစ်...ချမ်းဘော့ဒ်မြို့ထဲကိုတန်းချီတပ်။ ဒီကောင်တွေကိုလည်း မီးလောင်ရတဲ့အရသာသိသွားအောင်တစ်တိုင်းပြည်လုံးကိုမီးလောင်တိုက်သွင်းပစ်မယ်...”
ဤသည်မှာ မျက်နှာတွင်အမာရွတ်နှင့်သူရဲကောင်းနှင့် တခြားကျူးကျော်သူများ၏စိတ်ထဲတွင်ရှိနေသည့် တစ်ခုတည်းသောအရာပင်။
သူတို့အားလုံး ရူသွပ်ကြတော့မည်ဖြစ်သည်။
.......
“ချွင် ချွင် ချွင်”
သတ္တုခြင်းရိုက်ခတ်သံများသည် တောအုပ်အတွင်းမှ ထွက်ပေါ်လာလျှက်ရှိသည်။ နေ့ခြင်ဖြစ်သော်လည်း သစ်ပင်များအောက်မှထွက်ပေါ်လာနေသည့်မီးပွားစများမှာ မျက်စိစူးရှဖွှယ်ပင်။။
လူနှစ်ယောက်သည် လေပေါ်သို့ပျံသန်းသွားပြီး စက္ကန့်အနည်းငယ်အတွင်းမှာပင် ထိပ်တိုက်တွေ့ဆုံလိုက်ကြသည်။
ဤသည်မှာ ထိပ်တိုက်ဓားသိုင်းကွက်များဖြင့် တိုက်ခိုက်နေခြင်းပင်။
သူတို့နှစ်ယောက်လေပေါ်တွင် ပျံ၀ဲနေသည့်အချိန်တွင် ဒစ်ခ်သည် ၂၃ချက်ခန့်တိုက်ခိုက်လိုက်ပြီး လမ်းပါ့ဒ်မှာ ၂၆ချက်ခန့်တိုက်ခိုက်လိုက်သည်။ ၃ချက်လျှော့နည်းခါတိုက်ခိုက်နိုင်လိုက်သည့် အကျိုးဆက်မှာထင်ရှားလှသည်။ သူတို့နှစ်ယောက်မြေပြင်ပေါ်သို့ ပြန်လည်ကာဆင်းသက်သည့်အချိန်တွင် တစ်လက်မခန့်နက်ရှိုင်းသည့် ဒဏ်ရာကြီးများသည် ဒစ်ခ်၏ ပုခုံးလက်မောင်းနှင့် ပေါင်ပေါ်တို့တွင် ပေါ်လာတော့၏။
“၀ုန်း ၀ုန်း ၀ုန်း ၀ုန်း...”
ခနတာတိတ်ဆိတ်သွားပြီးသည့်နောက်တွင် တစ်ပေခန့်အချင်းရှိသည့်သစ်ပင်များမှာလဲကျကုန်ကြသည်။ သူတို့အားပိုင်းဖြတ်ထားသည့်ခုတ်ချက်မှာ အလွန်သန့်ရှင်းလျှသဖြင့် ပင်စည်များကိုကြည့်မှန်အနေဖြင့်ပင်အသုံးပြုနိုင်သကဲ့သို့ပင်။ ဤခုတ်ချက်များသည် လွှင့်စင်လာသည့် အတွင်းအားစွမ်းအင်များကြောင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။
“ကောင်းလိုက်တဲ့ဓားသိုင်းပဲ...” ကြယ်လေးလုံးအဆင့်စစ်သည်ဒစ်ခ်မှာ တစ်ဖက်သို့လှည့်လိုက်ပြီး လမ်းပါ့ဒ်၏လက်အတွင်းတွင်ရှိသည့်အမဲရောင်ဓားကိုတစ်ချက်ကြည့်လိုက်၏။ သူ၏ မျက်လုံးများထဲတွင်ရှိသည့်အံ့သြမှုများမှာ ပို၍ပင်ထူထပ်လာပြီး ပြောလိုက်သည်။ “ငါမင်းလို သိုင်းဆရာတစ်ယောက်က ချမ်ဘော့ဒ်တိုင်းပြည်မှာ ပုန်းအောင်းနေမယ်လို့ လုံး၀ထင်မထားဘူး....မင်းရဲ့ဓားက ငါ့ဓားထက်ပေါင်၄၀လောက်ပိုလေးနေပေမယ့် မင်းက သုံးချက်လောက်ပိုပြီး ငါ့ထက်မြန်မြန်တိုက်ခိုက်နိုင်တာပဲ...မင်းရဲ့သိုင်းပညာက ပိုပြီးကောင်းတာကိုတော့ ၀န်ခံရလိမ့်မယ်...”
“....” လမ်းပါ့ဒ်မှာ ဘာမှပြန်ပြောခြင်းမရှိပေ။