← Chapters

အခန်း (၂၅၈)

Vol. 18 Ch. 258

အခန်း (၂၅၈)

Vol. 18 Ch. 258

“ဟီးဟီး ဒါပေမယ့် ကံဆိုးတာပဲ...မင်းရဲ့ဓားသိုင်းက မင်းရဲ့တိုက်ပွဲတည်နေရာရွေးချယ်မှုမှားခဲ့တာကိုတော့ကယ်တင်နိုင်မှာမဟုတ်ဘူး။...” ကြယ်လေးလုံးစစ်သည်၏မျက်နှာပေါ်တွင် ရက်စက်သည့်အပြုံးတစ်ခုပေါ်လာတော့သည်။ သူ၏ဘေးပတ်လည်တွင်ရှိသည့် သစ်ပင်များထံမှ တောက်ပသည့်အစိမ်းရောင်အလင်းအစက်ပျောက်များထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်အတွင်းသို့၀င်ရောက်သွား၏။ သွေးများစီးကျနေသည့်ဒဏ်ရာကြီးသုံးခုမှာ လျှင်မြန်စွာပင်ပျောက်ကင်းစပြုလာတော့သည်။ သူဂုဏ်ယူစွာဖြင့်ရယ်မောလိုက်သည်။ “ငါ့ရဲ့အတွင်းအားစွမ်းအင်က သစ်တောပဲ။ အတွင်းအားစွမ်းအင်တွေထဲမှာ ကုသမှုအကောင်းဆုံးလေ။ မင်းငါ့ကို အချက်၃၀တိုက်တိုက်အချက်၃၀၀တိုက်တိုက် ငါကဒီတေောအုပ်ထဲမှာဆိုရင်ချက်ချင်းလိုလိုပြန်ကောင်းအောင်ကုနိုင်တယ်။ ဒါပေမယ့် ငါမင်းကိုတစ်ချက်တိုက်ခိုက်နိုင်လိုက်တဲ့အချိန်တိုင်းမှာတော့ မင်းရဲ့ခွန်အားတွေနည်းနည်းချင်းလျှော့လာမှာပဲ။ ဟားဟား မင်းရဲ့ခန္ဓာကိုယ်ထဲမှ သွေးတွေအကုန်ကုန်သွားတဲ့အချိန်မှာတော့ မင်းခေါင်းကိုဖြတ်ပြီး ငါ့ရဲ့၃၇ခုမြောက်ဆုတံဆိပ်အနေနဲ့သိမ်းထားရသေးတာပေါ့ကွာ...”

“စကားများလှပါလား...” လမ်းပါ့ဒ်နှာခေါင်းရှုံ့လိုက်သည်။ သူရွေ့လျားခြင်းမရှိချေ၊ သို့သော်လည်း သူ၏ဘေးတွင်၀န်းရံနေသည့်လျှပ်စီးများမှာ ပို၍ကြီးထွားသည်ထက်ကြီးထွားလာတော့သည်။

“ဟားဟား မင်းကအတော်အထာကျလှပါလား...ဟီးဟီး ငါကလဲမင်းလိုအထာကျတဲ့စစ်သည်တွေရဲ့ဦးခေါင်းတွေစုဆောင်းရတာကို ၀ါသနာပါတာပဲ...” ဤဒစ်ခ်ဆိုသည့် လူမှာ စကားပြောရသည်ကိုအတော်နှစ်သက်ပုံရသည်။ သူ၏မျက်လုံးများကို ကျင်းမြောင်းလိုက်ပြီး သူ၏ဘေးပတ်လည်ရှိသစ်ပင်များထံမှ ထွက်ပေါ်လာသည့် အစိမ်းရောင်အလင်းစက်လေးများသည် သူ၏ခန္ဓာကိုယ်ကိုလွှမ်းခြုံသွား၏။ အစိမ်းရောင်အလင်းစက်များစုပ်ယူခြင်းခံလိုက်ရသည့် သစ်ပင်များမှာ မြင်နိုင်သည့်အမြန်နှုန်းခြင့် သေဆုံးလာကြသော်လည်း ဒစ်ခ်၏ခန္ဓာကိုယ်ကို၀န်းရံနေသည့်အစိမ်းရောင်အတွင်းအားစွမ်းအင်မီးတောက်များမှာ အားကောင်းသည်ထက်အားကောင်းလာတော့သည်။ မကြာမှီတွင် ဒစ်ခ်၏ အတွင်းအားစွမ်းအင်မီးတောက်များမှာ ဒစ်ထက်ကြီးထွားသွားပြီး သူ၏နှုတ်ခမ်းများကိုသပ်ကာပြောလိုက်သည်။

“မင်းဒီရိုက်ချက်ကို ခုခံကြည့်လိုက်စမ်း။”

ဒစ်ခ်ပြောရင်းဖြင့် သူ၏ဓားကိုရွေ့လျားလိုက်သည်။

သူ၏ဓာသွားပေါ်တွင် အစိမ်းရောင်အလင်းတန်းတစ်ခုပေါ်လာပြီး ထင်ရှားသည့်နဂါးခေါင်းပုံတစ်ခုသည် သူ၏အတွင်းအားစွမ်းအင်များကိုအသုံးပြုပြီး ဓားသွားပေါ်တွင်ပေါ်လာတော့သည်။ နဂါးသည် ပါးစပ်ဟလိုက်ရာ သူ၏အစွယ်များကိုပင် ထင်ထင်ရှားရှားမြင်နေရ၏။ တကယ့်နဂါးတစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ဖိအားသည် လမ်းပါ့ဒ်၏ ပခုံးပေါ်တွင်ခံစားလိုက်ရ၏။

“အထူးသိုင်းကွက် စစ်သည်..အစိမ်းရောင်အလင်းတန်း...နဂါး...ဓားသွား....”

ကြီးမားသည့် နဂါးကြီးမှာ သူ၏ပါးစပ်ကို ထက်မံဖွင့်လိုက်ရာ ကြီးမားသည့်ရှေ့ကျသည့်ပုံရသည့်ဓားတစ်ချောင်းသည် ထိုအထဲမှထွက်လာ၏။ ဓားမှာ ၄မီတာခန့်ရှည်လျားပြီး အလွန်အသက်၀င်လှသည်။ လေထုထဲတွင် တုန်ခါနေရင်းဖြင့် သစ်ပင်များကျောက်တုံးများအပါ၀င်သူ၏ လမ်းကြောင်းတစ်လျှောက်တွင်ရှိနေသည့် အရာအားလုံးကိုထိုးဖောက်ပြီး ပျံသန်းလာသည်။ အရာအားလုံးဖြင့်လမ်းပါ့ဒ်အားတိုက်ခိုက်လိုက်သကဲ့သို့ ဖုန်မှုန့်များလေပေါ်သို့ ပျံသန်းကုန်တော့သည်။

ဤသည်မှာ အဆင့်မြင့်အထူးသိုင်းကွက်တစ်ခုပင်။

သူရဲကောင်းနန်းတော်မှစစ်သည်များတွင် ကြွယ်၀မှုများစွာပိုင်ဆိုင်ထားသည့်အတွက် သာမန်ကြယ်လေးလုံးအဆင့်စစ်သည်များသည် သူတို့နှင့်ယှဥ်နိုင်ခြင်းမရှိပေ။

ဤ[အစိမ်းရောင်အလင်းတန်းနဂါးဓားသွား]ဟုခေါ်သည့်သိုင်းကွက်သည် ဒစ်ခ်မူလအစွမ်းထက်နှစ်ဆခန့်ကျော်လွန်ကာတိုက်ခိုက်နိုင်စွမ်းရှိသည်။ ဤတိုက်ခိုက်မှုသည် ကြယ်လေးလုံးအဆင့်အမြင့်ဆုံးအဆင့်ပင်။

သို့သော် လမ်းပါ့ဒ်၏မျက်နှာမှာ အရောင်ပြောင်းလဲသွားခြင်းမရှိပေ။

သူ၏လက်ထဲတွင်ရှိနေသည့် ဓားကြီးကိုမြေပြင်ပေါ်သို့ ထိုးစိုက်လိုက်သည်။ လျှပ်စီးများသည် သူ၏အနောက်တွင်ရှိနေသည့်ကောင်းကင်ပေါ်တွင် ခြင်သင်္သေ့ရုပ်တစ်ခုကိုရေးဆွဲလိုက်ပြီး လျှပ်စီးသံများသည် တောအုပ်အတွင်းတွင်ဆူညံသွားတော့သည်။ သူ၏ညာလက်သီးကို ဆုပ်လိုက်၏။ ဤအကွက်သည် မယုံနိုင်ဖွယ်မှောအစွမ်းတစ်ခုရှိနေကဲ့သို့ပင်။ သူ၏ခန္ဓာကိုယ်တစ်၀ိုက်တွင်ရှိနေသည့် လျှပ်စီးများအားလုံးသည် သူ၏ညာလက်သီးထံသို့ သိပ်သည်းသွားတော့၏။ ထို့နောက်တွင် မျက်စိစူးစေသည့် ငွေရောင်အလင်းတန်းများနှင့်အတူ သူ၏လက်သီးပေါ်တွင် ငွေရောင်အလင်းပျောက်တစ်ခုပေါ်လာတော့၏။

အခိုက်တန့်တစ်ခုခန့်အတွင် နေရောင်ချည်ကိုပင် ဤငွေရောင်အလင်းရောင်ကလွှမ်းခြုံသွား၏။

ဒစ်ခ်၏မျက်လုံးများမှာ ရုတ်တရက်တောက်ပလွန်းသည့်အလင်းရောင်ကြောင့် နာကျင်သွားသဖြင့် ရုတ်တရက်ပိတ်လိုက်ရ၏။ ထို့နောက်တွင် ဆံပင်အနီရောင်နှင့်စစ်သည်ထံမှ နက်ရှိုင်သည့်ကြုံး၀ါးသံတစ်ခုကို ကြားလိုက်ရ၏။

“အလင်း-လက်သီး...”

“အထူးသိုင်းကွက်လား..ဒီလိုတောထဲက စစ်သည်ကလဲ အထူးသိုင်းကွက်သုံးတတ်တာပဲလား...”

ဒစ်ခ်သည် သူကြားနေရသည့်အရာကိုယုံနိုင်ခြင်းမရှိပေ။

သူ့ထံသို့ လျှပ်စီးများစွာပျံသန်းလာသည်ကိုခံစားမိရင်းဖြင့် ကြီးမားသည့်အန္တရာယ်အရိပ်ယောင်တစ်ခုကို အာရုံခံလိုက်မိ၏။ သူထိတ်လန့်သွားသည်။ သို့သော် သူလည်းနှေးကွေးနေခြင်းမရှိပေ။ သူ၏အတွင်းအားစွမ်းအင်များကို အကုန်ထုတ်လွှတ်လိုက်ပြီး အစိမ်းရောင်အလင်းတန်းနဂါးဓားသွားထံသို့ တွန်းပို့လိုက်သည်။ ၄မီတာခန့်ရှည်လျားသည့် ဓားကြီးမှာ ချက်ချင်းပင် ပို၍ကြီးထွားလာတော့သည်။

“ဖုန်း ဖုန်း ဖုန်း ဖုန်း...”

လျှပ်စီးအလင်းတန်းများစွာနှင့် ငါးမီတာခန့်ရှည်လျားသည့် အစိမ်းရောင်နဂါးဓားသွားနှင့် တွေ့ဆုံကြတော့သည်။

ထို့နောက်တွင်....

“ချွတ် ချွတ် ချွတ်...”

လျှပ်စီးသံများစွာ ထွက်ပေါ်လာပြီး ဒစ်ခ်ထက်မံ၍ထိတ်လန့်သွားသည်။ သူ၏ အစိမ်းရောင်နဂါးဓားသွားပျက်စီးသွားသည်ကို သူအာရုံခံလိုက်မိပြီးဖြစ်သည်။ လျှပ်စီးအလင်းတန်များစွာနှင့်တွေ့ဆုံသည့်အချိန်တွင် လျှပ်စီးတစ်ခုခြင်းစီတိုင်းသည် ဓားသွား၏အစိတ်ပိုင်းတစ်ခုကိုဖျက်ဆီးသွား၏။ သူ၏ကြယ်လေးလုံးအဆင့်သိုင်းကွက်ပျက်စီးသွားသည်ကို ထိုင်ကြည့်နေရုံမှလွဲ၍ ဘာမှမတတ်နိုင်ခဲ့ချေ။

ထို့နောက်တွင် အကျွင်းကျင်ငွေရောင်လျှပ်စစ်စွမ်းအင်များမှာ သူ့ထံသို့ပျံသန်းလာတေ့သည်။

“ဘယ်လို ဒါဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ...”

သူ၏မျက်လုံးများကို ပြုးကျယ်ထားသော်လည်း မည်သည့်အရာကိုမှမြင်နိုင်ခြင်းမရှိပေ။

“မြန်လွန်းတယ်။ ငါသူ့ကိုလိုက်ကြည့်လို့မရဘူး။ ငါသူ့ရဲ့လက်သီးချက်ကိုမမြင်နိုင်ဘူး။ သေစမ်းကွာ...” ဒစ်ခ်မှာကြောက်လန့်လွန်းလှသဖြင့် သူ၏၀ိဉာင်သည် ခန္ဓာကိုယ်အတွင်းမှ ပျံထွက်လုနီးနီးပင်။ သူ၏အတွင်းအားစွမ်းအင်ကိုအသုံးပြုပြီး အစိမ်းရောင်ဓားများစွာကိုပြုလုပ်လိုက်ပြီး အနောက်သို့ဆုတ်ခွာလိုက်သည်။ သူသည်ဤတိုက်ခိုက်မှုကို ရှောင်ရှားလိုသော်လည်း သူ၏ခုခံမှုများမှာ စက္ကူကဲ့သို့ပင် လွယ်ကူစွာဖြင့်ထိုးဖောက်ခြင်းခံလိုက်ရသည်။ လျှပ်စစ်အလင်းတန်းများသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ထိုးဖောက်သွားတော့၏။

ထို့နောက်တွင် ကမ္ဘာကြီးတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

“မင်းရဲ့ သစ်တောအတွင်းအားစွမ်းအင်တွေကိုအသုံးပြုပြီး ကြေမွနေတဲ့နှလုံးသားကိုရောပြုပြင်လို့မရဘူးလား...”

လမ်းပါ့ဒ်အေးစက်စွာဖြင့်မေးလိုက်သည်။ သူ၏မျက်နှာသည့် ရန်သူ၏ကြောက်လန့်နေသည့် မျက်နှာဖြင့်နီးကပ်နေသည်။ လမ်းပါ့ဒ်သည်သူ၏ ညာလက်သီးကို ထိုးနှက်နေသည့်အနေထားတွင်ရှိနေဆဲပင်။ သို့သော် ယခုအချိန်တွင်မူ သူ၏ညာလက်သီးသည် ဒစ်ခ်၏ ရင်ဘက်အားထိုးဖောက်လိုက်ပြီဖြစ်သည်။ သူ၏ညာလက်ထဲတွင် ခုန်နေဆဲဖြစ်သည့်နှလုံးသားတစ်ခုရှိနေသည်။

“မရဘူး...” ဒစ်ခ်၏မျက်လုံးများထဲတွင် အကူညီကင်းမဲ့သည့်အရိပ်ယောင်များပေါ်လာတော့သည်။ သူ၏ခန္ဓာကိုယ်အတွင်းမှ ခွန်အားများသည်လည်း တဖြည်းဖြည်းဖြင့် ကုန်ခမ်းလာလျှက်ရှိသည်။

“အေးဆေးပေါ့ ငါ့မှာဦးခေါင်းတွေစုဆောင်းတတ်တဲ့ ၀ါသနာတော့မရှိပါဘူး...” လမ်းပါ့ဒ်၏ အသံမှာ ထက်မံထွက်ပေါ်လာသည်။

ပျော်ရွှင်မှုတစ်၀က်နှင့် ၀မ်းနည်းမှုတစ်၀က်ပါရှိနေသည့် အမူရာတစ်ခုသည် ဒစ်ခ်၏မျက်နှာပေါ်တွင် ပေါ်လာတော့သည်။ သူတစ်ခုခုပြောချင်နေသည့်ပုံရသည်။

“ဒါပေမယ်...ငါကရန်သူတွေရဲ့နှလုံးကိုတော့ခြေတတ်တယ်ကွ...” လမ်းပါ့ဒ်ပြောရင်းဖြင့် သူ၏ညလက်သီးကိုဆုပ်ကာ ခုန်နေဆဲဖြစ်သည့် နှလုံးကို ခြေပစ်လိုက်တော့၏။

All Chapters