← Chapters

အခန်း (၂၅၉)

Vol. 18 Ch. 259

အခန်း (၂၅၉)

Vol. 18 Ch. 259

“အား....အား...အား...”

ဒစ်ခ်မှာ တစ်စုံတစ်ခုကိုပြောရန်အတွက် ကြိုးစားနေပုံရသည်။ သို့သော် သူ၏လည်ချောင်းမှာ သားရဲတစ်ကောင်အော်ဟစ်သကဲ့သို့အသံမျိုးကိုသာ ပြုလုပ်နိုင်တော့၏။ သူလမ်းပါ့ဒ်၏လက်မောင်းသူ၏ ရင်ဘက်အတွင်းမှထွက်လာသည်ကိုကြည့်နေသည်။ သူ၏မျက်နှာပေါ်တွင်ရှိသည့် နောက်ဆုံးအမူယာမှာ နောင်တရခြင်းပင်။ ထို့နောက်တွင် သူ၏ဓားသည် မြေပေါ်သို့လွတ်ကျသွား၏။ သူအသက်ရူရပ်တန့်သွားသည်နှင့် တပြိုင်နက်ပင် သေဆုံးသွားတော့၏။ လမ်းပါ့ဒ်သူ့အားအသာယာတွန်းဖယ်လိုက်သည့်အချိန်တွင် သူ၏အေးစက်သည့် ရုပ်ခန္ဓာမှာ မြေပေါ်သို့လဲကျသွားတော့သည်။

ထိုချိန်တွင် အ၀ေးမှမီးတောက်များနှင့် မီးခိုးများထွက်ပေါ်လာ၏။

လမ်းပါ့ဒ်ထိတ်လန့်သွားသည်။ သူ၏ ခန္ဓာကိုယ်မှာဖျတ်ကနဲဖြစ်သွားပြီး မီတာ၁၀၀ခန့်မြင့်မားသည့် သစ်ပင်တစ်ပင်အပေါ်သို့ချက်ချင်းရောက်သွား၏။

သူအ၀ေးသို့လှမ်းကြည့်လိုက်သည်။ လွင်ပြင်တစ်ခုလုံးလိုလို၌ပင် လောင်ကျွမ်းနေသည့် မီးတောက်များကိုမြင်လိုက်ရသည်။ ဤသည်မှာ စစ်ဘက်ဆိုင်ရာခေါင်းဆောင်ဘရွတ်၏ လက်ချက်မှန်းလမ်းပါ့ဒ်သိရှိသော်လည် လမ်းပါ့ဒ်စိုးရိမ်နေဆဲပင်။ ကျူးကျော်လာသူများတပ်ဖွဲ့အကြောင်းကို သူတွေးလိုက်မိသည့်အချိန်တွင် ကြယ်လေးဆုံးအဆင့်အမြင့်ဆုံးရှိသည့်စစ်သည်တစ်ယောက်ပါရှိနေသည်ကို သူသတိရလိုက်သောကြောင့်ပင်။ ဤမီးတောက်များသည် မြင်းစစ်သည်တစ်ထောင်ကျော်ခန့်ကို အကုန်သတ်ဖြတ်နိုင်စေကာမူ ထိုကြယ်လေးလုံးအဆင့်စစ်သည်ကို သတ်ဖြတ်နိုင်မည်မဟုတ်သောကြောင့်ပင်။ ထိုစစ်သည်နှင့်ရင်ဆိုင်နိုင်သည့် ဆရာများမှာလက်ရှိတွင် ဘရွတ်ဘေးတွင်ရှိမနေပေ။ အခြအနေသည် ကျူးကျော်သူများအဖွဲ့မီးပင်လယ်ထဲမှထွက်လာသည့်အချိန်တွင် ဆိုး၀ါးသွားနိုင်သောကြောင့်ပင်။

သူကူညီရမည်ဖြစ်သည်။

လေချွန်လိုက်သည့်အချိန်တွင် ပျောက်ကွယ်သွားသည့်ချမ်းဘော့ဒ်လေးသည်တော်အယောက်၂၀ခန့်မှာ လမ်းပါ့ဒ်ရှိနေသည့် သစ်ပင်အောက်သို့ရောက်လာကြ၏။

“အရှင်လမ်းပါ့ဒ်....”

“လူတိုင်းဒီမှာရှိလား...ကျဆုံးတဲ့လူတွေရှိလား...”

“အကုန်ရှိနေပါတယ် အရှင် ဒဏ်ရာအနည်းငယ်ရသွားတဲ့ အန်ဒီနဲ့ တေလာတို့နဲ့က လွဲပြီးအကုန်အဆင်ပြေကြပါတယ်။ အမဲရောင်ချပ်၀တ်နဲ့မြင်းစစ်သည်၂၀၀ကတော့ ဒီတောထဲကနေထွက်နိုင်မှာမဟုတ်တော့ပါဘူး...”

“ကောင်းတယ် ဒါပေမယ့်တိုက်ပွဲကတော့မပြီးသေးဘူး..အဖွဲ့နှစ်ဖွဲ့ခွဲလိုက်ကြ မင်းတို့ကောင်တွေက ဒရော့ဂ်ဘာနဲ့ ပီးရာ့စ်တို့ကို သွားကူမှရမယ်။ ငါကတော့ ဘရွတ်ကို သွားကူလိုက်မယ်။ အခြေအနေက အရေးကြီးနေလို့အမြန်လုပ်ကြ...” လမ်းပါ့ဒ်စစ်သည်အယောက်၂၀၏ မျက်နှာများကိုကြည့်လိုက်သည်။ တစ်ချို့မှာ သွေးများစီးကျနေဆဲပင် ဖြစ်သည်။ သူတို့သည် မြေမျက်နှာပြင်ကျွမ်းကျင်မှုတို့ကိုအသုံးပြုပြီး မြင်းစစ်သည်အယောက်၂၀၀ခန့်ကို အကုန်သတ်ဖြတ်ခဲ့သော်လည်း သူတို့ပေးလိုက်ရသည့်ပေးဆပ်မှုများမှာလည်း ကြီးမားလှသည်။ သို့သော် လမ်းပါ့ဒ်သည် ယခုအချိန်တွင် သေချာစဥ်းစားနေရန်အတွက် အချိန်မရပေ။ သူညင်သာစွာဖြင့်အမှာစကားတစ်ခုသာပြောခဲ့လိုက်နိုင်၏။ “ဂရုစိုက်ကြကွာ....” ထို့နောက်တွင် သူဖျတ်ကနဲဖြစ်သွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

ငွေရောင်လျှပ်စီးအလင်းတန်းများသည် လေပေါ်တွင် ပျံသန်းလျှက်ရှိသည်။ လမ်းပါ့ဒ်သည် ချမ်းဘော့ဒ်အလံတိုင်တစ်ခုစိုက်ထူထားသည် တောင်ကုန်းတစ်ခုပေါ်သို့အမြန်သွားနေခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် လေချွန်သံများစွာထွက်ပေါ်လာသည်။ မြင်းခွာသံများထွက်ပေါ်လာ၏။ တောစက်တွင်ထားခဲ့သည့်မြင်းများမှာ သူတို့၏သခင်များထံသို့ ပြန်လာကြသည်။ သွေးများပေကျံနေသည့် ချမ်းဘော့ဒ်စစ်သည်များမှာ မြင်းများကို စီးပြီးအ၀ေးတွင်ရှိသည့် အစိမ်းရောင်မြက်ရှည်တောများထဲသို့ ဦးတည်ကာထွက်သွားကြတော့သည်။

ထိုမြက်တောများထဲတွင် သူတို့၏ညီအကိုများသည် အမိမြေကိုကာကွယ်ရန်အတွက် သွေးထွက်သံယိုတိုက်ပွဲတစ်ခုကို ဆင်နွဲလျှက်ရှိနေဆဲဖြစ်သောကြောင့်ပင်။

....

“ဟီးဟီး ဒီကြွက်နှစ်ကောင်ကတော့ ဘယ်ကိုထွက်ပြေးနိုင်မှာမို့လို့လဲ...”

အမဲရောင်သူရဲကောင်းအလန်၏ ခန္ဓာကိုယ်တစ်၀ိုက်တွင် အပြာရောင်စွမ်းအင်မီးတောက်များလောင်ကျွမ်းလျှက်ရှိသည်။ လက်တစ်ဖက်ထဲဖြင့်ပင် အပြာရောင်ရေစွမ်းအင်များမှာ ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့ထံသို့ မြှားများကဲ့သို့ပျံသန်းသွား၏။ သူတို့အားအ၀ေးသို့ဆုတ်ကွာရန်အတွက် တွန်းအားပေးနေ၏။ အ၀ေးတွင်ရှိနေသည့် မြက်တောထဲတွင် လူသန်ကြီးနှစ်ဦး၏ နောက်ကြောပြင်နှင့် သွေးအိုင်တစ်ခုကိုသာမြင်နေရသည်။

သူသည် ရန်သူ၏ အကူညီမဲ့နေမှုကို ခံစားရင်းဖြင့် ကြောင်နှင့်ကြွက်ကစားနည်းကို ကစားနေခြင်းပင်။

“ဟားဟား ခနရပ်ပြီးနားကြပါဦးလားကွ...မင်းတို့ကြောင်တွေဒီလောက်ဒဏ်ရာရပြီးသွေးတွေအများကြီးထွက်နေတာတောင်ပြေးနိုင်နေတုန်းပဲလား။ အလန်၏ ဆံပင်များသည် လေထဲတွင် လွှင့်ပျံနေသည်။ သူလေပေါ်သို့ခုန်တက်လိုက်ပြီးအ၀ေးတွင်ရှိနေသည့် လူသန်ကြီးနှစ်ယောက်ကိုကြည့်လိုက်သည်။ ထို့နောက်တွင် အပြာရောင်ရေအစွမ်းအားစွမ်းအင်များကို ဘောလုံးများကဲ့သို့ပစ်လွှတိုက်၏။ ဖုန်မှုန့်များနှင့် မြက်ပင်များလေပေါ်သို့ ပျံသန်းကုန်ကြသည်။

သူရဲကောင်းအလန်မှာ အရေးကြီးလူတစ်ယောက်ထံမှ အမိန့်များစွာကို ရရှိထားပြီးဖြစ်သည်။ သာမန်အားဖြင့် သူသည် ဤထွက်ပြေးနေကြသည့်လူနှစ်ယောက်သည် ချမ်းဘော့ဒ်ဘုရင်လက်အောက်မှအရေးကြီးလူနှစ်ယောက်ဖြစ်သည်ကို သူသိရှိပြီးဖြစ်သည်။ ထို့ကြောင့်ဤလူနှစ်ယောက်ကို သတ်ဖြတ်ပြီးပါကသူသည် ဆုလာဘ်ကြီးကြီးတစ်ခုကိုရရှိမည်မှာမလွဲပင်။ ထို့ကြောင့်သူသည် တခြားထွက်ပြေးလွတ်မြောက်သွားသည့် ချမ်းဘော့ဒ်လေးသည်တော်များကို ဂရုမစိုက်ပဲ ဒရော့ဂ်ဘာနှင့် ပီးရာ့စ်တို့အနောက်သာ မဲ၍လိုက်လျှက်ရှိသည်။

အတွင်းအားစွမ်းအင်များစွာဖြင့် ပစ်လွှတ်ပြီးသည့်အချိန်တွင် မြက်ပင်များပင် သွေးများဖြင့် ဖုံးလွှမ်းနေ၏။ သွေးစက်များသည် နေရာအနှံ့ပင်။ ထိုလူနှစ်ယောက်မှာ သွေးအလွန်အမင်းဆုံးရှုံးထားပုံရပြီး ဆက်လက်ပြီးကြာကြာပြောနိုင်တော့မည့်ပုံမရှိတော့ပေ။

ပြေးလိုက်ခြင်းမှာ ဤကဲ့သို့ပင် ဆက်ဖြစ်၏။

သို့သော်....

၁၀မိနစ်ကျော်ခန့်လိုက်ပြီးသည့်အချိန်တွင် တဖြည်းဖြည်းဖြင့်အလန်တစ်စုံတစ်ခုလွဲမှားနေသည်ကို သတိထားမိလာတော့သည်။

All Chapters