← Chapters

အခန်း (၂၆၀)

Vol. 18 Ch. 260

အခန်း (၂၆၀)

Vol. 18 Ch. 260

“ထူးဆန်းတယ် ဒီကျွဲရိုင်းနှစ်ကောင်တောင် ဒီလောက်သွေးတွေအများကြီးထွက်နေရင် သေရတော့မှာလေ။ ဒီနှစ်ကောင်က ဘာလို့ပြေးနိုင်နေသေးတာပါလိမ့်။” အလန်ထိုနေရာ၌တွင်သာရပ်လိုက်ပြီးဆက်ပြီးပြေးလိုက်ခြင်းမရှိတော့ပေ။ ထို့နောက်တွင် သူ၏ခေါင်းအားပုတ်ပြီး ဘေးပတ်၀န်းကျင်သို့ကြည့်လိုက်သည့်အချိန်တွင် သူသည် ဤမြက်ခင်းပြင်ထဲတွင် လမ်းပျောက်လျှက်ရှိသည်ကို သတိထားလိုက်မိသည်။

“စောက်ကြောက်နှစ်ကောင် ငါချမ်းဘော့ဒ်တိုင်းပြည်တစ်ခုလုံးကိုအရင်သတ်ပြမယ်။ မင်းတို့အချိန်ဘယ်လောက်ကြာကြာပုန်းနေနိုင်သေးလဲကြည့်ကြသေးတာပေါ့။”

အလန်အော်ဟစ်ပြီးတစ်ဖက်သို့လှည့်လိုက်သည်။

သူသည် ယခုအချိန်တွင် ဟန်ဆောင်နေခြင်းမဟုတ်ပေ အမှန်တကယ်ပင် ပြန်ရန်အတွက်ပြင်နေခြင်းဖြစ်သည်။ ထိုသူတော်စဥ်ဟုခေါ်သည့်စစ်သည်နှစ်ယောက်ထွက်လာပါက သူပြန်မည်မဟုတ်ပေ။ ဤနှစ်ယောက်ကိုသတ်ဖြတ်နိုင်ပါက ဆုလာဘ်များရရှိမည်မှာမှန်သော်လည်း သူ၏တစ်ခြားအပေါင်းပါများတိုင်းပြည်အတွင်းသို ၀င်သိမ်းပြီး ရတနာပစ္စည်းများလုယူသည်ကိုနောက်ကျသွားပါက သူဘာမှရတော့မည်မဟုတ်သောကြောင့်ပင်။

“အဟား မပြန်ပါသေးနဲ့ဦးကွမင်းကတကယ်ပဲစိတ်ပျက်ဖို့ကောင်းတာပဲ။ အခုမှပျော်လို့ကောင်းတုန်းပဲရှိသေးတာလေ....”

“အမှန်ပဲ မင်းငါတို့ကို မီအောင်လိုက်နိုင်သေးတာတောင်မဟုတ်ဘူး...”

လူသန်ကြီးနှစ်ယောက်မှာထွက်လာပြီးစတင်ရယ်မောကြတော့သည်။ သူတို့နှစ်ယောက်သည်အနောက်တွင်ရှိသည့်မြက်တောများအတွင်းမှထွက်လာပြီး အလန်အနောက်မှပြေးလိုက်ကာ ကျိမ်ဆဲလိုက်ကြသည်။ သူတို့သည်အလန်ထွက်ခွာရန်ပြင်သည့်အတွက် စိတ်ကျေနပ်သည့်ပုံမပေါ်ချေ။

“ဟားဟား မင်းတို့စောက်ကြောက်နှစ်ကောင်...” အလန်ရယ်မောပြီး အနောက်သို့လှည့်လိုက်သည်။ သူမက်တပ်ရပ်နေဆဲပင်ဖြစ်သည်။

သူသည် ထိုလူနှစ်ယောက်အားအညှာတာကင်းမဲ့စွာဖြင့် ပြန်လည်ကျိမ်ဆဲတော့မည်ဖြစ်သည်။ သို့သော်လည်း သူကျိမ်ဆဲရန်အတွက် ပါးစပ်ဖွင့်လိုက်သည့်အချိန်မှာပင် ဒရော့ဂ်ဘာနှင့် ပီးရာ့စ်တို့လက်ထဲတွင် သယ်ထားသည့်အရာများကိုမြင်လိုက်သည့်အတွက် ကျက်သေသေသွားတော့သည်။ ထိုအရာများမှာ ဦးခေါင်းကင်းမဲ့ကာသေဆုံးနေသည့် အမဲရောင်ချပ်၀တ်မြင်းစစ်သည်နှစ်ယောက်၏ ရုပ်အလောင်းများပင်။ လူသန်ကြီးများသည် ထိုအလောင်းများကို သူတို့၏လက်ထဲတွင် ကြက်ကလေးငှက်ကလေးတစ်ကောင်ကဲ့သို့ သယ်ထားလျှက်ရှိသည်။ အနည်းငယ်လှုပ်ရှားလိုက်ပါက ထိုအလောင်းများမှသွေးများသည် ပန်းထွက်လာမည်ဖြစ်သည်။

“မင်းတို့...ဘယ်လို....”

အလန်မှာအရာများစွာကို ချက်ချင်းပင် နားလည်သွားသည်။ ထိုလူသန်ကြီးများ၏ ကိုယ်ပေါ်တွင် ဒဏ်ရာများရှိနေခြင်းမရှိသောကြောင့်ပင်။

“ငါ...လှည့်စားခံလိုက်ရတာပဲ...”

ထိုလူနှစ်ယောက်ဒဏ်ရာရပြီးသွေးများစွာထွက်နေသည်ဟု ထင်ရခြင်းမှာအံ့သြဖွယ်မဟုတ်ပေ။ မည်သည့်လူမဆိုဤမျှသွေးများဆုံးရှုံးသွားပါက မံမီရုပ်အလောင်းများဖြစ်သွားကြတော့မည်ဖြစ်သည်။

“မင်းတို့နှစ်ကောင်ရဲ့ လုပ်ရပ်ကခွင့်မလွှတ်နိုင်စရာပဲ...မင်းတို့နှစ်ကောင်ကို အကြိမ်တစ်ထောင်လောက်သတ်ပစ်သင့်တယ်...”

“ပေါလ်ကြည့်စမ်း ဆံပင်အ၀ါရောင်နဲ့ကောင်လေးက ငါတို့ကိုစိတ်ဆိုးနေပုံရတယ်။ “ဒရော့ဂ်ဘာဂုဏ်ယူစွာဖြင့်ပြုံးလိုက်သည်။ “ငါ့အကြံဘယ်လိုလဲ ကောင်းတယ်မလား...” သူမေးခွန်းမေးပြီး သူ့ပါသူပြန်ဖြေလိုက်၏။ “ဟားဟား အတော်ကောင်းတဲ့အကြံပဲ။”

“ဟားဟား ဒိုက်ဒီယာ ငါလဲမင်းနဲ့ပေါင်းပြီး စောက်ကျင့်ယုတ်တတ်လာပြီပဲ...” ပီးရာ့စ်ရယ်မောလိုက်၏။

“မင်းတို့နှစ်ကောင်တော့အသေပဲ...”

အလန်မှာ အလွန်ဒေါသဖြစ်နေသဖြင့် သူ၏ဦးခေါင်းမှ မီးခိုးများထွက်လုနီးပါးပင်။ သူ၏မျက်လုံးများထဲတွင် မီးများတောက်ပနေသည်။ အပြာရောင်အတွင်းအားမီးတောက်များထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်အားလွှမ်းခြုံသွားတော့၏။ အတွင်းအားမီးတောက်များထံမှ ရေလှိုင်းသံများထွက်ပေါ်လာလျှက်ရှိသည်။ ချွန်ထက်သည့် ဓားမှာမမြင်နိုင်သည့်စွမ်းအင်တစ်မျိုး၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရသည်။ ရုတ်တရက်လျှင်မြန်စွာလည်ပတ်ပြီး ရေဂုဏ်သတ္တိစွမ်းအင်များမှာ အလည်မှစတင်ပြီးပျံ့နှံ့လာတော့သည်။

“မင်းတို့ကြွက်နှစ်ကောင် ငါ့ကိုအတော်ဒေါသဖြစ်အောင်လုပ်လိုက်တာပဲ....”

အပြာရောင်စွမ်းအင်များလွှမ်းခြုံထားသည့်ဓားမှာ လျှပ်စီးအလင်းတန်းတစ်ခုအသွင်သို့ပြောင်းလဲသွားပြီး ရေတွက်၍မရနိုင်သည့်ဓားသွားများစွာကို ပစ်လွှတ်လိုက်သည်။ သူတို့၏ဘေးပတ်လည်တွင်ရှိသည့်နှစ်မီတာခန့်အမြင့်ရှိသည့် မြက်ပင်များမှာ ပိုင်းပြတ်ကုန်ကြတော့၏။ အတွင်းအားစွမ်းအင်များမှထွက်ပေါ်လာနေသည့် ရေလှိုင်းသံများကြောင့် ပင်လယ်ပြင်ထဲတွင်ရောက်နေသကဲ့သို့ပင်။

“အတွင်းအားသိုင်းကွက် လျှင်မြန် အလွှာတစ်ထောင်ရေလှိုင်း...”

အလန်အော်ဟစ်လိုက်သည်။ သူ၏ဓားကို အကြိမ်ပေါင်းများစွာ၀ှေ့ရမ်းနေ၏။ အခိုက်တန့်တစ်ခုအတွင်းမှာပင် ရေလှိုင်းသံများသည် ကျယ်လောင်သည်ထက်ကျယ်လောင်လာတော့သည်။ ကောင်းကင်ပေါ်တွင် ဓားအလင်းရောင်များသည် ရုတ်တရက်ထွက်ပေါ်လာပြီး ရေလှိုင်းကဲ့သို့ ပင့်ကူဓားအိမ်တစ်ခုကိုဖန်တီးလိုက်ကာ ပီးရာ့စ်နှင့်ဒရော့ဂ်ဘာထံသို့ အရပ်မျက်နှာပေါင်းစုံမှပျံသန်းလာတော့သည်။

“အာ ဒီကောင်က တကယ်စိတ်ဆိုးနေတာပဲဟ...” ဒရော့ဂ်ဘာ အော်ဟစ်ခါညီးတွားလိုက်သည်။ “အရှင်မင်းကြီးသက်တော်ရှည်ပါစေ....တောရက်စ်သူတော်စဥ်ချပ်၀တ်ငါ့စီလာခဲ့စမ်း...”

ထိုကဲ့သို့အော်ဟစ်ပြီးနောက်တွင် ထူးဆန်းသည်တစ်စုံတစ်ခုဖြစ်ပျက်သွား၏။

သူ၏ နွားတစ်ကောင်ကဲ့သို့ကြီးထွားသည့် ခန္ဓာကိုယ်ကြီးမှာ မြေဆွဲငင်အားကင်းမဲ့သွားသကဲ့သို့ လေပေါ်သို့ပျံ၀ဲလာသည်ကိုမြင်လိုက်ရသည်။ ထို့နောက်တွင် သူ၏ နဖူးမှ အမဲရောင်အလင်းစက်တစ်ခုထွက်ပေါ်လာပြီး အမဲရောင်သံမဏိသေတ္တာတစ်ခုအဖြစ်သို့ပြောင်းလဲသွားသည်။ နောက်အခိုက်တန့်တွင် သေတ္တာအဖုံးပွင့်သွားပြီး ရွှေရောင်အလင်းတန်များနှင့်အတူ ကြီးမားသည့်အမဲရောင်သံမဏိကျွဲရိုင်းကြီးတစ်ကောင်မှာ သေတ္တာအတွင်းမှ ပြေးထွက်လာတော့၏။ ထိုအရာသည် ချမ်၀တ်အစိတ်ပိုင်း၁၂၅ခုအဖြစ်သို့ပြောင်းလဲသွားပြီး ဒရော့ဂ်ဘာ၏ခန္ဓာကိုယ်ပေါ်တွင် ၀တ်ဆင်လိုက်တော့သည်။

အရာအားလုံးပြီးဆုံးသွားသည့်အခိုက်တန့်တွင် ကြယ်၁၂၅ခုဖြင့်ပေါင်းစပ်ထားသည့် ကျွဲရိုင်းတစ်ကောင်၏ ပုံမှာ ဒရော့ဂ်ဘာ၏အနောက်ဘက်တွင်ရှိသည့်ကောင်းကင်ပေါ်တွင် လျို့၀ှက်ထူးဆန်းစွာဖြင့် ပေါ်လျှက်ရှိသည်။

“သေစမ်း ဒါကတော့ ဆိုး၀ါးတော့မှာပဲ....” ပီးရာ့စ်ပြောလိုက်သည်။ သို့သော် သူသည် အလွန်စိတ်လှုပ်ရှားနေသည့်ပုံရှိသည်။ သူ၏လက်မောင်းများကို မြှောက်လိုက်ပြီး အော်ဟစ်လိုက်သည်။ “ကြယ်စွမ်းအား...ကပ်ပရီကွန်းသူတော်စဥ်ချပ်၀တ်လာခဲ့စမ်း...”

သူအော်ဟစ်လိုက်သည့်အချိန်တွင် ဒရော့ဂ်ဘာကဲ့သို့တူညီသည့်အရာသည်လည်း သူ့အားဖြစ်ပျက်သွား၏။

သူ၏နဖူးမှထွက်လာသည့် အမဲရောင်အလင်းစက်ထံမှ ကပ်ပရီကွန်းကြယ်တာရာသင်္ကေတပါရှိသည့် သံသေတ္တာတစ်ခုထွက်ပေါ်လာ၏။ ထိုသံမဏိသေတ္တာသည် ဘေးတွင်တောက်ပနေသည့်ရွှေရောင်အလင်းစက်များနှင့်အတူ အဖုံးမှာ အလိုအလျှောက်ပွင့်လာပြီး အထဲမှ သံမဏိဆိတ်တစ်ကောင်ပြေးထွက်လာ၏။ ထိုသံမဏိဆိပ်ရုပ်မှာ ချပ်၀တ်အစိတ်ပိုင်းအခု၅၀အဖြစ်သို့ပြောင်းလဲသွားပြီး ပီးရာ့စ်၏ခန္ဓာကိုယ်ပေါ်တွင် ၀တ်ဆင်လိုက်သည်။

“ဒါက ဘာတွေလဲ...” အလန်သည် သူမြင်နေသည့်အရာများကို နားလည်နိုင်ခြင်းမရှိပဲ မျက်လုံးများပျူးကျယ်လျှက်ရှိသည်။

ဤအခိုက်တန့်တွင် ယခင်က ဂုဏ်သရေနှင့် မာနလုံး၀ရှိပုံမရသည့်လူသန်ကြီးနှစ်ယောက်သည် သူ၏အရှေ့တွင် ထူးဆန်သည့်ချပ်၀တ်များ၀တ်ဆင်ထားပြီး ဘုရားသခင်၏စစ်သည်များကဲ့သို့ပင် ပြောင်းလဲသွားတော့၏။ ဤလူနှစ်ယောက်သည် အချိန်နှင့်အာကာသကိုဖြတ်ကျော်ပြီး တစ်ခြားကမ္ဘာမှရောက်ရှိလာသကဲ့သို့ပင်။ အလန်သူခံစားနေရသည့်ခံစားချက်ကို ဖော်ပြနိုင်ခြင်းမရှိပေ။ သို့သော် ဤလူနှစ်ယောက်သည် နတ်ဘုရားများကဲ့သို့ သူခံစားနေရသည်။ အလန်သည် သူရဲကောင်းနန်းတော်တွင်ရှိခဲ့စဥ်က လျို့၀ှက်ထူးဆန်းသည့် အဖြစ်ပျက်များစွာကို ကြားဖူးခဲ့သည်။ အဖျတ်စွမ်းအားကြီးသည့် လအဆင့်သိုင်းဆရာများ သူတို့၏လက်ဆွဲတော်လက်နက်များဆင့်ခေါ်နေခြင်းကိုလည်း ကိုယ်တိုင်ကြုံတွေ့ဖူးခဲ့သည်။ သို့သော် သူယခုမြင်တွေ့လိုက်ရသည့်အရာကိုမူ လုံး၀နားလည်နိုင်ခြင်းမရှိပေ။

“ချွင် ချွင် ချွင် ချွင်...”

အပြာရောင်စွမ်းအင်ဓားချက်များဖြင့် ပြုလုပ်ထားသည့် ပင့်ကူအိမ်ဓားချက်များမှာ လူသန်ကြီးနှစ်ယောက်အား ရှောင်ရှား၍မရနိုင်သည့်ဘုရားသခင်ထံမှအပြစ်ပေးမှုကဲ့သို့ရိုက်ခတ်လိုက်၏။

သို့သော် အလန်ရည်မှန်းထားသည့် ချပ်၀တ်များစုတ်ပြဲကုန်ပြီး သွေးများပန်းထွက်လာသည့်မြင်ကွင်းမှာဖြစ်ပေါ်လာခြင်းမရှိပေ။

အလန်ထိတ်လန့်သွားသည်။ သူ၏တိုက်ခိုက်မှုများသည် ချပ်၀တ်ပေါ်တွင် အစင်းကြောင်းတစ်ခုကိုပင် ထင်ကျန်စေခဲ့ခြင်းမရှိသောကြောင့်ပင်။

“ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ သေစမ်း အဲ့ချပ်၀တ်တွေကို ဘာပစ္စည်းတွေနဲ့ထုလုပ်ထားလို့လဲကွ...”

All Chapters