← Chapters

အခန်း (၂၆၁)

Vol. 18 Ch. 261

အခန်း (၂၆၁)

Vol. 18 Ch. 261

သူ၏အစွမ်းထက်ဆုံးတိုက်ခိုက်မှုများသည် အမဲရောင်ချပ်၀တ်များပေါ်တွင် အစင်းရာပင်ထင်ကျန်ခဲ့ခြင်းမရှိသည့်အတွက် အလန်၏မျက်နှာမှာနေ့ခင်းကြောင်တောင်တွင် သရဲမြင်လိုက်ရသကဲ့သို့ပင် ရှုံ့တွသွားတော့၏။

နောက်အခိုက်တန့်တွင် သူ၏ရန်သူ၏ တန်ပြန်တိုက်ခိုက်မှုရောက်ရှိလာတော့သည်။

“ဆံပင်အ၀ါရောင်နဲ့ချာတိတ် ဒါကို မြည်းကြည့်လိုက်စမ်း...”

ဒရော့ဂ်ဘာသူ၏ဦးခေါင်းကိုနှိမ့်လိုက်ပြီး အလန်ထံသို့ ထူးဆန်းသည့်ပုံစံတစ်ခုနှင့် ပြေး၀င်သွားတော့၏။ သူ၏လက်နှစ်ဖက်ကို ဦးခေါင်းဖြင့်၀င်တိုက်တော့မည့်အတိုင်း ရင်ဘက်ပေါ်သို့တင်ထား၏။ သူ၏ ခန္ဓာကိုယ်သည် မြှားတစ်ချောင်းကဲ့သို့ လေထုကိုချက်ချင်းပင် ထိုးခွင်းသွား၏။ သူ၏ခန္ဓာကိုယ်သည် အလန်၏ရင်ဘက်အားချိန်ထားလျှက် ဖော်ပြ၍မရနိုင်သည့် ကြောက်မက်ဖွယ်ခံစားချက်တစ်ခုကိုထုတ်လွှတ်လျှက်ရှိသည်။

“ဟားဟား မင်းကငါ့ရဲ့ခံစစ်အတွင်းအားစွမ်းအင်တွေကို အဲ့လောက်နဲ့ထိုးဖောက်နိုင်ဖို့မျှော်လင့်နေတာလား....”

အခိုက်တန့်တစ်ခုကြာ အံ့သြသွားအပြီးတွင် အလန်မှာကျယ်လောင်စွာဖြင့်အော်ဟစ်ရယ်မောလိုက်သည်။ သူ၏ရန်သူ၏ အတွင်းအားစွမ်းအင်အဆင့်မှာ ကြယ်နှစ်လုံးအလယ်လတ်ခန့်သာရှိသောကြောင့်ပင်။ ထို့ကြောင့် သူ့အားအန္တရာယ်ပြုနိုင်မည်မဟုတ်ပေ။ အလန်မှာ ရွေ့လျားခြင်းမရှိပေ။ သူ၏ခန္ဓာကိုယ်အားကာကွယ်ရန်အတွက် အတွင်းအားစွမ်းအင်များဖြင့် အကာကွယ်အလွှာတစ်ခုကိုသာ ဖန်တီးလိုက်သည်။ ရေဂုဏ်သတ္တိစွမ်းအင်များမှာ ခုခံရန်အတွက်အကောင်းဆုံးပင်။

“ဒါဆိုလဲ မင်းအဖေရဲ့တိုက်ခိုက်မှုကို စမ်းကြည့်လိုက်လေ....” ဒရော့ဂ်ဘာ၏ ပခုံးသည် အလန်၏ အတွင်းအားဒိုင်းကာကို၀င်တိုက်လိုက်သည်။

ဒိုင်းကာမှာ ဒရော့ဂ်ဘာ၏တိုက်ခိုက်မှုကိုလွယ်ကူစွာပင် ကာကွယ်လိုက်နိုင်သကဲ့သို့ အနည်းငယ်သာလှုပ်ခါသွား၏။ ဤအားပြင်းသည့်တိုက်ခိုက်မှုသည် အလန်ကို အနောက်သို့ခြေလှမ်းအနည်းငယ်ခန့်သာ ဆုတ်ခွာသွားစေသည်။ သို့သော် အတွင်းအားစွမ်းအင်များဖြင့် ပြုလုပ်ထားသည့် သူ၏ဒိုင်းကာမှာခိုင်မြဲစွာရှိနေဆဲပင်။ သူရယ်မောလိုသည့်အချိန်တွင် သူရုတ်တရက်အလွန်အားနည်းသွားသကဲ့သိုခံစားလိုက်ရသည်။ သူ၏အတွင်းအားစွမ်းအင်များသည် ခန္ဓာကိုယ်ထဲတွင် ချောမွေ့စွာဖြင့် လည်ပတ်စီးစင်းနေခြင်းမရှိပေ။

“သေစမ်း ငါအတွင်းအားသုံးတာများသွားပြီပဲ....” အလန်၏ မျက်နှာမှာအရောင်ပြောင်းလဲသွားတော့သည်။

“ကွဲစမ်းကွာ...” ဒရော့ဂ်ဘာသည် အလွန်လေးနက်သည့်ပုံံပေါ်လာပြီး သူ၏ဂရုမစိုက်သည့်အပြုံးမှာလည်းပျောက်ကွယ်သွားတော့သည်။ သူအော်ဟစ်လိုက်ပြီး သူ၏ပခုံးနှစ်ဖက်သည်လည်းအရှေ့သို့ထက်မံ၍ရိုက်ခတ်လိုက်သည်။ မြေပြင်သည် သူ၏ခြေထောက်ကြောင့်နှစ်ခြမ်းကွဲတော့မည့်အချိန်တွင် ရှေးကျသည့်ကြယ်တာရာစွမ်းအင်တစ်ခုမှာရုတ်တရက်ထွက်ပေါ်လာပြီး သူ၏အရှေ့အတွင်ရှိသည့်အပြာရောင်စွမ်းအင်အကာရံကို ခွဲလိုက်တော့သည်။

“ချွတ် ချွတ် ချွတ်...”

ကြယ်လေးလုံးအဆင့်စွမ်းအင်များဖြင့် ပြုလုပ်ထားသည့် ဒိုင်းကာမှာ ကြယ်နှစ်လုံးအဆင့်စစ်သည်တစ်ယောက်၏တိုက်ခိုက်မှုအောက်တွင် ကွဲအက်သွားတော့၏။

“ဒါကအတော်ထူးဆန်းတာပဲ...ဒါပေမယ့်မင်းရဲ့တိုက်ခိုက်မှုက ဒီနေရာမှာတင်ရပ်တန့်သွားပြီ” အလန်သည် ဤအရာကိုမြင်ရသည့်အတွက်အံ့သြသွားသော်လည်း သူထိတ်လန့်ခြင်းမရှိပေ။ သူသည် ခန္ဓာကိုယ်ထဲတွင် ကောင်းမွန်စွာမလည်ပတ်နေသေးသည့် အတွင်းအားစွမ်းအင်များကို သူ၏လက်သီးအားလွှမ်းခြုံစေလိုက်ပြီး ဒရော့ဂ်ဘာ၏ ပခုံးအားထိုးနှက်လိုက်သည်။ သူ၏ဓားသည် ရန်သူ၏ချပ်၀တ်ကို ထိုးဖောက်နိုင်ခြင်းမရှိသည်ကို သိရှိသည့်အတွက်သူသည် သူ၏လက်သီးနှင့်အတွင်းအားစွမ်းအင်များကိုအသုံးပြုပြီး သူ၏ရန်သူ၏ ကိုယ်တွင်းအင်္ဂါများနှင့်အရိုးမျာကို ချေမွပစ်ရန်အတွက် ကြံစည်လိုက်ခြင်းပင်။

“ဖွီး...”

ဒရော့ဂ်ဘာ သွေးများကိုအလန်၏မျက်နှာပေါ်သို့ ထွေးထုတ်ပစ်လိုက်၏။ တောရက်စ်သူတော်စဥ်ချပ်၀တ်မှာ တိုက်ခိုက်မှုမှပါရှိသည့် ခွန်အားကိုလျှော့ချပေးနိုင်သော်လည်း သူနှင့် အလန်တို့ကြားတွင်ရှိသည့် စွမ်းအားကွာခြားမှုမှာကြီးမားလွန်းလှသည်။ ကြယ်နှစ်လုံးစစ်သည်နှင့် ကြယ်လေးလုံးစစ်သည်တို့ကြားတွင်ရှိသည့် ကွာခြားချက်မှာ ကြီးမားလွန်းလှပြီး ဒရော့ဂ်ဘာသည် တောရက်စ်သူတော်စဥ်ချပ်၀တ်၏အစွမ်းကို အပြည့်၀အသုံးချနိုင်စွမ်းမရှိသေးသည့်အတွက် ဒဏ်ရာရရှိခြင်းမှာ မလွဲမသွေပင်။

သို့သော် ဤအခိုက်တန့်တွင်...

“သူတော်စဥ်ဓား အက်စ်ကာလီဘာ...”

ကျယ်လောင်သည့် အော်ဟစ်သံတစ်ခုနှင့်အတူ နှိုင်းယှဥ်၍မရနိုင်သည့် ဓားသွားစွမ်းအင်တစ်ခုမှာ အနောက်မှပေါ်ထွက်လာတော့သည်။ သွေးများထွေးထုတ်နေသည့် ဒရော့ဂ်ဘာမှာ ရုတ်တရက်အလန်၏ ခန္ဓာကိုယ်ကို ဆွဲကိုင်လိုက်ပြီး အော်သံကိုကြားလိုက်ရသည့်အချိန်တွင် တစ်ဖက်သို့ဆွဲလှည့်လိုက်၏။ ဟော့ခ်ဆေးပုလင်းသောက်သုံးထားပြီးသည့်နောက်တွင် ဤလူသန်ကြီး၏ ရုပ်ပိုင်းဆိုင်ရာခွန်အားများမှာ ကြယ်လေးလုံးအဆင့်စစ်သည်အလန်၏ခန္ဓာကိုယ်ကို ချက်ချင်းပင် နေရာပြောင်းလဲသွားစေသည်။

“၀ှစ်...”

မမြင်နိုင်သည့် ဓားသွားစွမ်းအင်တစ်ခုဖြတ်သန်းသွားသည်။

“ဟားဟား ဟားဟား အသုံးမ၀င်ဘူးကွ။ ကြယ်လေးလုံးအဆင့်စစ်သည်တစ်ယောက်ရဲ့စွမ်းအားကို မင်းတို့ကောင်တွေသိနိုင်မှာမဟုတ်ပါဘူး...မင်းတို့ကောင်တွေငါ့ရဲ့အတွင်းအားဒိုင်းကာကို ချိုးဖြတ်နိုင်ရင်တောင် ငါ့ရဲ့....ဟင်....”

ရူးသွပ်စွာဖြင့် ရယ်မောနေခဲ့သည့် အလန်မှာ ရုတ်တရက်အေးစက်သွား၏။

၀ေ၀ါးပြီး ထုံကျင်ကာ ယားသလိုလိုရှိသည့် ခံစားချက်တစ်ခုမှာ သူ၏ခါးလည်တွင်ပေါ်လာတော့သည်။ သူအောက်သို့ငုံ့ကြည့်လိုက်သည့်အချိန်တွင် သူ၏သူရဲကောင်းနန်းတော်မှရရှိခဲ့သည့် သူရဲကောင်းချပ်၀တ်မှာ နှစ်ပိုင်းပြတ်နေပြီး သူ၏အရေပြားမှာထွက်ပေါ်လျှက်ရှိသည်ကို တွေ့လိုက်ရသည်။ သူ၏အရေပြားပေါ်တွင် သွေးစက်များဖြစ်ပေါ်လျှက်ရှိသည်။

သူ့အားချုပ်ကိုင်ထားသည့် ဒရော့ဂ်ဘာ၏ ပါးစပ်မှသွေးများစီးကျနေဆဲပင်။ သူ၏ ဒဏ်ရာမှ သူချုပ်ထားသည့်လူထက်ပင် ပြင်းထန်နေသကဲ့သို့ပင်။ သို့သော် ဒရော့ဂ်ဘာအလန်ကို လွှတ်လိုက်ပြီး မြေပြင်ပေါ်သို့လဲကျသွားသည့်အချိန်တွင် မက်တပ်ရပ်နေဆဲဖြစ်သည့် အလန်သည်သားရဲတိရိစ္ဆာန်တစ်ကောင်ကဲ့သို့အော်ဟစ်ငိုကြွေးသံကိုထုတ်လွှတ်လိုက်သည်။ သူ၏ခါးမှ သွေးများပန်းထွက်လာတော့၏။၊ သူ၏အနောက်တွင်ရှိနေသည့် မြက်ပင်ရှည်များသည်လည်းနှစ်ပိုင်ပြတ်နေကြသည်။

“အတော်မြန်တဲ့ဓားသွားပဲ...အတော်ထက်တဲ့ဓားစွမ်းအင်ပဲ....ဟားဟား မင်းတို့ကောင်တွေနိုင်ပါတယ်။”

ခန္ဓာကိုယ်အပေါ်ပိုင်းသည် ယခုအချိန်တွင် မြေပြင်ပေါ်တွင်လဲကျနေသည့် အလန်မှာ သူတွင်နောက်ဆုံးကျန်ရှိနေသေးသည့်အသက်ရှူသံများနှင့် အတူပြောလိုက်၏။ ထို့နောက်တွင် သူ၏မျက်လုံးများကို ပိတ်လိုက်ပြီး စိတ်မပါစွာဖြင့်သေဆုံးသွားတော့၏။ သူမသေခင်အချိန်ထိ ဤအားနည်းသည့်ရန်သူများသည် ဤကဲ့သို့စွမ်းအားမြင့်ချပ်၀တ်များရှိနေရသည်နှင့် အမဲရောင်ဆံပင်နှင့်လူသည် သူအတွင်းအားဒိုင်းကာကိုမည်သည့်အတွက်ကြောင့် ထိုးဖောက်နိင်ခဲ့သည်နှင့် ထိုဓားစွမ်းအင်သည်လည်းသူ၏ ကြယ်လေးလုံးအဆင့်အတွင်းအားများဖြင့်ကာကွယ်ထားသည့် သူ၏ခန္ဓာကိုယ်အားလွယ်ကူစွာဖြင့် ခုတ်ပိုင်းနိုင်ခဲ့သည်စသည်တို့ကို နားမလည်နိုင်ခဲ့ချေ။

All Chapters