← Chapters

အခန်း (၂၆၃)

Vol. 18 Ch. 263

အခန်း (၂၆၃)

Vol. 18 Ch. 263

အင်ပါယာပိုင်နက်အတွင်းသို့ရောက်ရှိလာပြီးနောက်တွင် ချမ်းဘော့ဒ်တပ်ဖွဲ့မှာ အလွန်နှေးကွေးစွာဖြင့်ခရီးဆက်နေ၏၊၊

တစ်ဖက်တွင် သူတို့သည် လမ်းပါ့ဒ်နှင့် တစ်ခြားလူများသူတို့နှင့်ပြန်လည်ကာ ပေါင်းစည်းရန်အချိန်ကို စောင့်ရန်အတွက်ဖြစ်သည်။ ကျန်အကြောင်းတစ်ခုမှာ ဖှေးသည် အင်ပါယာတွင်ရှိသမျှအရာအားလုံးကို စိတ်၀င်စားသည့်အတွက်ပင်။ အဖွဲ့၀င်တိုင်းပြည်ငယ်လေးများနှင့် မတူပဲဇီးနစ်အင်ပါယာတွင်အလွန်ကျယ်၀န်းသည့် မြေပိုင်နက်တစ်ခုကို ပိုင်ဆိုင်ထား၏။ အလွန်ကြီးမားလှသဖြင့် နယ်မြေ၇ခုခွဲကာပိုင်းခြားထားသည်။ နယ်မြေတစ်ခုခြင်းစီတိုင်းတွင် မြို့ပေါင်းများစွာပါရှိသည်။ ထိုမြို့တစ်ခုခြင်းစီကပင် ချမ်းဘော့ဒ်တိုင်းပြည်ထက်များစွာကျယ်ပြန့်ကာ ကြီးမားလှသည်။ စစ်ဘက်ဆိုင်ရာနှင့် အုပ်ချုပ်ရေးစနစ်များကို စနစ်တကျစီမံကာ ကိုင်တွယ်ထားသည်။ ဤသည်မှာ ဖှေးအနာဂတ်တွင်ဖြစ်လာရန်အတွက် ရည်မှန်းထားသည်ပုံံစံပင်။

နေ၀င်ချိန်ရောက်ခါနီးတွင် ချမ်းဘော့ဒ်တပ်ဖွဲ့နှင့် ဆိုရိုကုန်သွယ်ရေးအဖွဲ့တို့မှာ အင်ပါယာ၏ နယ်မြေတစ်ခုအတွင်းသို့ရောက်ရှိလာကြသည်။ အ၀ေးတွင်ရှိနေသည့် မြစ်တစ်စင်းမှာ တောင်ဘက်နှင့်မြောက်ဘက်တို့ကြားတွင်ရှိသည့် နယ်နိမိတ်များကို ပိုင်းဖြတ်ထားသည်။ မြစ်အနီးတွင် ချမ်းဘော့ဒ်တိုင်းပြည်ထက်၁၀ဆခန့်ပိုမိုကြီးမားသည့် မြို့ဟောင်းတစ်ခုရှိနေ၏။ ဤသည်ကို မြောက်ပိုင်းအင်ပါယာ၏ စစ်ဘက်ဆိုင်ရာစစ်ဆေးခြင်းဂိတ်တံခါးဟုခေါ်ကြသည်။ အင်ပါယာဥပဒေအရ အဖွဲ့၀င်တိုင်းပြည်များမှ တပ်ဖွဲ့များသည် မြို့အတွင်းသို့၀င်ခွင့်မရှိကြပေ။ ထိုကြောင့် ချမ်းဘော့ဒ်တပ်ဖွဲ့သည် မြို့အပြင်၌တွင်သာ စခန်းချရပြီး မြို့ထဲသို့ လူလွှတ်ကာအစားသောက်များ၊ အသုံးဆောင်ပစ္စည်းများအ၀ယ်လွှတ်ရ၏။ ဖှေးအန်ဂျယ်လာနှင့် အန်မာတို့ကို မြစ်၏ ရေစီးငြိမ်သောနေရာတွင် ငါးမြှားအတွက်ခေါ်ဆောင်သွား၏။ ထိုအချိန်တွင် ဆံပင်ရွှေရောင်နှင့် မင်းသမီး၏ကိုယ်ရံတော်တစ်ယောက်ဖြစ်သော အမျိုးသမီးသူရဲကောင်းဆူဇန်သည် ရုတ်တရက်ရောက်လာသည်။

“မင်းသမီးက သွားတော့မလို့လား....” ဖှေးအမျိုးသမီးစစ်သည်၏ စကားကိုကြားသည့်အချိန်တွင် မေးလိုက်၏။

“ဟုတ်တယ်အရှင်မင်းကြီး ကျွန်မတို့က အခုအင်ပါယာရဲ့မြေပိုင်နက်ထဲကို ရောက်ပြီဆိုတော့ မင်းသားအာရှဗင်က ကျွန်မတို့ကို ကြိုဆိုဖို့တစ်ယောက်ယောက်ကို စေလွှတ်ထားသည်။ သူက နေမ၀င်ချိန်မှာပဲ ရေပူစမ်းဂိတ်တံခါးကို ရောက်လာလိမ့်မယ်။ အခုအခြေအနေတွေက ရှုပ်ထွေးနေတာဆိုတော့ မင်းသမီးမြန်နိုင်သမျှမြန်မြန်ပြန်သွားမှ ဖြစ်မှာမို့လေ.....” ဆူဇန်မှာ စိတ်ရှည်လက်ရှည်ပြန်လည်ကာ ဖြေကြားလိုက်သည်။

အမျိုးသမီးစစ်သည်မှာ ဒေါင်းတစ်ကောင်ကဲ့သို့ပင် ကြော့ရှင်းပြီး စိတ်ထားဖြောင့်မက်သူတစ်ယောက်ဖြစ်သည်။ ဖှေးအပေါ်တွင်လည်း အလွန်လေးစားမှုရှိ၏။ ဤကဲ့သို့ ပြောင်းလဲသွားရသည့်အကြောင်းပြချက်မှာ ရိုးရှင်းလှသည်။ တောင်ညီနှောင်ပေါ်တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲအပြီးတွင်ဖြစ်သည်။ ဖှေးသည် လျို့၀ှက်ထူးဆန်းစွာဖြင့် သူရဲကောင်းနန်းတောာ်မှ အထူးသူရဲကောင်းဆယ်ဦး၀င်ဖြစ်သည့် ရွှေရောင်နေမင်းသူရဲကောင်းခေါ် ခရစ်ဆူတွန်ကို အနိုင်ယူခဲ့သည်။ ဤကဲ့သို့အနိုင်ရရှိခဲ့ခြင်းကြောင့် ထိုနေ့မှစပြီး ဖှေး၏အရှိန်အ၀ါသည်လည်း အတော်မြင့်တက်လာခဲ့သည်။ အင်ပါယာထဲတွင် သန်မာသူများသည် လေးစားမှုခံရသည်။ ဤသည်မှာ ကစားပွဲ၏ ရိုးရှင်းသည့်စည်းမျဥ်းတစ်ခုပင်။ အမျိုးသမီး ဓားသမားကိုယ်တိုင်မှာ သိပ်ပြီးမရှင်းလင်းသော်လည်း မင်းသမီးကိုယ်တိုင်ရှင်းပြခဲ့သည်ကို သူမသဘောပေါက်စပြုလာပြီဖြစ်သည်။ ချမ်းဘော့ဒ်ဘုရင်၏ တိုးတက်လာမှုမှာ ခွန်အားဖြစ်စေစွမ်းအားဖြစ်စေကာမူ ရပ်တန့်နိုင်မည်မဟုတ်ပေ။ ဖှေးတွင် မင်းသမီးကဲ့သို့ လူမျိုးများလေးစားရန်အတွက်အကြောင်းခိုင်ခိုင်လုံလုံရှိနေသောကြောင့်ပင်။

“ကောင်းပြီလေ ဒီလိုဆိုရင်လဲ မင်းသမီးတို့သွားကြတော့မှာပေါ့...”

ရွှေရောင်နေ၀င်ခါနီးနေရောင်ခြည်အောက်တွင် ဖှေးရုတ်တရက်တစ်စုံတစ်ခုကိုဆုံးရှုံးလိုက်ရသကဲ့သို့ခံစားလိုက်ရ၏။

သူတွေးလိုက်မိသည်။ “ဒါတော်တော်ထူးဆန်းတာပဲ...ငါနဲ့မင်းသမီးနဲ့က တစ်ယောက်နဲ့တစ်ယောက်သုံးလေးခါလောက်ပဲတွေ့ဖူးတာလေ။ ငါတို့တွေအနီးဆုံးရှိခဲ့တဲ့အချိန်ဆိုလို့ ကျောက်စားပွဲပေါ်မှာ ညနေစာအတူစားတုန်းက တစ်ခေါက်ပဲရှိခဲ့တာ...ငါဘာလို့ဒီလိုခံစားနေရတာပါလိမ့်။ ဒီရက်ပိုင်းအတွင်း သူမရဲ့မျက်လုံးပြာပြာတွေက င့ါကိုအ၀ေးကနေစိုက်ကြည့်နေတာကို မြင်နေကျများဖြစ်သွားလို့လား....”

ဖှေးရောထွေးနေသည့် ခံစားချက်များဖြင့် ပြုံးလိုက်မိသည်။

ဤအခိုက်တန့်တွင် ဆူညံနေသည့် စခန်းတစ်ခုလုံးမှာ ရုတ်တရက်တိတ်ဆိတ်သွား၏။

ယခင်က အပြင်ထွက်လာလေ့မရှိသည့် မင်းသမီးတာနာရှာသည် ရုတ်တရက်သူမ၏ မှော်ရထားလုံးအတွင်းမှထွက်လာသောကြောင့်ပင်။ သူမ၏ ကောင်းကင်ပြာရောင်၀တ်စုံမှာ မြေပေါ်တွင်ကျနေလျှက်ရှိသည်။ အိမ်မက်ဆန်သည့် ပန်းရောင်ဖြင့် သူမ၏ ဆံနွယ်များသည် နေ၀င်ချိန်အလင်းရောင်ကို အလင်းပြန်လျှက်ရှိသည်။ သူမသည် ဇာတ်လမ်းနှင့် လုံး၀သက်ဆိုင်ခြင်းမရှိသည့် သာမန်အားနွဲ့သည့်မိန်းကလေးတစ်ယောက်ကဲ့သို့ပင်။ သို့သော် သူမတွင် မည်သူမျှပင်မယှဥ်နိုင်လောက်သည့် စန်းတစ်ခုရှိ၏။ ဤအတွက်ကြောင့်ပင် စခန်းတစ်ခုလုံးတွင်ရှိသည့် မျက်လုံးများမှာ သူမကိုယ်ပေါ်တွင် ကျရောက်နေခြင်းဖြစ်သည်။

သူမသည့် မြစ်အစွမ်းသို့လမ်းလျှောက်သွားပြီး ဖှေး၏အရှေ့တွင် ရပ်လိုက်သည်။ မြစ်ရေများစီးဆင်းနေသည်ကိုကြည့်ရင်းဖြင့် ဖှေးအရှေ့တွင် ပထမဆုံးအနေဖြင့် အပြုံးတစ်ခုပန်ဆင်လျှက်ရှိသည့် မင်းသမီးသည် ဘာပြောရမယ်မှန်းမသိသည့်ဟန်ဖြင့်တိတ်ဆိတ်လျှက်ရှိနေ၏။ အချိန်အတန်ကြာပြီးနောက်တွင်မှ သူမပြောလိုက်သည်။ “ဆေးပုလင်းအတွက် ကျေးဇူးပါပဲ ဘုရင်အလတ်ဇန္ဒား....”

ဖှေးသည် ဤစကားကိုအမှုမှတ်အမှတ်မဲ့အနေဖြင့်သာ ရှိနေသော်လည်း အမျိုးသမီးစစ်သည်ဆူဇန်နှင့် သူရဲကောင်းကပ္ပတိန်ရိုမန်တို့မှာ ချက်ချင်းပင်ကျက်သေသေသွားကြတော့သည်။ သူတို့မှတ်ဉာဏ်များထဲတွင် မင်းသမီး ဤကဲ့သို့ပြောသည်ကို တစ်ခါမှမြင်တွေ့ဖူးခြင်းမရှိသေးသည့်အတွက်ပင်။ သူမဒီနေ့ဘာဖြစ်နေတာပါလိမ့်...

ဤအခိုက်တန့်တွင် မြင်းခွာသံများကို အ၀ေးတစ်နေရာမှကြားလာရ၏။

လူများလှည့်ကြည့်လိုက်သည့်အချိန်တွင် မြစ်ကမ်းဘေးတွင် မြင်းစီကာလာနေသည့် ယောက်ျားနှင့် မိန်းမ အယောက်၅၀၀ခန့်ကို မြင်လိုက်ရသည်။ တစ်ချို့စစ်သည်များသည့်အလံရှည်များကို ကိုင်ဆောင်ထားကြ၏။ ၀တ်၀ံဖြူခေါင်းနှစ်လုံးသင်္ကတပါရှိသည့် အင်ပါယာ၏ အလံမှာထင်ရှားလျှက်ရှိသည်။ ထို့အပြင် ပြိုင်ဘက်ကင်းသည့်သွေးသံမဏိစခန်ုးကို တည်ထောင်ထားသူ ဇီးနစ်စစ်ပွဲနတ်ဘုရားအန်ဒရူး-အာရှဗင်၏ သင်္ကေအလံများလည်းပါရှိနေ၏။ အလံပေါ်တွင် သွေးသံမဏိစခန်း၏ သင်္ကေတဖြစ်သည့် သံမဏိပုဆိန်အဖြူတစ်လက်နှင့် အမဲတစ်လက်ပုံပါရှိသည်။ အလံမှာ လေထဲတွင် နဂါးတစ်ကောင်ကဲ့သို့ပင်။

ဤသည်မှာ မင်းသမီးအားအင်ပါယာမြို့တော်သို့လာကြိုရန်အတွက် အာရှဗင်စေလွှတ်လိုက်သည့် သူရဲကောင်းတပ်ဖွဲ့ပင်။

“လမ်းတစ်လျှောက်မှာဖြစ်ခဲ့တဲ့အရာတွေက အတော်စိတ်၀င်စားစရာကောင်းခဲ့ပါတယ်။ ဒီချမ်းဘော့ဒ်ကိုလာခဲ့တဲ့ခရီးက ထင်မထားလောက်အောင်ပါပဲ...” မင်းသမီးသည် သူ၏ ပါးပြင်ပေါ်တွင် စိတ်အေးချမ်းသည့်ခံစားချက်တစ်ခုထင်ဟပ်လျှက်ရှိသည်။ သူမပြုံးလိုက်ပြီး ပြောလိုက်သည်။ “ဒါပေမယ့် ဘုရင်အလတ်ဇန္ဒား အရှင်ကအင်ပါယာဥပဒေကို ချိုးဖောက်တဲ့လုပ်ရပ်တွေက မဟူရာတိုင်းပြည်ထဲမှာ အများကြီးလုပ်ခဲ့တာပဲ။ အရှင်အဲ့တာတွေကနေလွယ်လွယ်နဲ့တော့ထွက်ပြေးနိုင်မှာမဟုတ်ဘူးနော်....ရွှေရောင်သူရဲကောင်းဆူတွန်လိုမျိုးအရှင့်ကို လာရှာမယ့်လူတွေရှိနေနိုင်သေးတယ်....” မင်းသမီး သူမ၏ မျက်နှာတွင် ရှက်ရွံ့သည့်အပြုံးတစ်ခုဖြင့် ဖှေးအားကြည့်ကာ ပြောလိုက်၏။

“တကယ်လို့ တစ်ယောက်ယောက်က သူ့နေရာသူမသိဘူးဆိုရင် ကျွန်တော်ကလက်သီးနဲ့စကားပြောရမှာပေါ့....” ဖှေးဂုဏ်ယူစွာဖြင့် ပြုံးလိုက်သည်။

အေဇာရုတိုက်ပေါ်မှာက အကြမ်းနည်းသုံးတာက ရွေးချယ်မှုကောင်းတစ်ခုဆိုပေမယ့် ပြသနာတိုင်းကိုတော့ ဖြေရှင်းနိုင်မှာမဟုတ်ဘူး...နောက်ပြီးအရှင့်ရဲ့အစွမ်းက လက်ရှိနှစ်တစ်ရာကျော်တည်ရှိနေခဲ့တဲ့ အင်ပါယာရဲ့စွမ်းအားကို လုံး၀ယှဥ်နိုင်စရာအကြောင်းမရှိဘူးလေ....” မင်းသမီးမှာ ပထမဆုံးအနေဖြင့် စကားအများကြီးပြောလျှက်ရှိပြီး အနည်းငယ်မောပန်းနေသည့်ဟန်ရှိသည်။ သူမသည် ချမ်းဘော့ဒ်မှအမျိုးသမီးများအတွက် ဖှေးဒီဇိုင်းဆွဲပေးထားသည့် ၀တ်ဆုံကို၀တ်ဆင်ထားခြင်းဖြစ်သည်။ မင်းသမီးသည် အချိန်အတန်ကြာနေမကောင်းဖြစ်နေသော်လည်း သူမသည်လှပကျော့ရှင်းနေဆဲပင်။ သူမသည် ရင်ဘက်ကိုဖိရင်းဖြင့် ဖှေးကိုစိုက်ကြည့်ကာ လေးနက်စွာဖြင့်ပြောလိုက်သည်။ “အရှင်ကလည်း လှည်စားမှုတွေရဲ့ဘုရင်ပါပဲ ကျွန်မကိုယ်တိုင်နဲ့ ပဲရစ်တို့ထက်တောင်ပိုသာနိုင်သေးတယ်။ ဘာလို့ အရှင်က တိုက်ခိုက်ဖို့ပဲစိတ်၀င်စားတဲ့ ငတုံးတစ်ယောက်ပုံဖမ်းနေရတာလဲ....”

ဖှေးပြုးပြီးတွေးလိုက်မိသည် သိုးယောင်ဆောင်ပြီး ၀ံပုလွေတွေကို သတ်ဖြတ်ရတာကလဲအတော်စိတ်၀င်စားစရာအလုပ်တစ်ခုပဲလေ မင်းသမီးလိုလူက ဒီခံစားချက်ကိုနားလည်မှာပါ။ မင်းသမီးလဲ အရာအားလုံးကိုလက်ထဲမှာ ချုပ်ကိုင်ထားရတာကို သဘောကျတဲ့လူတစ်ယောက်ပဲလေ....”

ဖှေးပြန်မဖြေသည်ကို တွေ့ရသည့်အတွက်မင်းသမီးလည်း စိတ်ခုသည့်ပုံမရှိချေ။ သူမသည် လေထဲတွင် လွှင့်မြောနေသည့် သူမ၏ ဆံပင်များကို ဆုပ်ကိုင်လိုက်ပြီး လက်တစ်ဖက်ဖြင့် အိပ်ကပ်အတွင်းသို့နှိုက်လိုက်၏။ သေးငယ်သည့် ပဉ္စဂံပုံရှိသည့်အနီရောင်သံမဏိအပိုင်းစလေးတစ်ခုသည် သူမ၏လက်ဖ၀ါးများအတွင်းတွင် ပေါ်လာတော့သည်။ သူမသည် ဤသံမဏိအပိုင်းစလေးအားအချိန်အတန်ကြာသိမ်းဆည်းထားခဲ့သည်မှာ ထင်ရှားသည်။ အရောင်သွေးမှာ ချောမွေ့နေပြီး အလင်းရောင်များတောက်ပလျှက်ရှိသည်။ အသေချာကြည့်ပါက ရှုပ်ထွေးသည့်သင်္ကတများရေးဆွဲထားသည်ကိုလည်းမြင်တွေ့နိုင်၏။ ထိုအရာများသည် မှော်သင်္ကေတများမဟုတ်ကြောင်းဖှေးသိရှိလိုက်သည်။

“ဒီအနီရောင်သံမဏိအပိုင်းစလေးက အရှင့်ကို အနာဂတ်မှာ အကူပေးနိုင်ကောင်းပေးနိုင်လိမ့်မယ်။ ကျွန်မရဲ့ဆေးပုအလင်းအတွက် ကျေးဇူးပြန်တုန့်ပြန်တဲ့လက်ဆောင်လို့ပဲ သဘောထားလိုက်ပါ။” မင်းသမီးသည် သူရဲကောင်းကပ္ပတိန်ရိုမန်နှင့် အမျိုးသမီးစစ်သည်ဆူဇန်တို့၏ မျက်နှာပေါ်မှ အံ့သြထိတ်လန့်စိုးရိမ်ကာ သူမအားဟန့်တားလိုနေသည့် မျက်နှာအမူယာများကို လျစ်လျူရှုကာပြောလိုက်သည်။ ထို့နောက်တွင် မင်းသမီးဖှေးထံသို့ပစ်ပေးလိုက်၏။

ညင်သာသည့် ပစ်လိုက်မှုသည် လေထဲတွင် အနီရောင်စက်၀န်းခြမ်းအလင်းတန်းတစ်ခုကို ဖန်တီးလိုက်သည်။

ဖှေးသူ၏လက်များကိုအသုံးပြုကာ ဖမ်းယူလိုက်သည်။ အနီရောင်သံမဏိပဉ္စဂံအပြားလေးသည် ဖှေး၏လက်ထဲတွင် နွေးထွေးစပြုလာသည်။ ခံစားချက်မှာ နူးညံ့ချောမွေ့သည့် နှစ်တစ်ရာကျောက်စိမ်းတစ်ခုကို ကိုင်တွယ်ထားရသကဲ့သို့ပင်။ သာမန်သံမဏိကို ကိုင်တွယ်ထားရသကဲ့သို့ခံစားရခြင်းမရှိပေ။ သူ၏နှလုံးသားထဲတွင် အခိုက်တန့်တစ်ခုကြာအံ့သြသွားပြီး သူထိုအရာကိုအသေချာလေ့လာကြည့်လိုက်ရာတစ်ဖက်တွင် ထွင်းထုထားသည့် စာလုံးများကိုတွေ့လိုက်ရပြီး ကျန်တစ်ဖက်တွင် အနီရောင်တောင်တန်းတစ်ခုပုံကိုထွင်းထုထားသည်ကို အံ့သြဖွယ်ရာဖြင့်မြင်တွေ့လိုက်ရသည်။

ဤသံမဏိပြားသည် အလွန်ထူးခြားသည့်ရင်းမြစ်တစ်ခုမှလာသည်ဖြစ်ကြောင်းကိုဖှေးတပ်အပ်ပြောနိုင်၏။ ထိုအရာတွင် လျို့၀ှက်ထူးဆန်းသည့်အဓိပ္ပာယ်တစ်ခုရှိနေသည်။ သူအအချိန်အတန်ကြာတွေးလိုက်ပြီး အပေါ်သို့မော့ကြည့်ကာရယ်မောလိုက်သည်။ “ဒီဟာအတွက် အရှင့်သမီးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်သဘောကျတယ်။” ရုတ်တရက် သူ၏စိတ်ထဲတွင် အကြံတစ်ခုပေါ်လာပြီး ပုလင်းကြီးတစ်ခုကိုထုတ်ယူလိုက်၏။ [ပြန်လည်သစ်လွင်]ဆေးပုလင်းဖြစ်ပြီး မင်းသမီးကို ပေးလိုက်ကာ ပြုံးပြီးပြောလိုက်သည်။ “အန်ဂျယ်လာပြောတာ ဒီဆေးပုလင်းကအရှင့်သမီးပြန်ကောင်းဖို့အတွက် အထောက်ကူဖြစ်တယ်လို့ပြောတယ်။ ဒါကကျွန်တော့မှာ နောက်ဆုံးကျန်ရှိနေတဲ့ဆေးပုလင်းပဲ...ဒီလိုနှုတ်ဆက်ရမယ့်နေ့မှာ အရှင့်သမီးကို လက်ဆောင်အနေနဲ့ပေးလိုက်ပါမယ်။”

မင်းသမီး နူးညံ့စွာဖြင့် ပြုံးလိုက်သည်။ သူမငြင်းဆိုခြင်းမရှိပေ။ ဆူဇန်ကိုယူခိုင်းလိုက်၏။

ဖှေးသူ၏ ပစ္စည်းထားသိုရာနေရာသို့ဖွင့်လိုက်ပြီး စာလိပ်နှစ်လိပ်ကိုထုတ်ယူလိုက်သည်။ ထို့နောက်တွင် အနည်းငယ်စဥ်းစားလိုက်ပြီး ထိုစာလိပ်များကိုလည်း မင်းသမီးကိုပေးကာရှင်းပြလိုက်သည်။ “ပထမစာလိပ်က ကုသခြင်းဆေးပုလင်းအတွက် ဖော်မြူလာပါ ကျွန်တော်တောင်အရှေ့ဘက်တောင်ထိပ်မှာ ဒဏ်ရာအပြင်းထန်ရခဲ့တုန်းက သောက်ခဲ့တဲ့ဆေးပုလင်းပေါ့။ အဲ့ဆေးပုလင်းအစွမ်းကြောင့် ကျွန်တော်မြန်မြန်ဆန်ဆန်ပျောက်ကင်းလာခဲ့တာပဲ။ ဒါပေမယ့် ဖော်စပ်ရင်အောင်မြင်နိုင်ချေကတော့သိပ်ပြီးမမြင့်ဘူး။ ဒုတိယစာလိပ်က အခုပေးတဲ့ဆေးပုလင်းရဲ့ဖော်မြူလာပါ။ အရှင့်သမီးဆေးသောက်ဖို့လိုသေးရင်လိုသလောက်ဖော်စပ်လို့ရတာပေါ့။ ကုန်ကြမ်းပစ္စည်းတွေက ရိုးရှင်းပြီး ရှာရမခတ်ပေမယ့် မှန်ကန်အောင်ဖော်စပ်ဖို့ကတော့်အနည်းငယ်ခက်ခဲပါလိမ့်မယ်။”

အံ့သြသည့်မျက်နှာအမူရာတစ်ခုသည့်မင်းသမီး၏ မျက်လုံးများထဲတွင်ပေါ်လာတော့သည်။ သူမစာလိပ်နှစ်လိပ်ကို ဂရုတစိုက်ဖြင့်ယူလိုက်ပြီး သက်ပြင်းချလိုက်သည်။ “အရှင်ကအတော်တွေးတတ်တာပဲ တစ်နေ့ကျရင်အရှင်အာရှဗင်က အရှင့်စီလာပြီး ဒီဆေးပုလင်းနှစ်မျိုးကိုတောင်းမယ်ဆိုတာသိလို့ သူ့ကိုပေးဖို့ကျွန်မလက်တွေကို ခနငှားလိုက်တာလား...”

ဖှေး အနည်းငယ် ပြုံးလိုက်သည်။

အရှေ့ဘက်တောင်ထိပ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေ့တွင် ဖှေးသည် လူရှေ့သူရှေ့တွင် သွေးပုလင်းနှင့် ပြန်လည်သစ်လွင်ဆေးပုလင်းတို့ကိုအသုံးပြုပြခဲ့လိုက်မိသည်။ ဤကဲ့သို့ မှော်ဆန်သည့်အာနိသင်ရှိသည့် ဆေးပုလင်းနှစ်လုံးသည် လူအများ၏အာရုံစိုက်မှုကို ရရှိစေခဲ့မည်မှ မလွဲမသွေပင်။ အထူးသဖြင့် အာရှဗင်ကဲ့သို့ရည်မှန်းချက်ကြီးမားသည့်လူများပင်။ သူသည် ဤဆေးပုလင်း၏အရေးပါမှုကို မြဲမြံစွာဖြင့်မှတ်မိသွားမည်မှာအသေအချာပင်။ သူဤဆေးပုလင်းကိုချက်ချင်းမတောင်းခဲ့သည့်အကြောင်းပြချက်မှာ ထိုအချိန်တွင် အခြအနေများရှုပ်ထွေးနေသည့်အတွက်ဖြစ်သည်။ မကြာမှီတွင် သူသည် လာရောက်တောင်းမည်ဖြစ်သည်။ သူကိုယ်တိုင်လာရောက်ပြီးမာနထောင်လွှားစွာဖြင့်လာတောင်းသည့်အချိန်ကို စောင့်နေသည်ထက်ဖှေးကိုယ်တိုင်စေတနာဖြင့်ပေးလိုက်သကဲ့သို့ ပြုမူလိုက်ခြင်းသည် နှစ်ဦးနှစ်ဖက်ဆက်ဆံရေးကိုပို၍အဆင်ပြေစေမည်လဲဖြစ်သည်။

သို့သော် ဒိုင်ယာဘလိုကမ္ဘာမှဆေးပုလင်းကို အပြင်ကမ္ဘာသို့ယူဆောင်လာပြီးသည့်အနောက်တွင် အနည်းငယ်အာနိသင်ပြောင်းလဲခြင်းများဖြစ်ပေါ်ခဲ့သည်။ ဖှေးနှင့် သူတော်စဥ်အာကာရာတို့သည့် ဖော်မြူလာအသစ်ကိုထုတ်လုပ်ခဲ့ကြခြင်းဖြစ်သည်။ ဖှေးသည် လျို့၀ှက်ချက်များကို သူများအားအလွယ်တကူပေးတတ်သည့်လူတစ်ယောက်မဟုတ်သည့်အတွက် ဖှေးသည် ဖော်မြူလာနှစ်ခုကို ပြင်ဆင်ခဲ့သည်။ သူပြောသည့်အတိုင်းပင် ပါ၀င်ပစ္စည်းများသည်ရှားပါးခြင်းမရှိသော်လည်း အောင်မြင်နိင်ချေမှာ ၅ရာခိုင်နှုန်းအောက်တွင်သာရှိသည်။ ဒိုင်ယာဘလိုကမ္ဘာမှစည်းမျဥ်းများဖြစ်သဖြင့် အေဇာရုတိုက်ပေါ်တွင်ရှိသည့် ကျွမ်းကျင်ဆေးပညာရှင်တစ်ယောက်ကပင် ဆေးပုလင်း၏ လျို့၀ှက်ချက်များကိုသိရှိနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဖှေးဆေးပုလင်းပြုလုပ်နည်းကို မင်းသမီး၏လက်မှအဆင့် မင်းသားအာရှဗင်ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

“မင်းသမီးတာနာရှာ ကျွန်တော်မင်းသမီးကို မေးချင်နေတဲ့ဟာတစ်ခုရှိတယ်...” ဖှေးစကားလမ်းကြောင်းလွဲလိုက်သည်။

“မေးပါ...”

“ကျွန်တော်သိချင်နေတာက...မင်းသမီးကိုယ်တိုင်ကလဲ သိုင်းဆရာတစ်ယောက်ဖြစ်နေမလားဆိုတာကိုပဲ....” ဖှေးလေးလေးနက်နက်ဖြင့်မေးလိုက်၏။

All Chapters