အခန်း (၂၆၄)
Vol. 18 Ch. 264
မင်းသမီး၏ မျက်လုံးများထဲတွင် အံ့သြမှုအရိပ်ယောင်များဖြင့် ပြည့်နှက်သွားသည်။
သူမသည် ဖှေးဤကဲ့သို့ ကြောင်တောင်တောင်မေးခွန်းတစ်ခုမေးလိမ့်မည်ဟု ထင်မှတ်ထားသည့်ပုံမပေါ်ချေ။ ခနတာတိတ်ဆိတ်သွားပြီးနောက်တွင် သူမမဖြေရန်အတွက်ရွေးချယ်လိုက်သည်။ သူမတစ်ဖက်သို့လှည့်ပြီး မှော်ရထားလုံးထံသို့ လမ်းလျှောက်သွားတော့၏။ ထို့နောက်တွင် ငွေရောင်ချပ်၀တ်ှင့် စစ်သည်များသည် မင်းသမီးထံသို့ပြေးလာကြပြီး သူမအားရထားလုံးထံသို့လိုက်ပိုု့ကာရေပူစမ်းဂိတ်တံခါးထံသို့ ထွက်သွားကြတော့၏။
တပ်ဖွဲ့များထွက်ခွာသွားသည့်အချိန်တွင် လေထုထဲတွင် ဖုန်မှုန့်များမီးခိုးများဖြင့် ပြည့်နှက်သွားတော့သည်။
သို့သော်မှော်ရထားလုံးသည် ဖှေးဘေးမှဖြတ်သန်းသွားသည့်အချိန်တွင် တင်းကြပ်စွာပိတ်ထားသည့်ပြတင်းတံခါးသည် သူ့အတွက်ပွင့်လာတော့သည်။ မင်းသမီးသည် ဖှေးအားပြတင်းပေါက်မှနေ၍ ထူးဆန်းသည့်အပြုံးတစ်ခုဖြင့်ကြည့်လိုက်သည်။ ထို့နောက်တွင် သူ၏နှုတ်ခမ်းများအနည်းငယ်ပွင့်ဟလာပြီးပြောလိုက်သည်။
“မဟုတ်ပါဘူး...”
အနည်းဆုံးသူမ၏ နှုတ်ခမ်းများ၏ဟန်နေဟန်ထားကို ကြည့်ရင်းဖြင့်ဖှေးခန့်မှန်းလိုက်မိခြင်းပင်။
......
မျက်နှာတွင် အမာရွတ်နှင့် သူရဲကောင်းမှာ မှော်မြှားများပျံသန်းလာရာအရပ်ကိုကြည့်လိုက်ပြီး ဒေါသဖြင့်အော်လိုက်သည်။ “ဘယ်သူလဲကွ ထွက်ခဲ့စမ်း.....”
အလွန်လှပသည့်ပုံရိပ်တစ်ခုသည် အ၀ေးတစ်နေရာတွင်ရှိသည့် ရွှေရောင်မြက်ခင်းများထံမှ နတ်သမီးတစ်ပါးကောင်းကင်ပေါ်မှဆင်းသက်လာသကဲ့သို့ ချည်းကပ်လာလျှက်ရှိသည်။ သူမသည် ဖြေးညင်းစွာဖြင့်ရွေ့လျားလာနေသည်ဟုထင်ရသည် သို့ရာတွင် သူမသည်အလွန်လျင်မြန်စွာဖြင့် ရွှေ့လျားနေခြင်းဖြစ်သည်။ သူမသည် တောင်ကုန်းပေါ်သို့ချက်ချင်းလိုလိုပင်ရောက်ရှိလာပြီး သူမသည်သေဆုံးနေသော နှင်းဆီပင်ကဲ့သို့သော စွမ်းအားမြင့်လေးတစ်လက်ကို ကိုင်ဆောင်ထားသည်။ စကားပြောခြင်းမရှိပဲ သူမသည် ဘရွတ်အနောက်သို့သွားကာ ရပ်လိုက်သည်။
မျက်နှာတွင် အမာရွတ်နှင့်သူရဲကောင်းမှာသူမသည်အလွန်ငယ်ရွယ်သေးသည့်အတွက် အံ့သြသွားသည်။
ထူးဆန်းသည့်အမျိုးသမီးသည် အသက်၂၀ပတ်၀န်းကျင်တွင်သာရှိသေးပုံရသည်။ သူမသည်အလွန်လှပကျော့ရှင်းသည့်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထား၏။ သူမ၏ ခြေထောက်များသည် ရှည်လျားသွယ်လျကာ သူမ၏ခါးသည် နူးညံ့ပြီးပျော့ပျောင်းသည်။ သူမ၏ အသားရေသည်ကျောက်စိမ်းကဲ့သို့ပင်။ သူမ၏ အနီရောင်ဆံနွယ်များမှာ လေထဲတွင်တောက်ပနေသည့် မီးတောက်မီးလျံများကဲ့သို့ပင်။ သူမ၀တ်ဆင်ထားသည့်ချပ်၀တ်မှာ မယုံနိုင်စရာကောင်းလောက်အောင်ပင် သန်မာသည့်ပုံစံရှိသည်။ ချပ်၀တ်ပေါ်တွင် လျို့၀ှက်ထူးဆန်းသည့်မှော်သင်္ကတများစွာပါရှိနေပြီး လှပသည့်အလင်းရောင်များဖျော့ဖျော့တောက်ပလျှက်ရှိသည်။ သူမသည် ပုံပြင်များထဲမှ စစ်ပွဲနတ်သမီးတစ်ယောက်ကဲ့သို့ပင်။
“မင်းဘယ်သူလဲ...” သူမေးလိုက်သည်။
ဤကဲ့သို့ တိုတောင်းလှသည့်အချိန်အတွင်းမှာပင် သူသည်ဤမိန်းကလေးမည်မျှသန်မာသည်ကို မခန့်မှန်းနိုင်သည့်အတွက် ထိတ်လန့်အံ့သြမိသည်။ ပို၍ စိတ်၀င်စားဖွယ်မှာ သူမ၏ မှော်စွမ်းအားများသည် အချိန်နှင့်အမျှပြောင်းလဲနေပုံရ၏။ တစ်ခါတစ်ရံတွင် ရေခဲကဲ့သို့အေးစက်နေပြီး တစ်ခါတစ်ရံတွင် မီးစွမ်းအင်ကဲ့သို့ပူလောင်သည်။ တစ်ခါတစ်ရံတွင် လျှပ်စီးကဲ့သို့လျှင်မြန်နေပြီး တစ်ခါတစ်ရံတွင် အဆိပ်ကဲ့သို့မှောင်မိုက်နေ၏။ “ဘယ်လိုစွမ်းအင်မျိုးပါလိမ့်....” သူတွေးလိုက်မိသည်။
“ချမ်းဘော့ဒ်ရဲ့စစ်သည် အယ်လီနာ...”
အမျိုးသမီးသည် တည်ငြိမ်စွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
ဂေါဒွန်-ဘရွတ်သည် သွေးများဖြင့် ဖုံးလွှမ်းနေသော်လည်း သူမရောက်ရှိလာသည့်အချိန်တွင် စိတ်အေးသွားသည့်ပုံံရသည်။
သူသည် ဤလှပပြီး စွမ်းအားကြီးသည့်အမျိုးသမီးကိုအသေချာသိရှိသောကြောင့်ပင်။ အဘယ်ကြောင့်ဆိုသော် သူမသည် ဖှေးအားများစွာကူညီသည်ကို သူကိုယ်တိုင်မြင်တွေ့နေကျဖြစ်သောကြောင့်ပင်။ ဤအမျိုးသမီးဘယ်ကလာသည်ကို သူမသိသော်လည်း သူမသည် ဘုရင်အယုံကြည်ရဆုံးလူတစ်ယောက်ဖြစ်ပြီး သူမ၏လေးအတတ်မှာ ပြိုင်ဘက်ကင်းဖြစ်ကြောင်းကိုရှင်းလင်းစွာသိရှိသည်။ ဘရွတ်သည် ဖှေးသူကိုယ်တိုင်ကပင် သူမအားလေးအတတ်တွင် ယှဥ်ပြိုင်နိုင်ခြင်းမရှိဟုပြောသည်ကို တစ်ခါကြားဖူးသည်။
“အရှင်မ ဂရုစိုက်ပါ သူကတိုက်ခိုက်ရတာလွယ်မယ့်ရန်သူတော့မဟုတ်လောက်ဘူး...” ဘရွတ်သည် အယ်လီနာကို သတိပေးလိုက်သည်။
ဘရွတ်သည် သူမချမ်းဘော့ဒ်တွင်ရှိသည့် ရာထူးအနေထားကိုမသိရှိသော်လည်း သူမသည်ဘုရင်နှင့်အမြဲအတူရှိနေသည့်လူဖြစ်သော်ကြောင့် တလေးတစားခေါ်ဆိုရန်ရွေးချယ်လိုက်သည်။
“အင်း....” အယ်လီနာ သူ၏ လေးအားကိုင်မြောက်လိုက်ပြီး နောက်သို့လှည့်မကြည့်ပဲပြောလိုက်သည်။ “ဦးလေးလဲ ဂရုစိုက်ပါ...”
ထို့နောက်တွင် သူမသည် လေးအပေါ်တွင်အာရုံစိုက်လိုက်သည်။ ရေခဲစွမ်းအင်ဖြင့်ပြုလုပ်ထားသည့် မှော်ြမှားများသည် သူမ၏ အပြာနုရောင်လေးကြိုးပေါ်တွင်ပေါ်လာတော့သည်။ သူမ၏ သေစေနိုင်သည့် မြှားထိပ်များမှာ လှပစွာဖြင့်တောက်ပနေသည်။ သူမ၏ မြှားကိုယ်များမှာ အလွန်အေးစက်နေပြီး ပတ်၀န်းကျင်အပူချိန်ကို လျှင်မြန်စွာပင် ကျဆင်းစေလျှက်ရှိသည်။
“၀ှစ်...”
သူမ မှော်မြှားများကို ပစ်လွှတ်လိုက်သည်။ လျှပ်စီးကဲ့သို့ပင် မြန်ဆန်လှပြီး မိုးကြိုးကဲ့သို့ပင် အစွမ်းထက်လှ၏။
တိုက်ပွဲမှာ စတင်ပြီဖြစ်သည်။
“သေစမ်း...ဒီအမျိုသမီးကလဲ ချမ်းဘော့ဒ်ရဲ့စစ်သည်ဆိုပါလား...ချမ်းဘော့ဒ်ဘုရင်က ဘယ်သူလဲဟ။ သူကဘယ်ကလာတာလဲ...ဘာလို့များဒီလောက်လှပပြီး အစွမ်းထက်တဲ့စစ်သည်တစ်ယောက်ကို ပိုင်ဆိုင်ထားတာလဲ။” မျက်နှာတွင် အမာရွတ်နှင့် သူရဲကောင်းသည် စိတ်ထဲမှကျိမ်ဆဲလိုက်မိသည်။ သူသည် သတိမလွှတ်ရဲပေ။ သူ၏ငွေသတ္တုအတွင်းအားစွမ်းအင်များကို မြှင့်တင်လိုက်ပြီး အတွင်းအားစွမ်းအင်ဓားသွားများကို ရန်သူထံသို့ ပစ်လွှတ်လိုက်၏။
“ဖုန်း ဖုန်း ဖုန်း...”
မြှားများနှင့် ဓားသွားစွမ်းအင်များထက်မံတွေ့ဆုံကြပြန်သည်။ တွေ့ဆုံံရာမှ အရာအားလုံးအားဖျက်စီးနိုင်သည့် စွမ်းအင်ပေါက်ကွဲမှုများဖြစ်ပေါ်လာ၏။
အယ်လီနာသည် သူမလေးကြိုးကို စောင်းကြိုးတစ်ခုကို တီးခက်နေသကဲ့သို့ တည်ငြိမ်စွာဖြင့်ပင် ဆွဲတင်လိုက်သည်။ သူမလေးကြိုးကို လွတ်လိုက်သည့်အချိန်တွင် မီးစွမ်းအင်မှော်မြှားများသည် ထင်ရှားလှသည့်အမြန်နှုန်းတစ်ခုဖြင့်ထွက်ခွာသွား၏။ မည်သူမှ မြှားများ၏သွားရာကို လိုက်ကြည့်နိုင်ခြင်းမရှိပေ။ ကြယ်လေးလုံးအဆင့်ငွေအတွင်းအားစွမ်းအင်များပိုင်ဆိုင်ထားပြီး တိုက်ပွဲအတွေ့ကြုံနှစ်၂၀ခန့်ရှိသည့် မျက်နှာတွင်အမာရွတ်နှင့် သူရဲကောင်းပင် သူမနှင့်အနီးဆယ်မီတာ၀န်းကျင်သို့ ကပ်နိုင်ခြင်းမရှိပေ။
ငွေဓားသွားစွမ်းအင်များနှင့် ရေခဲမှော်မြှားများမှာ အဆက်မပြတ်ပင်ထိတွေ့တိုက်ခိုက်လျှက်ရှိသည်။
“ဒီအမျိုးသမီးက အစွမ်းထက်ရုံတင်မကဘူး..သူမရဲ့ထိန်းချုပ်နိုင်စွမ်းကလဲအတော်တိကျလွန်းတယ်။ သူမက တိုက်ပွဲထောင်နဲ့ချီပြီးတိုက်ခိုက်ဖူးတဲ့အတွေ့ကြုံရှိနေသလိုပဲ။ သူမရဲ့လှုပ်ရှားမှုတွေက အရမ်းသွေးအေးပြီး ပစ်ချက်တိုင်းက ကြောက်စရာပဲ...”
မျက်နှာတွင်အမာရွတ်နှင့် သူရဲကောင်းမသိရှိသည်မှာ အယ်လီနာသည် ဒိုင်ယာဘလိုကဲ့သို့ ကြမ်းတန်းရက်စက်လှသည့် ပတ်၀န်းကျင်တွင် ကြီးပြင်းလာရသူဖြစ်သည်။ သူမ လေးကိုစတင်ကိုင်သည့်နေ့မှစတင်ပြီးမကောင်းဆိုး၀ါးများ၊ နတ်ဆိုးများကိုတိုက်ခိုက်ကာ သူပုန်စခန်းကိုကာကွယ်ခဲ့ရသည်။ သူမသေခါနီးဖြစ်သည့်အခိုက်တန့်များစွာရှိခဲ့သော်လည်း နောက်ဆုံးတွင် သူမအသက်ရှင်လျှက်နေထိုင်နိုင်ခဲ့သည်။ ထို့ကြောင့် သာမန်လူသားများကိုသာတိုက်ခိုက်ဖူးသည်လူမှာ သူမနှင့် လုံး၀ပင်နိုင်းယှဥ်နိုင်မည်မဟုတ်ပေ။
အခိုက်တန့်တစ်ခုကြာခန့် သူတို့နှစ်ဦးမည်သူမျှအသာစီးမရရှိကြသေးပေ။
ထိုအချိန်တွင် မီးတွင်းမှအသက်ရှင်လျှက်ထွက်လာနိင်ခဲ့ကြသည့် သူတို့၏ဘုရင်များကိုယ်စီဦးဆောင်လျှက်ရှိသော အမဲရောင်ချပ်၀တ်နှင့်စစ်သည်၄၀၀ခန့်သည် တောင်ကုန်းပေါ်သို့တက်လာပြီဖြစ်ပြီး ချမ်းဘော့ဒ်တပ်ဖွဲ့နှင့်တိုက်ခိုက်တော့မည်ဖြစ်သည်။
“ချီတပ်....”
ဘရွတ်သည် ဒေါသဖြင့်အော်ဟစ်လိုက်ပြီး ပထဆုံးချီတပ်လိုက်၏။