အခန်း (၂၆၆)
Vol. 18 Ch. 266
ဘရွတ်၏ မျက်လုံးများကျဥ်းမြောင်းသွား၏။ ချည်းကပ်လာသည့်ရန်သူမှာ ကြယ်လေးလုံးအဆင့်စစ်သည်တစ်ယောက်ပင်။
ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းသည်မှာ ကြယ်လေးလုံးအဆင့်စစ်သည်အပြင် ဒဏ်ရာရရှိထားခြင်းမရှိသည့်အမဲရောင်ချပ်၀တ်နှင့် မြင်းစစ်သည်တစ်ရာခန့်မှာ လက်နက်များကို ကိုင်ဆွဲလျှက်သူ့ထံသို့ချီတပ်လာနေခြင်းပင်။
“နောက်ဆုံးတော့ ရောက်လာပြီပဲ....”
ဘရွတ် ဤကြယ်လေးလုံးအဆင့်စစ်သည်ကိုမှတ်မိသည်။ အနောက်မှလိုက်ပါပြီးပစ်ခတ်လျှက်ရှိသည့် ချမ်းဘော့ဒ်မှလေးသည်တော်များကို ဖြေရှင်းရန်အတွက် မျက်နှာတွင်အမာရွတ်နှင့် သူရဲကောင်းမှစေလွှတ်လိုက်သည့် သိုင်းဆရာတစ်ပါးပင်။ သူ၏ နာမည်မှာ ဂူလိုဖြစ်၏။ သူသည် ချမ်းဘော့ဒ်လေးသည်တော်များကို တနည်းနည်းဖြင့်ရှင်းလင်းပြီးသည့်ပုံရပြီး အရှေ့သို့ဆက်လက်ချီတပ်လာသည့်ပုံပင်။
ကြယ်လေးလုံးအဆင့်စစ်သည်တစ်ယောက်သည် ကစားပွဲသို့ထက်မံရောက်ရှိလာသည့်အတွက် အဖွဲ့နှစ်ဖွဲ့ကြားအားသာမှုအခြေအနေမှာ ရုတ်ချည်းပြောင်းလဲသွားတော့၏။
ချမ်ဘော့ဒ်တိုင်းပြည်၏ အားသာမှုအခြေအနေမှာတိုက်ရိုက်ပင် ကျဆင်းသွားတော့၏။
ဂူလိုအားတားဆီးထားနိုင်သည့်လူမှာ ဖရန့်လမ်းပါ့ဒ်နှင့် ပီးရာ့စ်၊ ဒရော့ဂ်ဘာတို့နှစ်ဦးအဖွဲ့ပင်။ သို့သော်သူတို့သည်လည်း ပြန်လည်ရောက်ရှိလာခြင်းမရှိသေးပေ။ အယ်လီနာသည်လည်း မျက်နှာတွင်အမာရွတ်သူရဲကောင်းနှင့်အသေအကြေတိုက်ခိုက်နေ၏။ ချမ်းဘော့ဒ်တိုင်းပြည်၏ သိုင်းဆရာများမှာအားလပ်ခြင်းမရှိပေ။ စွမ်းအားမြင့်စစ်သည်ကိုရင်ဆိုင်နိုင်သည့်လူတစ်ယောက်မှမရှိသေးပေ။ အထူးသဖြင့် ထိုရန်သူနှင့်အတူမြင်းစစ်သည်တစ်ရာခန့်ပါလာသည့်အတွက် ပို၍ဆိုး၀ါးလှ၏။ အခြေအနေအားသုံးသပ်ကြည့်ပါက ဘရွတ်မည်မျှပင်ဉာဏ်ကောင်းနေစေကာမူ ဤအခြေအနေမှရုန်းထွက်နိုင်ရန်အတွက် အခွင့်ရေးမရှိပေ။
မျှော်လင့်ချက်မဲ့သည့် အခြေအနေပင်။
ချမ်းဘော့ဒ်တိုင်းပြည်၏ အခြေအနေမှာချက်ချင်းပင် မျှော်လင့်ချက်မဲ့သွားတော့၏။
ဤအခြေအနေသည် ဘရွတ်အားစဥ်းစားရန်အတွက် အချိန်ခနပင်မပေးချေ။
ဘရွတ်လှုပ်ရှားမှုများကို အနည်းငယ်နှေးကွေးလိုက်ပြီး နက်ရှိုင်းစွာအသက်ရှူလိုက်ရင်းဖြင့် နဖူးတွင်ပေကျံနေသည့်သွေးများကို သုတ်လိုက်သည်။ သူ၏လက်များသည် ဘုရင်ကချီးမြှင့်ထားသည့် ဓားကိုတင်းကြပ်စွာဆုပ်ကိုင်ရင်းဖြင့် သူ၏မျက်လုံးများသည်လည်း ယခင်ကဲ့သို့အာရုံစူးစိုက်မှုအပြည့်ရှိနေဆဲပင်။
“အသေခံပြီး ချမယ်ကွ...ချီတပ်ကြ....”
ချမ်းဘော့ဒ်တိုင်းပြည်၏ စစ်ဘက်ဆိုင်ရာခေါင်းဆောင်မှာ ကြုံး၀ါးရင်းဖြင့် ကြယ်လေးလုံးအဆင့်ခေါင်းဆောင်ဂူလိုထံသို့ပြေးသွား၏။
“ချောင်ပိတ်သွားတဲ့ သားရိုင်းပဲ...ဘယ်လောက်တောင်မျှော်လင့်ချက်မဲ့လိုက်လဲ...လာပြီးသေစမ်းကွာ...” ဂူလိုသူ၏ဓားကိုသေစေနိုင်သည့်အတွင်းအားစွမ်းအင်များပေါင်းထဲ့ကာ၀ှေ့ရမ်းလိုက်တော့သည်။
ဘရွတ်သည် ကြီးမားသည့် ဓားချက်၏ ၀ါးမြိုခြင်းကို ခံနေရသည့်အချိန်မှာပင် ကြောင်တောင်တောင်အရာတစ်ခုဖြစ်ပျက်သွား၏။
အမဲရောင်လျို့၀ှက်သည့်အရိပ်တစ်ခုသည် မည်သည့်နေရာမှထွက်လာမှန်းမသိပဲရောက်ရှိလာ၏။ တစ္စေတစ်ကောင်ကဲ့သို့ပင် တိတ်ဆိတ်ငြိမ်သက်နေသည်။ သူ့အားတွေ့မြင်နိုင်ခြင်းမရှိပေ။ တိုက်ပွဲအလည်တွင် ဓားသွားတစ်ခု၏ ခံစားချက်သည်သာ ပေါ်လွင်နေလျှက်ရှိသည်။
“ဘယ်သူလဲကွ...” ဂူလို၏ ဒေါသများသည် ထောင်တက်လျှက်ရှိသည်။ ဤရန်သူသည် စွမ်းအားမြင့်ကြောင်းကို သူသတိထားလိုက်မိသည်။
လျို့၀ှက်ထူးဆန်းသည့်အမဲရောင်အရိပ်မှာ တိုက်ခိုက်မှုတစ်ခုခြင်းစီကြားထဲမှ လျှင်မြန်သည့်အမြန်နှုန်းတစ်ခုဖြင့် ရှောင်တိန်းကာဖြတ်သန်းသွားလာလျှက်ရှိသည်။ ထို့နောက်တွင် အပေါ်သို့ခုန်တက်လိုက်ပြီး သူ၏လက်ထဲတွင် ကိုင်ဆောင်ထားသည့်ဓားမှ မျက်စိကျိမ်းစေသည့် ရွှေရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာ၏။ ဂူလိုချက်ချင်းပင် သူ၏ ဓားဖြင့် ထိုရုတ်တရက်တိုက်ခိုက်လာမှုကို ကာကွယ်ရန်ကြိုးစားလိုက်သည်။ သို့သော် ရွှေရောင်အတွင်းအားစွမ်းအင်များသည် သူ၏ မြေအတွင်းအားစွမ်းအင်များကို ချက်ချင်းပင် ဖျတ်ဆီးပစ်လိုက်၏။ သွေးများပြန့်ကျဲကုန်တော့ာသည်။ ဂူလိုအေးစက်သွား၏။ သူထိုနေရာ၌ပင် ရပ်လျှက်ရှိသည်။ သူ၏ မျက်နှာပေါ်တွင် မယုံနိုင်ခြင်းများဖြင့်ပြည့်နှက်နေ၏။
အရိပ်သည် ကြယ်လေးလုံးအဆင့်စစ်သည်ဂူလို၏ ဦးခေါင်းပြတ်ကိုကောက်ယူရင်းဖြင့်ရယ်မောလိုက်သည်။ ထို့နောက်တွင် သူရောက်ရှိလာစဥ်တုန်းကလိုပင် ချက်ချင်းပင် ပြန်လည်ကာထွက်ခွာသွားတော့၏။ သူ၏ ပုံရိပ်သည် ညကောင်းကင်ထဲတွင် ပျော်၀င်သွားသကဲ့သို့တဖြည်းဖြည်းခြင်းမှေးမှိန်ကာ ပျောက်ကွယ်သွားတော့သည်။
ချက်ချင်းသတ်ဖြတ်လိုက်ခြင်းပင်။
ချက်ချင်းလိုလိုပင် ဖြစ်ပျက်သွားသည်။
ဒီလူက ဘယ်သူလဲ။ သူကကြယ်လေးလုံးအဆင့်စစ်သည်တစ်ယောက်ကို ဘယ်လိုများလွယ်လွယ်ကူကူသတ်ဖြတ်ခဲ့တာလဲ။ သူကဘာလို့ချက်ချင်းရောက်လာပြီး ချက်ချင်းပြန်ထွက်သွားတာလဲ။ ပို၍ထူးဆန်းသည့်အရာမှာ ဂူလို၏ ခန္ဓာကိုယ်အတွင်းသို့ပိုင်းဖြတ်လိုက်သည့် ရွှေရောင်အတွင်းအားစွမ်းအင်များပင်။ ဤဖြစ်ရပ်တစ်ခုလုံးကို ကံကောင်းပြီးမြင်တွေ့လိုက်ရသည့်လူများမှာ အံ့သြမင်သက်သွားကြ၏။ လျို့၀ှက်ထူးဆန်းသည့်အရိပ်မဲတစ်ခု၏ ပုံရိပ်သည်သူတို့၏မှတ်ဉာဏ်များထဲမှ ဖျောက်နိုင်မည့်အရာတစ်ခုမဟုတ်တော့ပ။
တိုက်ပွဲမြေပြင်တစ်ခုလုံးသည်တိတ်ဆိတ်ပြီး ကျက်သေသေနေကြ၏။ ထိုလူမည်သည့်နေရာမှ ရောက်ရှိလာပြီးမည်သည့်နေရာသို့ထွက်ခွာသွားသည်ကို မည်သူမှမသိရှိလိုက်ကြချေ။
ဘရွတ်ပင် ခနတာခန့်သတိလွတ်ကာ အံ့သြမင်သက်သွား၏။
“သူကချမ်းဘော့ဒ်ဘက်က ဖြစ်တဲ့ပုံံပဲ။ ဒါမယ့် ငါသူ့ကို အရှင်မင်းကြီးနဲ့တွဲပြီးတော့ တစ်ခါမှလဲမမြင်ဖူးခဲ့ပါဘူး။ ဘာပဲဖြစ်နေနေပေါ့..ဒါကအကောင်းဆုံးအတွက်ပါပဲ။ အခုဂူလိုသေပြီဆိုတော့ အရှင်မင်းကြီးမထွက်ခင်စီစဥ်ပေးထားခဲ့တဲ့ ၀ှက်ဖဲကို ထုတ်သုံးစရာမလိုတော့ဘူးပေါ့။ တိုက်ပွဲက နိုင်ပါပြီ...”
ဥပဒေပြုအရာရှိအယောက်၂၀ခန့်မှာ မောပန်းသည်အထိတိုက်ခိုက်ပြီးပြီဖြစ်သည်။ တိုက်ပွဲရလဒ်အားပြောင်းလဲစေနိုင်သည့် ကိစ္စများဖြစ်ပေါ်လာတော့မည့်ပုံလဲမရှိတော့ပေ။ ဘရွတ်သူ၏ ဓားကို ကိုင်မြောက်ပြီးအချက်ပြလိုက်၏။
“၀ှစ် ၀ှစ် ၀ှစ်...”
၁၀၀မီတာခန့်အကွာတွင်ရှိသည့် ချုံတောများထံမှ ရောင်စုံမှော်စွမ်းအားတိုးမြှင့်ထားသည့် မြှားများပစ်လွှတ်လိုက်သည်။ လေခွင်းသံများပြုလုပ်ပြီး ချီတပ်လာသည့် အမဲရောင်ချပ်၀တ်မြင်းစစ်သည်တစ်ရာကိုထိမှန်ကုန်ကြတော့၏။
“ဖုန်း ဖုန်း ဖုန်း...”
ပေါက်ကွဲသံများသည် မြေပြင်ကိုပင် တုန်ခါသွားစေပြီး မှော်စွမ်းအင်များသည် မြေပြင်အားလွှမ်းမိုးသွား၏။
သွေးများနှင့်အသားစများပန်းထွက်နေပြီး ခြေပြတ်လက်ပြတ်များနှင့် သံမဏိအပိုင်းစများမှာ နေရာအနှံ့ပျံ၀ဲကုန်ကြသည်။