အခန်း (၂၆၇)
Vol. 18 Ch. 267
ဤသည်မှာ တစ်ဖက်သက်သတ်ဖြတ်မှုပင်။ မြင်းစစ်သည်တစ်ရာကျော်ခန့်မှာ ပုန်းကွ
ယ်ရန်နေရာမရှိတော့ပဲ မှော်မြှားများဖြင့်ဖုံးလွှမ်းကုန်ကြပြီဖြစ်သည်။ မာကြောသည့် အ
မဲရောင်သံမဏိချပ်၀တ်များသည် သူတို့နှင့် သေခြင်းတရားကြားတွင် စည်းတစ်ခုခြား
ပေးနိုင်ခြင်းမရှိခဲ့ချေ။ လောင်ကျွမ်းနေသည့်မီးတောက်များ၊ အေးခဲစေသည့်ရေခဲစွမ်းအင်၊
လျှပ်စီးများနှင့် အဆိပ်များသည် သူတို့၏ အသက်များကို ချက်ချင်းပင် ချွေယူသွား
၏။
အ၀ေးတွင်ရှိသည့်တောင်ကုန်းပေါ်တွင် ထူးဆန်သည့်ချပ်၀တ်များ၀တ်အဆင်ထားသည့်
အမျိုးသမီးငယ်များထွက်ပေါ်လာကြသည်။ သူမတို့အားလုံံးသည် လေးများကို ကိုင်
ဆောင်ထားကြပြီး သူမတို့၏ခန္ဓာကိုယ်မှာမှော်စွမ်းအင်များထွက်ပေါ်လျှက်ရှိ၏။ သူမ
တို့၏ မျက်လုံးများထဲတွင် မကွဲပြားမှုမှလွဲပြီးတစ်ခြားမည်သည့်အရာကိုမှ ပြသနေခြင်း
မရှိပေ။ လေကြိုးများတုန်ခါသွားခြင်းနှင့် သက်ရှူထုတ်၁၀ခါခန့်ပြုလုပ်ပြီးချိန်မှာပင်
လေ့ကျင့်ထားသည့် မြင်းစစ်သည်တစ်ရာခန့်မှာသေဆုံးသွားကြပြီဖြစ်သည်။
မှော်လေးသည်တော်များသည် မြင်းစစ်သည်များအတွက်အိမ်မက်ဆိုးတစ်ခုပင်။
ဤငယ်ရွယ်ပြီးချစ်စဖွယ်ကောင်းသည့် မှော်လေးသည်တော်အမျိုးသမီးများသည် စွ
မ်းအားမြင့်မှော်တိုက်ခိုက်မှုများကို ပြုလုပ်နိုင်ရုံသာမကပေ။ သူမတို့၏ တိုက်ခိုက်မှု
များမှာလည်း အလွန်တိကျလှ၏။ အမဲရောင်ချပ်၀တ်မြင်းစစ်သည်များနှင့် ချမ်းဘော့ဒ်
စစ်သည်များမှာ ရောထွေးနေသော်လည်း ချမ်းဘော့ဒ်စစ်သည်တစ်ယောက်မျှပင် ဒ
ဏ်ရာရရှိသွားခြင်းမရှိပေ။
နတ်ဘုရားအဆင့်မှော်လေးသည်တော်များပင်။
“ဒါဘယ်လိုဖြစ်ကုန်တာလဲ...ဘာလို့ချမ်းဘော့ဒ်တိုင်းပြည်မှ စွမ်းအားမြင့်သိုင်းဆ
ရာတွေအများကြီးရှိနေရတာလဲ....”
ရွှေသရဖူများ၀တ်ဆင်ထားကြသည့် ဘုရင်သုံးပါးမှာ ပျာယာခတ်ကုန်ကြပြီး အော်ဟ
စ်လိုက်မိကြသည်။ သူတို့သည် သစ္စာရှိကိုယ်ရံတော်များ၏ အကူညီဖြင့်ထွက်ပြေးရ
န်ကြိုးစားကြသော်လည်း ရွာကျလာသည့်မြှားမိုးများသည် ကိုယ်ရံတော်စစ်သည်အား
လုံးကို တစ်ပြိုင်နက်ပင် သတ်ဖြတ်ပစ်လိုက်သည်။ ထို့နောက်တွင် ချမ်းဘော့ဒ်စစ်သ
ည်များ၀ိုင်းလာကြပြီး သူတို့အားတိရိစ္ဆာန်များကဲ့သို့ပင် ရိုက်နှက်ကာ ကြိုးများဖြင့်တု
တ်နှောင်ဖမ်းဆီးလိုက်တော့၏။
ပရမ်းပတာဆန်ပြီး ကြမ်းတန်းနေခဲ့သည့် စစ်မြေပြင်တစ်ခုလုံးမှာ စတင်၍ငြိမ်သက်စ
ပြုလာပြီဖြစ်သည်။
ငွေရောင်အလင်းတန်းတစ်ခုဖြတ်ကနဲထွက်ပေါ်လာသည်။ သူ၏ရန်သူကိုသုတ်သင်ခဲ့ပြီးဖြ
စ်သည့် ဖရန့်ခ်လမ်းပါ့ဒ်ရောက်ရှိလာခြင်းပင်။
မကြာမှီတွင် မီးမှုတ်သားရဲနှစ်ကောင်သည် ရပ်တန့်၍မရနိုင်သည့်မီးတောက်များကဲ့သို့
တဟုန်ထိုးပြေး၀င်လာတော့သည်။ သားရဲများ၏ ကြောပေါ်တွင်စီးနှင်းလိုက်ပါလာသ
ည်မှာ သွေးသောက်ညီနှောင်များဖြစ်ကြသည့် ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့ပင်။
ထိုအချိန်တွင် ကျန်ရှိနေသည့်စစ်သည်များ၏ တိုက်ခိုက်မှုများမှာလည်းရပ်တန့်လာ
တော့သည်။ သူတို့အားလုံးသွေးများဖြင့် ဖုံးလွှမ်းနေကြပြီး သူတို့၏ ပုဆိန်များကိုကို
င်ထားကြ၏။ လူတိုင်းသည် နေရာတစ်ခုထဲကိုသာ ၀ိုင်း၍စိုက်ကြည့်နေကြသည်။
စစ်မြေပြင်တစ်ခုလုံးတွင် ပြင်းထန်စွာဖြစ်ပွားနေသည့်တိုက်ပွဲတစ်ခုတည်းသာ ကျန်ရှိ
တော့၏။ မျက်နှာတွင် အမာရွတ်နှင့် သူရဲကောင်းနှင့် အယ်လီနာတို့၏တိုက်ခိုက်မှုပင်။
သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်အပြန်အလှန်အသေအကြေတိုက်ခို
က်နေကြပြီးမည်သူအသာစီးရနေသည်ကို မပြောနိုင်သေးပေ။
အယ်လီနာ၏ ခန္ဓာကိုယ်တစ်၀ိုက်တွင် မတူညီသည့် မှော်စွမ်းအင်လေးမျိုး၀န်းရံလျှက်
ရှိသည်။ ပုံရိပ်မှာ ဖော်ပြ၍မရနိုင်လောက်အောင်ပင်။ သူမကဲ့သို့ ငယ်ရွယ်သည့်လူမ
ည်သူမဆို သူမကဲ့သို့ မတူညီသည့်မှော်စွမ်းအင်လေးမျိုးကို အလိုရှိသလိုပြောင်းလဲ
ကာအသုံးပြုနိုင်မည်မဟုတ်ပေ။
သို့သော် သူမသည်အနိုင်ရရှိနေသည်ဟု မပြောနိုင်သေးပေ။ သူမ၏မှော်တိုက်ခိုက်မှု
များကြောင့် ပြိုင်ဘက်ရန်သူမှာ သူမ၏ အနီးနားသို့ကပ်လာနိုင်ခြင်းမရှိသော်လည်း
မျက်နှာတွင်အမာရွတ်နှင့် သူရဲကောင်းမှာလည်း အန္တရာယ်ရှိသည့်အခြအနေတွင်ကျ
ရောင်နေခြင်းမျိုးမဟုတ်ပေ။
ဤလူသည် ကြယ်လေးလုံးအဆင့်စစ်သည်လေးယောက်ထဲတွင် အသန်မာဆုံးလူဖြစ်
သည်။ သူ၏စွမ်းဆောင်ရည်မှာ ကြယ်လေးလုံးအမြင့်ဆုံးအဆင့်သို့ပင် ကျော်လွန်ပြီး
ကြယ်ငါးလုံးအဆင့်ကိုပင် စတင်၍ကူးပြောင်းစပြုနေပြီဖြစ်သည်။ အယ်လီနာသည်
ကျန်သည့် ကိုယ်ရံတော်များ၏အစွမ်းသတ္တိများကိုအသုံးပြုနိုင်ခြင်းနှင့် ဖှေးနှင့်အတူလူ့
တ်ဂိုလိမ်တွင် အလုပ်များအတူလုပ်ရင်းလယ်ဗယ်၃၅သို့ရောက်ရှိခဲ့သောကြောင့်သာဖြစ်
သည်။ သို့မဟုတ်ပါက သူမသည် ဤမျက်နှာတွင် အမာရွတ်နှင့် သူရဲကောင်းကိုယှ
ဥ်ပြိုင်နိုင်မည်မဟုတ်ပေ။
နှစ်ယောက်၏ အစွမ်းများမှာ တူညီနေသည်ဟုဆိုနိုင်သော်လည်း အယ်လီနာသည်တို
က်ပွဲအတွေ့ကြုံအနည်းငယ်ပိုရှိသူဖြစ်သောကြောင့် ရန်သူကိုအနည်းငယ်ပို၍လွှမ်းမိုးထား
နိုင်၏။ သိုသော် တိုက်ပွဲကို အဆုံးသတ်ရန်မှာ အလွန်ခက်ခဲနေသေးသည်။
“ဖုန်း ဖုန်း ဖုန်း ဖုန်း....”
မျက်နှာတွင်အမာရွတ်နှင့်သူရဲကောင်းသည် ငွေဓားသွားစွမ်းအင်များကို ပစ်လွှတ်လိုက်ပြီး
အယ်လီနာ၏မြှားချက်များကို ကာကွယ်လိုက်သည်။ ချက်ချင်းပင် သူအနောက်သို့ဆု
တ်လိုက်ပြီး ခနတာရပ်ရန်အတွက်အချက်ပြလိုက်၏။ ထို့နောက်တွင် သူ၏ဓားကိုကိုင်ပြီး
မာနထောင်လွှားသည့်ဟန်ဖြင့်ပြုံးကာ ဘေးတစ်၀ိုက်တွင်ရှိနေသည့် ဥပဒေပြုအရာရှိ
များကို စိုက်ကြည့်လိုက်သည်။ ထို့နောက်တွင် ဖြေးညင်းစွာဖြင့်ပြောလိုက်၏။ “မ
င်းတို့ ဉာဏ်နည်းတဲ့ကောင်တွေ မင်းတို့က တော်၀င်သူရဲကောင်းတွေကိုတိုက်ခိုက်ရဲ
တယ်ပေါ့။ မင်းတို့တွေ ပါးကွပ်သားသူရဲကောင်းတွေမင်းတို့တွေအကုန်လုံးကို လာသ
တ်သာခံချင်နေတာလား....”
“ပါးကွပ်သားသူရဲကောင်းတွေလား...” ဘရွတ်မှာ အနည်းငယ်ထိတ်လန့်သွားသည်။
မျက်နှာတွင် အမာရွတ်နှင့် သူရဲကောင်းမှာ အမဲရောင်ခါးပတ်တစ်ခုကို မြေပေါ်သို့ပစ်
ချလိုက်သည်။ “မင်းတို့ရဲ့သနားစရာကောင်းတဲ့ မျက်လုံးတွေကိုဖွင့်ပြီး မင်းတို့ဘယ်
သူတွေကိုတိုက်ခိုက်နေတယ်ဆိုတာ သေချာကြည့်လိုက်ကြစမ်း...မင်းတို့က ဒစ်ခ်၊
အလန်၊ ဂူလိုတို့ကို သတ်ရဲပြီးတော့ မဟူရာတိုင်းပြည်ဘုရင်, ရေကန်တိုင်းပြည်ဘုရ
င်နဲ့ သရေ့စ်တိုင်းပြည်ဘုရင်တို့ကို ပြန်ပေးဆွဲရဲတယ်ပေါ့...ဒီလိုအမှားမျိုးကျူးလွန်
လိုက်ရင်တော့ ချမ်းဘော့ဒ်တိုင်းပြည်ဘုရင်ကိုယ်တိုင်တော် ပါးကွပ်သားသူရဲကောင်း
တွေအပစ်ပေးတာကနေလွတ်မြောက်နိုင်မှာ မဟုတ်ဘူး....ဟားဟားဟား...”
သူကတယ်ပဲ ပါးကွပ်သားသူရဲကောင်းအဖွဲ့၀င်တစ်ယောက်လား....
ဘရွတ်နှင့် ကျန်ရှိနေသည့်လူများသည် မြေပြင်ပေါ်တွင်ရှိနေသည့် ခါးပတ်ကိုအသေ
ချာကြည့်လိုက်ကြသည်။ ခေါင်းနှစ်လုံး၀တ်၀ံပုံနှင့် မြင်းစီးနေသည့်သံမဏိချပ်၀တ်စစ်သ
ည်တစ်ယောက်ပုံထွင်းထုထားသည်ကိုတွေ့လိုက်ရသည်။ ဤသည်မှာ ပါးကွပ်သားသူ
ရဲကောင်းများအဖွဲ့၏အမှတ်တံဆိပ်ဖြစ်သည်ကို ဇီးနစ်အင်ပါယာတွင်ရှိသည့်မည်သူမဆို
သိရှိလိမ့်မည်ဖြစ်သည်။
ပါးကွဲသားသူရဲကောင်းတစ်ယောကို သတ်ဖြတ်ခြင်း၏ ရာဇ၀တ်မှုသည် ဘုရင်တစ်ပါး
အတွက်ပင် ကြီးမားလှသည့်အရာတစ်ခုဖြစ်သည်။
ဤကဲ့သို့အတွေးဖြင့် ကိစ္စ၏ အတိမ်အနက်ကိုနားလည်သည့်လူတစ်ချို့၏မျက်နှာများမှာ
စတင်၍အရောင်ကင်းမဲလာကြတော့သည်။
“မင်းက တကယ်ပဲပါးကွပ်သားသူရဲကောင်းတစ်ယောက်ဆိုရင် မင်းက ချမ်းဘော့ဒ်
ကိုဘာလို့ကျူးကျော်လာတာလဲ။ အင်ပါယာသခင်ယရှင်းစီကနေ မင်းတို့တိုက်ရိုက်အမိ
န့်ရလို့လား။” ဘရွတ်၏ ခေါင်းထဲတွင် သံသယတစ်ခုပေါ်လာသဖြင့် သူစတင်ပြီး ညှိ
နှိုင်းရန်အတွက်ကြိုးစားတော့၏။
“မင်းကဘယ်သူလဲ...” မျက်နှာတွင် အမာရွတ်နှင့်သူရဲကောင်းမှာ နှာခေါင်းရှုံ့လို
က်သည်။ “ငါ့စီကို ပြန်ပြီးမေးခွန်းထုတ်ရအောင် မင်းကဘာကောင်မို့လို့လဲ။ ဘုရ
င်တွေးကို ပြန်လွှတ်ပြီး မင်းတို့ကိုယ်မင်းတို့ကြိုးပြန်တုတ်ပြီးအဖမ်းခံဖို့ ငါ၁၀စက္ကန့်အချိ
န်ပေးမယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် မင်းတို့ချမ်းဘော့ဒ်တိုင်းပြည်တစ်ခုလုံး ၁၀ရက်အ
တွင်းမှာပါးကွက်သားစစ်သည်တွေလက်ချက်နဲ့ ပြာကျစေရမယ်။ ချမ်းဘော့ဒ်ဘုရင်ကို
ယ်တိုင်တောင် တိုင်မှာ ချီပြီးမီးရှို့ခံရလိမ့်မယ်...”
မျက်နှာတွင် အမာရွတ်နှင့် သူရဲကောင်းမှာ ထက်ပြီးနှာခေါင်းရှုံ့လိုက်၏။
သူသည်ဤကဲ့သို့ အန္တရာယ်များသည့်အခြနေအနေအောက်တွင် ချမ်းဘော့ဒ်တိုင်းပြည်
မှတိုက်ခိုက်ရေးသမားများကို ခြောက်လှန့်ရန်မှတစ်ပါး တစ်ခြားလုပ်စရာမရှိတော့ပေ။
သူသည် ရွှေရောင်နေမင်းသူရဲကောင်း ခရစ်ဆူတွန်၏အနောက်မှလိုက်ပါတာ၀န်ထ
မ်းဆောင်လျှက်ရှိသည့် ပါးကွပ်သားသူရဲကောင်းတစ်ယောက်ဖြစ်သည်။ အဖွဲ့၀င်တိုင်း
ပြည်တစ်ခုမှ မြို့သားအနည်းငယ်လောက်ကို သတ်ဖြတ်ခြင်းမှာ သူ့အတွက် ကိစ္စရှိ
လာမည်မဟုတ်ပေ။ သူတို့မည်ကဲ့သို့မှ ပြန်လည်ကာ ပြုလုပ်နိုင်မည်မဟုတ်ပေ။ သူ
ရဲကောင်းနန်းတော်မှ ပါးကွပ်သားသူရဲကောင်းတစ်ယောက်ကို မည်သူမျှပင် ထိပါးရဲမ
ည်မဟုတ်ပေ။
ထို့ကြောင့် အ၀ိုင်းခံထားရသည့်အချိန်၌ပင်လျှင် သူသည် လုံး၀ကြောက်လန့်ခြင်းမရှိပေ။