အခန်း (၂၆၈)
Vol. 18 Ch. 268
ကျူးကျော်လာသူမှာ မျှော်လင့်ချက်မဲ့သည့်အနေထားတွင် ရောက်ရှိနေသော်လည်း မာ
နထောင်လွှားနေဆဲဖြစ်သည့်အတွက် ချမ်ဘော့ဒ်မှလူများမှာ အလွန်ဒေါသဖြစ်လာ
ကြတော့၏။ မျက်နှာတွင်အမာရွတ်နှင့် သူရဲကောင်းအားရန်စရန်အတွက် ဒရော့ဂ်ဘာ
မှာပထမဆုံးအနေဖြင့်ထွက်လာခဲ့သည်။ “မင်းမေလိုးလိုက် မင်းကဘယ်ကလဲ...မ
င်းရဲ့ရွံစရာကောင်းတဲ့မျက်နှာကိုရောမင်းပြန်ကြည့်ရဲ့လား။”
ဆံပင်အဖြူရောင်နှင့် ပီးရာ့စ်မှာလည်း သူ၏အပေါင်းဖော်သည်သူ့ထက်သာသွားခြင်းကို
မခံလိုချေ။ သူ မျက်နှာတွင်အမာရွတ်နှင့်သူရဲကောင်းကို စောက်ပိန်းတစ်ကောင်အား
ကြည့်သည့်အကြည့်ဖြင့်ကြည့်ရင်းဖြင့် ပြောလိုက်သည်။ “အေးဟုတ်တယ်...အဲ့
လိုမျက်နှာနဲ့ဆို နေ့ခင်းကြောင်တောင်မှာဆို မကောင်းဆိုး၀ါးတွေကို တောင်ပြန်ပြီး
ခြောက်လှန့်လို့ရလောက်တယ်။ ငါတို့တိုင်းပြည်ကို အကြောင်းမရှိပဲနဲ့လာရောက်
ကျူးကျော်တာကလဲ ကြီးမားတဲ့ရာဇ၀တ်မှုပဲ။ ဒါအပြင်ကို ဒီကောင်က သူ့ကိုယ်သူ
ပါးကွပ်သားသူရဲကောင်းတစ်ယောက်လို့ကပြောလိုက်သေးတယ်။ ဘယ်လောက်တောင်
ရယ်စရာကောင်းလိုက်လဲ။ နောက်ပြီးကျ မင်းက အင်ပါယာအရှင်သခင်ယရှင်းပါ
လို့ပြောဦးမှာလား...”
သူတို့နှစ်ယောက် မျက်နှာတွင်အမာရွတ်နှင့် သူရဲကောင်းအားခနဲ့နေပုံမှာ အလွန်ရက်စ
က်လှသဖြင့် လူတစ်ယောက်ကို ပင်သတ်ဖြတ်နိုင်ပုံရသည်။
သို့သော် မသိခြင်းများမှာ များသောအားဖြင့် အကြောက်တရားကင်းမဲ့ရသည့်အကြော
င်းရင်းလဲဖြစ်နေတတ်သည်။ သူရဲကောင်းနန်းတော်မှ သူရဲကောင်းစစ်သည်တစ်ယော
က်ကိုစော်ကားပြောဆိုခြင်းသည် အပြစ်ကြီးသေးပေးနိုင်သည့် ရာဇ၀တ်မှုတစ်ခုပင်။
တိုင်တွင်ချီပြီး မီးရှို့ခံရမည်မှာ မဖြစ်နိုင်သည့်အရာမဟုတ်ပေ။ သူရဲကောင်းနန်းတော်မှ
စစ်သည်တစ်ဦးကို ထိုနှစ်ဦးဆက်ဆံနေသည့်ပုံမှာ သူတို့၏ကြမ်းတမ်းရိုင်းစိုင်းလှသည့်
ဘုရင်၏ လွှမ်းမိုးမှုများကို ခံထားရသည့်အတွက်ကြောင့်ဖြစ်ပုံရသည်။
“မင်းတို့နှစ်ယောက်က သေချင်ပြီနဲ့တူတယ်....”
မျက်နှာတွင်အမာရွတ်နှင့် သူရဲကောင်းမှာ အလွန်မခံချင်ဖြစ်လာတော့၏။ သူ၏ ခ
န္ဓာကိုယ်သည် ဒေါသကြောင့်တဆက်ဆက်တုန်ခါလျှက်ရှိသည်။ သူ၏လက်မောင်းမှာ
ရုတ်တရက်လှုပ်ခါလိုက်ပြီး ဓားသွားစွမ်းအင်နှစ်ခုပေါ်လာပြီး ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့
နှစ်ဦး၏ လည်ပင်များထံသို့ ထွက်ခွာသွားတော့၏။ နောက်အခိုက်တန့်တွင် သူတို့၏
ခေါင်းများသည် လည်ပင်းများမှ ပြုတ်ထွက်ကုန်တော့မည်ဖြစ်သည်။
ဖုန်း....
လျှပ်စီးတစ်ခုလင်းလက်သွားပြီး စွမ်းအင်ပေါက်ကွဲမှုများဖြစ်ပေါ်လာ၏။
တိတ်ဆိတ်နေခဲ့သော လမ်းပါ့ဒ်မှာ ဖြတ်ကနဲဖြစ်သွားပြီး လက်သီးချက်တစ်ခုကို ပစ်
လွှတ်လိုက်ခြင်းဖြစ်သည်။ သူ၏ လက်သီးအရွယ်စားခန့်ရှိသည့် လျှပ်စီးလုံးနှစ်ခုမှာ
ထွက်ခွာသွားပြီး ဓားသွားစွမ်းအင်နှစ်ခုနှင့် တွေ့ဆုံလိုက်သည်။ စွမ်းအင်နှစ်ခုတွေ့ဆုံလို
က်သည့်အချိန်တွင် စွမ်းအင်ပေါက်ကွဲမှုများဖြစ်ပေါ်လာပြီး ပတ်၀န်းကျင်မြေပြင်တစ်ခု
လုံးကို တုန်ခါသွားစေ၏။ ပေါက်ကွဲမှု၏ဘေးပတ်၀န်းကျင်တွင်ရှိနေသည် အားနည်း
သေးသည့်လူများသည် ဘေးသို့လွှင့်စင်ကုန်ကြ၏။ သူတို့အတွက် သူတို့၏အရှေ့တွင်
လေဆင်နှာမောင်းကြီးတစ်ခုရုတ်တရက်တိုက်ခိုက်လာသည့်အတိုင်းပင်။
ဤအချိန်တွင် ဘရွတ်မှာ အကြံတစ်ခုရရှိသွားသည်။
ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့၏ အတွေးခေါ်မဲ့ပြီး ပိန်းတိန်းတိန်းရန်စသည့်စကားများကို
နားထောင်နေရင်းဖြင့် ဘရွတ်၏ခေါင်းထဲတွင် အကြံတစ်ခုရုတ်တရက်ထွက်ပေါ်လာခြ
င်ဖြစ်သည်။
သူရှေ့သို့ ခြေတစ်လှမ်းတက်လိုက်ပြီး ဘေးတွင်ရပ်ကြည့်နေသည့်လူများ၏ ပါးစပ်
အဟောင်းသားအကြည့်များအောက်တွင် အမဲရောင်သူရဲကောင်းအမှတ်တံဆိပ်ခါးပတ်ကို
ခြေထောက်ဖြင့် ပိတ်ကန်လိုက်၏။ ထို့နောက်တွင် ဘရွတ်၏ မျက်နှာပေါ်တွင် ဉာ
ဏ်များသည့်အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “မင်းက အင်ပါယာကသူရဲကောင်းတ
စ်ယောက်လို့ မင်းပြောတယ်မလား။ မင်းမှာ သက်သေပြစရာတစ်ခုခုပါလို့လား။
ငါတော့မထင်ပါဘူး။ မင်းက အင်ပါယာကသူရဲကောင်းတစ်ယောက်ဟန်ဆောင်ရဲတ
ယ်ပေါ့။ စစ်သည်တို့ ငါနဲ့အတူ ဒီအယောင်ဆောင်ကောင်ကို ၀ိုင်းဗျင်းကြစမ်းကွာ..
..”
သူသည် လိမ်နေခြင်းသာ ဖြစ်ပေလိမ့်မည်ဖြစ်ပြီး လုံး၀၀န်ခံမည်မဟုတ်ပေ။
“ဒါတော်တော်အရှက်တရားကင်းမဲ့တာပဲ....” ဒရော့ဂ်ဘာသက်ပြင်းချလိုက်သည်။
ဒီတန်ဖိုးမရှိတဲ့ ပိုးမွှားကောင်တွေက ဘာလို့ဒီလိုပြုမူရဲတာလဲ...
သူ၏ အိမ်မက်ထဲတွင်ပင် အင်ပါယာမှာသူရဲကောင်းအမှတ်တံဆိပ်ပြလိုက်ပြီးသည့်အချိ
န်တွင် ချမ်းဘော့ဒ်မှလူများမှာ အသက်ချမ်းသာပေးရန်အတွက် မတောင်းပန်သည့်အပြင်
သူ့အားပြန်လည်ရန်စပြီးအယောင်ဆောင်ကောင်ဟု စွပ်စွဲလိမ့်မည်ဟုလုံး၀တွေးမထားမိ
ခဲ့ပေ။ သူ၏ခေါင်းဆောင်ပုံရိပ်မှာ ဤမသိနားလည်သော ပိုးမွှားများ၏ စိန်ခေါ်မှုကိုခံ
နေရပြီဖြစ်သည်။ သူ၏ဒေါသများထဲတွင် နစ်မြောနေရင်းဖြင့် သူသည်အံကြိတ်လျှက်
ရှိကာ သွားများပင် ကျွတ်ထွက်တော့မတတ်ပင်။
ဤလူများသည် တောရိုင်းသူပုန်များကဲ့သို့ပင်။
သို့သော် ယခုအချိန်သည် သူ့၏တော်၀င်သူရဲကောင်းပုံရိပ်ကို ပြသရန်အတွက် အချိန်
မဟုတ်သေးပေ။
သို့သော် ချမ်းဘော့ဒ်မှ ဆရာများသည် သူ့အား၀ိုင်းထားလျှက်ချီတပ်လာလျှက်ရှိ
သောကြောင့်ပင်။
“အေးကွ အတော်အရှက်မဲ့တဲ့ကောင်ပဲ....” ပီးရာ့စ်လဲ၀င်ပြောလိုက်၏။
“မင်းတို့....” မျက်နှာတွင် အမာရွတ်နှင့် သူရဲကောင်းသည် သူတို့အားမယုံနိုင်
သည့်အကြည့်ဖြင့်ကြည့်လိုက်သည်။ သူသည် ဒေါသကြောင့်ရူးသွပ်တော့မည်ဖြစ်သည်။
အယ်လီနာသည် ပထမဆုံးအနေဖြင့်တိုက်ခိုက်လိုက်သည်။ သူမ၏သွယ်လျှသည့်လ
က်များရွေ့လျားသွားပြီး ထောင်ချီသည့်လျှပ်စီးတန်းများမှာ မျက်နှာတွင်အမာရွတ်နှင့်သူ
ရဲကောင်း၏ သေစေနိုင်သောနေရာများထံသို့ ဦးတည်ကာ ပျံသန်းလာ၏။ လမ်းပါ့ဒ်၏
လျှပ်စီးရိုက်ချက်များမှာလည်း အလွန်သိပ်သည်းဆမြင့်မားလှသည်။ ထို့အပြင် ဒရော့
ဂ်ဘာနှင့် ပီးရာ့စ်တို့မှာလည်း တောရက်စ်နှင့် ကပ်ပရီကွန်းသူတော်စဥ်ချပ်၀တ်များ၀
တ်ဆင်ကာ သူတို့၏ကိုယ်ပိုင်အကောင်းဆုံးသိုင်းကွက်များထုတ်သုံးရန်အတွက် ပြင်ဆ
င်နေကြပြီဖြစ်သည်။
ဖိအားမှာ အဆမတန်ပင်တိုးပွားလာလျှက်ရှိသည်။
“မင်းတို့ပိုးမွှားကောင်တွေ စောင့်နေကြဦးပေါ့ကွာ...မကြာမှီအချိန်မှာပဲ မင်းတို့ကော
င်တွေလုပ်ခဲ့တဲ့အရာတွေအတွက် ပြန်လည်ပေးဆပ်ရလိမ့်မယ်။” မျက်နှာတွင် အမာ
ရွတ်နှင့် သူရဲကောင်းမှာ ဤလူများအားလုံးနှင့် သူတစ်ယောက်တည်းမရင်ဆိုင်နိုင်
ကြောင်းသိသဖြင့် ပြန်လည်ဆုတ်ခွာရန်ကြိုးစားတော့သည်။ ကြိုးပဲ့နေသည့်မြေပြင်ကို
သာချန်ထားခဲ့၏။
သူထွက်ပြေးခြင်းကို သာပြုလုပ်နိုင်တော့သည်။
သူ၏ စိတ်ထဲတွင် ဒေါသများဖြင့်ပြည့်နှက်နေပြီး သူ၏အရှေ့တွင်ရှိသည့် လူအုပ်ကို
နုတ်နုတ်စင်းပစ်လိုသော်လည်း ထွက်ပြေးခြင်းကိုသာသူတတ်နိုင်တော့သည်။ သူ၏စိတ်ကို
မှန်တစ်ချပ်ကဲ့သို့ရှင်းလင်းအောင်ထားရင်းဖြင့်တွေးလိုက်မိသည်။ ဤချမ်းဘော့ဒ်မှလူ
များသည် အင်ပါယာမှသူရဲကောင်းချပ်၀တ်အမှတ်တံဆိပ်ကို ပင် ကြောက်လန့်ခြင်းမ
ရှိသောကြောင့် ဤနေရာတွင်ဆက်နေပါက ကိုယ့်သေတွင်းကိုယ်တူးသကဲ့သို့သာဖြစ်
နေတော့မည်ဖြစ်ကြောင်းကို သူသိလိုက်မိသည်။ ထိပ်တိုက်ရင်ဆိုင်ကာတိုက်ခိုက်ခြင်း
ထက်သူသည် အရင်ဦးစွာထွက်ပြေးလွတ်မြောက်ပြီးမှ ချမ်းဘော့ဒ်တိုင်းပြည်အားဖျတ်
ဆီးရန်အတွက် တပ်ကူများကို ပြန်လည်ကာခေါ်ဆောင်လာနိုင်မည်ဖြစ်သည်။
“အမြန်လုပ် ဒီကောင့်ကို မလွတ်စေနဲ့....” ဘရွတ်မျက်မှောင်ကြုံလိုက်သည်။
သူသည် မျက်နှာတွင်အမာရွတ်နှင့်သူရဲကောင်းမှာ အလွန်တည်ငြိမ်စွာဖြင့်ထွက်ပြေးရ
န်ဆုံးဖြတ်လိမ့်မည်ဟု ထင်ထားခြင်းမရှိသည့်အတွက်ပင်။
“၀ှစ် ၀ှစ် ၀ှစ်...”
ရန်သူကိုနှေးကွေးစေသည့် ဂုဏ်သတ္တိရှိသည့်ရေခဲမှော်မြှားများသည် ကောင်းကင်ပေါ်တွ
င်ရှိသည့် မျက်နှာတွင်အမာရွတ်နှင့် သူရဲကောင်းထံသို့ပျံသန်းသွား၏။ အယ်လီနာ၏
လျင်မြန်ဖျတ်လတ်မှု၊ သူမ၏ လေးအတတ်တို့မှာ သာမန်မျက်လုံးနှင့် မြင်နိုင်သည့်အ
မြန်နှုန်းထက်ပင်ကျော်လွန်လှသည်။
“အလင်း...လက်...သီး...”
လမ်းပါ့ဒ်အော်လိုက်သည်။ ငွေရောင်အလင်းတန်းများနှင့် လျှပ်စီးတိုက်ခိုက်မှုများစွာသည်
သူ၏လက်သီးများထံမှထွက်ခွာသွား၏။ လျှပ်စီးများသည် ကောင်းကင်ပေါ်တွင်ရှိသည့်
သူရဲကောင်းထံသို့ ချိန်ရွယ်ထားခြင်းဖြစ်သည်။ ကောင်းကင်အား ကမ္ဘာပျက်သကဲ့သို့
အသံများဖြင့် ပြည့်နှက်နေစေပြီး ကြည့်ရှုနေသူများကိုပင် ထိတ်လန့်သွားစေ၏။
ချမ်းဘော့ဒ်မှ လက်ရှိတွင်အသန်မာဆုံးဟုဆိုနိုင်သည့် သိုင်းဆရာနှစ်ယောက်သည်အလျှ
င်မြန်တုန့်ပြန်လိုက်သည်။
သူတို့နစ်ယောက်လုံးသည် သူတို့၏ အစွမ်းထက်ဆုံးသိုင်းကွက်များကို အသုံးပြုလိုက်
ကြပြီးမျက်နှာတွင် အမာရွတ်နှင့်သူရဲကောင်းကို ထွက်ပြေးနိုင်ခြင်းမရှိစေရန်အတွက်
တွန်းအားပေးလိုက်၏။
မျက်နှာတွင် အမာရွတ်နှင့်သူရဲကောင်းမှာ ရယ်မောလိုက်ပြီးပြန်လည်ကာ တိုက်ခိုက်
လိုက်သည်။ လေထဲတွင် ဓားသွားစွမ်းအင်များကို ပစ်လွှတ်လိုက်ပြီး မြှားမျှားနှင့် လျှ
ပ်စီးအလင်းတန်းများကို ခုခံလိုက်သည်။ သူနှင့် တစ်မီတာအနီးသို့ရောက်မလာနိင်အော
င်တားဆီးလိုက်၏။
ခေါင်းဆောင်၏ သိုင်းပညာမှာမြင့်မားသည့်လယ်ဗယ်တွင်ရှိနေသည်။ သူ၏တိုက်ပွဲ
အတွေ့ကြုံနှင့် သူ၏ ဆုတ်ခွာလိုသည့်ဆန္ဒများကြောင့် သူ့အားတားဆီးရန်မှာ ခက်ခဲ
လှ၏။