အခန်း (၂၆၉)
Vol. 18 Ch. 269
ခြေလှမ်းအနည်းငယ်ဖြင့်ပင် သူသည် မီတာ၂၀၀ခန့်အ၀ေးသို့ရောက်ရှိသွားပြီဖြစ်သည်။
“ဟားဟား နောက်တစ်ခါငါပြန်လာတဲ့အချိန်ကျရင်တော့ မင်းတို့ကောင်တွေအကုန်သေစေရမယ်...” မျက်နှာတွင်အမာရွတ်နှင့် သူရဲကောင်း၏ရယ်မောသံမှာ အ၀ေးတစ်နေရာမှထွက်ပေါ်လာ၏။ သူသည် လိုက်ဖမ်းရန်အတွက် ၀ေးသောနေရာသို့ရောက်ရှိသွားသည်မှာ ထင်ရှားလှသည်။
“ငါတို့တွေသူ့ကို လိုက်ဖမ်းနိုင်မှာ မဟုတ်လောက်တော့ဘူး...” ဘရွတ်သက်ပြင်းချလိုက်သည်။ သူ၏စိတ်ထဲတွင် ကိစ္စကို ကိုင်တွယ်ရန်အတွက်အခြေအနေများကို စတင်၍စီစဥ်နေပြီဖြစ်သည်။ သူသည်ဖြစ်နိုင်ပါက လက်ရှိအင်ပါယာမြို့တော်သို့သွားနေသည့်ဖှေးအတွက် အနှောင်ယှက်များကို ဖြစ်ပွားစေလိုခြင်းမရှိပေ။
“မင်းအတွက် နောက်တစ်ကြိမ်ဆိုတာရှိလာမှာ မဟုတ်ဘူး....” တည်ငြိမ်သည့်အမျိုးသမီးအသံတစ်ခုထွက်ပေါ်လာ၏။
အသံဆုံးသည့်အချိန်တွင် အပြာရောင်အလင်းတစ်ခုသည်ရုတ်တရက်တောက်ပလာ၏။ ထိုအလင်းတန်းနှင့်အတူ ၂မီတာခန့်အမြင့်ရှိသည့်ပေါ်တယ်တစ်ခုထွက်ပေါ်လာသည်။ ထို့နောက်တွင် အနီရောင်ပုံရိပ်တစ်ခုသည် ပေါ်တယ်အတွင်းမှထွက်လာတော့သည်။ မျှော်လင့်မထားစွာပင် ထိုပုံရိပ်သည်လူသားမျက်လုံးဖြင့်မမြင်နိုင်သည့် အမြန်နှုန်းတစ်ခုဖြင့်ရွေ့လျားသွားပြီး စွမ်းအင်ပေါက်ကွဲမှုများဖြစ်ပေါ်လာတော့သည်။ မျက်နှာတွင် အမာရွတ်နှင့် သူရဲကောင်းသည် နာကျင်စွာအော်ဟစ်သံများနှင့်အတူ သစ်သားရုပ်တစ်ရုပ်ကဲ့သို့ အောက်သို့ပြုတ်ကျလာတော့သည်။
ထို့နောက်တွင် အနီရောင်ပုံရိပ်သည် ဖျတ်ကနဲဖြစ်သွားပြီး ပေါ်တယ်အတွင်းသို့ ပြန်လည်၀င်ရောက်သာ ပျောက်ကွယ်သွားတော့သည်။ ပေါ်တယ်၀န်းကျင်တွင် အပြာရောင်မီးတောက်များတောက်ပလာပြီး ပေါ်တယ်သည်လည်းကွယ်ပျောက်သွားတော့သည်။
ဤအဖြစ်ပျက်များအားလုံးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်ပျက်သွားခြင်းပင်။
မည်သူမျှပင် မတုန့်ပြန်လိုက်နိုင်သည့်အခြအနေထိပင် မြန်ဆန်လှ၏။
လျို့၀ှက်ထူးဆန်းသည့်အမျိုးသမီးကို လူအနည်းငယ်ခန့်သာမြင်နိင်လိုက်ကြသည်။
အယ်လီနာ၊ လမ်းပါ့ဒ်နှင့် သူတော်စဥ်စစ်သည်ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့နှင့် ဘရွတ်တို့သည် ထိုအမျိုးသမီးကြောင့် ထိတ်လန့်အံ့သြသွားရ၏။ သူမသည် ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းများထဲတွင်ရှိသည့် ချမ်းဘော့ဒ်တက္ကသိုလ်တွင် ကိုယ်ခံပညာသင်ကြားပေးသည့်ဆရာမတစ်ဦးအနေဖြင့်လာရောက်နေကြလူဖြစ်သည်။ အခြခံကိုယ်ခံပညာများကိုသာ သင်ကြားပေးနေသူတစ်ဦးဖြစ်သောကြောင့် သူမ၏ အစွမ်းမှာ ဤကဲ့သို့မြင့်မားသည့် အဆင့်တွင်ရှိနေမည်ဟု မည်သူမှထင်မထားခဲ့ကြချေ။ ကြယ်လေးလုံးအမြင့်ဆုံးအဆင့်တွင်ရှိနေသည့် လူကပင် သူမ၏တိုက်ခိုက်မှုတစ်ချက်ကိုပင် ခံနိုင်ရည်မရှိချေ။ သူမ၏ လက်အောက်တွင် ပညာသင်ခဲ့စဥ်က အပြောင်ပျက်များ ပြုလုပ်ခဲ့ဖူးသည့် ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့မှာ ယခုအချိန်တွင် ချွေးများပျံနေကြပြီဖြစ်သည်။
ခနတာတိတ်ဆိတ်သွားပြီးနောက်တွင် လမ်းပါ့ဒ်မှာ ကောင်းကင်ပေါ်သို့ခုန်တက်သွားသည်။ ခနအကြာတွင် သူသည်မျက်နှာတွင် အမာရွတ်နှင့်သူရဲကောင်းကို သယ်ဆောင်ကာပြန်လာခဲ့၏။
“သူသေတော့မသေသေးဘူး...” လမ်းပါ့ဒ်ပြောလိုက်သည်။ ထို့နောက်တွင် ယခင်က ခြိမ်းလာခြောက်လားပြုလုပ်နေခဲ့ပြီး ယခုအချိန်တွင် စောက်ကြောက်တစ်ကောင်ကဲ့သို့ဖြစ်နေပြီဖြစ်သည့် သူရဲကောင်းကို မြေပြင်ပေါ်သို့ပစ်ချလိုက်၏။
မျက်နှာအတွင်အမာရွတ်နှင့် သူရဲကောင်းခေါင်းဆောင်မှာ ကြောက်လန့်နေ၏။
မည်သည့်နေရာမှရောက်ရှိလာမှန်းမသိသည့် လျို့၀ှက်ထူးဆန်းသည့်အမျိးသမီးသည် သူမ၏ခွန်အားများသည် မယုံနိုင်စရာကောင်းသည်သာမဟုတ်ပေ။ သူမ၏လှုပ်ရှားမှုများမှာလည်း လျို့၀ှက်ဆန်းကြယ်လှ၏။ သူ၏အစွမ်းများဖြင့်ပင် သူသည် သူမထံမှ သူ၏အစွမ်းများနှင့် ရွှေ့လျားနိုင်စွမ်းများကိုဖျက်ဆီးစေလိုက်သည့် တိုက်ခိုက်မှုကို ခုခံနိုင်လိုက်ခြင်းမရှိပေ။ ပါးစပ်မှ စကားပြောရုံမှလွဲ၍ သူသည် ခြေချောင်းလက်ချောင်းများကိုပင် ရွှေ့လျားနိင်ခြင်းမရှိတော့ပေ။
“ငါတို့ဒီကောင်ကိုဘယ်လိုလုပ်ကြမလဲ...” လမ်းပါ့ဒ်ပြောလိုက်သည်။
ဘရွတ်ခနတာတွေ၀ေသွားသည်။ ဤသည်မှာ အတန်ငယ်ခက်ခဲသည့်မေးခွန်းဖြစ်သောကြောင့်ပင်။
ဤမျက်နှာတွင်အမာရွတ်နှင့််သူရဲကောင်းသည်အမှန်တကယ်ပင် အင်ပါယာမှသူရဲကောင်းတစ်ယောက်ဖြစ်နိုင်ကြောင်းကို သူသိရှိသောကြောင့်ပင်။ အဘယ်ကြောင့်ဆိုသော် ဇီးနစ်အင်ပါယာတစ်ခုလုံးတွင် အင်ပါယာကိုယ်တိုင်မှလွဲ၍ ကြယ်လေးလုံးစစ်သည်များကို အမိန့်ပေးနိုင်သည့်အဖွဲ့စည်းအနည်းငယ်သာရှိသောကြောင့်ပင်။ သို့သော် ဤကြယ်လေးလုံးအဆင့် သူရဲကောင်းလေးယောက်သည် အံ့သြဖွယ်ကောင်းစွာပင် မဟူရာတိုင်းပြည်ဘုရင်၊ သရေ့စ်တိုင်းပြည်ဘုရင်၊ ရေကန်တိုင်းပြည်ဘုရင်တို့၏အနောက်မှလိုက်ပါပြီးချမ်းဘော့ဒ်တိုင်းပြည်အား ကျူးကျော်တိုက်ခိုက်ရန်ကြိုးစားခြင်းမှာ အံ့သြဖွယ်ကောင်းလှသည်။ အမိအင်ပါယာသည် ချမ်းဘော့ဒ်တိုင်းပြည်ကို ဖျက်ဆီးရန်အတွက် ကြိုးစားနေခြင်းပေလား။ သို့သော် လေးလေးနက်နက်စဥ်းစားပြီးသည့်အချိန်တွင် ကိစ္စများသည်ထင်သလောက် လေးနက်သည့်ပုံရှိမနေပေ။ အကယ်၍အင်ပါယာသည်သာ ချမ်းဘော့ဒ်တိုင်းပြည်ကို ဖျက်ဆီးလိုပါက ပါးကွပ်သားသူရဲကောင်းများအားလုံးရောက်ရှိလာကြမည်ဖြစ်သည်။ ဘုရင်သုံးယောက်ဦးဆောင်သည့် အမဲရောင်ချပ်၀တ်နှင့် မြင်းစီးစစ်သည်များရောက်ရှိလာမည်မဟုတ်ပေ။ တခြားထူးခြားသည့်အကြောင်းပြချက်တစ်ခုရှိနေနိုင်ဦးမည်ဖြစ်သည်။
မျက်နှာတွင် အမာရွတ်နှင့် သူရဲကောင်းကိုလျစ်လျူရှုလိုက်ပြီး လူပြောင်နှစ်ယောက်ဖြစ်သည့် ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့ကို ဘရွတ်ကြည့်လိုက်သည်။
ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့သည်လည်း သူ၏ ရည်ရွယ်ချက်ကို ချက်ချင်းပင်နားလည်သွား၏။
နှစ်ယောက်လုံးသည် သူတို့၏လက်သီးများကိုအသင့်ပြင်လိုက်ပြီး မကောင်းသည့်အကြံရှိသည့်ဟန်ဖြင့် ပြုံးကာ အော်ဟစ်နေကြသည့် ရေကန်တိုင်းပြည်ဘုရင်၊ မဟူရာတိုင်းပြည်ဘုရင်၊ သရေ့စ်တိုင်းပြည်ဘုရင်တို့ကို အနှီးတွင်ရှိသည့်ခြုံပုတ်များထံသို့ဆွဲခေါ်သွားကြတော့သည်။
ခနတာအတွင်းမှာပင် အသံများနှင့် လှုပ်ရှားမှုပုံရိပ်များထွက်ပေါ်လာတော့သည်။
ဤသည်မှာ ရိုက်နှက်ထိုးကြိတ်နေသည့်အသံများပင်။ ထို့နောက်တွင် ဘုရင်သုံးပါး၏ ငိုကြွေးအသနားခံသံများသည် ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့၏ ရယ်မောသံများနှင့်ရောထွေးကာထွက်ပေါ်လာ၏။
ခနအကြာတွင် လူပြောင်နှစ်ယောက်မှာ သွားများကြိုးကြေကာ မျက်နှာများဆုတ်ပြတ်နေကြသည့် ဘုရင်များကို တောင်ကုန်းပေါ်သို့ ပြန်လှန်ဆွဲခေါ်ကာပြန်ရောက်လာခဲ့ကြသည်။
ထို့နောက်တွင် ဒရော့ဂ်ဘာသည် ဘရွတ်၏ နားအနီးသို့ကပ်ကာ ဘုရင်သုံးပါးကို ရိုက်နှက်စစ်ဆေးရာမှရရှိခဲ့သည့် အချက်လက်များအားလုံးကို အသေးစိတ် ပြောပြလိုက်၏။
ဘရွတ်ခေါင်းငြိမ့်ပြလိုက်ပြီး သူ၏ရင်ဘက်ထဲတွင်ရှိနေခဲ့သည့် အလုံးကြီးမှာကျဆင်းသွားပြီဖြစ်သည်။
အရာများသည် သူမူလတွေးထားခဲ့သည့်အတိုင်းပင်။ ဤသူရဲကောင်းလေးယောက်သည် အင်ပါယာမှအမိန့်ရရှိသည့်အတွက်ကြောင့်လာခဲ့ကြခြင်းမဟုတ်ပေ။ ထိုအစားသူတို့သည် သူရဲကောင်းနန်တော်မှ အထူးပါးကွပ်သားသူရဲကောင်းဆယ်ယောက်ထဲမှတစ်ယောက်ဖြစ်သည့် ရွှေရောင်နေမင်းသူရဲကောင်းခရစ်-ဆူလ်တွန်၏ လူယုံတစ်ယောက်၏ ခိုင်းစေမှုဖြင့် ဘုရင်သုံးပါးအားကူညီရန်အတွက် လာခဲ့ကြခြင်းဖြစ်သည်။ သူတို့၏ အပြုမူများသည် တော်၀င်သူရဲကောင်းနန်တော်ကို ကိုယ်စားပြုခြင်းမရှိပေ။
ဤအချက်လက်များသည် သူထင်သလောက်ဆိုး၀ါးခြင်းမရှိပေ။ သို့သော် အမှန်တရားအားသိရှိပြီးနောက်တွင် ဤအကျဥ်းသားမျာကို မည်ကဲ့သို့စီရင်သင့်ကြောင်းကိုတွေးခေါ်နေ၏။
ဘရွတ်ခ်၏ အေးစက်သည့်အကြည့်များကို ခံစားရသည့်အချိန်တွင် မျက်နှာတွင်အမာရွတ်နှင့် သူရဲကောင်းပင် လှုပ်ရှားနိုင်သည့်သတ္တိမရှိတော့ပေ။ သို့သော် သူ၏ ရက်စက်ကြမ်းကြုတ်သည့် ဟန်အနေထားမှာ ဆက်လက်ရှိနေဆဲပင်။ သို့သော် ဘုရင်သုံးပါးမှာမူ သူတို့၏အပြုမူများကို နောက်တရကာ မနက်ဖြန်မရှိတော့သကဲ့သို့အော်ဟစ်ငိုကြွေးနေကြ၏။
“သတ်ပစ်လိုက်ကြကွာ...” ဘရွတ်အကြောက်တရားကင်းမဲ့စွာဖြင့်ပြောလိုက်၏။
“မင်း...မင်းလုပ်ရဲရင်....” မျက်နှာတွင် အမာရွတ်နှင့်သူရဲကောင်းမှာအော်ဟစ်ကာ ခြိမ်းခြောက်လိုက်သည်။
သို့သော် သူ၏ စကားမဆုံးသေးခင်မှာပင် သူ၏ ဦးခေါင်းခွံသည် ဒရော့ဂ်ဘာ၏ ချေမွခြင်းကိုခံလိုက်ရ၏။ အတွင်းအားစွမ်းအင်များကာကွယ်ထားခြင်းမရှိတော့သဖြင့် လွယ်ကူစွာပင် ကြေမွသွားသည်။ တောရက်စ်သူတော်စဥ်သူရဲကောင်းသည် သူ၏ပုဆိန်ပေါ်တွင် ပေကျံနေသည့်ဦးနှောက်စများကို ဖိနပ်ဖြင့်သုပ်လိုက်၏။ လူအများ၏ ရွံရှာသည့်အကြည့်များကို လျစ်လျူရှုလိုက်ပြီး သူပြောလိုက်သည်။ “ကျောက်တုံးတွေကမှ သိုင်းဆရာတွေရဲ့ဦးခေါင်းထက်မာသေးတယ်...”
တစ်ဖက်တွင် ဥပဒေပြုအရာရှိများမှာ သူတို့၏ ဓားများကိုဆွဲထုတ်ပြီးခုတ်ပိုင်းချလိုက်သည်။ ဤကဲ့သို့ဖြင့် လွန်ခဲ့သည့်စက္ကန့်အနည်းငယ်ခန့်က အသနားခံနေခဲ့ကြသည့် ဘုရင်များ၏ ခန္ဓာကိုယ်များမှာ နှစ်ပိုင်းပြတ်သွားကြတော့၏။