← Chapters

အခန်း (၂၇၀)

Vol. 18 Ch. 270

အခန်း (၂၇၀)

Vol. 18 Ch. 270

လမ်းပါ့ဒ်သည် ဘရွတ်၏အမိန့်ကို တားဆီးခြင်းမရှိပေ။ ချမ်းဘော့ဒ်မှလူများသည် လက်မြန်လွန်းလှသဖြင့် သူမမေးရသေးခင်မှာပင် မျက်နှာတွင် အမာရွတ်နှင့် သူရဲကောင်းကို သတ်ဖျတ်ပစ်လိုက်ပြီးဖြစ်၏။ "ငါတို့တွေသူ့ကိုသတ်လိုက်တဲ့အတွက် အရှင်မင်းကြီးရဲ့ခရီးကို နှောင့်ယှက်ဖြစ်လာနိုင်တယ်ထင်လား..."

"တစ်ယောက်ကိုပဲသတ်သတ်နှစ်ယောက်ကိုပဲသတ်သတ်အတူတူပဲ..." ဘရွတ် သူ၏သွေးစွန်းနေသည့်ဓားကို ဓားအိမ်အတွင်းသို့ပြန်ထည့်လိုက်ပြီး ခေါင်းကိုအသာယာခါရမ်းလိုက်သည်။ ထို့နောက်တွင် သူမျက်မှောင်ကြုံ့ကာပြောလိုက်၏။ "ကျွန်တော်တို့အရင်ကသာ အဲ့သူရဲကောင်းသုံးယောက်ကို မသတ်ခဲ့လိုက်ဘူးဆိုရင်တော့ သူတို့တွေကိုလွှတ်ပေးလိုက်ဖို့က ပြသနာမရှိဘူး။ ဒါပေမယ့် ကံမကောင်းစွာပဲ.....သူရဲကောင်းနန်းတော်က သူရဲကောင်းတွေက ကျွန်တော်တို့ရှင်းပြတာကို နားထောင်မှာမဟုတ်ဘူး...ဘယ်သူပဲမှားနေနေ အဲ့မာနကြီးတဲ့ပါးကွပ်သားသူရဲကောင်းတွေက တစ်ခုတည်းကိုပဲကြည့်လိမ့်မယ်...ငါတို့က သူတို့လူတွေကို သတ်ဖြတ်ခဲ့တယ်ဆိုတာကိုပဲ။ ငါတို့သာ သူ့ကိုလွှတ်ပေးလိုက်ရင် သူရဲကောင်းတွေရဲ့လက်စားချေမှုက ပိုပြီးမြန်မြန်ရောက်ရှိလာမှာပဲ။ နောက်ပြီး ဒီလူသုံးယောကို သတ်လိုက်တာက အင်ပါယာမြို့တော်မှာရှိနေတဲ့ အရှင်မင်းကြီးအတွက်ပဲလေ...."

လမ်းပါ့ဒ်သက်ပြင်းချလိုက်ပြီး ဘာမှဆက်မပြောတော့ပေ။ သူဘရွတ်ဆိုလိုသည်ကို နားလည်သဘောပေါက်သောကြောင့်ပင်။

မြက်ခင်းပြင်ပေါ်တွင် တိုက်ခတ်နေသည့်လေထုနှင့်အတူ ချမ်းဘော့ဒ်မှလူများသည် ဒေါသနှင့် ဖိအားတို့ကိုတပြိုင်နက်ခံစားလိုက်ရ၏။ သူတို့အားလုံး မုန်တိုင်းတစ်ခုချည်းကပ်လာနေကြောင်းကို ခံစားမိကြသည်။ သို့သော် သူတို့ဘာမှတတ်နိုင်ခြင်းမရှိပေ။ ချမ်းဘော့ဒ်တိုင်းပြည်တွင် တစ်ခြားတိုင်းပြည်များကို ကျူးကျော်တိုက်ခိုက်သိမ်းပိုက်လိုစိတ်လုံး၀မရှိပေ။ သူတို့အလိုရှိသည့် တစ်ခုတည်းသောအရာမှာ လုံခြုံပြီးနွေးထွေးသည့်ပတ်၀န်းကျင်တွင်သာ နေထိုင်ရန်ဖြစ်သည်။ သို့သော် အေဇာရုတိုက်ကဲ့သို့ ကစဥ့်ကယားနိုင်လှသည့် လောကကြီးထဲတွင် သတ်ဖြတ်ခြင်းများ ရန်လိုမှုများဖြင့် ပြည့်နှက်နေ၏။ သူတို့အားလုံးတိုက်ပွဲများမဖြစ်ပွားစေလိုကာမူ တိုက်ပွဲများသည် သူတို့ထံသို့ရောက်ရှိလာမည်ဖြစ်သည်။

"ကံကောင်းစွာပဲ...ဒီကိစ္စကို သိတဲ့လူကနဲနဲပဲရှိလို့...."

ဘရွတ်ပတ်၀န်းကျင်တွင်ရှိနေသည့် စစ်သည်များကိုကြည့်လိုက်သည်။ တိုက်ပွဲတွင်ပါ၀င်သည့်စစ်သည်များမှာ တစ်ရာကျော်ခန့်သာရှိပြီး ၈၀ခန့်မှာ အမဲရောင်ချပ်၀တ်မြင်းစစ်သည်များကိုအာရုံလွဲရန်အတွက် အ၀ေးသို့စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်မျက်နှာတွင်အမာရွတ်နှင့် သူရဲကောင်း၏သရုပ်မှန်ကို သိရှိသည့်စစ်သည်များမှာအယောက်၂၀ခန့်သာရှိသည်ဟုဆိုနိုင်၏။ ဘရွတ်သည်တစ်ဖက်သို့လှည့်ပြီး စစ်သည်များကို ဤကိစ္စအားပျံ့နှံ့စေခြင်းမရှိရန်အတွက် အထူးမှာကြားလိုက်သည်။

မကြာမှီတွင် လမ်းပါ့ဒ်၊ ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့သတ်ဖြတ်ထားသည့် ဒစ်ခ်နှင့်အလန်တို့၏အလောင်းနှစ်ခု၊ ဘုရင်သုံးပါးအလောင်းများ၊ ဂူလို၏အလောင်းနှင့် မျက်နှာတွင် အမာရွတ်နှင့်သူရဲကောင်း၏အလောင်းများကို ပြာကျသည့်အထိလောင်ကျွမ်းလိုက်၏။ သူတို့၏ ချပ်၀တ်များနှင့်လက်နက်များကို ချမ်းဘော့ဒ်၏အနောက်ဘက်တောင်တန်းထဲတွင်ရှိသည့် ပန်းပဲဆရာဆာမြူရယ်စီသို့ပိုကာ တစ်စစီဖြုတ်ခိုင်းစေလိုက်သည်။ တိုက်ပွဲမြေပြင်တစ်ခုလုံးကိုလည်း စနစ်တကျဂရုတစိုက်ဖြင့်ရှင်းလင်းလိုက်၏။ ဘရွတ်သည်အလွန်ထောက်ထားတတ်သည် လူတစ်ယောက်ပင်။ ဖြစ်ပွားခဲ့သည့်စစ်မြေပြင်သည်ယခုအချိန်တွင် ခြေရာလက်ရာများလုံး၀ကျန်ရှိနေခြင်းမရှိတော့ပေ။

"ဒါပေမယ့် ကျွန်တော်တို့တွေ ဒီမှာဖြစ်ခဲ့တဲ့ကိစ္စကိုအရှင်မင်းကြီးသိအောင်အမြန်ဆုံးတင်ပြနိုင်မှရမယ်....ဖရန့်ခ် ခင်ဗျားဒီညအနားယူလိုက်ပြီးအရှင်မင်းကြီးစီကို မနက်ဖြန်အရောက်သွားနိင်မလား...."

နောက်တစ်နေ့တွင် လမ်းပါ့ဒ်၊ ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့သည် ဥပဒေပြုအရာရှိအယောက်၅၀နှင့်အတူ ချမ်ဘော့ဒ်မှအလျှင်အမြန်ထွက်ခွာကာ ခရီးဆက်ကြတော့သည်။

မနက်ခင်းနေရောင်အောက်တွင် လူနှစ်ယောက်သည် ချမ်းဘော့ဒ်၏မြို့အ၀င်ဂိတ်တံခါး၀တွင် ရပ်နေကြ၏။ ချမ်းဘော့ဒ်တိုင်းပြည်၏ ခေါင်းဆောင်နှစ်ယောက်ဖြစ်သည့် ဘရွတ်နှင့် ဘတ်စ်တို့မှာ လမ်းပါ့ဒ်နှင့် တစ်ခြားလူများ မိုးကုတ်စက်၀ိုင်းအောက်တွင် ပျောက်ကွယ်သွားသည်ကို ငေးကြည့်နေကြ၏။

"မယုံနိုင်စရာပဲ...ဇီးနစ်အင်ပါယာကြီးတည်ငြိမ်နေတာ နှစ်၂၀ကျော်လောက်ရှိပြီး။ အရင်လိုမုန်တိုင်းထန်တဲ့အချိန်တွေ မကြာမှီပြန်ရောက်လာတော့မှာပေါ့..." ဘတ်စ် စိတ်ထဲတွင် စိုးရိမ်စွာဖြင့် သက်ပြင်းချလိုက်မိသည်။

"အင်ပါယာအရှင်သခင် ယရှင်းရဲ့ခန္ဓာကိုယ်က တစ်နေ့တခြားပိုပြီးအခြအနေဆိုး၀ါးလာနေတယ်လို့ကျွန်တော်ကြားတယ်...သူကအခုချိန်မှာ မြင်းတောင်ကောင်းကောင်းမစီးနိုင်တော့ဘူးတဲ့လေ။ သူ့ရဲ့သားတော်တွေက ထီးနန်းကိုလုဖို့အတွက် ပြိုင်ဆိုင်မှုတိုက်ပွဲတွေကလည်းပြင်းထန်လာနေပြီလေ။ အဲ့ဆွေကြီးမျိုးကြီးတွေကတော့ ပိုက်ဆံအမြတ်ရအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပဲကြည့်နေကြတာ။ အဖွဲ့၀င်နိင်ငံ၂၅၀ကပဲအင်ပါယာအတွက် ကြိုးပန်းပေးနေရတာပေါ့...ပိုပြီးဆိုးတာက သူတော်စဥ်ဇိုလာစီကနေကြားတာ အင်ပါယာရဲ့ရန်သူဟောင်းဖြစ်တဲ့ စပါတာအင်ပါယာက လွန်ခဲ့တဲ့၃လလောက်ကတည်းက နယ်စပ်မှာ တပ်ဖွဲ့တွေလာချနေပြီဆိုတာပဲ။ သူတို့က ကျူးကျော်ချင်နေတဲ့ပုံပဲ။ အမှောင်ချိန်တွေ နီးကပ်လာတဲ့ အရိပ်ယောင်တွေပေါ့ဗျာ။" ဘရွတ်ပြောလိုက်၏။ "ပုံမှန်အခြအနေမှာဆို ဒီဘုရင်သုံးပါးက ကျွန်တော်တို့ကိုတိုက်ခိုက်ရဲမှာမဟုတ်ဘူး။ အခုလိုအခြေအနေမှာတော့ အင်ပါယာသူရဲကောင်းတွေကတောင် သူတို့အစီစဥ်နဲ့သူတို့ရှိနေတဲ့ပုံပဲ။"

"စစ်ပွဲတွေဖြစ်လာရင်တိုင်းပြည်ပေါင်းများစွာ ဖျက်ဆီးခံရလိမ့်မယ်။ လူတွေအသက်ခံရပြီး တော်၀င်မိသားစုတွေများစွာ ချေမှုန်းခံရမယ်။ ချမ်းဘော့ဒ်ကမြောက်ဖျားပိုင်းမှာ ရှိနေတယ်ဆိုပေမယ့် ဒီစစ်မီးက ချမ်းဘော့ဒ်ကိုလည်း ပြန့်နှံ့လာမှာပဲ။ ငါတို့အတွက် ပြင်ဆင်ချိန်က နည်းနည်းပဲရှိသေးတယ်လေ။" ဘတ်စ်တွင် အတွေ့ကြုံရှိသဖြင့် မျှော်လင့်ချက်မဲ့သည့်ကမ္ဘာမှမြင်ကွင်းမျာကို ကြိုတင်၍မြင်ယောင်နေမိ၏။

"ကျွန်တော်တို့တတ်နိုင်တဲ့တစ်ခုတည်းသောအရာက အရှင်မင်းကြီးချန်ထားခဲ့တဲ့အလုပ်တွေကို အမြန်ပြီးမြောက်အောင်လုပ်ဖို့ပဲ...အရှင်မင်းကြီးလဲဒီအရိပ်ယောင်တွေကို သတိထားမိပြီးဖြစ်မှာမှာ သူကြိုတင်စီစဥ်ထားမှာပဲ။" ဘရွတ်သည် ယခင်ကစစ်သည်တစ်ယောက်ဖြစ်သည့်အတွက် သူ၏ခန္ဓာကိုယ်ထဲတွင် သူရဲကောင်းသွေးများစီးဆင်းနေ၏။ ထို့ကြောင့်သူသည် စစ်ပွဲများကို ကြောက်လန့်ခြင်းမရှိပေ။

ဘတ်စ်ပြုံးလိုက်ပြီး ရုတ်တရက်စကားလမ်းကြောင်းလွှဲလိုက်၏။ "အော်အေး ခင်ဗျား ရုတ်တရက်ရောက်လာပြီး သူရဲကောင်းဂူလိုကို စက္ကန့်အနည်းငယ်အတွင်းမှာ သတ်ဖြတ်ပြသွားတဲ့ လျို့၀ှက်ထူးဆန်းတဲ့အမဲရောင်သိုင်းဆရာရဲ့သရုပ်မှန်ကို သိပြီလား..."

"ထင်ကြေးတစ်ချို့တော့ရှိပေမယ့် မသေချာသေးပါဘူး..."

"ကောင်းပါပြီ ဂေါ်ဒွန် ခင်ဗျားအဲ့လူကိုတော့ ကျေးဇူးတင်ရမယ်။ ငါ ဖရန့်ခ်စီက ကြားတာတော့ အဲ့လူသာရောက်မလာခဲ့ရင် ခင်ဗျားအတွက် အလွန်အန္တရာယ်ရှိနေနိုင်တယ်ဆိုလားပဲ...."

"သူရောက်မလာခဲ့ရင်တောင် ကျွန်တော်သေမှာတော့မဟုတ်ပါဘူး..." သူ၏သူငယ်ခြင်းဟောင်းရှေ့တွင် ဘရွတ်သည် များစွာဖုံးကွယ်ထားခြင်းမရှိပေ။ သူပြုံးကာပြောလိုက်သည်။ "အရှင်မင်းကြီးထွက်မသွားခင်တုန်းက ကျွန်တော့အတွက် တစ်စုံတစ်ခုပြင်ဆင်ပေးခဲ့တယ်။ ကျွန်တော်အဲ့တာကို ထုတ်မသုံးရသေးခင်မှာတင် အဲ့လူရောက်လာပြီး ကြယ်လေးလုံးအဆင့်စစ်သည်ဂူလိုကို ၀င်သတ်သွားတာပဲ...."

All Chapters