အခန်း (၂၇၁)
Vol. 19 Ch. 271
မင်းသမီးနှင့် သူမ၏လူများထွက်ခွာသွားပြီးသည့်နောက်တွင် ချမ်းဘော့ဒ်တပ်ဖွဲ့သည် ဒုတိယမြောက်နေ့တွင် ဆက်လက်၍ခရီးဆက်ခြင်းမရှိသေးပေ။ သူတို့သည် ရေပူစမ်းဂိတ်တံခါးအနီးတွင်ရှိသည့်လွင်ပြင်၌သာ ဆက်လက်စခန်းချ၍နေကြသည်။
ရေပူစမ်းဂိတ်တံခါးသည် ဇီးနစ်အင်ပါယာတွင်ရှိသည့် နာမည်အကျော်ကြားဆုံးမြို့ဆယ်ခုထဲမှတစ်ခုဖြစ်၏။ အင်ပါယာ၏ မြောက်ဘက်ပိုင်းတွင် စီးပွားရေးအချက်ချာကျသည့် မြို့တစ်မြို့လဲဖြစ်၏။ ပို၍ အရေးကြီးသည်မှာ ထိုအရာသည်ခံတပ်အခိုင်မာတစ်ခုပင်။ မြို့ပင်ဖြစ်စေ၊ စစ်သည်အင်အားတောင့်တင်းသည့်နေရာတွင်ဖြစ်စေ မဟူရာတိုင်းပြည်၏ခံတပ်သည် ဤအရာနှင့်နှိုင်းယှဥ်၍ပင်မရချေ။ ထို့အပြင်ရေပူစမ်းဂိတ်သည် ချမ်းဘော့ဒ်မြို့လည်ခေါင်တွင်ရှိသည့် ဂိတ်တံခါးကဲ့သို့ပင် ပြင်ပသို့ထွက်ရာလမ်းကြောင်းကို စောင့်ရှောက်ကာကွယ်ထား၏။ အလွန်ဗျူဟာမြောက်သည့်အနေထားဖြင့် တည်ရှိနေသည်။ ထို့ကြောင့် ဖှေးလမ်းပါ့ဒ်နှင့် တခြားလူများပြန်လာသည်ကို စောင့်ရင်းဖြင့် ဤရေပူစမ်းဂိတ်မြို့တော်ကို လေ့လာလိုသောကြောင့် ဤနေရာ၌တွင်သာဆက်လက်၍စခန်းချနေခြင်းဖြစ်သည်။
ဒုတိယမြောက်မနက်ခင်းသည် နေသာကာ ကြွပ်ဆက်နေသည်။
စခန်းကိစ္စများကိုဆောင်ရွက်ပြီးသည့်နောက်တွင် ဖှေးသည် သူ၏ဘေးတွင်ရှိနေသည့် အစောင့်စစ်သည်များကို အားလပ်ချိန်ပေးလိုက်ပြီး အန်ဂျယ်လာနှင့် အန်မာတို့ကိုစခန်းချရာနေရာမှ ထွက်ခွာခြင်းမပြုမှီ ရေပူစမ်းဂိတ်တံခါးမြို့တော်သို့ အလည်သွားရန်အတွက်ခေါ်ဆောင်သွား၏။ ဤကဲ့သို့ ကြီးမားသည့်မြို့ကြီးမှာ ချမ်းဘော့ဒ်တိုင်းပြည်ထက်များစွာပင် ပို၍စည်ကားကာ ခမ်းနားနေသည်။ ယခင်ဘ၀က အခန်းအောင်း၍သာနေလေ့ရှိသည့်ဖှေးနှင့် မြို့ကြီးများသို့တစ်ခါမှပင်မရောက်ဖူးသေးသည့် ကောင်မလေးနှစ်ယောက်အတွက် ဤမြို့ကြီးသည်အလွန်၍စိတ်၀င်စားစရာကောင်းနေ၏။
“ဟေး မင်းတို့သုံးယောက်ခနရပ်လိုက်ဦး။ တိုင်းတစ်ပါးက လာလည်တဲ့လူတွေက မြို့ထဲ၀င်လည်ဖို့ အခွန်ပေးဆောင်ရမယ်....”
မြို့တော်ဂိတ်တံခါးသို့ရောက်ရောက်ခြင်းမှာပင် အစောင့်များရောက်ရှိလာကြသည်။ ထိုအစောင့်စစ်သည်များသည်သူတို့သွားမည့်လမ်းကို လှံရှည်များဖြင့် တားဆီးလိုက်ကြ၏။ ထိုစစ်သည်များ၀တ်ဆင်ထားသည့် ချပ်၀တ်များနှင့် စကားပြောဆိုဟန်များကို ကြည့်ပါက ထိုလူများသည် သာမန်စစ်သည်များဖြစ်သည့်ပုံမပေါ်ချေ။ ဖှေးနှင့် ကောင်မလေးနှစ်ဦးကသာ ဆွေကြီးမျိုးကြီးများဟန်ပန်မရှိပါက ထိုအစောင့်စစ်သည်များသည် မည်ကဲ့သို့ဆက်ဆံမည်ဆိုသည်အား ခန့်မှန်းရန်ပင်ခက်ခဲလှ၏။
“အခွန်လား...ဘယ်လောက်လဲ...” ဖှေးစိတ်ဆိုးခြင်းမရှိပဲ ပြုံးလိုက်၏။
ဤစစ်သည်များသည် ဆွေကြီးမျိုးကြီးမျိုးနွယ်၀င်များဖြစ်နိုင်သည်ကို ဖှေးသူတို့၀တ်ဆင်ထားသည့် ချပ်၀တ်များကို ကြည့်ရှုရုံဖြင့်ပင် ခန့်မှန်းလိုက်မိသည်။ သူတို့သည် စစ်ပွဲများတိုက်ခိုက်ပြီး သေခြင်းတရားကိုမြင်တွေ့ဖူးသည့်ပုံံမပေါ်ချေ။ ထို့ကြောင့် ဤစစ်သည်များသည် ချမ်းဘော့ဒ်တိုင်းပြည်၏ ဥပဒေပြုအရာရှိစစ်သည်များနှင့် လုံး၀ပင်နှိုင်းယှဥ်နိုင်မည်မဟုတ်ပေ။ ငြိမ်းချမ်းသည့်ဘ၀များသည် လူတစ်ဦး၏ ကိုယ်ရေကိုယ်သွေးများကို လျှော့ကျစေသည်မှာ ခန့်မှန်းရန်လွယ်ကူလှ၏။ အင်ပါယာတွင်ရှိသည့်မြို့ကြီးဆယ်မြို့ထဲမှ တစ်မြို့ဖြစ်သည့် ရေပူစမ်းဂိတ်မှ မြို့စောင့်တပ်များကပင် သိပ်ပြီးတင်းကြပ်ခြင်းမရှိလှပဲ ဖယိုဖရဲဖြစ်နေပုံရ၏။
“လူတစ်ယောက်အတွက် အင်ပါယာငွေဒင်္ဂါးတစ်ပြား....”
“ငွေဒင်္ဂါးတစ်ပြားဟုတ်လား...စျေးကြီးလိုက်တာ...” အန်မာမှာ မနေနိုင်ပဲ ပြန်မေးလိုက်မိသည်။ အင်ပါယာငွေဒင်္ဂါးတစ်ပြားသည် ချမ်းဘော့ဒ်တိုင်းပြည်တွင် ဆင်းရဲသည့်မိသားစုတစ်ခု တစ်လသုံးလောက်သည့်ငွေကြေးပမာနဖြစ်သည်။
ဖှေးသူ၏ ခေါင်းကိုခါရမ်းလိုက်သည်။ ဤစစ်သည်များသည် စျေးကိုမတန်မရာတောင်းနေခြင်းဖြစ်ကြောင်းသူသိရှိသော်လည်းဤလူများနှင့် သိပ်ပြီးစကားပြောလိုခြင်းမရှိပေ။ ထို့ကြောင့် ငွေဒင်္ဂါးသုံးပြားကိုပစ်ပေးလိုက်ပြီးကောင်မလေးနှစ်ယောက်နှင့်အတူမြို့အတွင်းသို့လမ်းလျှောက်ကာ ၀င်သွားတော့၏။ ငွေဒင်္ဂါများသည် မြေပြင်ပေါ်သို့ပြုတ်ကျသွားပြီး စစ်သည်များသည်အရိုးပစ်ပေးလိုက်သည့်ခွေးများကဲ့သို့ အလုအယက်ကောက်ယူရင်းဖြင့် ကျန်ရစ်ခဲ့ကြတော့သည်။
မြို့ဂိတ်တံခါးကို ဖြတ်ကျော်လာပြီးသည့်နောက်တွင် လာရောက်သိမ်းပိုက်လာခဲ့မှုများမှ ကာကွယ်ရန်အတွက် စီစဥ်ထားသည့်မြို့ပြင်နေရာတစ်ခုသို့ရောက်ရှိလာခဲ့သည်။ ထိုနေရာအားကျော်လွန်လာခဲ့ပြီးမှ မြို့အတွင်းသို့ရောက်လာခဲ့၏။
သူတို့မြို့အတွင်းသို့ လမ်းလျှောက်၀င်သွားပြီးသည့်နောက်တွင် ကမ္ဘာအသစ်တစ်ခုသို့ရောက်ရှိသွားသည့်အတိုင်းပင်။
မြို့အတွင်းတွင် ကျယ်ပြန့်ပြီးသန့်ရှင်းသည့်လမ်းမကြီးများရှိသည်။ မနက်ခင်းအစောပိုင်းဖြစ်သော်လည်း လမ်းမများပေါ်တွင် လူများဖြင့်စည်ကားနေပြီးဖြစ်သည်။ ချမ်းဘော့ဒ်တိုင်းပြည်ထက်များစွာပင် ပို၍အလုပ်များနေကြ၏။ စျေးဆိုင်များမှာ ဖွင့်လှစ်ရန်အတွက်ပြင်ဆင်နေကြပြီး ကုန်သည်များမှာလည်းပိုက်ဆံရရှိရေးအတွက် လှုပ်ရှားနေကြပြီဖြစ်သည်။ လူများသည် နေ့သစ်တစ်ခုကိုစတင်ရန်အတွက် အလှပ်များနေကြ၏။ လမ်းမဘေးတွင်ရှိသည်အဆောက်ဦးတော်တော်များများကိုကျောက်တုံးများဖြင့် ပြုလုပ်ထားပြီး ရောင်စုံဆိုင်းပုဒ်များသည် လေထဲတွင် တလူလူလွင့်ပျံနေ၏။ ဆိုင်များသည်လည်းတစ်ဆိုင်ပြီးတစ်ဆိုင်ဖွင့်လှစ်လျှက်ရှိရာ လမ်းမတစ်ခုလုံးသည်အစားသောက်နှံ့များဖြင့် မွှေးပျံ့နေတော့သည်။
အန်ဂျယ်လာနှင့် အန်မာတို့သည် စည်ကားလှသည့်မြင်ကွင်းများကြောင့် စိတ်လှုပ်ရှားနေကြသည်။ သူမတို့နှစ်ယောက်ကို အရာအားလုံးကိုစိတ်၀င်တစားဖြင့် ကြည့်ရှုနေကြ၏။ ဤနေရာတွင်ရှိသည့် အရာများအားလုံးသည်လှပကာလက်ဆတ်လှသည်။
ဖှေးသူမတို့နှစ်ယောက်အနောက်မှ ပြုံးလျှက်လမ်းလျှောက်လိုက်ပါနေ၏။ ကောင်မလေးနှစ်ယောက်ကို ကာကွယ်ပေးရင်းဖြင့် မြို့ကိုလေ့လာကြည့်ရှုနေသည်။
အချိန်အတော်ကြာသည်အထိ အင်ပါယာများသည် မည်သည့်အတွက်ကြောင့်ခံတပ်များခံတပ်နံရံများဆောက်လုပ်ရန်အတွက် စိတ်အားထက်သန်နေကြသည်ကို ဖှေးသိရှိလိုခဲ့သည်။ အေဇာရုတိုက်တွင် နေအဆင့်သိုင်းဆရာများသည် တောင်တစ်လုံးကိုပင် သူတို့လက်များဖြင့်ရွေ့လျားနိုင်ကြပြီးကောင်းကင်ကိုပင် နှစ်ခြမ်းခွဲပစ်နိုင်ကြသည်။ ထို့ကြောင့် ဤခံတပ်နံရံများအားလုံးသည် အဆင့်မြင့်သိုင်းဆရာများ၏ဆံပင်တစ်ချောင်းလောက်ပင် ကြံ့ခိုင်ကြမည်မဟုတ်ပေ။ ခံတပ်နံရံတစ်ခုမည်မျှပင် ကြံ့ခိုင်နေစေကာမူ လအဆင့်နေအဆင့်သိုင်းဆရာများအတွက် ပြသနာရှိလိမ့်မည်မဟုတ်ပေ။ စွမ်းဆောင်နိုင်သည့်ကြယ်အဆင့်စစ်သည်တစ်ယောက်ကပင် ခံတပ်နံရံပေါ်မှအလွယ်တကူခုန်ကျော်သွားနိုင်၏။ ထို့ကြောင့် ခံတပ်နံရံများဆောက်လုပ်ခြင်းသည် ပိုက်ဆံကုန်ရန်အတွက်သာဖြစ်နေသလိုပင်။
သို့သော် ယခုအချိန်တွင်မူ ဖှေးစိတ်၀င်စားစရာအချက်လက်တစ်ချို့ကို တွေ့ရှိလိုက်ရ၏။
ရေပူစမ်းမြို့တွင်ရှိသည့် ခံတပ်နံရံ၏ အုပ်တစ်ချပ်ခြင်းစီပေါ်တွင် မှော်သင်္ကေတတစ်ချို့ကို ရေးထိုးထားသည်။ ဤမှော်သင်္ကေတများကို နားလည်ရန်မှာသိပ်ပြီးခက်ခဲလှခြင်းမရှိပေ။ သူတော်စဥ်အာကာရာနှင့်အဖိုးကြီးကိန်းထို့ထံမှ လေ့လာမှတ်သားခဲ့သည်များအရ ဤမှော်အစီရင်များသည် မြေသားကြံ့ခိုင်စေသည့် မှော်အစီရင်များဖြစ်ကြောင်းကိုဖှေးသိရှိလိုက်သည်။ သူလျို့၀ှက်စွာဖြင့် နံရံကိုသူ၏လက်ဖြင့်တွန်းကြည့်လိုက်သည့်အချိန်တွင် မှော်စွမ်းအင်များသည် နံရံအတွင်းမှထွက်ပေါ်လာသည်ကို ဖှေးခံစားလိုက်မိသည်။ ကြယ်သုံးလုံးအဆင့်ထက်နည်းသည့် စွမ်းအင်များသည် ဤနံရံကိုထိခိုက်ခြင်းပြုလုပ်နိုင်မည်မဟုတ်ပေ။
ထို့အပြင်မြို့အတွင်းသို့၀င်လာပြီးသည့်နောက်တွင် ဖှေးချက်ချင်းပင် မှော်စွမ်းအင်လှိုင်းများကို ခံစားလိုက်ရ၏။ ဤမှော်စွမ်းအင်များမှာ မြို့ပြင်တွင်ခံစားရသည်ထက်ပင်နှစ်ဆခန့်ပိုမို၍ ပြင်းထန်နေ၏။ ဤသည်မှာ မယုံနိုင်စရာပင်။
သို့သော် မိနစ်အနည်းငယ်ခန့်ကြာသည့်အချိန်တွင် ဖှေး ဤဆန်းပြားသည့်အဖြစ်ပျက်၏ မူလအရင်းမြစ်ကို တွေ့လိုက်ရ၏။