← Chapters

အခန်း (၂၇၂)

Vol. 19 Ch. 272

အခန်း (၂၇၂)

Vol. 19 Ch. 272

ရေပူစမ်းမြို့၏ လှပသည့်မြေပြင်ပေါ်တွင် လေပေါ်တွင်မီတာ၁၀၀ခန့်အရှည်ရှိသည့် ထုလုံးရှည်ပုံံမျှော်စဥ်ကြီး ၆ခုကိုတွေ့လိုက်ရ၏။

ထိုမျှော်စဥ်များတည်ရှိနေရာနေရာမှ ဖှေးသည်အစွမ်းထက်သည့်မှော်စွမ်းအင်လှိုင်းများကိုခံစားနေရ၏။ အစွမ်းများမှာ အလွန်ပြင်းထန်လှသည့်အတွက် ကြယ်ငါးလုံးအဆင့်မှော်စရာတစ်ယောက်စွမ်းအားများအသုံးပြုရာာမှထွက်ပေါ်လာသည့် မှော်စွမ်းအင်လှိုင်းများကဲ့သို့ပင်။ ဤမျှော်စဥ်ကြီးများသည် မြို့အတွင်းတွင်ခံစားနေရသည့် မှော်စွမ်းအင်တုန်ခါမှုများ၏လားရာဖြစ်ပုံရသည်။

“ဒါတွေက ဒဏာရီလာ မှော်မျှော်စဥ်ကြီးတွေလား...”

ဖှေးမကြာမှီတွင် ထိုမှော်မျှော်စဥ်ကြီးများသည် ဆဌဂံတစ်ခု၏ထောင့်များတွင်ရှိနေသကဲ့သို့နေရာချထားကြောင်းကို သတိထားလိုက်မိသည်။ သူသည် ဤကဲ့သို့နေရာချထားပုံနှင့် ရင်းနှီးပြီးဖြစ်သည်။ ဤသည်မှာ မှော်အစီရင်များပြုလုပ်ရာတွင် နေရာချပုံများထဲမှ တစ်မျိုးဖြစ်၏။ ထိုအရာမှာ ရေပူစမ်းမြို့တစ်ခုလုံးကို လွှမ်းခြုံထားသည့် အကြွင်းမဲ့သည့်ညို့ဓာတ်တစ်ခုကို ထုတ်လွှတ်လျှက်ရှိ၏။ သို့သော် ဤညို့ဓာတ်မှာ လူအများစုသတိထားမိရန်အတွက် အလွန်အားနည်းနေသေးသည်။ ဤအတွက် ကြောင့်ဤမှော်အစီရင်သည်ဖုံးကွယ်ထားလျှက်ရှိနေခြင်းဖြစ်နိုင်၏။

“ဒီလိုကိုး...မြို့ကြီးတစ်ခုလုံးကို မှော်အစီရင်ကြီးတစ်ခုပေါ်မှာ တည်ဆောက်ထားတာကိုး...နံရံတွေကတောင်အဲ့မှော်အစီရင်ကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲ...တကယ်လို့သာ ကျူးကျော်သူတွေတိုက်ခိုက်လာမယ်ဆိုရင် မြို့အတွင်းမှာရှိတဲ့မှော်ဆရာတွေရဲ့အကူညီနဲ့ ဒီမှော်အစီရင်ကြီးကို အသက်သွင်းလိုက်လို့ရတာပဲ။ အသက်တွင်းလိုက်ပြီဆိုရင် အဆင့်မြင့်သိုင်းဆရာတွေကို ခုခံရုံတင်မကဘူး ပြန်လည်ပါတိုက်ခိုက်နိုင်လိမ့်မယ်...”

ဖှေးတဖြည်းဖြည်းဖြင့် အရာများကိုနားလည်လာ၏။

သူရုတ်တရက် ကမ္ဘာကြီးသည် သူထင်ထားသည်ထက်ပို၍ရှုပ်ထွေးကြောင်းကို နားလည်သဘောပေါက်လာ၏။ အသက်ရှင်သန်နိုင်ရန်အတွက် ကြမ်းတန်းသည့်ယှဥ်ပြိုင်မှုများနှင့် နှစ်ပေါင်းတစ်ထောင်ကြာရှင်သန်ခဲ့သည့် သမိုင်းကြောင်းများသည် ဤလောကကြီးကို ပို၍ပင်ထူးခြားဆန်းကျယ်စေသည်။ ဖှေးသည် ရေပူစမ်းမြို့တွင်ရှိသည့် နံရံတစ်ခုတည်းဖြင့်ပင် ထိတ်လန့်အံ့သြသွားခဲ့ရသည်။ သို့သော် ထိုအရာသည်လည်း သူ့အားချမ်းဘော့ဒ်တိုင်းပြည်၏ ခံတပ်ကိုပြန်လည်ကာနေရာချတည်ဆောက်ရန်အတွက် အကြံစည်များစွာကိုရရှိစေ၏။

အန်ဂျယ်လာနှင့် အန်မာတို့၏ရယ်မောသံများဖြင့် ခရီးစဥ်တစ်ခုလုံးသည် ဖှေးအားအံ့သြထိတ်လန့်စေရုံသာမကပေ သူ၏အမြင်များကိုလည်းပို၍ ကျယ်ပြန့်လာစေခဲ့သည်။

ရေပူစမ်းဂိတ်တံခါးသည် အင်ပါယာမြောက်ပိုင်းဒေသ၏ စီးပွားရေးအချက်ချာကျဒေသဖြစ်သော်ကြောင့် လူဦးရေမှာလည်းချမ်းဘော့ဒ်တိုင်းပြည်ထက်ဆယ်ဆခန့်ပို၍ ထူပြော၏။

မွန်းတည့်ချိန်သို့နည်းကပ်လာသည်နှင့်အမျှ လူတန်းစားအမျိုးမျိုးဖြစ်သည့် အရောင်းသမားဆိုင်ရှင်များ၊ အနုပညာရှင်များ၊ ကြေးစားစစ်သည်များနှင့် ကုန်သည်များမှာ လမ်းများပေါ်သို့ရောက်ရှိလာကြပြီဖြစ်သည်။ လူအုပ်သည် လမ်းမပေါ်တွင်များပြားလွန်းလှသဖြင့် စကားပြောသံများဆူညံသံများကို နားထဲတွင်အဆက်မပြတ်ကြားနေရသည်။

ကောင်မလေးနှစ်ယောက်မှာ လျှောက်ပတ်ကြည့်နေကြသည်။ သူတို့အားလုံးတစ်ခါမှမမြင်ဖူးသည့် စည်ကားလှသည့်မြင်ကွင်းကြောင့် ကမ္ဘာကြီးတစ်ခုလုံးကိုပင် မေ့လျှော့သွားကြ၏။ သူတို့အားလုံးမြင်သမျှလှပသည့်အထူးဆန်းပစ္စည်းများကို ၀ယ်မိနေကြသည်။ နေ့လည်ပိုင်းသို့ရောက်သည့်အချိန်တွင် သူတို့သည် အိုင်ဗွီလိဂ်ဟုခေါ်သည့် ဘုံဆိုင်တစ်ခုတွင် ၀င်နားရန်အတွက်ဆုံးဖြတ်လိုက်ကြသည်။ ဤအချိန်မှပင် ဖှေးသူ၏ ထားသိုရာအကန့်တစ်ခုလုံးသည် အန်ဂျယ်လာနှင့်အန်မာတို့၀ယ်ယူထားသည့်ပစ္စများဖြင့် ပြည့်နှက်နေသည်ကို သတိထားလိုက်မိသည်။

အိုင်ဗွီလိဂ်သည် ရေပူစမ်းမြို့အတွင်းတွင် နာမည်ရနေသည့်ဘုံဆိုင်တစ်ခုဖြစ်သည်။ ဤနေရာသို့ လူတန်းစားအမျိုးမျိုးလာရောက်လေ့ရှိသည့်။ အထူးသဖြင့်အလုပ်များသည့် ကြေးစားစစ်သည်များပင်။ ဖှေးသည်လည်း ခရီးများထွက်နေကြဖြစ်သည်လူများထံမှ သတင်းအချက်လက်များရရှိရန်အတွဥ် ဤနေရာကိုရွေးချယ်လိုက်ခြင်းဖြစ်သည်။

ထို့အပြင်ဖှေးအားအံ့သြစေသည်မှာ ဤဘုံဆိုင်မှရရှိသည့် စားသောက်ဖွယ်များပင်။ ချမ်းဘော့ဒ်မှအရသာကင်းမဲ့သည့်အစားစာများမဟုတ်ပဲ တစ်ခြားနေရာမှအစားသောက်များကို ပထမဆုံံအနေဖြင့်စားသောက်ဖူးခြင်းဖြစ်သည်။ ဆူညံသည့်ပတ်၀န်းကျင်တွင် စားသောက်ရခြင်းသည် ဖှေးအရင်ဘ၀တက္ကသိုလ်ကျောင်းသားဘ၀က သူငယ်ခြင်းများနှင့် ဘီယာဆိုင်တွင်သောက်စားပျော်ပါးခဲ့ရသည်များကို အမှတ်ရစေ၏။

အေးဘီယာကို တစ်ငုံသောက်လိုက်ပြီး ချဥ်ခါးသက်သက်အရသာသူ၏လည်ချောင်းထဲတွင် စီးဆင်းသွားသည်ကို ခံစားလိုက်မိသည်။ ဖှေးစိတ်ကျေနပ်စွာဖြင့် အသက်ရှူထုတ်လိုက်ပြီး ဘုံဆိုင်အတွင်းတွင် လှည့်ပတ်ကာကြည့်ရှုလိုက်သည်။

ဘုံဆိုင်အတွင်းတွင်ရှိသည့် ယောက်ျားအမျးစုမှာ ကြေးစားစစ်သည်များဖြစ်ပြီး အိုဟောင်းနေသော်လည်း သပ်ရက်သည့်လယ်သာချပ်၀တ်များကို ၀တ်ဆင်ထားသည်။ ချပ်၀တ်များသည် ကောင်းမွန်စွာပွတ်တိုက်ထားသဖြင့် တောက်ပြောင်နေ၏။ သူတို့သည် အုပ်စုလိုက် အုပ်စုလိုက်ထိုနေကြပြီး တစ်ခါတစ်ရံတွင် ရယ်မောကာ စကားစမြည်ပြောဆိုနေကြသည်။ လူများသည် သူ့အုပ်စုနှင့်သူပင်။ အသေချာဂရုစိုက်ကြည့်ပါက သူတို့၏ကိုယ်ပေါ်တွင်ရှိသည့်မတူညီသည့်အမှတ်တံဆိပ်များကို လည်းတွေ့နိုင်၏။ ရေပူစမ်းမြို့သည် အဖွဲ့၀င်တိုင်းပြည်တပ်ဖွဲ့များကို ၀င်ခွင့်မပေးသော်လည်း ကြေးစားတပ်ဖွဲ့များကိုမှာမူ ၀င်ခွင့်ပေးထားပုံရသည်။ သူတို့တစ်ယောက်ချင်းစီတိုင်းတွင်လက်နက်များပါရှိနေသည်ကိုလည်း ဖှေးသတိထားလိုက်မိသည်။

ဘုံဆိုင်အတွင်းတွင်ရှိနေသည့် ကြေးစားစစ်သည်များနှင့်နှိုင်းယှဥ်ကြည့်ပါက ဖှေးနှင့် ကောင်မလေးနှစ်ယောက်တို့မှာ အလွန်ထူးခြားကာကွဲထွက်နေသည်။ သူတို့၏အ၀တ်စားများသည်သာ ထူးခြားနေသည်မဟုတ်ပေ။ သူတို့၏ ဟန်ပန်အမူယာများသည်လည်း ကွဲထွက်နေ၏။ ဖှေးအန်ဂျယ်လာနှင့် အန်မာတို့နှင့်အတူ ဘုံဆိုင်အတွင်းသို့၀င်လာစဥ်ကတည်းက တစ်ချို့လူများသည် သူတို့အားစိုက်ကြည့်နေခဲ့ကြသည်။ ပို၍တိတိကျကျဆိုရပါက ကောင်မလေးနှစ်ယောကို စိုက်ကြည့်နေကြခြင်းပင်။ အပြစ်ကင်းစင်ကာလှပသည့် အန်ဂျယ်လာနှင့်အန်မာတို့သည် ရိုင်စိုင်းမှုများဖြင့်သာပြည့်နှက်နေလေ့ရှိသည့် ဘုံဆိုင်ထဲတွင် လန်းဆန်းစရာပင်။

“ဟေး မိန်းမလှလေးတို့ အဖိုးကြီးဆမ်ကို မင်းတို့အတွက် သောက်စရာတစ်ချို့လောက်ကျေးဇူးပြုပြီး ၀ယ်တိုက်ခွင့်ပြုပါလား....”

“ဘုရားရေ...ချစ်စရာကောင်းတဲ့နတ်သမီးလေးတွေပါလား...ဟားဟား သောက်ပါဦး ဒီနေရာမှာ ကောင်မလေးတွေသိပ်တွေ့ရလေ့မရှိပါဘူး...”

တစ်ချို့လူများသည် အ၀ေးမှနေ၍ခွက်များကို ကိုင်မြောက်ပြကာ သူမတို့အားချီးမွမ်းလိုက်ကြသည်။

ဤဖိတ်ခေါ်မှုကြောင့် အန်ဂျယ်လာမှာ စိတ်ဆိုးခြင်းမရှိချေ။ ထိုအစားသူမသည် လည်းချိုသာသည့်အပြုံးတစ်ခုဖြင့် သူမ၏ခွက်ကိုကောက်ကိုင်ကာ ကြေးစားစစ်သည်များ၏ ဖိတ်ခေါ်မှုကို တုန့်ပြန်သည့်အနေဖြင့် တစ်ငုံသောက်လိုက်။ သူမ၏ အပြုမူတွင် ချစ်ခင်ရင်းနီးစိတ်မပါပဲ နက်ရှိုင်းသည့်လှပကြော့ရှင်းမှုတို့ကိုသာတွေ့မြင်နိုင်၏။

All Chapters