← Chapters

အခန်း (၂၇၃)

Vol. 19 Ch. 273

အခန်း (၂၇၃)

Vol. 19 Ch. 273

သူ၏ဇနီးလောင်းသည် တိရိစ္ဆာန်များအပေါ်တွင်သာ လွှမ်းမိုးနိုင်ခြင်းရှိသည်မဟုတ်သည်ကို တွေ့ရသည့်အတွက် ဖှေးအံ့သြလိုက်မိ၏။ ရိုင်းပြသည့် ကြေးစားစစ်သည်များသည်ပင် သူမနှင့်တွေ့ပါက ခင်မင်ရင်းနီးတတ်လာကြပုံရ၏။ ဤသည်မှာ သူတို့၏မာကြောသည့်နှလုံးသာ၏ နက်ရှိုင်းသည့်နေရာတွင်ရှိနေသည့် ကြင်နာမှုဖြစ်ကြောင်းကို ဖှေးပြောနိုင်၏။ ဤသည်မှာ လူများသူတို့၏မိသားစုအတွက်သာထားတတ်ကြသည့် စိတ်ခံစားမှုမျိုးပင်။

“ဒါထူးဆန်းတာပဲ...အန်ဂျယ်လာမှာ ဇာတ်လိုက်တစ်ယောက်ရဲ့စိတ်၀ိဉာဥ်ရှိနေတာလား...”

ဖှေးတွေးနေသည့်အချိန်မှာပင် ဆိုင်အ၀င်၀တံခါးမှာပွင့်လာ၏။ တံခါး၀တွင် လူနှစ်ယောက်၏ ပုံရိပ်နှစ်ခုပေါ်လာသည်။ တစ်ယောက်မှာအရပ်ပုပုတစ်ယောက်မှအရပ်ရှည်ရှည်နှင့်ဖြစ်သည်။

“ဟားဟား ဘယ်သူများလဲလို့ အဖိုကြီးယော့ခ်ပါလား..မင်းအင်ပါယာကနေဘယ်တုန်းက ပြန်ရောက်တာလဲ...”

“ဟားဟား အခုမှပြန်ရောက်လာတာ...ဒီနေရာကိုလာပြီး ဘော်ဒါတွေနဲ့သောက်ဖို့မစောင့်နိုင်တော့ဘူးလေ...” အရပ်ရှည်ရှည်နှင့်လူမှာ ပတ်၀န်းကျင်သို့လှည့်ပတ်ကြည့်ရင်းဖြင့်ပြန်ဖြေလိုက်သည်။ ထို့နောက်တွင် သူ၏ခပ်ပုပုသူငယ်ခြင်းနှင့်အတူ ဖှေးတို့ရှိရာ စားပွဲ၀ိုင်းအနီးသို့လမ်းလျှောက်လာပြီး ပြောလိုက်သည်။ “ဟေးလူလေး...ငါဒီမှာထိုင်လို့ရမလား...ဆိုင်ထဲမှာ ခုံတွေအကုန်ပြည့်နေလို့...”

ဖှေးပြုံးကာ သစ်သားထိုင်ခုံနှစ်လုံးကို သူ့ထံသို့တွန်းပေးလိုက်၏။ “ရပါတယ် ထိုင်ပါ...”

“ကျေးဇူး...” ယော့ခ်ဟုခေါ်သည့် အရပ်ရှည်ရှည်နှင့် လူမှ၀င်ထိုင်လိုက်သည်။

ရုတ်တရက်ပင် ဖှေးသူ၏အရှေ့တွင်ရှိသည့်အရာအားလုံးမှောင်သွားသကဲ့သို့ခံစားလိုက်ရသည်။ သူ၏အရှေ့တွင် တောင်ကြီးတစ်ခု၀င်ကာလိုက်သကဲ့သို့ပင်။ ဤလူမှာ အလွန်တရာသန်မာထွားကြိုင်းလှသည်။ ဒိုင်ယာဘလိုကမ္ဘာမှ လူရိုင်းများထက်ပင် ပို၍လူကောင်ထွားကြိုင်းလှသည်။ သူသည် အသက်၃၀ကျော် ၄၀နီးပါးအရွယ်ခန့်သာရှိသေးသော်လည်း သူ၏အနီရောင်မုတ်ဆိတ်ရှည်ကြီးများသည် သူ့အားပို၍အိုမင်းရင့်ရော်သည့်ပုံပေါက်စေသည်။ ဘေးတွင်ရှိသည့် သူ၏သူငယ်ချင်းမှာ များစွာပို၍ပိန်ပြီးနေလောင်သည့်အသားရေကို ပိုင်ဆိုင်ထားသည်။ သို့သော် သူသည် အတော်တန်ရုပ်ဖြောင့်သည့် ယောက်ျားတစ်ယောက်ပင်။ ဤအရပ်ပုပုနှင့်လူမှာ အလွန်တရာလည်းရှက်တတ်သည်ကို ဖှေးမကြာသေးမှီကပင် သတိထားလိုက်မိသည်။ အချိန်အတော်များများတွင် သူ၏ခေါင်းကို အောက်သို့သာ ငုံ့ထားပြီး ခေါင်းထောင်လာသည့်အချိန်တိုင်းတွင်မျက်နှာပေါ်တွင် ရှက်ရွံ့သည့်အပြုံးတစ်ခုရှိနေတတ်၏။

“ဟေး ပရီမီယမ်ဘီယာခွက်ကြီးနှစ်ခွက်ချကွာ...မြန်မြန်လုပ်...” လူသန်ကြီးယော့ခ်မှာ စားပွဲခုံကို ခေါက်ကာအော်ဟစ်နေသည်။ သူသည် တစ်စက္ကန့်မျှပင် ပို၍မစောင့်နိုင်တော့သည့်အတိုင်းပင်။

သူ၏အသံသည် ဘုံဆိုင်ထဲတွင် မိုးချိန်းသံကဲ့သို့ဟိန်းထွက်နေ၏။ သို့သော် တစ်ခြား၀ိုင်းများမှ ကြေးစားစစ်သည်များသည် ဤအရာနှင့်အသားကျနေပြီဖြစ်သည်။ တစ်စုံတစ်ယောက်မှာ အော်ဟစ်ကာမေးလိုက်သည်။ “ပရီမီယမ်ဘီယာဆိုပါလား...အဘိုးကြီးယော့ခ် ခင်ဗျားအင်ပါယာသွားပြီး အချီကြီးရလာတဲ့ပုံပဲ....”

“အန်း...ရတော့ရပါတယ်...ဒါမယ့်နည်းနည်းပါးပါးပါ...” လူထွားကြီးမှာ သူ၏မျက်နှာတွင်အပြုံးတစ်ခုဖြင့် ခေါင်းကိုကုတ်လိုက်သည်။ သူအချီကြီးပွလာသည်ကိုပင် ဖုံးကွယ်ရန်အတွက် ကြိုးစားခြင်းမရှိပေ။

“ဟာဗျာ ဒါဆိုလည်းနည်းနည်းပါးပါး၀ယ်တိုက်ဦးလေဗျ...” တစ်စုံတစ်ယောက်မှာ အော်ပြောလိုက်သည်။

“ကောင်းပြီလေ...လူတိုင်းအတွက် တိုက်မယ်ကွာ...ဒါမယ့်ရိုးရိုးဘီယာပဲရမယ်...ဒီလောက်လူတွေအများကြီးအတွက်တော့ ပရီမီယမ်မတိုက်နိုင်ဘူးကွ...” လူထွားကြီးမှာ တွန့်ဆုတ်ခြင်းမရှိပဲ ပြောလိုက်၏။

ဆိုင်အတွင်းရှိလူများမှာ လက်ခုပ်များတီးခတ်ပြီး အော်ဟစ်အားပေးခြင်းတို့ဖြင့်တုန့်ပြန်လိုက်ကြ၏။ ဘုံဆိုင်အတွင်းတွင် ထက်မံ၍ဆူညံသွားပြန်တော့သည်။

သို့သော် သူ၏သူငယ်ချင်းမှာ ဤကိစ္စနှင့်ပတ်သက်၍သိပ်ပြီးပျော်ရွှင်သည့်ပုံမရှိချေ။ လူထွားကြီးကို သူမည်မျှပင် မျက်စိဖြင့်အချက်ပြကာ သတိပေးနေသော်လည်း ထိုလူမှာရိပ်မိခြင်းမရှိသည့်အတွက် ခေါင်းရမ်းကာနေနေရုံသာတတ်နိုင်တော့၏။

ဤသည်ကို မြင်သည့်အတွက် ဖှေးကိုယ်တိုင်ပင်ရယ်မောလိုက်မိသည်။

ဖှေးသည် တချိန်လုံံးတွင် ဤလူနှစ်ယောက်ကို လေ့လာကြည့်နေခဲ့သည်မှာကြာပြီဖြစ်သည်။ သူတို့နှစ်ယောက်သည် အတော်တန်ထူးဆန်းသည့် ကြေးစားစစ်သည်အဖွဲ့တစ်ခုပင်။ သူခန့်မှန်းရသလောက်ဆိုပါက သူတို့သည်ထိပ်တန်းအဖွဲ့စည်းများမှဖြစ်သည့်ပုံမပေါ်ချေ။ လူထွားကြီးသည် ကြယ်တစ်လုံးအမြင့်ဆုံးအဆင့်ဖြစ်နိုင်ပြီး သူ၏သူငယ်ချင်းမှာမူ ကြယ်တစ်လုံးအဆင့်ပင်ရှိသေးမည့်ပုံမပေါ်ချေ။ သို့သော် လူရိုင်းဇာတ်ကောင်ဖြစ်သည့် ဖှေး၏ မသိစိတ်များအရဤအသားမဲမဲနှင့်လူမှာ ထင်သလောက်အပြစ်ကင်းသည့်လူမဟုတ်မှန်းအာရုံရနေ၏။ သူထဲတွင် အန္တရာယ်အရိပ်ယောင်များရှိနေသည်ကို ဖှေးပြောနိုင်သည်။

“ဟေးအဖိုးကြီးယော့ခ် ခင်ဗျားရဲ့အင်ပါယာခရီးအကြောင်းပြောပြပါလား...စိတ်၀င်စားစရာတစ်ခုခုများရှိလား။” တစ်စုံတစ်ယောက်မှာ ဘုံဆိုင်ထဲတွင်အော်လိုက်သည်။

“အေးကွ အင်ပါယာထဲမှာ ဖြစ်နေတဲ့ကိစ္စတွေအကြောင်းပြောရမယ်ဆိုရင်တောာ့ စိတ်၀င်စားမှုအများဆုံးရှိနေတာကတော့ အဖွဲ့၀င်နိုင်ငံ၂၅၀ယှဥ်ပြိုင်ကြမယ့် စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲပဲ...ပြိုင်ပွဲစဖို့က ဆယ်ရက်လောက်ပဲလိုတော့တာလေ...အဖွဲ့တိုင်းပြည်တွေရဲ့တပ်ဖွဲ့၉၀ရာခိုင်နှုန်းလောက်က အင်ပါယာမြို့တော်ရဲ့အပြင်မှာ စခန်းချကြီးအဆင်သင့်ဖြစ်နေကြပြီ။ ထိပ်တန်းအဖွဲ့၀င်ဆယ်နိုင်ငံလဲ ရောက်နေကြပြီလေ...” လူထွားကြီးမှာ တစ်ငုံခန့်သောက်ပြီး ဆက်ပြောလိုက်သည်။ “ဘဏ်တွေနဲ့ ကာစီနိုတွေလည်းအလုပ်များနေကြပြီလူတိုင်းက စီပွားရေးသမားတွေတော်တော်များများက ဒီပြိုင်ပွဲအပေါ်မှာ ရူးရူးသွပ်သွပ်ပဲလောင်းကြေးတွေထပ်နေကြတယ်...”

“ဟေ့လူတော်ပါတော့ဗျာ ဒီပြိုင်ပွဲအကြောင်းကရိုးနေပါပြီ...အင်ပါယာထဲက လူတွေအကုန်ထိပ်တန်းအဖွဲ့၀င်ဆယ်နိုင်ငံထဲက တစ်နိုင်ငံပဲ နောက်ဆုံးအနိုင်ရရှိတဲ့လူဖြစ်မယ်ဆိုတာ သိနေကြပြီပဲ...” တစ်စုံတစ်ယောက်သည်၀င်ပြောလိုက်သည်။

“မင်းမသိပါဘူးကွာ ငါ့အထင်ဒီတစ်ခေါက်ပြိုင်ပွဲကတော့ ထူးခြားမယ်ထင်တယ်....” လူထွားကြီးမှာ သူ၏ခေါင်းကိုခါရမ်းပြီးရယ်မောလိုက်သည်။ “အဖွဲ့၀င်နိုင်ငံတချို့က ဘုရင်တွေစီကနေငါကြားခဲ့တာ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ဘယ်ကပေါ်ထွက်လာလဲမသိတဲ့ အံ့သြစရာကောင်းတဲ့ လူငယ်သိုင်းဆရာတစ်ယောက်ကလဲ ပြိုင်ပွဲမှာပါ၀င်ဖို့သွားနေတယ်ကြားတယ်။ သူက တောင်ညီနောင်ကတိုက်ပွဲမှာ သူရဲကောင်းနန်းတော်က အထူးပါးကွပ်သားသူရဲကောင်းဆယ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ရွှေရောင်နေမင်းသူရဲကောင်းကို အနိုင်ယူခဲ့ပြီး အင်ပါယာကြီးတစ်ခုလုံးကို ကိုင်လှုပ်ခဲ့တာလေ...”

All Chapters