← Chapters

အခန်း (၂၇၄)

Vol. 19 Ch. 274

အခန်း (၂၇၄)

Vol. 19 Ch. 274

“ဘာ..”

“အဖိုးကြီး ယော့ခ် ခင်ဗျားလာနောက်နေတာလား...”

“ခင်ဗျားမူးနေပြီထင်တယ် ဒီလိုအရာတွေကဖြစ်လေ့ဖြစ်ထမရှိပါဘူး...”

ဘုံဆိုင်ထဲတွင်ရှိနေသည့်လူများစတင်၍အော်ဟစ်ကြတော့သည်။ ကြေးစားစစ်သည်များဖြစ်ကြသည့်အတွက် သူတို့ထူးဆန်းသည့်အရာများစွာကို မြင်တွေ့ဖူးကြသော်လည်း ဤလူထွားကြီးပြောသည်ကို ယုံကြည်နိုင်ခြင်းမရှိကြပေ။ သူရဲကောင်းနန်းတော်၏ အထူးပါးကွပ်သားသူရဲကောင်းဆယ်ယောက်၀င် ရွှေရောင်နေမင်းသူရဲကောင်းခရစ်ဆူတွန်သည် မည်ကဲ့သို့လူစားမျိုးဖြစ်သည်ကို သူတို့အားလုံးသိရှိကြသည်၊၊ အလွန်အရည်ခြင်းရှိလှပြီးအင်ပါယာတစ်ခွင်တွင် ကျော်ကြားသူဖြစ်ပြီး စိန်ခေါ်လာသူများစွာကို သူ၏လှံတံဖြင့် သုတ်သင်ခဲ့သူဖြစ်သည်။ ကောလဟာလများအရ ရွှေရောင်နေမင်းသူရဲကောင်းသည် ကြယ်ခြောက်လုံးစစ်သည်ဖြင့်ပင်ယှဥ်ပြိုင်နိုင်သည့်အစွမ်းများကိုအသက်ငယ်ငယ်ဖြင့်ပင် ပိုင်ဆိုင်ထားသည်ဟုဆိုကြသည်။ လူငယ်မျိုးဆက်များထဲတွင် အကောင်းဆုံးတိုက်ခိုက်ရေးသမားတစ်ယောက်မှာ အဖွဲ့၀င်နိုင်ငံတစ်ခုမှဘုရင်တစ်ပါး၏ အနိုင်ယူခြင်းခံလိုက်ရသည်ဆိုသည်မှာ ယုံနိုင်ရန်ခက်ခဲလှသည်။

တစ်ထောင့်တစ်ညပုံပြင်များထဲမှ ပုံပြင်တစ်ပုဒ်ကဲ့သို့ပင်။

လူသွားကြီးမှာ ဘီယာတစ်ငုံထပ်သောက်လိုက်ပြီး အကြောဆန့်လိုက်သည်။ “ဘယ်လိုလုပ်မဖြစ်နိင်ရမှာလဲ...ဒါကလျို့၀ှက်ချက်မဟုတ်ဘူးကွ...မြို့တော်မှာတောင်အတော်ပြန့်နှံ့နေပြီ...တစ်ချို့လူတွေဆို သတိလစ်လောက်တဲ့ထိအရိုက်ခံထားရတဲ့ နေမင်းသူရဲကောင်းကို စစ်သည်တွေထမ်းစင်နဲ့ သူရဲကောင်းနန်းတော်ထဲသယ်သွားတာကို မြင်လိုက်ရသေးတယ်။ သူတို့ပြောတာ ပါးကွပ်သားသူရဲကောင်ခေါင်းဆောင် အာကင်ဖီးဗ်ကလဲ အတော်ဒေါသဖြစ်နေတယ်တဲ့။ အခုမြို့တော်မှာရှိတဲ့ စွမ်းအားကြီးတဲ့လူတွေတော်တော်များများတောင် ဒီအဖွဲ့၀င်နိုင်ငံဘုရင်နဲ့ ယှဥ်ပြိုင်တိုက်ခိုက်နိုင်ဖို့ကို ကြိတ်ပြီးပြင်ဆင်နေကြပြီ...”

“ဘယ်လို...”

“တကယ်ကြီးလား...”

လူများသည် အဖိုးကြီယော့ခ်သည် ဤဇာတ်လမ်းကိုလက်ခံနိင်လောက်သည့်ပုံဖြင့်ပြောနေသည်ကို မြင်တွေ့ရသဖြင့်သံသယစိတ်များလျှော့နည်းလာကြသည်။

“အော်အေး ငါသိပြီ။ အဲ့တာ ဓားတစ်လက်သူရဲကောင်းပဲဖြစ်ရမယ်။ သူ့မှာတော့ ရွှေရောင်နေမင်းကို နိုင်နိုင်တဲ့စွမ်းအားရှိတယ်။” တစ်စုံတစ်ယောက်မှာအဖြေမှန်ကို စဥ်းစားရသွားသည့်ဟန်ဖြင့် ဂုဏ်ယူ၀င့်ကြွားစွာအော်ဟစ်လိုက်သည်။ ဆိုင်အတွင်းတွင်ရှိသည့် လူများလည်း သူပြောသည်ကို ဖြစ်နိုင်ကြောင်း၀င်ရောက်ထောက်ခံကြ၏။ အင်ပါယာတစ်ခုလုံးတွင်ရှိသည့် အဖွဲ့၀င်နိုင်ငံများတွင် ရွှေရောင်နေမင်းသူရဲကောင်းကို အနိုင်ယူနိုင်သည့်လူဆိုပါက ဓားတစ်လက်သူရဲကောင်းသာ ရှိသောကြောင့်ပင်။

“ဟားဟား မဟုတ်ဘူးကွ..ဂျင်မ်မင်းရဲ့ဦးနောက်က ချောင်သွားပြီလား။ ငါမင်းကို ပြောပြီးပြီလေ အဖွဲ့၀င်နိုင်ငံတစ်ခုရဲ့ဘုရင်တစ်ပါးက ရွှေရောင်နေမင်းသူရဲကောင်းကိုအနိုင်ယူလိုက်တာလေ။ ဓားတစ်လက်သူရဲကောင်းက ဘုရင်မဟုတ်သေးဘူးလေ။ သူကမင်းသားပဲရှိသေးတယ်။ ဟီးဟီး ထားလိုက်ပါကွာ မင်းနားလဲလည်မှာမဟုတ်ပါဘူး။ နေမင်းသူရဲကောင်းကိုအနိုင်ယူလိုက်တဲ့လူက အဆင့်၆အဖွဲ့၀င်နိုင်ငံတစ်ခုကသိပ်ပြီးထင်ပေါ်မကျော်ကြားတဲ့ဘုရင်တစ်ပါးပဲကွ...”

“အဆင့်၆အဖွဲ့၀င်တိုင်းပြည်ကဘုရင်တစ်ပါးဟုတ်လား...”

“အဖိုးကြီးယော့ခ် ခင်ဗျားရဲ့မိန်းမရိုက်တာခံလိုက်ရပြီးကတည်းက ဦးနှောက်များပျက်သွားတာလား....”

လူထွားကြီးမှာ အတန်ငယ်ဒေါသဖြစ်လာပုံရသည်။ “မဟုတ်ဘူးကွ..ဦးနှောက်ပျက်နေတာက မင်းတို့ မင်းတိုတစ်မိသားစုလုံးဦးနှောက်ပျက်နေကြတာ...ငါတကယ်ပြောနေတာ....”

သို့သော် ဆိုင်အတွင်းတွင်ရှိနေသည့် ကြေးစားစစ်သည်များမှာ ယုံကြည်ခြင်းမရှိကြပေ။ လူထွားကြီး၏ စကားလုံးများမှာ အလွန်ချဲ့ကားလွန်းနေသည့်ဟန်ပင်။

လူအုပ်ဘေးတွင် တိတ်ဆိတ်စွာထိုင်နေသည့်ဖှေးအတွက် ဤကိစ္စသည်ရယ်စရာသိပ်ပြီးမကောင်းလှချေ။ ထိုအစားသူသည် ထိုင်နေရင်းဖြင့် စိုးရိမ်မှုများမြင့်တတ်လာလျှက်ရှိသည်။ “ငါတောင်ညီနှောင်မှာ ရွှေရောင်နေမင်းသူရဲကောင်းနဲ့တိုက်ခိုက်ခဲ့တာ လေးရက်လောက်ပဲရှိသေးတယ်။ သတင်းတွေပြန့်တာကမြန်လှချည်လား....ပိုပြီးထူးဆန်းတာက မြို့တော်က သတင်းစကားက ရေပူစမ်းဂိတ်တံခါးထိတောင်ရောက်လာတာပဲ...”

အန်ဂျယ်လာနှင့်အန်မာတို့မှာ ချုုပ်ထိန်းနိုင်ခြင်းမရှိပဲ ဘေးတွင် ကြိတ်ပြီးရယ်မောနေကြ၏။ ကောင်မလေးနှစ်ယောက်လုံးသည်လည်း တောင်ညီနှောင်တွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲကို ကိုယ်တိုင်မြင်တွေ့ခဲ့ကြရသည်။ ဆိုင်အတွင်းတွင်ရှိသည့် လူများမယုံကြည်နေကြသည်ကို မခံချင်ဖြစ်မိသည့်အတွက် အန်မာသည် မက်တက်ထ၍သက်သေပြုရန်ပင် ပြင်လိုက်မိသည်။ သို့သော် အန်ဂျယ်လာမှာ သူမကို တားဆီးလိုက်၏။ အန်မာမှာ အသာအံ့ကြိတ်ကာထိုင်လျှက်ဖှေးရွှေရောင်နေမင်းသူရဲကောင်းကို အနိုင်ယူခဲ့သည်ဆိုသည်အားလက်မခံသည့်လူများကို ရန်သူများသဖွယ်စိုက်ကြည့်နေ၏။

“နောင်ကြီး စိတ်မဆိုးရင်ကျွန်တော်မေးလို့ရမလား...နောင်ကြီးဒီသတင်းတွေကို ဘယ်ကကြားခဲ့တာလဲ ဒါတွေက ကောလဟာလတွေများလား...” ဖှေး မသိချင်ယောင်ဆောင်ကာ လူထွားကြီးကို မေးလိုက်၏။

“ဘယ်လိုလုပ် ကောလဟာလဖြစ်မှာလဲကွ ငါ့ညီရ ဒီသတင်းတွေကို ဆိုရိုကုန်သွယ်ရေးအဖွဲ့ကိုယ်တိုင်မြို့တော်မှာ ကြေငြာခဲ့တာ။” ယော့ခ်၏ မျက်နှာမှာ စိတ်မရှည်မှုတို့ကြောင့်နီရဲနေပြီဖြစ်သည်။ သူစားပွဲခုံအားလက်ဖြင့်ပုတ်ပြီး အသံကိုမြှင့်ကာ ပြောလိုက်သည်။ “မင်းတို့ငါပြောတာမယုံဘူးဆိုရင်သတင်းရင်းမြစ်က ဆိုရိုကုန်သွယ်ရေးအဖွဲ့စီကနေရခဲ့တာကွ...မင်းတို့ ဆိုရိုအဖွဲ့ကိုတော့ယုံတယ်မလား...လာမယ့်ရက်ပိုင်းလောက်မှာ ဒီသတင်းကရေပူစမ်းဂိတ်ကိုလည်းရောက်လာလိမ့်မယ်။ ဆိုရိုကုန်သွယ်ရေးအဖွဲ့ပြောတဲ့သတင်းတွေက အတော်တိကျတယ်။ ရွှေရောင်နေမင်းသူရဲကောင်းကို အနိုင်ယူခဲ့တဲ့သိုင်းဆရာက ချမ်းဘော့ဒ်လို့ခေါ်တဲ့အဆင့်၆အဖွဲ့၀င်တိုင်းပြည်က ဘုရင်တစ်ပါးပဲ...သူ့နာမည်က အလတ်ဇန္ဒားတဲ့ဗျာ...”

“၀ိုး ဆိုရိုကုန်သွယ်ရေးအဖွဲ့က ကြေငြာခဲ့တာလား...”

“ဒါဆိုရရင်တော့ လုံး၀ဖြစ်နိုင်တယ်...”

“ဆိုရိုကုန်သွယ်ရေးအဖွဲ့က ပြောတာဆိုရင်တော့ဖြစ်နိုင်တယ်။ အဆင့်၆အဖွဲ့၀င်တိုင်းပြည်က ဘုရင်တစ်ပါးက ဒီလိုအနိုင်ယူနိုင်ခဲ့တယ်ဆိုတာ ငါ့အတွက် အတော်ယုံဖို့ခက်ခဲနေတယ်...”

ဆိုရိုကုန်သွယ်ရေးအဖွဲ့မှပြောသည်ဟုဆိုလိုက်သည့်အချိန်တွင် လူများသည်ယုံကြည်လာနိုင်ကြပြီဖြစ်သည်။ စွမ်းအားကြီးသည့်အဖွဲ့တစ်ခုဖြစ်သည့် ဆိုရိုကုန်သွယ်ရေးအဖွဲ့မှာ အဖွဲ့စည်းစတင်တည်ထောင်သည့်နှစ်တစ်ရာကျော်ပတ်လုံးတွင် တစ်ခါမှသတင်းမှားများထုတ်လွှင့်ဖူးကြောင်းမရှိသောကြောင့်ပင်။

ယခုအချိန်တွင် ဖှေးလည်းအထာသိလာပြီဖြစ်သည်။

All Chapters