အခန်း (၂၇၅)
Vol. 19 Ch. 275
ဆိုရိုကုန်သွယ်ရေးအဖွဲ့၏ မန်နေဂျာတစ်ယောက်ဖြစ်သည့် ဟယ်ရီနှင့် သူ့အဖွဲ့သည်
ချမ်းဘော့ဒ်တပ်ဖွဲ့နှင့်အတူလိုက်ပါခဲ့ပြီး တောင်ညီနှာင်မှတိုက်ပွဲကိုကိုယ်တိုင်မျက်မြင်
ကြုံတွေ့ခဲ့သည်။ သတင်းသည် မြို့တော်စိန့်ပီတာစဘာ့တ်မှနေ၍ ရေပူစမ်းဂိတ်မြို့ထိ
ပါပြန့်နှံ့လာရသည့်အကြောင်းအရင်းမှာ ဆိုရိုကုန်သွယ်ရေးအဖွဲ့၏သတင်းအဆက်သွယ်
လမ်းကြောင်းများကြောင့်ပင် ဖြစ်ပေလိမ့်မည်။
ရူးကြောင်ကြောင်နိုင်လှသည့်အရာမှာ ဆိုရိုကုန်သွယ်ရေးအဖွဲ့သည် မည်သည့်အတွ
က်ကြောင့် ဤသတင်းကို အထူးတလည်ကြောငြာခဲ့သည်ဆိုသည်ပင်။ လောဘကြီး
သည့်စီးပွားရေးသမားများအနေဖြင့် သူတို့သည် ဤကိစ္စနှင့်ပတ်သက်၍ အကျိုးမြတ်ရ
စရာတစ်စုံတစ်ခုအား တွေ့မြင်မိ၍လား။
ဖှေးဤထူးခြားနေမှုကို သတိထားလိုက်မိသည်။
ဘုံဆိုင်အတွင်းတွင် ရှိသည့်ဆွေးနွေးမှုများသည် ပိုပြီးပြင်းထန်လာသည်နှင့်အမျှ လူတို
င်း၏စိတ်၀င်စားမှုများသည်လည်း ချမ်းဘော့ဒ်ဘုရင်ဖြစ်သည့် လျို့၀ှက်ထူးဆန်းသည့်
သိုင်းဆရာအပေါ်သို့ကျရောက်နေကြ၏။ ဘေး၏ဘေးတွင်ထိုင်နေကြသည့်ကောင်မလေး
နှစ်ယောက်သည် သူမတို့၏ ပါးစပ်များကိုလက်ဖြင့်ဖုံးကာလျှက်ပြုံးနေကြ၏။ လူအုပ်
အတွင်းမှလာသည့်လေးစားသည့်အာမေဍိတ်သံများကို နားထောင်ရင်းဖြင့် စားပွဲဘေးတွ
င်တည်ငြိမ်စွာထိုင်နေသည့်ဖေးကို ကြည့်ကာဂုဏ်ယူနေကြသည်။ ရွှေရောင်နေမင်းသူ
ရဲကောင်းအားအနိုင်ယူခဲ့သည်လူမှာ ဆိုင်အတွင်းတွင်ထိုင်နေသည်ဖြစ်ကြောင်းကို မ
ပြောမိအောင်ထိန်းချုပ်ရန်မှာ သူမတို့အတွက်အလွန်ခက်ခဲလှ၏။
လူအများသူ့အားယုံကြည်သွားသည်ကို မြင်ရသဖြင့် အဖိုးကြီးယော့ခ်မှာ သဘောကျ
စွာဖြင့် ပြုံးလိုက်သည်။ သူခေါင်းငုံ့ကာ ဘီယာခွက်အတွင်းတွင် တစ်၀က်ခန့်ကျန်ရှိ
နေသည့်ဘီယာများကို မော့သောက်လိုက်၏။ ထို့နောက်တွင် သူ၏မုတ်ဆိတ်ပေါ်တွင်
ပေကျံနေသည့် ဘီယာများကိုသုတ်လိုက်ပြီး စားပွဲခုံကိုပုတ်လိုက်သည်။ သူသည် လူ
တိုင်း၏အာရုံစိုက်မှုကို မရသေးမခြင်းစကားပြောဆိုခြင်းမရှိသေးပေ။ “တကယ်တ
န်းပြောရရင် ရွှေရောင်နေမင်းအတွယ်ခံလိုက်ရတာက မြို့တော်မှာရှိတဲ့ အထူးဆန်း
ဆုံးသတင်းမဟုတ်သေးဘူး။ မြို့တော်မှာ အခုပွက်လောရိုက်နေတဲ့ကိစ္စနောက်တစ်ခု
ရှိသေးတယ်...ငါပြောလိုက်ရင်မင်းတို့အကုန်အံ့သြကုန်တော့မယ်....”
“၀ိုး ပိုပြီးတောင် အံ့သြဖို့ကောင်းတဲ့သတင်းရှိသေးတယ်ဟုတ်လား....ပြော
ပြောပါဦး...” တစ်စုံတစ်ယောက်မှာ စိတ်မရှည်စွာဖြင့်လှုံ့ဆော်လိုက်သည်။
ယော့ခ်မှာ ကျေနပ်သွားသည်။ သူသည် လူအများပို၍သိလိုစိတ်ပြင်းထန်လာစေရန်အ
တွက် ချက်ချင်းမပြောသေးပဲ ပတ်၀န်းကျင်သို့လှည့်ပတ်ကြည့်ရှုကာ၀ေ့၀ိုက်နေသေး၏။
ထို့နောက်တွင်မှ စတင်၍ပြောတော့သည်။ “လွန်ခဲ့တဲ့ဆယ်ရက်လောက်က စပါတာ
အင်ပါယာရဲ့ ကာကွယ်စောင့်ရှောက်သူသူတော်စဥ်သိုင်းဆရာကြီးက ရုတ်တရက် ဆ
ရာခါဆစ်စီကို စိန်ခေါ်စာပို့လိုက်တယ်လေ...”
“ဘာ...စိန်ခေါ်စာဟုတ်လား...”
“မဖြစ်နိင်တာ ဒီလိုဆို စပါတာကခွေးသားတွေကဘာဖြစ်ချင်နေတာလဲ....စစ်ပွဲစ
ချင်နေတာလား...”
“ပြောပါဦးအဖိုးကြီးယော့ခ် ဆရာကြီးခါဆစ်က ဘယ်လိုတုန့်ပြန်လိုက်လဲ....”
“ဘုရားသခင်စောင့်ရှောက်ပါဦး ဒီလိုတွေတောင်ဖြစ်လာပြီဆို တကယ်ပဲစစ်ကြီးဖြစ်
လာတော့မှာလား...”
အဖိုးကြီးယော့ခ်နောက်ထပ်ပြောလိုက်သည့် သတင်းကြောင့် ဘုံဆိုင်တစ်ခုလုံးမှာပို၍ပ
င်ဆူညံလာတော့သည်။ ပွက်ပွက်ဆူနေသည့် ဆီပူထဲသို့တစ်စုံတစ်ယောက်မှဆားများပ
စ်ထည့်လိုက်သကဲ့သို့ပင်။ ယခင်က တည်ငြိမ်နေခဲ့သည့် အုပ်စုများပင် ယခုအချိန်တွင်မူ
ရုပ်တည်တည်ဖြင့်ထိုင်မနေနိုင်တော့ပေ။ မျက်လုံးများပြူးကျယ်ကာ ပါးစပ်အဟော
င်းသားဖြစ်နေတော့၏။
ဤသတင်းမှာ အင်မတန်ပင်အံ့အားသင့်ဖွှယ်ကောင်းလှသည်။
စိန်ခေါ်စာပေးပို့ခံရသည်ဆိုသည်မှာ အင်ပါယာတခွင်တွင်အင်မတန်အံ့သြစရာကောင်း
သည့်သတင်းတစ်ခုပင်။ ဤသည်မှာ စွမ်းအားမြင့်လူပုဂ္ဂိုလ်နှစ်ဦးအကြားတွင် နောက်
ဆုံးတိုက်ပွဲရောက်ရှိလာခြင်းကိုသာ ကိုယ်စားပြုသည်မဟုတ်ပဲ ဇီးနစ်အင်ပါယာနှင့် စ
ပါတာအင်ပါယာတို့၏ မျက်နှာခြင်းဆိုင်ကာယှဥ်ပြိုင်လိုက်ခြင်းပင်။ အေဇာရုတိုက်၏
ထုံးတမ်းစဥ်လာများအရ အင်ပါယာနှစ်ခု၏ကံကြမ္မာသည် သူတို့၏ကာကွယ်စောင်ံ့ရှော
င်သူသိုင်းဆရာနှစ်ယောက်အပေါ်တွင် မူတည်နေပြီဖြစ်သည်။ တိုက်ပေါ်တွင်ရှိနေသည့်
မည်သူမဆို တိုက်ပွဲရလဒ်ကိုသိရရန်အတွက်စောင့်နိုင်ကြတော့မည်မဟုတ်ပေ။ နှိုင်းယှ
ဥ်ကြည့်ပါက ရွှေရောင်နေမင်းသူရဲကောင်းရှုံးနှိမ့်သွားသည့်သတင်းသည် ဤသတင်း
လောက်အရေးပါခြင်းမရှိပေ။
“ဒီတစ်ခါတော့ စပါတာအင်ပါယာကတော်တော်လွန်သွားပြီ မစ်စတာခါဆစ်က အဲ့စိ
န်ခေါ်လာတဲ့ငနဲကို သေချာပေါက်ကို ကောင်းကောင်းဆုံးမပေးလိမ့်မယ်..”
ဇီးနစ်အင်ပါယာ၏ ကာကွယ်စောင့်ရှောက်သူသိုင်းဆရာအဖြစ် ဆယ်နှစ်ကြာခန့်ပင်ခန့်
အပ်ထားခြင်းခံရသည့် လအဆင့်သိုင်းဆရာခါဆစ်မှာ သေချာစွာပင်အင်ပါယာအတွင်း
တွင်ရှိသည့် အဆင့်၁တိုက်ခိုက်ရေးသမားတစ်ယောက်ပင်ဖြစ်ပြီးအင်ပါယာအတွင်းတွင်
ရှိသည့် စစ်သည်သန်းပေါင်းများစွာ၏ လေးစားအားကျခြင်းခံရသူတစ်ယောက်ခဲဖြစ်သ
ည်။ သူ့အားအိမ်နီးခြင်းအင်ပါယာများတွင်ရှိသည့် သိုင်းဆရာများသည် ယခုအချိန်ထိ
တစ်ယောက်မှ စိန်ခေါ်ရဲခြင်းမရှိခဲ့ကြချေ။ သို့သော် ယခုအချိန်တွင်မူနောက်ဆုံးတွင်စိ
န်ခေါ်လာသူတစ်ယောက်ရှိလာခဲ့ပြီဖြစ်သည်။
“နှစ်လလောက်နေရင် မြို့တော်စိန့်ပီတာစဘာ့တ်ရဲ့သိုင်းပညာတောင်ထိပ်မှာ သိုင်းဆ
ရာကြီးနှစ်ယောက်အသေအကြေယှဥ်ပြိုင်တိုက်ခိုက်ကြလိမ့်မယ်..” ယော့ခ်မှာ သူ
၏ဘီယာကိုသောက်သုံးပြီးသွားပြီဖြစ်သဖြင့် စားပွဲခုံပေါ်သို့ခွက်ကို ချလိုက်ကာ လူအု
ပ်ထံသို့ကျယ်လောင်စွာဖြင့်အော်ဟစ်လိုက်သည်။ “ဒီသတင်းကလဲ မြို့တော်အတွင်းမှာ
အတော်ပြန့်နှံ့နေပြီ။ သတ္တိရှိတဲ့သိုင်းဆရာတိုင်းအချိန်တန်လို့ယှဥ်ရင်အဲ့ကိုသွားပြီး ငါတို့
အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာအတွက်အားပေးကြလိမ့်မယ်လို့ ငါယုံ
ကြည်တယ်...”
“အချိန်ရောက်ရင် ငါသေချာပေါက်သွားကြည့်ဦးမယ်...” တစ်စုံတစ်ယောက်မှာ
ထအော်လိုက်သည်။
“ငါလဲသွားမယ်...”
“ငါရောပဲ...”
“မှင်စာတွေကမွေးတဲ့လူတွေလောက်ပဲ ဒီလိုပွဲကြီးပွဲကောင်းကို လက်လွှတ်ခံကြမယ်ထ
င်တယ်...”
ဖှေးဘုံဆိုင်အတွင်းတွင် အုံကြွလာသည့်လေထုကိုမြင်လိုက်ရပြီး လာမည့်နှစ်လတွင်ဖြ
စ်ပွားတော့မည့် သိုင်းပညာယှဥ်ပြိုင်ပွဲအတွက်သူကိုယ်တိုင်ပင်စိတ်လှုပ်ရှားလာတော့သည်။
ဤသည်မှာ လအဆင့်သိုင်းဆရာနှစ်ယောက်၏ အသေကြေ တိုက်ပွဲဖြစ်သဖြင့် တို
က်အတွင်းတွင်ရှိသည့် အဆင့်မြင့်သိုင်းပညာရှင်များ၏ အစွမ်းများကို ကိုယ်တိုက်ကို
ယ်ကျမျက်မြင်တွေ့ရှိနိုင်ရန်အတွက် အခွင့်ရေးပင်။ မည်ကဲ့သို့အံ့သြဖွယ်မြင်ကွင်းများမြ
င်တွေ့ရမည်ကို ခန့်မှန်းရသည်မှာ စိတ်လှုပ်ရှားဖွယ်ပင်။
လူအုပ်စကားပြောနေသည်များကို ခနတာခန့်နားထောင်ပြီးသည့်အချိန်တွင် ဖှေးသည်
အချိန်တန်ပြီဖြစ်သည်ကို သတိထားလိုက်မိသည်။ သူသည်ဆိုင်ရှင်ကို ခေါ်ကာငွေရှင်း
ပြီးထွက်ခွာရန်အတွက် ပြင်ဆင်လိုက်သည်။
“ဟေးညီလေး ငါ့ကိုဒီနေရာမှာထိုင်ခိုင်းလို့ကျေးဇူးကွာ...အဲ့လိုမှမဟုတ်ဘူးဆိုရင်ငါ
ဒီလိုအေးဆေးသောက်နေနိုင်မှာမဟုတ်ဘူး...မင်းနဲ့ အဲ့မိန်းမလှလေးနှစ်ယောက်တို့ကို
နောက်တစ်ကြိမ်လောက်တစ်ခွက်စီသောက်ဖို့ ဖိတ်ခေါ်လို့ရမလား...” ယော့ခ်
ပြောကာ မက်တပ်ထလိုက်ပြီး ဘီယာသုံးခွက်မှာယူလိုက်ပြီးဖှေးတို့အရှေ့သို့ချပေးလို
က်သည်။ လေးခွက်မြောက်မှာ တစ်ချိန်လုံးတိတ်ဆိတ်စွာထိုင်နေခဲ့သည့်အသားမဲမဲနှင့်အ
ရပ်ပုပုသူ့ဘော်ဒါကောင်လေးထံသို့ပစ်ပေးလိုက်ပြီး “ဖီးလစ် ယောက်ျားပီသစမ်းပါ
ထပြီးအဲ့တာကုန်အောင်သောက်လိုက်...”
ထိုကောင်လေးမှာ ဘာလုပ်ရမှန်းမသိဖြစ်သွားပြီးရှက်ရွံ့စွာဖြင့်ပြုံးလိုက်သည်။ ထို့နော
က်တွင် ဘီယာခွက်ကိုလှမ်းယူကာ မက်တပ်ရပ်လိုက်၏။
ဤအခိုက်တန့်တွင် “၀ုန်း” စိတ်အနှောင့်ယှက်ဖြစ်ဖွယ်အသံတစ်ခုထွက်ပေါ်လာသည်။
ဆိုင်တံခါးကို ကြမ်းတမ်းစွာဖြင့်တွန်းဖွင့်လိုက်ခြင်းပင်။ တံခါးအနောက်တွင် သောင်း
ကျန်းသည့်ဟန်ဖြင့်လူများ၀င်လာကြသည်။
ထိုအဖွဲ့၏ခေါင်းဆောင်မှာ တစ်စုံတစ်ခုကိုလိုက်လံ၍ရှာဖွေနေပုံရသည်။ သူပတ်၀န်းကျ
င်ကိုလှည့်ပတ်ကြည့်ရှုလိုက်ပြီး ဖှေးနှင့်ကောင်မလေးနှစ်ယောက်တို့ကိုမြင်လိုက်ရသည့်
အချိန်တွင် အနောက်သို့အမြန်လှည့်ကာ ကောင်းမွန်စွာ၀တ်စားထားသည့်လူငယ်တ
စ်ယောက်ကို နားနားကပ်၍တီတိုးပြောကြားလိုက်သည်။ အပြုံးတစ်ခုနှင့် ထိုလူငယ်
သည် စားပွဲ၀ိုင်းအနီးသို့လမ်းလျှောက်လာပြီး ယော့ခ်နှင့်ရှက်တတ်သည့် သူ့ဘော်ဒါလူ
ငယ်တို့ကိုစိုက်ကြည့်လိုက်သည်။ “ထွက်သွားကြစမ်းကွာ မင်းတို့သောက်ကြေးစားစစ်
သည်တွေ ဒီလိုမိန်းမလှလေးတွေနဲ့တစ်၀ိုင်းထဲအတူထိုင်နေရအောင်မင်းတို့ကိုယ်မင်းတို့
ဘာကောင်မှတ်နေလဲ...။”
အိုင်ဗွီလိဂ်ဘုံဆိုင်အတွင်းတွင် တိတ်ဆိတ်နေ၏။
ဤကောင်းမွန်စွာ၀တ်ဆင်ထားသည့် လူငယ်သည် တစ်ဆိုင်လုံးအတွင်းတွင်ရှိသည့်
လူများကို ထည့်ကာဆဲဆိုလိုက်ရန်အတွက်၀န်လေးမနေချေ။ သို့သော် ဆိုင်းအတွင်းတွ
င်ရှိသည့် ကြေးစားစစ်သည်များအားလုံးဒေါသဖြစ်နေကြသည်ကို ဖှေးမြင်နိုင်၏။
သို့သော် သူတို့အားလုံးသည်ဤလူငယ်မှာနတ်ဆိုးတစ်ဦးကဲ့သို့ ပြန်လည်ကာတုန့်ပြန်
မပြောဆိုရဲကြချေ။ လူငယ်၏ နားအနားသို့ကပ်ပြောနေသူမှာ ဖှေးသိသည့်လူတစ်ဦးဖြ
စ်သည်။ သူသည်ဂိတ်စောင့်နေသည့်စစ်သည်အဖွဲ့မှ ခေါင်းဆောင်တစ်ဦးပင်။ သူသည်
သူ၏ ယူနီဖောင်းကို၀တ်ဆင်ထားဆဲပင်။
ဖှေးဖြစ်ပျက်နေသည်များကို စက္ကန့်အနည်းငယ်အတွင်းမှာပင်နားလည်သွား၏။
ထိုတပ်ဖွဲ့ခေါင်းဆောင်မှာ လူငယ်ကိုဖှေးတို့နှင့်တွေ့ရန်အတွက်ခေါ်လာပုံရသည်။ အ
ကြောင်းပြချက်မှာ ဖှေး ထိုကောင်းမွန်စွာ၀တ်ဆင်ထားသည့်လူငယ်အန်ဂျယ်လာကိုကြ
ည့်နေသည့်အကြည့်တစ်ခုတည်းဖြင့်ပင်ပြောနိုင်၏။