← Chapters

အခန်း (၂၇၆)

Vol. 19 Ch. 276

အခန်း (၂၇၆)

Vol. 19 Ch. 276

ယခင်ကစိတ်လှုပ်ရှားပျော်ရွှင်နေခဲ့သည့် လူထွားကြီးအဖိုးကြီးယော့ခ်မှာ ယခုအချိန်တွင်အမှန်တကယ်ပင် ရှက်ရွံ့သွား၏။ သူသည် လက်ညိုးထိုးခံရပြီးဆဲဆိုခံရနေချိန်တွင် သူ၏ မျက်နှာသည်အလွန်နီရဲနေ၏။ သူ၏လက်ထဲတွင်ရှိနေသည့် ဘီယာခွက်ကိုဆက်လက်၍ကိုင်ထားသင့်လား မကိုင်ထားသင့်လားပင်မသဲကွဲတော့ချေ။ သူသည်အလွန်ဒေါသဖြစ်နေသော်လည်း သူ၏ ခေါင်းကိုနှိမ့်လိုက်ပြီး သူ၏ဘော်ဒါကောင်လေးကိုဆွဲခေါ်ကာ ဆိုင်အတွင်းမှထွက်ရန်အတွက်ပြင်ဆင်လိုက်သည်။ သူသည် သူ့အားဆဲဆိုနေသည့်လူငယ်ကိုသိရှိနေကြောင်းမှာ ထင်ရှားသည်။

“ယော့ခ်ခနနေပါဦး...”

အန်ဂျယ်လာပြောလိုက်သည်။ သူမပြုံးလိုက်သည့်အချိန်တွင် ဆိုင်အတွင်းတွင်ရှိနေသည့်လေထုမှာလည်း သက်တောင့်သက်သာဖြစ်သွားသကဲ့သို့ပင်။ သူမ၏ ဖြူဖွေးသောလက်များကို ဆန့်တန်းလိုက်ပြီး စားပွဲပေါ်တွင်ရှိနေသည့်ဘီယာခွက်ကိုလှမ်းယူလိုက်ကာ ယော့ခ်အားပြောလိုက်သည်။ “ကျွန်မတို့ကို ဒီသတင်းတွေပြောပြပေးတဲ့အတွက်ကျေးဇူးပါပဲ...ဦးလေးက ဖြောင့်မက်ပြီးတော့သဘောကောင်းတဲ့လူတစ်ယောက်ပါ အဲ့အတွက်ကြောင့် ဦးလေးကို ဂုဏ်ပြုပေးရမယ်...”

သူမထိုကဲ့သို့ပြောအပြီးတွင် သူမ၏ကြိုးကြာတစ်ကောင်ကဲ့သို့လှပသည့်လည်ပင်းကို ကွေးညွှတ်ကာခွက်အတွင်းတွင်ရှိသည့်ဘီယာများကို သောက်လိုက်၏။ ထိုအပြုမူကပင် တစ်နည်းတစ်ဖုံဖြင့်ကြည့်ရသည်မှာ အလွန်လှပကျော့ရှင်းနေ၏။ ဆိုင်အတွင်းတွင်ရှိနေသည့်လူများအားလုံးသူမကြောင့်မင်သက်သွားရ၏။

လူထွားကြီးယော့ခ်မှာလည်း အလွန်စိတ်လှုပ်ရှားရသဖြင့် သူ၏ခန္ဓာကိုယ်ပင်တုန်ခါလာတော့သည်။

ဤမျှမထိနိုင်သည့်နတ်သမီးတစ်ပါးကဲ့သို့လှပသည့် မိန်းကလေးတစ်ယောက်သည် ဤကဲ့သို့သောအခြေအနေတွင် သူ့အားဂုဏ်ပြုကာ သောက်ပေးလိမ့်မည်သူသူမျှော်လင့်ထားခြင်းမရှိသောကြောင့်ပင်။ ကောင်းမွန်စွာ၀တ်စားထားသည့်လူငယ်ကြောင့်ခံစားခဲ့ရသည့် ဒေါသများနှင့်ရှက်ရွံ့မှုများသည် ချက်ချင်းပင်ကွယ်ပျောက်သွားတော့သည်။

ယော့ခ်မှာ သူချထားလိုက်သည့်ဘီယာခွက်ကို ပြန်လည်ကောက်ကိုင်လိုက်ပြီး ကောင်းမွန်စွာ၀တ်ဆင်ထားသည့်လူငယ်၏ ခြိမ်းခြောက်သည့်အကြည့်များကိုလျစ်လျူရှုလိုက်ပြီး သောက်လိုက်သည်။ အံ့သြစရာကောင်းသည်မှာ ရှက်တတ်သည့်အသားမဲမဲနှင့်လူငယ်သည်လည်း တိတ်ဆိတ်စွာဖြင့်စားပွဲထံသို့ပြန်လည်ကာ လမ်းလျှောက်လာပြီး သူနှင့်သက်ဆိုင်သည့်ဘီယာကိုမော့သောက်လိုက်ခြင်းပင်။

သောက်ပြီးသည့်နောက်တွင် ယော့ခ်သည်တွန့်ဆုတ်သွားပြီး “ဂရုစိုက်” ဟုပြောကာ သူ၏ဘော်ဒါဖီးလစ်နှင့်အတူ ဆိုင်အတွင်းမှထွက်ခွာသွားတော့သည်။

ဖေးတစ်စုံတစ်ခုအားနားလည်လိုက်သကဲ့သို့ သူ၏မေးစေ့ကိုပွတ်သပ်လိုက်သည်။

သူ၏မျက်နှာပေါ်တွင်အပြုံးတစ်ခုဖြင့် ဖှေးအန်းဂျယ်လာကို ချီးမွမ်းသည့်အကြည့်တစ်ချက်ပေးလိုက်သည်။ ပထမဆုံးအနေခြင့် သူ၏ နှူးညံ့ပြီးသိမ်မွေ့သည့်ဇနီးလောင်းထံတွင် ရဲရင့်သည့်စိတ်ထားလည်းရှိကြောင်းကို ဖေးသိရှိလိုက်ရသောကြောင့်ပင်။

ကောင်းမွန်စွာ၀တ်ဆင်ထားသည့်လူငယ်၏ မျက်နှာမှာ အလွန်ဒေါသဖြစ်နေသည့်ပုံရှိသည်။ သူသည် ယော့ခ်နှင့် ဖီးလစ်ထွက်သွားရာနေရာသို့ရက်စက်ကြမ်းကြုတ်စွာဖြင့်ကြည့်လိုက်ပြီး ဖေးအားကြည့်ကာ ရုတ်တရက်မေးလိုက်သည်။ “စျေးပြောစမ်းကွာ ရွှေဒင်္ဂါးဘယ်လောက်လဲ...”

“ဟမ်...” ဖှေးမျက်မှောင်ကြုံ့လိုက်သည်။

“ဟီးဟီး လုပ်စမ်းပါငါ့ကောင်ရာ မင်း၀တ်စားထားတဲ့ပုံကိုကြည့်ရတာ မင်းမှာလည်းရာထူးဂုဏ်တစ်ခုခုရှိတဲ့ပုံပါပဲ...ဘာလဲမင်းကရိုးချင်ယောင်ဆောင်နေတာလား။ ငါဆိုလိုတာကို တကယ်နားမလည်ဘူးလား...” ကောင်းမွန်စွာ၀တ်ဆင်ထားသည်လူငယ်မှာ စိတ်မရှည်စွာဖြင့်ပြုံးလိုက်ပြီး သူ၏နောက်လိုက်တစ်ယောက်ကို အချက်ပြလိုက်သည်။ “မင်းဒီကောင့်ကို ငါလိုချင်တာကို ပြောပြလိုက်စမ်းကွာ...”

“ဟုတ်ကဲ့ပါ သခင်လေး...ဟီးဟီး ဒီမှာကောင်လေး ငါပြောပြမယ်။ သခင်လေးလူလွန်က မင်းမှာရှိတဲ့အမျိုးသမီးနှစ်ယောက်ကို လိုချင်နေတာ။ ပါးပါးနပ်နပ်နဲ့ မင်းလိုချင်တဲ့စျေးကိုပြောလိုက်...” မှတ်ဆိတ်မွေးမျာနှင့် စစ်သည်ချပ်၀တ်၀တ်ဆင်ထားသည် ယောက်ျားတစ်ယောက်သည် ဖှေးထံသို့လမ်းလျှောက်လာပြီး လက်ညိုးထိုးကာ မာနထောင်လွှားသည့်ဟန်ဖြင့် ပြောလိုက်၏။

“အော်...” ဖှေးဒေါသဖြစ်ရမည့်အစားရယ်မောလိုက်သည်။ “ငါကမပေးချင်ရင်ရော....”

“ထွီ...မင်းစောက်လုံးကန်းနေတာလား...သခင်လေးလူလွန်ကို ရေပူစမ်းမြို့တော်မှာ ဘယ်သူကငြင်းရဲလို့လဲ...” အမြှီးအားတက်နင်းခံလိုက်ရသည့် ယုန်တစ်ကောင်ကဲ့သို့ပင် ထိုလူသည်စားပွဲပေါ်သို့ ကြေးဒင်္ဂါးနှစ်ပြားပစ်တင်လိုက်ပြီးအော်ဟစ်လိုက်သည်။ “မင်းစောက်ပိန်း ပိုက်ဆံယူပြီးလစ်လိုက်တော့...”

“ကြေးဒင်္ဂါးနှစ်ပြားဟုတ်လား...” ဖှေးထက်မံ၍မျက်မှောင်ကြုံ့လိုက်သည်။

“အဲ့တာဘာဖြစ်လို့လဲ..နည်းလို့လား...သခင်လေးလူလွန်ကပေးချင်နေတယ်ဆိုကတည်းက မင်းကံကောင်းလို့ပဲ...” မုတ်ဆိတ်များဖြင့် နောက်လိုက်မှာရယ်မောလိုက်သည်။ “ဒါက သခင်လေးလူလွန်ပစ္စည်းတွေ၀ယ်တဲ့ပုံပဲ မင်းနှစ်ပြားမလိုချင်ရင်ငါတစ်ပြားပဲပေးလိုက်မယ်...”

သူ၏မျက်နှာပေါ်တွင် ထီမမြင်သည့်အမူရာတစ်ခုဖြင့် လူယုံသည်ကြေးဒင်္ဂါးတစ်ပြားကို ကောက်ယူကာ သူ၏အိပ်ကပ်ထဲသို့ ပြန်ထည့်လိုက်၏။

ဆိုင်အတွင်းတွင်ရှိနေသည့်လူများမှာ လူလွန်ကိုကြောက်လန့်ကြသဖြင့်မည်သည့်အရာကိုမျှပြေရဲခြင်းမရှိကြချေ။ သူတို့အားလုံးဖှေးနှင့်အန်ဂျယ်လာတို့ကို သနားစိတ်ဖြင့်ကြည့်ကာတွေးလိုက်မိကြသည်။ “ဘယ်လောက်တောင်လှလိုက်တဲ့မိန်းကလေးလဲကွာ...အဲ့မကောင်းဆိုး၀ါးရဲ့လက်ထဲကိုရောက်တော့မှာ သနားစရာပါပဲ...”

“မင်းမှာလည်း အစွမ်းတစ်ချို့ရှိတယ်လို့ငါပြောနိုင်ပါတယ်...” ဖှေးသက်ပြင်းချလိုက်သည်။ “ဒါပေမယ့်မင်းက တစ်ယောက်ယောက်ရဲ့လူယုံခွေးဖြစ်ချင်နေတယ်ဆိုရင်တော့ မင်းကစစ်သည်ချပ်၀တ်ကို၀တ်ဆင်ဖို့အတွက် မထိုက်တန်ဘူး...အဲ့တာကြောင့်ငါဖြုတ်ပေးလိုက်မယ်...”

သူပြောပြီးလျှင်ပြီးခြင်းပင် သူ၏လက်များကို ၀ှေ့ရမ်းလိုက်သည်။ မည်သူမှမတုန့်ပြန်နိင်သေးခင်မှာပင် သူ၏လက်သည် မုတ်ဆိတ်နှင့်စစ်သည်၏ခေါင်းပေါ်သို့လျှပ်စီးကဲ့သို့ကျရောက်သွားတော့သည်။

“ဖုန်း...”

လူတိုင်းသူတို့၏အမြင်အာရုံများ၀ေ၀ါးသွားသကဲ့သို့ခံစားလိုက်ရသည်။ သူတို့မျက်တောင်ခတ်လိုက်သည့်အချိန်သည် အစောင့်စစ်သည်မှာ ဤလက်ဖြင့်အရိုက်ခံလိုက်ရသဖြင့်မြေပေါ်သို့ပစ်ကျသွားသည်ကိုတွေ့လိုက်ရသည်။ သူ၏ခေါင်းမှလွဲ၍တစ်ကိုယ်လုံးသည်မြေကြီးထဲတွင်ဖြစ်နေ၏။ သူ၏ပါးစပ်များနှင့်နှုတ်ခမ်းများမှ သွေးများစီးကျနေသည်။ သူသည်အသက်မရှိတော့သည်မှာထင်ရှားလှသည်။ ပို၍ထိန့်လန့်အံ့သြဖွယ်ကောင်းသည်မှာ သူ၏စစ်သည်ချပ်၀တ်များကို ချွတ်ထားပြီးခေါင်း၏ဘေးတွင် ပုံထားလျှက်ရှိနေခြင်းပင်။ မြင်ကွင်းတစ်ခုလုံးမှာ အလွန်ပင်ထူးဆန်းလှသည်။

အံ့သြသည့်အာမေဍိတ်သံများမှာ ဆိုင်အတွင်းတွင်ဆူညံသွားတော့သည်။

“မင်း....” ကောင်းမွန်စွာ၀တ်ဆင်ထားသည် လူငယ်မှာ အလွန်ဒေါသဖြစ်သွားသည်။ သူအော်လိုက်သည်။ “မင်း..ငါဘယ်သူလဲဆိုတာရောသိရဲ့လား...ငါ့အဖေကရေပူစမ်းမြို့ရဲ့...”

“ပါးစပ်ပိတ်စမ်းကွာ...” ဖှေးမျက်မှောင်ကြုံလိုက်ပြီး ယင်ကောင်မောင်းနေသကဲ့သို့သူ၏လက်ကို ထက်မံကာ၀ှေ့ရမ်းလိုက်သည်။ “ဖုန်း...” သွားတစ်ချို့လေထဲတွင် ပြန်၀ဲကုန်သည်နှင့်အတူ ကြိုးကြေသည့်အသံတစ်ခုထွက်ပေါ်လာသည်။ သွားများပေါ်တွင်သွေးစက်များရှိနေဆဲပင်။ ထို့နောက်တွင် လူငယ်သည်ဆိုင်တံခါး၀ထံသို့ သဲအိတ်တစ်အိတ်ကဲ့သို့လွှင့်ထွက်သွားတော့သည်။ လမ်းတစ်လျှောက်တွင် စားပွဲတစ်ချို့နှင့်ထိုင်ခုံတစ်ချို့ကိုလဲတိုက်ချိုးသွား၏။ ဤအချိန်တွင် ကောင်းမွန်စွာ၀တ်ဆင်ထားခဲ့သည့်လူငယ်မှာ မြေပြင်ပေါ်တွင်တစ်ပိုင်းသေလျှက်လဲလျနေ၏။ သူ၏မျက်နှာပေါ်တွင် ထင်ရှားသည့်လက်ဖ၀ါးရာကြီးတစ်ခုရှိနေပြီး ယောင်ကိုင်းနေသည်။ မျက်လုံးများကိုပင်ဖွင့်နိုင်ခြင်းမရှိတော့ပဲ ပါးစပ်မှသွေးများစီးကျနေ၏။ အလွန်ကြောက်မက်ဖွယ်ကောင်းသည့်မြင်ကွင်းပင်။

ဆိုင်အတွင်းတွင်ရှိနေကြသည့်လူများသည် အလွန်ထိတ်လန့်အံ့သြလှသဖြင့် ပါးစပ်အဟောင်းသားဖြစ်နေကြသည်။ သူတို့မြင်နေရသည်များကို ယုံကြည်နိုင်ခြင်းမရှိကြေချေ။

ထိုမကောင်းဆိုး၀ါးအားကြည့်နေရင်းဖြင့် တစ်ချို့လူများသည်သူတို့၏မျက်နှာများကိုပင် ပွတ်သပ်လိုက်မိကြသည်။ “ဒီစကားပြေနေတုန်းက ယဥ်ကျေးတဲ့ကောင်လေးက တိုက်ခိုက်တဲ့အခါမှာဒီလိုရက်စက်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ...” သူတို့တွေးလိုက်မိကြသည်။

လူအများစုမှာ ဤဆံပင်အမဲရောင်နှင့်လူငယ်မှာ ရှားပါးသည့်သိုင်းဆရာတစ်ယောက်ဖြစ်သည်ကိုလည်း သိရှိလိုက်ကြသည်။

ကြယ်တစ်လုံးအဆင့်စစ်သည်တစ်ယောက်ကို မြေပြင်ပေါ်တွင်တိုင်တစ်တိုက်ကဲ့သို့စိုက်၀င်သွားသည်အထိ ရိုက်နှက်လိုက်ခြင်းမှာ အနည်းဆုံးကြယ်လေးလုံးအဆင့်ခန့်ရှိသည့်ဆရာများသာ ပြုလုပ်နိုင်ကြမည်ဖြစ်သောကြောင့်ပင်။ ဤသည်ကြောင့် ဆိုင်အတွင်းတွင်ရှိနေသည့်တစ်ချို့ကြေးစားစစ်သည်များသည် အော်ဟစ်လိုက်မိကြသည်။

“မင်း...မင်း....” ကောင်းမွန်စွာ၀တ်ဆင်ထားသည့်လူငယ်ကို ဆိုင်အတွင်းသို့ခေါ်လာခဲ့သည့်ခေါင်းဆောင်စစ်သည်မှာ သူမှားသွားပြီဖြစ်ကြောင်းကို သိရှိလိုက်သည်။ သူ၏ခြေထောက်များတုန်ခါလာပြီး အော်ဟစ်ကာထွက်ပြေးသွားတော့၏။ သူသည်ဤလူသည်သခင်လေးလူလွန်ကိုပါရိုက်နှက်သည်ကိုမြင်လိုက်ရသဖြင့် သူ့ကိုပါရိုက်နှက်တော့မည်ဖြစ်ကြောင်းကို သိလိုက်သောကြောင့်ပင်။

“မင်းလည်းကောင်းတဲ့လူတစ်ယောက်မဟုတ်လောက်ဘူး....အခုမှတော့ထွက်ပြေးဖို့နောက်ကျသွားပြီ....”

ဖှေးလက်ဖြင့်လှမ်းဆွဲလိုက်သည်။ ထွက်ပြေးနေသည့်ခေါင်းဆောင်စစ်သည်မှာ ဖှေးထံသို့ပြန်လွင့်လာကာ ဖှေးသူ၏ခေါင်းကို ပစ်ရိုက်လိုက်သည်။ သူ၏အဆုံးသက်သည်လည်း မုတ်ဆိတ်နှင့်လူယုံစစ်သည်ကဲ့သို့ပင်။

ဖှေးလုံး၀ပင်ညှာတာခြင်းမရှိပေ။

ဆိုင်အတွင်းတွင်ရှိနေသည့်လူများမှာ ပါးစပ်အဟောင်းသားဖြစ်နေကြသည်။ “ဒီလူငယ်ကသေမင်းလိုပဲ...အသက်တွေကို လုံး၀အတွန့်ဆုတ်မရှိပဲတစ်ချောင်းပြီးတစ်ချောင်းချွေယူနေတာပဲ...သူကဘယ်ကလာတာလဲ..ရေပူစမ်းမြို့ကစစ်သည်တွေကိုလည်း လုံး၀ကြောက်တဲ့ပုံမပေါ်ဘူး....” သူတို့တွေးလိုက်မိကြသည်။

တစ်ဖက်တွင်ဖှေးသည် ပြုံးလိုက်ပြီးစိတ်ကျေနပ်စွာဖြင့်ခေါင်းငြိမ့်လိုက်သည်။

လွန်ခဲ့သည့်ရက်များတွင်သူသည်လူရိုင်းဇာတ်ကောင်၏ခွန်အားများကို မည်သည့်နည်းဖြင်ပိုကောင်းမွန်စွာအသုံးပြုရမည်ကိုလေ့လာစမ်းသပ်ကြည့်နေမိခဲ့သည်။ သူသည်ခွန်အားမျးကို ပို၍အဆင့်မြင့်မြင့်အသုံးပြုပုံများနှင့် တစ်နေ့ထက်တစ်နေ့ပို၍အကျွမ်း၀င်လာနေပြီဖြစ်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က သူတိုက်ခိုက်ခဲ့ပါက ဖှေးဤလူနှစ်ယောက်ကိုတစ်စစီဖြစ်သွားအောင်သာတိုက်ခိုက်နိုင်လောက်မည်ဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံးကို မြေထဲသို့စိုက်၀င်သွားစေရန်အတွက်ပြုလုပ်နိုင်လိမ့်မည်မဟုတ်ပေ။

“သွားရအောင်...” ဖှေးအန်ဂျယ်လာအား ပြုံးပြလိုက်ရင်းဖြင့် ရွှေဒင်္ဂါးသုံးပြားကို စားပွဲခုံပေါ်သို့ပစ်တင်လိုက်သည်။ ဤသည်မှာဆိုင်အတွင်းတွင် ဖြစ်ပွားခဲ့သည့် ပျက်ဆီးမှုများအတွက် ရော်ကြေးငွေပင်။ ဖှေးအန်ဂျယ်လာနှင့် အန်မာတို့နှင့်အတူလမ်းလျှောက်ကာထွက်သွား၏။ သို့သော်လမ်းတစ်၀က်တွင်ရပ်တံ့လိုက်ပြီး ပြောလိုက်သည်။ “အော် တစ်ခုရှိသေးတယ်။ တကယ်လို့တစ်ယောက်ယောက်က ဒီကိစ္စနဲ့ပတ်သက်ပြီးမကျေနပ်ဖူးဆိုရင် မြို့အပြင်မှာရှိတဲ့ ချမ်းဘော့ဒ်တပ်ဖွဲ့စခန်းချနေတဲ့နေရာကိုလာခဲ့လို့ပြောလိုက်။....”

သူထိုကဲ့သို့ပြောပြီးသည့်အချိန်တွင် ဆိုင်အတွင်းမှထွက်သွားကာ မြို့တော်၏နေသာသည့်လမ်းများပေါ်တွင်ပျောက်ကွယ်သွားတော့၏။

All Chapters