အခန်း (၂၇၇)
Vol. 19 Ch. 277
ဆိုင်အတွင်းတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင်တိတ်ဆိတ်နေ၏။
ခနတာကြာသည့်အချိန်တွင် တစ်စုံတစ်ယောက်သည်တုန်ယဥ်သည့်အသံဖြင့်အော်ဟစ်လိုက်သည်။ “သူ...အဲ့လူက ဘာပြောလိုက်တာ...ချမ်းဘော့ဒ်တပ်ဖွဲ့ဟုတ်လား...မြို့ပြင်မှာ...ချမ်းဘော့ဒ်...ချမ်း...”
“မဟုတ်မှလွဲရောသူက အလတ်ဇန္ဒားများလား ချမ်းဘော့ဒ်ဘုရင်..” တစ်စုံတစ်ယောက်မှာ ပြောလိုက်သည်။
“အဲ့ကောင်လေးက ရွှေရောင်နေမင်းသူရဲကောင်းကိုအနိုင်ယူခဲ့တဲ့ ဘုရင်အလတ်ဇန္ဒားလား....”
“တော်တော်ငယ်သေးတာပဲ....”
ဤအချိန်တွင် ဆိုင်အတွင်းတွင်ရှိနေသည်လူများ တုန့်ပြန်လိုက်ကြပြီးလေထုသည်အုံကြွလာတော့သည်။
ကြေးစားစစ်သည်များအားလုံးသည် ထိုင်ခုံများမှထထိုင်ပြီးအနောက်မှပြေးလိုက်ကြည့်ကြတော့သည်။ သူတို့သည်ဤကဲ့သို့ လျို့၀ှက်ထူးဆန်းသည့်လူကို ကိုယ်တိုင်ကိုယ်ကျမြင်တွေ့နေရသည်ကို ယုံကြည်နိုင်ခြင်းမရှိကြချေ။ ဤလူနှင့်အတူသောက်နေခဲ့သည်ကိုပြန်လည်ကာစဥ်းစားကြည့်ပါက သူတို့အားလုံးအိမ်မက်မက်နေသကဲ့သို့ပင်။
ဖှေးဆိုင်အတွင်းတွင်ရှိသည့် ကြေးစားစစ်သည်များ၏ ဆူညံသည့်တုန့်ပြန်မှုများကို သိရှိခြင်းမရှိတော့ပေ။ ဆိုင်အတွင်းမှထွက်ပြီးသည့်နောက်တွင် သူတို့သုံးယောက်သည်အချိန်စောသေးသဖြင့် လမ်းများပေါ်တွင်လှည့်ပတ်ကာကြည့်ရှုနေသည်။ အန်ဂျယ်လာနှင့်အန်မာတို့နှစ်ယောက်လုံးလဲသူမတို့သွားလိုသည့်နေရာများရှိနေကြသေးသည်။ နေ့လည်ခင်းဖြစ်သဖြင့် လမ်းများပေါ်တွင်ဤအချိန်တွင် လူသိပ်ပြီးရှုပ်လေ့မရှိပေ။ ဆောင်ဦးနေရောင်ခြည်မှာသိပ်ပြီး မပူပြင်းလှချေ၊၊ တကယ်တန်းဆိုရပါက အေးစက်စက်ဖြင့်နေလို့ကောင်းသည့်အနေထားပင်။ သူတို့ဆိုင်ပေါင်းများစွာအတွင်းသို့၀င်ကြပြီး အံ့သြဖွယ်မြင်ကွင်းများစွာကိုလည်းလှည့်ပတ်ကြည့်ရှုကြသည်။ မကြာမှီတွင် သူတို့အားလုံးဘုံဆိုင်အတွင်းတွင်ဖြစ်ခဲ့သည့်အရာများကို မေ့မေ့ပျောက်ပျောက်ဖြစ်လာကြပြီး ပျော်ရွှင်လာကြတော့၏။
ရေပူစမ်းမြို့မှာ ဇီးနစ်အင်ပါယာ၏ မြောက်ပိုင်းစီးပွားရေးမြို့တော်ဖြစ်သဖြင့် မြို့တော်အတွင်းတွင်ရှိသင့်သည့် လုပ်ဆောင်မှုပေးနိုင်သည့်နေရာများလည်းအစုံလင်ရှိ၏။ ဖှေးသူစိတ်၀င်စားသည့်နေရာတစ်ချို့ကိုရွေးချယ်လိုက်ပြီး သူတို့သုံးယောက်သားထိုနေရာများသို့စတင်ကာ ဦးတည်ကြတော့သည်။ သူတို့သုံးယောက်ပထမဆုံးသွားသည့်နေရာမှာ အလယ်လတ်အဆင့်လေလံပွဲတစ်ခုထံသို့ပင်။ ဖှေးလေလံပွဲကိုအာရုံစိုက်ပြီးလိုက်ပါကြည့်ရှုနေခဲ့သော်လည်း သူစိတ်၀င်စားသည့်ပစ္စည်းများပါရှိခြင်းမရှိပေ။ ထိုနေရာတွင်အချိန်အနည်းငယ်ခန့်နေပြီးနောက်တွင် သူတို့၃ယောက်သားထွက်ခဲ့ကြတော့သည်။
လေလံပွဲမှထွက်လာပြီးသည့်နောက်တွင် ဖှေးရေပူစမ်းမြို့တွင်ရှိသည့်အကြီးဆုံး ငွေပြတင်းပေါက်၏တည်နေရာကိုမေးမြန်းလိုက်၏။
ငွေပြတင်းပေါက်များသည့် မြေကမ္ဘာပေါ်တွင်ရှိသည့်ဘဏ်များကဲ့သို့ပင်။ သူတို့အား တော်၀င်မိသားစုများသို့မဟုတ်ကြီးမားသည့်ဆွေကြီးမျိုးကြီးမိသားစုများမှတည်ထောင်ထားခြင်းပင်။ ဤအဆောက်ဦးများသည်အင်ပါယာမှထုတ်လုပ်သည့်ရွှေဒင်္ဂါးများငွေကြေးများစီးဆင်းမှုအတွက်တာ၀န်ရှိပြီး မှော်သလင်းကျောက်များနှင့် ရှားပါးပစ္စည်းများလဲလှည်ခြင်းတို့ကိုလည်းအဓိကထားဆောင်ရွက်ပေးကြသည်။ အေဇာရုတိုက်တွင် စီးပွားရေးအတွက်အဓိကအချက်ချာကျသည့်နေရာများပင်။ ဤငွေပြတင်းပေါက်များ၏ ဆက်နွယ်ချက်မှာအလွန်ကြီးမားလှသဖြင့် ငွေကြေးနှင့်ရာထူးဂုဏ်ရှိန်လုံလုံလောက်လောက်ရှိပါက ချက်ချင်းပင် VIPအဖွဲ့၀င်တစ်ဦးဖြစ်လာနိုင်၏။ မှော်သလင်းကဒ်ပြားသည်အင်ပါယာအတွင်းတွင်ရှိသည့် မည်သည်ငွေပြတင်းပေါက်တွင်မဆို အပ်နှံထားသည့်ငွေကြေးများထုတ်ယူနိုင်ရန်အတွက်အာမခံချက်ပေးလိမ့်မည်ဖြစ်သည်။ ထို့ကြောင့်ခရီးသွားရာတွင် ငွေကြေးအမြောက်အများသယ်ဆောင်သွားရန်အတွက် လိုအပ်တော့မည်မဟုတ်ပေ။
သို့သော် ဖှေးအတွက်မှာမူ ငွေပြတင်းပေါက်များမှရရှိသည့်အကျိုးကျေးဇူးများသည် သူ့ထံတွင်ဒိုင်ယာဘလိုကမ္ဘာမှကြီးမားသည့် ထားသိုရာအကန့်ရှိနေသောကြောင့်သိပ်ပြီးလိုအပ်လှမည်မဟုတ်ပေ။ သို့သော် အင်ပါယာအတွင်းတွင်ရှိသည့်အကြီးဆုံးငွေပြတင်းတစ်ခုထံမှ VIPအဖွဲ့၀င်ကဒ်ပိုင်ဆိုင်ထားခြင်းသည် ကြွား၀ါနိုင်သည့်ဂုဏ်တစ်ခုပင်။ ထို့ကြောင့် ဖှေးအရည်သွေးမြင့် မီးဂုဏ်သတ္တိရှိမှော်သလင်းကျောင်ဆယ်လုံးကိုထုတ်ယူလိုက်ပြီး ဘဏ်ထဲတွင်အပ်နှံရန်အတွက် ရွှေဒင်္ဂါး၁၀၀၀၀၀ဖြင့်လဲလှယ်လိုက်သည်။ သူချက်ချင်းပင် ခရမ်းရောင်မှော်သလင်းကဒ်ပြားတစ်ခုကို ရရှိလိုက်၏။ ဤသည်မှာ ကြည့်ရသည်မှာ အလွန်လှပလှပြီး ကြွား၀ါရန်အတွက် အလွန်အသုံးတည့်မည့်ပစ္စည်းတစ်ခုပင်။ ဤကဒ်ပြားသည်အဆင့်မြင့်ပါတီပွဲများသွားတက်သည့်အချိန်တွင် လူရှိန်အောင်ပြုလုပ်ရန်အတွက် အသုံး၀င်လာနိုင်သည်ဟု ဖှေးတွေးလိုက်မိသည်။
ငွေပြတင်းပေါက်မှထွက်လာပြီးသည့်နောက်တွင် ဖှေးရုတ်တရက်အလွန်ချမ်းသာလာသကဲ့သို့ခံစားလိုက်ရသည်။ ခရမ်းရောင်မှော်သလင်းကဒ်ပြားကို အိပ်ကပ်ထဲသို့ထည့်ထားရသည့်အရသာသည် စွဲမက်ဖွယ်ပင်။ ဖှေးသည်သဘောကျစွာဖြင့်ရယ်မောနေရင်းဖြင့် အန်ဂျယ်လာကိုသူ၏ဘယ်ဘက်၊ အန်မာကို သူ၏ညာဘက်လက်ဖြင့်ပွေ့ဖက်ထားတတ်သည့်ကြောင်တောင်တောင်အကျင့်တစ်ခုလည်းရှိ၏။
ထို့နောက်တွင် သူတို့သုံးယောက်သားကျန်ရှိနေသည့််နေရာများသို့လဲဆက်လက်ပြီးလည်ပတ်ကြသည်။ မှော်အစည်းရုံး၊ ကြေးစားစစ်သည်နန်းတော်၊ မှော်မျှော်စဥ်၊ ခံတပ်နံရံ၊ ပန်းပဲဆိုင်၊ အပ်ချုပ်ဆိုင် ဆိုရိုကုန်သွယ်ရေးအဖွဲ့၏ ရေပူစမ်းမြို့ဌာနခွဲ, ဘုရားကျောင်း၊ ကျေးကျွန်စျေးကွက်နှင့် ကောလဟာလများထဲမှ အမှောင်စျေးတို့ပင်။ ဖှေးဤခရီးစဥ်တစ်လျှောက်တွင် သူရှာဖွေနေသည့်အချက်လက်တော်တော်များများကိုလည်းသိရှိလိုက်ရသည်။ ဤကမ္ဘာအပေါ်တွင် သူ၏နားလည်ကျွမ်း၀င်မှုများမှာလည်း မြန်နှုန်းမြင့်စွာဖြင့် မြင့်တတ်လာနေပြီဖြစ်သည်။ နောက်ဆုံးတွင် သူတို့သုံးယောက်လေမြန်တပ်စခန်းရှိရာနေရာသို့ရောက်ရှိလာခဲ့ကြ၏။ ရေပူစမ်းမြို့၏ ကာကွယ်ရေးတပ်ဖွဲ့တည်နေရာဖြစ်သဖြင့် တင်းကြပ်စွာအစောင့်များချထားပြီး အပြင်လူမ၀င်နိုင်အောင်ကန့်သက်တားမြစ်ထား၏။ ဘုရင်သည် စခန်းအတွင်းသို့ခိုး၀င်ကာ သူ၏ဥပဒေပြုအရာရှိတပ်ဖွဲ့နှင့် အင်ပါယာအတွင်းတွင် ထိပ်တန်းတပ်ဖွဲ့ဆယ်ဖွဲ့ထဲမှတစ်ခုဖြစ်သည့် လေမြန်တပ်ဖွဲ့တို့အကြားတွင် ကွာခြားချက်များကို လေ့လာကြည့်ရှုခဲ့သည်။
နေ့လည်၃နာရီခန့်သို့ရောက်သည့်အချိန်တွင် အန်ဂျယ်လာနှင့်အန်မာတို့မှာ အလွန်မောပန်းနွမ်းနှယ်နေကြပြီဖြစ်သည်။ သူမတို့၏ ခြေထောက်များသည်အလွန်ညောင်းနေကြသော်လည်း သူမတို့သည်ဆက်လက်သွားကာ ရှုခင်းများကို ကြည့်ရှုလိုနေသေးကြ၏။ အမျိုးသမီးများသည် သူတို့အလိုရှိသည့်အရာများနှင့်ပတ်သက်ပါက အင်မတန်ဇွဲကောင်းတတ်ကြသည်မှာ သဘာ၀ပင်။ ကောင်မလေးနှစ်ယောက်အတွက် ဖှေးသက်တောင့်သက်သာရှိသည့်မြင်းရထားတစ်ခုကို ၀ယ်ယူလိုက်သည်။ ဖှေးကိုယ်တိုင်မှာယူ လှည်းမောင်းသမားအဖြစ်ဆောင်ရွက်နေ၏။
မိန်းမလှကလေးများနှင့် ကားအတူစီးရသည့်အရသာကိုအရင်ဘ၀တွင် ကြုံတွေ့ခဲ့ဖူးခြင်းမရှိသည့်ဖှေးသည် ယခုအချိန်တွင်နားလည်ကာသဘောပေါက်လာပြီဖြစ်သည်။ ချမ်းဘော့ဒ်ဘုရင်မှာ ယခုအချိန်တွင် ရွှေရောင်နေမင်းသူရဲကောင်းကို အနိုင်ယူခဲ့သည့်လျို့၀ှက်ထူးဆန်းသည်သိုင်းဆရာတစ်ယောက်မဟုတ်တော့ပေ။ ကြွား၀ါရသည်ကို နှစ်သက်သည့် သာမန်လူငယ်တစ်ယောက်ကဲ့သို့သာဖြစ်နေ၏။ သူနှင့် ရထားတို့ကိုကြည့်ပြီး လမ်းသွားလမ်းလာများအားကျနေကြသည်ကို ဖှေးခံစာနေရသည်။ သူပြတင်းပေါက်များကိုလှပ်ကာ အထဲတွင်ရှိသည့်မိန်းမလှလေးနှစ်ယောက်ကိုပါ ထက်မံကြွား၀ါရန်အတွက်ပြင်လိုက်သည်။
သို့သော် ဤကဲ့သို့ဂုဏ်ယူအနေရဆုံးအချိန်တွင် ဘုရင်၏မျက်နှာသည်လည်းရုတ်တရက်အရောင်ပြောင်းလဲသွားတော့၏။