အခန်း (၂၇၈)
Vol. 19 Ch. 278
“အမ် ငါဘယ်ရောက်လာတာလဲ...”
ဖှေးမြင်းကို ခနတာခန့်လွှတ်ထားပေးပြီးသည့်နောက်တွင် သူဘယ်ရောက်လို့ရောက်နေ
မှန်းမသိဖြစ်နေသည်ကို သတိထားလိုက်မိ၏။ လမ်းပေါ်တွင် မည်သူမှမရှိချေ။ သူ၏
ကျွမ်းကျင်သည့်လမ်းပျောက်အစွမ်းမှာစတင်၍ အသက်၀င်လာတော့၏။ သူလုံး၀ပ
င်တောင်မြောက်မခွဲခြားတတ်တော့ပေ။ သူ၏မြင်းလှည်းမှာ တစ်ဖြည်းဖြည်းပို၍ကျ
ဥ်းမြောင်းလာနေသည့် လမ်းမပေါ်တွင် လှည့်လည်၍သွားလာနေတော့သည်။ သို့သော်
ဖှေးထွက်လမ်းကို ရှာမတွေ့ပဲဖြစ်နေသည်။ သူမည်သည့်နေရာမှလာခဲ့သည်ဆိုသည်ကိုပင်
မမှတ်မိတော့ချေ။
ဆယ်မိနှစ်ခန့်ကြာသည့်အချိန်တွင် မြင်းလှည်းသည် တိတ်ဆိတ်ပြီးညစ်ပတ်နေသည့်
နေရာတစ်ခုသို့ရောက်ရှိလာခဲ့၏။ ၀င်္ကဘာနှင့်တူသည့်နေရာတွင် လေထုထဲတွင်အပုတ်
နံ့များဖြင့်ပြည့်နေ၏။ ဤသည်မှာ မြို့အတွင်းရှိလှပခမ်းနားနေသည့်တစ်ခြားနေရာများနှင့်
နှိုင်းယှဥ်ကြည့်ပါက တစ်ခြားလောကတစ်ခုကဲ့သို့ပင်။
လမ်းပေါ်တွင်သွားလာနေကြသည့်လူများတစ်ယောက်မှမရှိပဲ ဆိုင်များလည်းမရှိချေ။ သ
စ်သားများမြက်ခြောက်များဖြင့် ပြုလုပ်ထားသည့်အိမ်အနည်းငယ်ခန့်သာရှိနေသည်။
ဖှေးမြင်ရသည့်လူများမှာ ညစ်ပတ်ပိန်ခြောက်နေကြပြီး အ၀တ်စုတ်ပြဲများကို၀တ်ဆ
င်ထား၏။ အမဲရောင်ရေဆိုးများသည် လမ်းမပေါ်တွင်ဖုံးလွှမ်းနေပြီး လမ်းဘေးတွင်အ
မှိုက်သရိုက်များဖြင့် ပြည့်နှက်နေ၏။ ဖှေးထိုအမှိုက်သရိုက်များကြားထဲတွင် လူအ
လောင်းတစ်ချို့ကိုပါတွေ့နေရသည်။ ခွေးလေခွေးလွှင့်များနှင့် ကြောင်များသည်အမှိုက်
ပုံများကို မွှေနှောက်ကာစားသောက်ဖွယ်ရာများကို ရှာဖွေနေကြသည်။ သူတို့၏ညစ်ပ
တ်နေသည့်အမွှေးများနှင့် ပိန်ကပ်နေသည့်ခန္ဓာကိုယ်များအရသူတို့၏ ဘ၀များသည်လည်း
ဆိုး၀ါးလျှက်ရှိနေကြောင်းကိုဖှေးပြောနိုင်၏။
“ဒီနေရာက ရေပူစမ်းမြို့ရဲ့အမှောင်နေရာပဲဖြစ်လိမ့်မယ်...”ဖှေးတွေးလိုက်သည်။
ဖှေးအရာအားလုံးကိုမြင်တွေ့ပြီးသည့်အချိန်တွင် ထွက်ခွာရန်အတွက်ကြိုးစားခြင်းမ
ပြုသေးပေ။ သူသည် အိုင်ဗွီလိဂ်ဘုံဆိုင်အတွင်းတွင်တွေ့ခဲ့ရသည့် အသားမဲမဲနှင့်ကော
င်လေးထံမှရသကဲ့သို့ ရင်းနှီးသည့်မှောင်မိုက်သည့်ခံစားချက်ကို ရရှိနေသဖြင့် သူထိုခံ
စားချက်ထွက်ပေါ်လာရာနေရာသို့ဦးတည်ကာသွားနေသည်။
လမ်းတစ်လျှောက်တွင် ဖှေး လမ်းဘေးတွင် လမ်းလျောက်နေကြသည့်ပိန်ခြောက်
ခြောက်မှိုင်တိုင်တိုင်အမူယာနှင့်အမျိုးသမီးတစ်ချို့ကိုလည်းတွေ့မြင်နေရသည်။
ဆောင်းဦးနှောင်းပိုင်းဖြစ်သဖြင့်ရာသီဥတုမှာ အေးစက်လာပြီဖြစ်သော်လည်း သူမတို့
သည်အ၀တ်စားအနည်းငယ်ကိုသာ ၀တ်ဆင်ထားကြသည်။ သူမတို့၏ ပိန်ကပ်နေသ
ည်ခန္ဓာကိုယ်နေရာတော်တော်များများကိုဖုံးလွှမ်းထားခြင်းမရှိကြချေ။ လူများဖြတ်သ
န်းသွားသည်ကိုတွေ့သောအခါတွင် သူမတို့သည့်မျက်လုံးများတောက်ပသွားကြပြီးလ
က်များကို၀ှေ့ရမ်းပြနေကြသည်။ သူမတို့သည့်ပြည့်တန်ဆာများဖြစ်ကြသည်။
ဤပြည့်တန်ဆာများနှင့်အပေးယူမှာ ရိုးရှင်းလှသည်။ တစ်ချို့ရက်စက်ကြမ်းတမ်းသ
ည့်ကြေးစားစစ်သည်များသည် မိန်းမများထဲမှသိပ်ပြီးမပိန်သည့်လူကိုရွေးချယ်ပြီး တစ်
ခြားမိန်းမများကို တွန်းဖယ်ကာထိုနေရာ၌ပင်ဘောင်းဘီများချွတ်ပြီးစတင်လှုပ်ရှားကြသ
ည်ကို တွေ့နေရသည်။ ဤမိန်းမများအတွက် အခအဖိုးမှာ ပါမုန့်အမဲအပိုင်းစတစ်ခု
သာဖြစ်သည်။ မိန်းမတစ်ယောက်မှာ အလွန်ဆာလောင်နေပုံရသည် ကြေးစားစစ်သ
ည်တစ်ယောက်သူမအပေါ်တွင်ရှိနေဆဲဖြစ်သော်လည်း ပါမုန့်ကိုသူမ၏ ပါးစပ်အတွင်းသို့
ပစ်ထည့်လိုက်၏။
ဖှေးသက်ပြင်းချလိုက်သည်။ သူသည်လူတစ်ဦးတစ်ယောက်အနေဖြင့်ဤအခြေအနေကို
များစွာကူညီနိုင်မည်မဟုတ်သောကြောင့်ပင်။
အသေအခြာပင် ဤနေရာသည်ရာဇ၀တ်မှုများနှင့် လည်းစိမ်းကားသည့်နေရာတစ်ခုမ
ဟုတ်ချေ။ မိနစ်အနည်းငယ်ခန့်ရှေ့သို့ဆက်လာပြီးသည့်နောက်တွင် လမ်းဘေးမှ
အော်ဟစ်သံများနှင့် အသနားခံသည့်အသံများကို ကြားလိုက်ရသည်။ ဆံပင်ဖြူများန
င့်အဖိုးကြီးတစ်ယောက်သည် ၁၅နှစ်အရွယ်ခန့်လူငယ်နှစ်ယောက်၏ ခေါင်းဖြတ်သတ်
ဖြတ်ခြင်းကို ခံလိုက်ရသည်။ အဖိုးကြီးလဲကျသွားချိန်တွင် အင်္ကျီတစ်ပိုင်းသာ၀တ်ဆ
င်ထားသည့် ကောင်လေးနှစ်ယောက်သည် အဖိုးကြီးလက်ထဲမှ မုန်လာဥတစ်လုံး
ကိုကောက်ယူလိုက်ပြီး တိရိစ္ဆာန်များကဲ့သို့ ကိုက်စားနေကြတော့၏။
ဆယ်မိနစ်ခန့်ကြာပြီးသည့်နောက်တွင် အသားမဲမဲကောင်လေးထံမှရရှိသည့်ခံစားချက်မှာ
ပိုပြီးပြင်းထန်သည်ထက်ပြင်းထန်လာတော့သည်။ လမ်းကွေ့တစ်ခုအားဖြတ်သန်းပြီးသ
ည့်နောက်တွင် ပို၍သန့်ရှင်းသည့်နေရာတစ်ခုသည်ဖှေး၏ မျက်စိအရှေ့တွင်ပေါ်လာ
တော့သည်။ ဤနေရာအား သစ်သားများဖြင့်ကာရံထားသည်။ သစ်ထားဖြင့်ပြုလုပ်
ထားသည့်ခြံစည်းရိုးများစွာကိုအနောက်ဘက်အပိုင်းတွင် ကာရံထားသည်။ သန့်ရှင်းသ
ည့်နေရာ၏ အလည်ခေါင်တွင်ဖှေး အိုင်ဗီလိဂ်ဘုံဆိုင်ထဲတွင် တွေ့ခဲ့သည့်အဖိုးကြီး
ယော့ခ်နှင့် ကောင်လေးဖီးလစ်တို့ကို တွေ့လိုက်ရတော့သည်။ သူတို့နှစ်ယောက်သည်
အသက်၁၂နှစ်ခန့်ရှိသည့် ကောင်လေးများကိုဦးဆောင်ကာ ကိုယ်ခံပညာများသင်ပေး
နေကြပုံရသည်။
“ခန္ဓာကိုယ်ကို မက်မက်ထား မြဲမြဲရပ် ဗိုက်ကိုချိုင့်ထား...အေးဟုတ်တယ်...
.”
အဖိုးကြီးယော့ခ်သည့် ဖှေးကိုကြောခိုင်းပြီး ကလေးများ၏အရှေ့တွင် ရပ်နေ၏။ သူ
သည်ကလေးများကို အခြေခံလက်သီးထိုးနည်းကို သင်ပေးနေခြင်းပင်။ သူသည်တစ်စုံ
တစ်ခုကြောင့် စိတ်ရှုပ်နေသည့်ဟန်ဖြင့်မျက်မှောင်ကြုံ့နေသည်။ သို့သော် သူသည်
ကလေးများထံမှ လေးစားအားကျပြီးကျေးဇူးတင်သည့်အကြည့်များကို သတိထားမိသ
ည့်အချိန်တွင် သူပြန်လည်ကာပြုံးလိုက်ပြီး ကလေးများကို ဆက်လက်ကာနည်းပြနေ
သည်။
အသားမဲမဲနှင့်ကောင်လေးဖီးလစ်သည်လည်း ကလေးများကြားတွင် စိတ်အားထက်သ
န်စွာလေ့ကျင်လျှက်ရှိသည်။
ဖှေးခံစားနေရသည့်ရင်းနှီးပြီးအေးစက်စက်ခံစားချက်သည့် သူ့အထံမှထွက်ပေါ်လာနေခြ
င်းဖြစ်သည်။ ဖှေးရှင်းလင်းစွာခံစားလိုက်ရပြီး ဤအသားမဲမဲနှင့်ကောင်လေးထံတွင် တ
စ်ခြားလူများမသိရှိသည့်လျို့၀ှက်ချက်များရှိနေနိုင်သည်ကို သူသိလိုက်သည်။
မြင်းခွာသံများထွက်ပေါ်လာသဖြင့် ကလေးများလေ့ကျင့်နေခြင်းကိုရပ်တန့်လိုက်၏။
သူတို့သည့်ခမ်းနားလှပသည့်မြင်းလှည်းကိုမြင်လိုက်ရသဖြင့် မျက်တောင်များခတ်ကာ
ငေးကြည့်နေကြသည်။ သူတို့၏မျက်နှာပေါ်တွင် အားကျခြင်း၊ အံ့သြခြင်းနှင့် ကြော
က်လန့်ခြင်းစသည့်ခံစားချက်များထင်ဟပ်နေသည်။ ကလေးတစ်ယောက်သည် ယော့ခ်၏
အင်္ကျီစကိုဆွဲကာအသိပေးလိုက်သည်။
“အန်ဒရူးမင်းမလေ့ကျင့်ပဲဘာလုပ်နေတာလဲ...ဟမ်...”
ယော့ခ်တစ်ဖက်သို့လှည့်လာသည့်အချိန်တွင် ရထားလုံးကိုမြင်လိုက်ရသဖြင့် အံ့သြ
သွားသည်။ ဤနေရာတွင် ဤကဲ့သို့ခမ်းနားလှပသည့် မြင်းရထားများဖြတ်သန်းသွား
လာလေ့မရှိသောကြောင့်ပင်။ သို့သော် သူမြင်းလှည်းမောင်းသည့်နေရာတွင် ထိုင်နေ
သည့်လူကိုမြင်လိုက်ရသည့်အချိန်တွင် ထိတ်လန့်အံ့သြသွားတော့၏။ သူပါးစပ်အဟော
င်းသားဖြစ်သွားပြီးမျက်လုံးများကို ပွတ်သပ်လိုက်သည်၊၊ သူဘာလုပ်ရမည်မသိပဲဖြစ်
သွား၏။
“ဟေး ဦးလေးယော့ခ် ကျွန်တော့ကို မမှတ်မိတော့ဘူးလား...” ဖှေးပြုံးကာ မြ
င်းလှည်းပေါ်မှခုန်ဆင်းလိုက်၏။
သူ၏အနောက်တွင် မြင်းလှည်းတံခါးပွင့်လာပြီး အန်ဂျယ်လာနှင့်အန်မာတို့သည်ခေါင်း
ပြူထွက်လာကြ၏။ အန်မာ ယော့ခ်ကိုမြင်လိုက်ရသည့်အချိန်တွင် သူမဒေါသဖြစ်နေ
ဆဲပင်။ ဤလူသည် သူမတို့ကို ဘုံဆိုင်ထဲတွင် သတ္တိကြောင်ပြီးထားခဲ့သည်ကို အ
ခဲကျေပုံမရသေးချေ။ ယော့ခ်နှင့် အသားမဲမဲကောင်လေးတို့ဤမနက်တွင် ပြုလုပ်ခဲ့သ
ည်ကို အန်မာအလိုမကျသည်မှာထင်ရှားလှသည်။
“မှတ်မိပါတယ်...ကျွန်တော်မှတ်မိတယ်....အရှင်ကဘုရင်အလတ်ဇန္ဒား...”
ယောာ့ခ်သည်ရှက်ရွံ့သည့်အမူယာဖြင့်ပြောလိုက်၏။ သူခနတာခန့် ဘာလုပ်ရမလဲမသိ
ပဲဖြစ်နေသည်။ ထို့နောက်တွင် သူသည်ဖှေးအရှေ့သို့လမ်းလျှောက်သွားလိုက်ပြီး ဒူး
ထောက်ချလိုက်သည်။ ဤအပြုမူတစ်ခုတည်းကပင် ဖှေးနှင့် ကောင်မလေးနှစ်ယော
က်တို့ကို ထိတ်လန့်သွားစေ၏။
“ယော့ခ် ခင်ဗျားဘာလုပ်နေတာလဲ...” ဖှေးအရှေ့သို့ အမြန်သွားလိုက်ပြီး ယော့
ခ်ကိုမြေကြးပေါ်မှ ဆွဲထူလိုက်သည်။ သူအပြုံးတစ်ခုဖြင့်မေးလိုက်၏။ “ယော့ခ် ခ
င်ဗျားသိတာလား...ဘယ်လိုသိတာလဲ....”
“အရှင်မင်းကြီး ကျွန်တော်....” ရှက်ရွံ့သည့်အမူရာဖြင့် ယော့ခ်သည်ဖြစ်ပျက်
ခဲ့သည်များကို ဖှေးကို ပြောပြလိုက်သည်။
ဘုံဆိုင်အတွင်းသို့ရောက်လာခဲ့သည့်လူငယ်မှာ ရေပူစမ်းမြိုတွင် နာမည်ကြီးသည့်လမ်း
သရဲတစ်ဦးပင်။ သူ၏ အဖေသည်တိုလီသည် လေမြန်တပ်ဖွဲ့၏ အမိန့်ပေးခေါင်းဆော
င်ဖြစ်ပြီး သူ၏ အကို ဒိုင်လီမှာ လေမြန်တပ်ဖွဲ့အတွင်းမှစစ်သည်တစ်ယောက်ဖြစ်ပြီး
မျိုးဆက်သစ်စစ်သည်များထဲတွင် အကောင်းဆုံးစစ်သည်များထဲမှ တစ်ယောက်လဲဖြစ်
သည်။ ဤအဖေနှင့်အကိုဖြစ်သူအား သူ့အားအမြဲကာကွယ်စောင့်ရှောက်နေခဲ့သဖြင့်
လူလန်မှာ ပျက်စီးနေခြင်းဖြစ်သည်။ သူလုပ်ချင်သည့်အရာမှန်သမျှကိုလုပ်နိုင်ပြီး ရေပူ
စမ်းမြို့တော်ထဲတွင် သူ့အားမည်သူမှ ပြန်ပြောရဲမည်မဟုတ်ပေ။ လူပေါင်းများစွာသည်
သူ၏လက်ထဲတွင် သေကြေခဲ့ပြီးဖြစ်ပြီး ရေပူစမ်းမြို့တွင်ရှိသည့်လူတိုင်းသည် သူ့
အားရှောင်ဖယ်ကြမည်ဖြစ်သည်။