← Chapters

အခန်း (၂၇၉)

Vol. 19 Ch. 279

အခန်း (၂၇၉)

Vol. 19 Ch. 279

ယနေ့တွင် ဘုံဆိုင်တွင်ရှိနေသည့်လူများသည် ထိုမကောင်းဆိုး၀ါးသည် နတ်သမီးကဲ့သို့သော ကောင်မလေးကို လိုချင်နေသည်ကို မြင်လိုက်ရသည်။ သူတို့အားလုံးသက်ပြင်းချပြီး ဤကဲ့သို့ဖြစ်မည်ကိုအလိုမရှိသော်လည်း သူ့အားကြောက်လန့်ကြသဖြင့်မည်သမျှမတားဆီးရဲခဲ့ကြချေ။ အန်ဂျယ်လာလေးစားသည့် ယော့ခ်နှင့်ဖီးလစ်တို့ပင် နေခဲ့ကာ ကူညီမပေးရဲခဲ့ကြချေ။

သူတို့နှစ်ယောက်ထွက်သွားပြီးသည့်နောက်တွင် သူတို့သည်စိုးရိမ်ကာ ဖှေးနှင့်ကောင်မလေးတို့အဆင်ပြေရဲလား ကြည့်ရန်အတွက် ဘုံဆိုင်အတွင်းသို့ပြန်လာခဲ့ကြသည်။ သူတို့ဆိုင်အတွင်းသို့ ပြန်၀င်လာသည့်အချိန်တွင် သူတို့ထိတ်လန့်အံ့သြဖွယ်သတင်းများကို ကြားလိုက်ကြရသည်။ မာနထောင်လွှားနေသည့် သခင်လေးလူလန်မှာ ရိုက်နှက်ခံခဲ့ရသည်။ သူ၏လူယုံနှစ်ယောက်မှာ မြေပြင်အတွင်းသို့စိုက်သွင်းခြင်းခံထားရပြီး မုန်လာဥများကဲ့သို့ပင် အလောင်းများကို တူးထုတ်ခဲ့ရသည်။ သူတို့အားဤကဲ့သို့ဖြစ်သည်အထိ ရိုက်နှက်ခဲ့သည့်လူမှာ သူတို့နှင့် ပြုံးကာစကားပြောဆိုနေခဲ့သည့်လူငယ်ပင်။ သူတို့ထင်မထားခဲ့သည်မှာ ဤလူငယ်သည် သူရဲကောင်းနန်းတော်မှ အထူးပါးကွပ်သားသူရဲကောင်းဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သူကို အနိုင်ယူခဲ့သည့် ဘုရင်အလတ်ဇန္ဒားဖြစ်နေခဲ့ခြင်းပင်။

ထိုသုံးယောက်ဘေးကင်းကြောင်းကို သိရှိပြီးသည့်အချိန်တွင် ယော့ခ်နှင့်ဖီးလစ်တို့မှာ စိတ်အေးသွားပြီး ကလေးများကိုဆက်လက်လေ့ကျင့်သင်ကြားပေးရန်အတွက် အမှောင်နယ်မြေသို့ပြန်လာခဲ့ကြသည်။ လျို၀ှက်ထူးဆန်းသည့် သိုင်းဆရာဖြစ်သည့် ဘုရင်အလတ်ဇန္ဒားနှင့် လွဲချော်ခဲ့ရသည်ကိုလည်း နောင်တရနေခဲ့ကြ၏။

“အရှင်မင်းကြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ....ကျွန်တော်တို့...”

သူစကားပြောနေသည့်အချိန်တွင် ယော့ခ်၏မျက်နှာသည့်မျောက်တစ်ကောင်ကဲ့သို့ပင် နီရဲနေ၏။ သူဤအချိန်တွင် ဘာပြောရမည်လဲမသိဖြစ်နေသည်။ သူသည် လူကြောက်တစ်ယောက်ကဲ့သို့ပင် ထွက်ခွာသွားခဲ့ပြီး ဤသုံးယောက်ကို ကူညီရန်အတွက် တစ်စုံတစ်ခုမှပင် ပြုလုပ်ခဲ့ခြင်းမရှိသောကြောင့်ပင်။ သူသည် စစ်မှန်သည့်ကြေးစားစစ်သည်တစ်ယောက်၏ ဂုဏ်သရေကိုစွန်းထင်းစေခဲ့သလိုခံစားနေရသည်။

“ဟီးဟီး ယော့ခ် မစိုးရိမ်ပါနဲ့...ကျွန်တော်က ခင်ဗျားတို့ကို အပြစ်တင်ဖို့အစကတည်းက စိတ်ကူးမရှိပါဘူး...” ဖှေး အန်ဂျယ်လာနှင့် အန်မာတို့ကို ရထားလုံးပေါ်မှဆင်းရန်ကူညီရင်းဖြင့်ရှင်းပြလိုက်သည်။ သူတစ်ဖက်သို့လှည့်ကာ ပြုံးပြလိုက်သည်။ “အစကတည်းက ခင်ဗျားတို့ထွက်သွားတာ သေရမှာကြောက်လို့မဟုတ်ဘူးဆိုတာကို ကျွန်တော်သိပါတယ်...”

“အာ..အရှင်မင်းကြီး အရှင်မင်းကြီးဘယ်လိုလုပ်သိတာလဲ...” ယော့ခ်မှာ အံ့သြလှသဖြင့် သူမျက်လုံးများပြူးကျယ်နေ၏။

အသားမဲမဲနှင့်ကောင်လေးဖီးလစ်သည် ကလေးများကို သူတို့ထံသို့ခေါ်လာခဲ့သည်။ သူသည်မိန်းကလေးတစ်ယောက်ကဲ့သို့ ရှက်ရွံ့နေဆဲပင်။ သူ၏မျက်နှာပေါ်တွင် တောင်းပန်သည့်အပြုံးတစ်ခုရှိနေ၏။ သူသည် ယော့ခ်၏အနောက်တွင် စကားမပြောပဲတိတ်ဆိတ်စွာရပ်နေသော်လည်း သူလုပ်ခဲ့သည့်အပြုမူအတွက် နောင်တရနေခဲ့သည်မှာ ထင်ရှားသည်။

“ဘာလို့လဲဆိုတော့ ကျွန်တော့မှာ လူတွေရဲ့နှလုံးသားကို ထိုးဖောက်မြင်နိုင်တဲ့မျက်လုံးတွေရှိနေလို့ပေါ့...” ဖှေးအနည်းငယ်နောက်လိုက်သည်။ ယော့ခ်နှင့် ဖီးလစ်တို့ပါးစပ်အဟောင်းသားဖြစ်နေကြသည်ကိုတွေ့ရသည့်အချိန်တွင် ဖှေးရှင်းပြလိုက်သည်။ “ကျွန်တော် ခင်ဗျားတို့နဲ့စတွေ့ကတည်းက ခင်ဗျားတို့ကသတ္တိကြောင်တဲ့လူတွေမဟုတ်ဘူးဆိုတာကို ကျွန်တော်သိပါတယ်...ခင်ဗျားတို့ထွက်သွားတဲ့အချိန်မှာတောင် ခင်ဗျားတို့ရဲ့မျက်လုံးတွေထဲမှာ တွန့်ဆုတ်မှုတွေနဲ့လေ။ အဲ့တာက တစ်ခြားလူတွေမှာ ရှိနေသလိုမျိုး လူလန်ကိုကြောက်လန့်နေတာမျိုုးမဟုတ်ဘူး...နောက်ပြီး မင်းက...” ဖှေး ဖီးလစ်ဘက်သို့လှည့်ကာ ဆက်ပြောလိုက်သည်။ “မင်းလည်း ပြန်လှည့်လာပြီး အန်ဂျယ်လာဂုဏ်ပြုပေးတဲ့ဘီယာကို သောက်ရဲသေးတာပဲ မင်းကဘယ်လိုလုပ်ပြီး လူကြောက်တစ်ယောက်ဖြစ်မှာလဲ..တစ်ခါတစ်လေကျရင် နေခဲ့ဖို့ထက် ထွက်သွားဖို့က ပိုပြီးရဲစွမ်းသတ္တိလိုတယ်လေ...နောက်ပြီး မင်းတို့တွေရှိနေခဲ့ရင်တောင်ဘာမှအကူညီသိပ်ပြီးပေးနိုင်မှာ မဟုတ်ပါဘူး...”

ယော့ခ်နှင့် ဖီးလစ်တို့မှာ အလွန်စိတ်လှုပ်ရှားသွားသဖြင့် မျက်ရည်များပင်၀ဲလုလုပင်။

သူတို့သည် ဖှေးသူတို့အားလူကြောက်များအဖြစ်အထင်လွဲသွားမည်ကို စိုးရိမ်နေခဲ့ကြသည်။ သို့သော် ဖှေးသည် သူတို့၏ ခံစားချက်များကို ထိုးဖောက်မြင်နိုင်နေသည့်ဟန်ပင်။ သူတို့အခြေအနေနှင့်ပတ်သက်ပြီး ပို၍စိတ်သက်လာပြီဖြစ်သည်။ သူတို့နှစ်ယောက်ဖှေးနှင့်အန်ဂျယ်လာတို့ကို အကြိမ်ကြိမ်အရိုသေပေးပြီး ကျေးဇူးတင်ကြောင်းပြလိုက်ကြသည်။ သူတို့ကဲ့သို့သော ကြေးစားစစ်သည်များသည် လူ့အဖွဲ့စည်း၏ အောက်ဆုံးတွင်ရှိနေကြပြီး ဘ၀အတွက်ရုန်းကန်ရင်းဖြင့် ဂုဏ်သရေကြီးကြီးမားမားမရှိကြချေ။ သူတို့သည်ဘုံဆိုင်အတွင်းတွင် အန်ဂျယ်လာ၏ လေးစားမှုကိုရခဲ့သဖြင့် အလွန်ကျေနပ်ပျော်ရွှင်နေကြပြီဖြစ်သည်။ သူတို့ထံတွင် သူတို့စိုးရိမ်နေသည့်အရာများသာရှိမနေခဲ့ပါက ဆိုင်အတွင်းတွင် လူလန်အား အန်ဂျယ်လာအတွက် ချက်ချင်းပင် စိန်ခေါ်ကာ တွန့်ဆုတ်ခြင်းမရှိပဲ ပြန်လည်တုန့်ပြန်တိုက်ခိုက်ခဲ့မည်ဖြစ်သည်။ သူတို့၏ ဂုဏ်ရာထူးများမှာ နှိမ့်ကျသော်လည်း သူတို့၏ သွေးများမှာ ပူနွေးနေဆဲပင်။

“ဟီးဟီး ကျွန်တော်သိချင်နေခဲ့တာက ဘာကခင်ဗျားတို့ကိုစိုးရိမ်နေစေခဲ့တာလဲဆိုတာကို...ကလေးတွေလား၊ မိဘတွေလား၊ ဆွေမျိုးတွေလားလို့...။ အခုတော့ကျွန်တော်သိသွားပြီး ခင်ဗျားတို့က ဒီကလေးတွေအတွက် စိုးရိမ်နေခဲ့တာပဲနေမှာ....”

ဖှေး အ၀တ်စားအစုတ်ပြဲများနှင့် ကလေးများကိုကြည့်ကာ အသက်ခြောက်နှစ်အရွယ်ကောင်မလေးတစ်ယောက်၏ ဦးခေါင်းကိုပွတ်ပေးရင်းဖြင့် ပြောလိုက်သည်။ ဤကလေးများသည် ယော့ခ်နှင့်ဖီးလစ်တို့ကို ၀န်းရံကာ သူတို့၏ကြည်လင်သည့်မျက်လုံးများဖြင့် ငေးကြည့်နေကြသည်။ ဖှေး ဤအရာကိုမြင်မြင်ခြင်းဖြစ်ပျက်နေသည့်အရာများကို ရိပ်မိသွားတော့သည်။

“အရှင်မင်းကြီး..အရှင်ကတကယ်ပဲ နတ်ဘုရားတစ်ပါးလိုပါပဲ...” ယော့ခ်မှာ ပါးစပ်အဟောင်းသားဖြစ်သွား၏။ သူသည် ဖှေးကြောင့်ထိတ်လန့်အံ့သြနေခဲ့ပြီးဖြစ်သည်။ ခနအကြာတွင် သူရှင်းပြလိုက်သည်။ “ဟုတ်ပါတယ် အရှင်ပြောသလိုပါပဲ...ဒီကလေးတွေက မိဘမဲ့တွေပေါ့ သူတို့က ကျွန်တော်နဲ့ဖီးလစ်တို့ကို မှီခိုပြီးအသက်ရှင်နေရတာ...ကျွန်တော်နဲ့ဖီးလစ်တို့နှစ်ယောက်သာ ဒီနေ့ဒီကိုရောက်အောင်ပြန်မလာနိုင်ဘူးဆိုရင် သူတို့ဘာဖြစ်မလဲဆိုတာကို စိတ်မကူးနိုင်လောက်အောင်ပါပဲ။ ဆောင်းရာသီက ၀င်လာပြီလေ...”

ဖှေးမြင်းလှည်းကို နေရာတစ်နေရာတွင် ထိုးလိုက်ပြီ ယော့ခ်၊ ဖီးလစ်နှင့်ကလေးများနေသည့်နေရာထဲသို့၀င်ကာ ၀င်ထိုင်လိုက်သည်။

“ဟေး ဦးလေးယော့ခ်က သောက်ပြီးတောာ့ အကိုစီမှာ အကြွေးတင်ထားလို့လား။ ကျေးဇူးပြုပြီး ဦးလေးယော့ခ်ကိုရိုက်ဖို့ လူဆိုးတွေကို မလွှတ်ပါနဲ့တော့။ တီနာလိမ္မာပ့ါမယ်...” ဖှေးခေါင်းပွတ်ပေးနေခဲ့သည့်ကောင်မလေးသည် ဖှေး၏ အင်္ကျီစကို ဆွဲကာ ပြောလိုက်သည်။

“ချစ်စရာကောင်းလိုက်တာ...” အန်ဂျယ်လာ၏ မိခင်စိတ်များသည် ယိုဖိတ်သွားပြီး ကလေးမလေးကို ကောက်ချီလိုက်ကာ အန်မာကို ကလေးများကိုကျွေးရန်အတွက် သစ်သီးများနှင့် မုန်များအယူခိုင်းလိုက်သည်။ ဤနေရာလေးတွင် ပျော်ရွှင်စွာရယ်မောသံများဖြင့် ပြည့်နှက်သွားတော့၏။

“တစ်ခါတလေကျရင် ဦးလေးယော့ခ်က ရေဆာလာလို့သွားသောက်ရတယ်လေ...သူကဆိုင်မှာ ပိုက်ဆံတွေအကြွေးတင်နေတတ်ပြီး တစ်ခါတလေကျရင်ဆိုင်ရှင်က လူတွေလွှတ်ပြီးတောင်းခိုင်းတတ်တယ်...” ဖီးလစ်ရှင်းပြလိုက်သည်။ “အဲ့တာကြောင့်တီနာက အရှင်ကို့ အကြွေးလာတောင်းတဲ့လူလို့ထင်သွားတာနေမယ်...”

All Chapters