← Chapters

အခန်း (၂၈၀)

Vol. 19 Ch. 280

အခန်း (၂၈၀)

Vol. 19 Ch. 280

ယော့ခ်မှာ ရှက်ရွံ့သွားသည်။

“အမ် ယော့ခ် ခင်ဗျားဒဏ်ရာရထားတာလား...ခင်ဗျားမပျောက်သေးဘူးလား...” ခနတာစကားပြောပြီးသည့်နောက်တွင် ယော့ခ်သည် တောင်တစ်လုံးကဲ့သို့ ကြံ့ခိုင်သန်မာသော်လည်း သူ၏ ဒူးခေါင်းတွင် ဒဏ်ရာရနေသည်ကို သတိထားလိုက်မိသည်။ အသက်ရင်းပြီး အလုပ်လုပ်ကိုင်ရသည့် ကြေးစားစစ်သည်တစ်ယောက်ဖြစ်သည့်အတွက် ဤဒဏ်ရာသည် သူ့အားတစ်ခါတစ်ရ့တွင် ရွှေ့လျားရခက်ခဲစေလိမ့်ဖြစ်သည်။ ဤသည်မှာ သူ၏အစွမ်းကို များစွာလျှော့နည်းစေသပြီး အနာဂတ်တွင် အန္တရာဖြစ်လာနိုင်သည့် ဒဏ်ရာတစ်ခုပင်။

“အွန်း ဟုတ်တယ်...ဒီဒဏ်ရာရခဲ့တဲ့အကြောင်းကတော့....”

ရွှေရောင်နေမင်းသူရဲကောင်းကို အနိုင်ယူခဲ့သည့်ဖှေးသည်အလွန်ဖော်ရွေပြီး ဆွေကြီးမျိုးကြီးများကဲ့သို့ မာနထောင်လွှားခြင်းမရှိသည်ကို တွေ့လိုက်ရသည့်အတွက် ယော့ခ်လည်းသက်တောင့်သက်သာဖြစ်လာပြီဖြစ်သည်။ သူဖှေးအား သူ၏ ဒူးခေါင်းဒဏ်ရာရရှိခဲ့သည့်အကြောင်းကို ဖြေးညှင်းစွာဖြင့်ပြောပြလိုက်သည်။

ဤသည်မှာ အလွန်စိတ်၀င်စားစရာကောင်းသည့် ဇာတ်လမ်းတစ်ပုဒ်ပင်။

လွန်ခဲ့သည့်တစ်နှစ်ခန့်က ယော့ခ်သည် ဂရုစိုက်မှုကင်းမဲ့သည့် အိမ်ခြေမဲ့ ကြေးစားစစ်သည်တစ်ယောက်ဖြစ်ခဲ့သည်။ သူသည် လူကောင်းတစ်ယောက်မဟုတ်ခဲ့ချေ။ ရေပူစမ်းမြို့၏အမှောင်နယ်မြေအတွင်းတွင် ကျက်စားသည့် လူမိုက်ခေါင်းဆောင်တစ်ဦးပင်။ သို့သော် သူသူ့ထက်စွမ်းအားကြီးသည့် လူတစ်ယောက်ကို စိန်ခေါ်မိသည့်အချိန်တွင် သူ၏ခြေလက်များသည် ထိုလူ၏ အစောင့်များလက်ချက်ဖြင့် ရိုက်ချိုးခြင်းကို ခံလိုက်ရပြီး သူ့အားအမှိုက်ပုံထဲတွင် သေစေရန်အတွက်စွန့်ပစ်ထားခဲ့ကြသည်။ ဤကဲ့သို့ဖြစ်ရပ်တစ်ခုသည် နေရောင်ခြည်ပင် တောက်ပလိုခြင်းမရှိသည့်အမှောင်နယ်မြေထဲတွင် ဖြစ်ပျက်ခဲ့၏။ သူ၏ခြေလက်များကျိုးကြေနေသည့်အချိန်က သူသည် လုံး၀လှုပ်ရှားနိုင်ခြင်းမရှိချေ။ အမှိုက်ပုံထဲတွင် အစားအကျွင်းကျန်များနှင့် အ၀တ်စားများကို လာရောက်ရှာဖွေသည့် ကလေးများကြောင့်သာမဟုတ်ပါက သူသည် သေဆုံးပြီးဖြစ်နေနိုင်သည်။ သို့သော် ကလေးများသည် သူ့အားရှာတွေ့သွားပြီး သူ့အတွက် အစားစာနှင့်ရေတစ်ချို့ကို ပေးခဲ့သည်။

ဤဒဏ်ရာရနေသည့်အချိန်အတောတွင်းတွင် ယော့ခ်သည် မျှော်လင့်ချက်ကင်းမဲ့ခြင်း၊ နက်ရှိုင်းစွတွေးခေါ်ခြင်း၊ နိုးထလာခြင်းနှင့် စိတ်အားထက်သန်ခြင်းစသည့်ခံစားချက်များစွာကိုရရှိခဲ့သည်။ ဤအရာများသည် လူတစ်ယောက်အချိန်တိုအတွင်းတွင် တွေ့ကြုံနိုင်ခြင်းမရှိသည့် ခံစားချက်များပင်။ သို့သော် ဤဖြစ်ရပ်ဆိုးကြီးအပြီးတွင် ယော့ခ်၏ ဘ၀သည်လည်းပြောင်းလဲသွားခဲ့သည်။ သူသည် သူ့အားကယ်တင်ခဲ့သည့်ကလေးများဖြင့်နေထိုင်ရန်ဆုံးဖြတ်ခဲ့သည်။ သူသည် ကြယ်တစ်လုံးအဆင့်စွမ်းရည်များကိုအသုံးပြုပြီး အမှောင်နယ်မြေအတွင်းတွင် သူနှင့်ကလေးများအတွက် နေရာတစ်နေရာရရှိအောင်ကြိုးစားခဲ့သည်။ ထို့နောက်တွင် ထိုနေရာအားသန့်ရှင်းရေးလှုပ်ပြီး ခြံစည်းရိုးများကာရံခဲ့သည်။ ထိုအရာများကို ပြုလုပ်ပြီးသည့်နောက်တွင် ယော့ခ်သည်အလုပ်များလုပ်ပြီးပိုက်ဆံရှာနိုင်ရန်အတွက် တရား၀င်ကြေးစားစစ်သည်တစ်ယောက်အနေဖြင့် မှတ်ပုံတင်ခဲ့သည်။ သူသည် ခက်ခဲပြီး အန္တရာယ်ရှိသည့်အလုပ်များအတွက် အခကြေးငွေနည်းနည်းသာရရှိသော်လည်း ကလေးများအားထောက်ပံ့ရန်မှာ လုံလောက်သည်။ သို့သော် သူသည် ကောင်းမွန်စွာကုသခြင်းမခံခဲ့ရသဖြင့် သူ၏ ဒဏ်ရာများသည်ပျောက်ကင်းသွားပြီဖြစ်သော်လည်း အတွင်းပိုင်း၊ အထူးသဖြင့်သူ၏ ဒူးတွင်ရှိသည့်အဆစ်များမှာမူ ပျောက်ကင်းနိုင်ခြင်းမရှိတော့ချေ။

“ဟီးဟီး ကျွန်တော့မှာ အဲ့ဒဏ်ရာတွေကို ပျောက်အောင်ကုဖိုနည်းလမ်းတစ်ခုတော့ရှိတယ်..ဒါပေမယ့်အဲ့နည်းလမ်းက နာတော့နာလိမ့်မယ်...” ဖှေးရယ်မောလိုက်သည်။

“တကယ်လား...အဲ့လိုဆိုရင်တော့ကောင်းမှာပေါ့...” ယော့ခ်မှာ စိတ်လှုပ်ရှားသွားသည်။ “ကျွန်တော် ဘယ်လောက်နာနာဂရုမစိုက်ပါဘူး...ဒီဒဏ်ရာကိုသာပျောက်အောင်ကုနိုင်မယ်ဆိုရင် ကျွန်တော့ရဲ့ကြေးစားစစ်သည်အဆင့်ကို မြှင့်လို့ရမှာပဲ...ဟားဟား ကျွန်တော်သာ ပိုပြီးအဆင့်မြင့်တဲ့ အလုပ်တွေကို လုပ်နိုင်ပြီဆိုရင် ပိုက်ဆံလဲများများရှာနိုင်ပြီးတော့ ဒီကလေးတွေကိုလဲ ပိုပြီးလုံလုံလောက်လောက်ကျွေးနိုင်လိမ့်မယ်လေ...”

“ကောင်းပြီလေ ခင်ဗျားက လူကောင်းတစ်ယောက်ပါ...”

ဖှေး ထိုကဲ့သို့ပြောပြီးသည့်နောက်တွင် ယော့ခ်၏ ဘယ်ဘက်ဒူးခေါင်းကို ရုတ်တရက် လက်ဖြင့်ပုတ်လိုက်၏။ “ချွတ်...” ယော့ခ်၏ ဒူးရိုးမှာ ကြေမွေသွားတော့သည်။ သို့သော် သူနာကျင်စွာမအော်ဟစ်နိုင်ခြင်မှာပင် ဖှေးချက်ချင်းပင် ပါလာဒင်ဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး ဒူးအတွင်းသို့ရွှေရောင်အလင်းများစီး၀င်စေလိုက်သည်။

ယော့ခ်ထုံကျင်သည့်ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ သူ၏ ကြွက်သားများအတွင်းတွင်ရှိနေသည့် အရိုးစများသည် ရွေ့လျားနေပြီး ပြန်လည်ကာ ဆက်နေသကဲ့သို့ခံစားနေရသည်။ ထိုခံစားချက်သည် ရိုးရှင်းစွာပင် ဖော်ပြ၍မရနိုင်သကဲ့သို့ပင်။ စက္ကန့်၅၀ခန့်အကြာတွင် ယော့ခ်သည် အံ့သြဖွယ်ပင်နာကျင်မှုများပျောက်ကင်းသွားသည်ကို ခံစားလိုက်ရသည်။ ယခင်က လှုပ်ရှားရခက်ခဲနေခဲ့သည့် သူ၏ဒူးခေါင်းမှာ ယခုအချိန်တွင် အသစ်ကဲ့သို့ပင် လှုပ်ရှားရလွယ်ကူနေသည်ကို သတိထားလိုက်မိ၏။

“ဒါ မှော်ဆန်လိုက်တာ...” ယော့ခ်နှင့် ဖီးလစ်တို့နှစ်ယောက်ထိတ်လန့်အံ့သြသွား၏။

သူတို့နှစ်ယောက် ဤကဲ့သို့သောပညာကို မြင်ဖူးခြင်းမရှိကြချေ။ ဤသည်မှာ မဟာဘုရားကျောင်းမှ အဆင့်မြင့်သူတော်စဥ်များအသုံးပြုသည့် ကုသခြင်းအစွမ်းများနှင့်ပင် နှိုင်းယှဥ်နိုင်သည်။ သို့သော် ဆွေကြီးမျိုးကြီးများထက်ပင် ပို၍မာနကြီးသည့် မဟာဘုရားကျောင်းမှ သူတော်စဥ်များသည် အစွမ်းများကို ဤကဲ့သို့လွယ်လွယ်ကူကူအသုံးပြုပေးလိမ့်မယ်မဟုတ်ချေ။ “သူက ရွှေရောင်နေမင်းသူရဲကောင်းကို အနိုင်ယူခဲ့တာအံ့သြစရာမရှိပါဘူး...” သူတို့နှစ်ယောက်တွေးလိုက်မိကြ၏။

“ယော့ခ် ခင်ဗျားအကြောင်းသိပြီးတော့ ဖီးလစ်အကြောင်းလဲမသိရသေးဘူး...သူက မိဘမဲ့ကလေးတွေထဲကတစ်ယောက်လား...” ခနတာခန့်စကားပြောပြီးသည့်နောက်တွင် ဖှေးဖီးလစ်အကြောင်းကို မေးလိုက်၏။

“ဟုတ်တယ်အရှင်မင်းကြီး သူက မိဘမဲ့ကလေးတွေထဲကတစ်ယောက်ပါ..” ယော့သည် ပျော်ရွှင်သည့်အမူရာဖြင့်ပြန်ဖြေလိုက်သည်။ သူသည် အသားမဲမဲနှင့်ကောင်လေးကို စိုက်ကြည့်ရင်းဖြင့် ရိုးရိုးသားသားပင်ပြန်ဖြေလိုက်သည်။ “ဒါပေမယ့် သူက ရေပူစမ်းမြို့သားတစ်ယောက်တော့မဟုတ်ဘူး..။သူဘယ်အချိန်က ဒီကိုရောက်လာတယ်..ဘယ်ကလာတယ်ဆိုတာကိုလဲ ဘယ်သူမှမသိကြဘူးလေ။ ပုံမှန်ဆိုရင် သူ့လိုတိုက်နည်းခိုက်နည်းမသိတဲ့ကလေးတစ်ယောက်က ဒီလောကထဲမှာ ရှင်သန်ဖို့ခက်ခဲလိမ့်မယ်။ ဒါပေမယ့် သူကောင်းကောင်းရှင်သန်နိုင်ပြီး ကျန်တဲ့ကလေးတွေကိုပါကာကွယ်ပေးနိုင်ခဲ့တယ်လေ။ ကျွန်တော်ဒီကိုမလာခင်က ကလေးတွေကို စောင့်ရှောက်နေခဲ့တဲ့လူက ဖီးလစ်ပဲ....သူကကြင်နာတတ်ပြီး ရဲရင့်တဲ့ကလေးတစ်ယောက်ပါ။ သူ့ရဲ့အတိတ်နဲ့ပတ်သက်ပြီးတော့တော့ သူ့ကို ကျွန်တော်တစ်ခါမှ မေးမကြည့်ဖူးဘူး...ဒါပေမယ့် သူ့နာမည်အပြည့်စုံက ဖီးလစ်အင်ဇာနီလို့ခေါ်တယ်လို့ကျွန်တော်ကြားတယ်....”

“ဖီးလစ် အင်ဇာနီလား...ခင်ဗျားပြောတာ သူက တိုက်နည်းခိုက်နည်းတွေမသိဘူးနော်...” ဖှေးစိတ်၀င်စားစွာဖြင့်မေးလိုက်သည်။

တိုက်နည်းခိုက်နည်းတစ်စက်မှ မသိသည့်ကလေးတစ်ယောက်ထံမှ လူပေါင်းများစွာ၏ သွေးများဖုံးလွှမ်းနေသည့် ဓားတစ်ချောင်းကဲ့သို့မှောင်မိုက်သည့် ခံစားချက်ရရှိနေသည်ကို ဖှေးနားမလည်နိုင်ချေ။ ဖှေးဤခံစားချက်နှင့် ရင်းနှီးသည် အဘယ်ကြောင့်ဆိုသော် သူလုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ပြောင်းလဲထားသည့်အချိန်တွင်လည်း သူထံမှ ဤကဲ့သို့ခံစားချက်ကို ထုတ်လွှတ်တတ်သောကြောင့်ပင်။ တစ်နည်းအားဖြင့် ဖှေးဤကလေးသည့် အဆင့်မြင့်လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဖြစ်လာနိုင်သည့်အလားလာရှိနေသောကြောင့်ပင်။ ဤသည်မှာ ဖှေးဤနေရာတွင် ဆက်ရှိနေရသည့်အကြောင်းပြချက်တစ်ခုပင်။ ဖှေးထံတွင် စစ်မြေပြင်တွင်တိုက်ခိုက်ပေးမယ့်စစ်သည်တော်များမရှားပါးသော်လည်း အမှောင်ထဲတွင် တစ်ခြားကိစ္စများကို လုပ်ဆောင်ပေးမယ့် အဆင့်မြင့်လုပ်ကြံသတ်ဖြတ်ရေးသမားများရှားပါးနေသေးသောကြောင့်ပင်။

“ဟုတ်တယ်အရှင်မင်းကြီး ဖီးလစ်က တိုက်ခိုက်ရေးပညာတွေတစ်ခုမှမသိပါဘူး...ဒါမယ့်သူ့မှာ ကြယ်ခြောက်လုံးအဆင့်စစ်သည်တစ်ယောက်က ပစ်မှတ်ထားရင်တောင် လွတ်အောင်ပြေးနိုင်တဲ့ ထူးဆန်းတဲ့အစွမ်းတစ်ခုတော့ရှိပါတယ်...”

“မွေးရာပါစွမ်းအင်လား...” ဖှေးအံ့သြသွားသည်။

All Chapters