အခန်း (၂၈၁)
Vol. 19 Ch. 281
ယော့ခ်ရယ်မောရင်းဖြင့် ဖီးလစ်ကို လှမ်းခေါ်လိုက်သည်။ သူဖီးလစ်၏ နားနားသို့က
ပ်ပြောလိုက်သည့်အချိန်တွင် အသားမဲမဲနှင့်ကောင်လေးမှာ သူ၏နှုတ်ခမ်းကိုကိုက်လိုက်ပြီး
ခနတာခန့်တွန့်ဆုတ်သွားသည်။ သို့သော် သူဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပုံရသ
ည်။ သူဖှေးအရှေ့သို့လှမ်းလျှောက်သွားပြီး သူ၏ခန္ဓာကိုယ်ကို ညင်သာစွာဖြင့်၀ှေ့ရမ်း
လိုက်သည်။ ရုတ်တရက်ပင် သူသည် ပို၍ပေါ့ပါးလာပြီး သူ၏ခန္ဓာကိုယ်သည်လည်း
ပို၍ထိုဖောက်မြင်နိုင်စွမ်းရှိလာ၏။ မကြာမှီအချိန်တွင် သူသည် လေထုထဲတွင်ရော
ထွေးသွားပြီး မြင်နိုင်စွမ်းမရှိတော့့ပေ။ ဖှေးဤအချက်ကြောင့်အံ့သြသွားရ၏။ “ကြ
ယ်ခြောက်လုံးအဆင့်သိုင်းဆရာတွေလက်ထဲကတောင် လွတ်အောင်ပြေးနိုင်တယ်လို့
ယော့ခ်ပြေတာမလွန်ပါဘူး...”ဖှေးတွေးလိုက်မိသည်။ ဖှေးမည်မျှပင် ကြိုးစားစေ
ကာမူ ဖီးလစ်မည်သည့်နေရာတွင်ရှိနေသည်ကို အာရုံခံနိုင်စွမ်းမရှိတော့ပေ။
ဖှေးမယုံနိုင်ပဲ အကြိမ်ပေါင်းများစွာ ကြိုးစားကြည့်နေသည်။ သို့သော် သူလုံး၀ ရှာ
မတွေ့ချေ။
သူလုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ပြောင်းလိုက်ပြီး သူ၏ အတွင်းအားများကို
ရေကန်ပေါ်မှလှိုင်းများကဲ့သို့ထုတ်လွှတ်လိုက်သည်။ အတွင်းအားစွမ်းအင်များ ပြန်လ
ည်တုန့်ပြန်လာသည့်နေရာကို ခြေရာခံလိုက်ရင်းဖြင့်သူသည်ဖီးလစ်ရှိသည့်တည်နေရာ
ကိုသိရှိလိုက်သည်။ သူခန္ဓာကိုယ်ကို ရုတ်တရက်ရိမ်းလိုက်ပြီး လေထုထဲတွင် ပျော
က်ကွယ်သွားသည်။ ဖှေးသည်လည်း မြင်နိင်စွမ်းမရှိတော့ပဲ ကိုယ်ပျောက်သွားပြီဖြစ်
သည်။
ယော့ခ်မှာ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသားဖြစ်နေ၏။
“ဟားဟား မိပြီကွ...” ရယ်မောသံတစ်ခုထွက်ပေါ်လာပြီး လေထုထဲတွင်ကြည်
လင်သည့်အရောင်ရှိသည့်လှိုင်းများထွက်ပေါ်လာသည်။ ထို့နောက်တွင် ဖှေးသည် သူ
၏လက်များကို ဖီးလစ်၏ပုခုံးပေါ်တွင်တင်လျှက်ထွက်ပေါ်လာတော့သည်။ ကောင်
လေးဖီးလစ်လဲ အံ့သြနေသည်။ သူ၏ဘ၀တွင်ပထမဆုံးအနေဖြင့် သူ၏ကိုယ်ယော
င်ဖျောက်နည်းပညာမှာ ရှာဖွေတွေ့ရှိခြင်းကို ခံလိုက်ရခြင်းပင်။
ဖီးလစ်အား အောက်သို့ချပေးပြီးသည့်နောက်တွင် ဖှေးလုပ်ကြံသတ်ဖြတ်သူ၏အစွမ်းတ
စ်ချို့ကို သရုပ်ပြလိုက်သည်။ အထူးသဖြင့် ပြိုးပြိုးပြတ်ပြတ်သိုင်းကွက်များဖြစ်ကြသည့်
ကျားလက်သီး၊ နဂါးခြေသည်း၊ နဂါးလက်သည်း၊ မီးလက်သီး စသည်တို့ဖြစ်၏။ ဤ
သိုင်းကွက်များကို မြင်တွေ့ရသည့်ဖီးလစ်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် သူ၏မျက်လုံး
များပင်တောက်ပနေ၏။ ဤသည်မှာ ထူးဆန်းသည့်ခံစားချက်တစ်ခုပင်၊၊ သူ၏ စိတ်
ထဲတွင် တစ်ထောင့်တစ်နေရာမှ သူ့အား “ဒါမင်းလေ့ကျင့်သင့်တဲ့ သိုင်းကွက်တွေပဲ
“ဟု ပြောနေသကဲ့သို့ပင်။
“ဖီးလစ်ငါမင်းကိုခေါ်ဖို့အတွက်စိတ်၀င်စားတယ်...မင်းငါ့တပည့်လုပ်ဖို့ဆန္ဒရှိမလား.
...” ဖှေးရုတ်တရက်ရပ်လိုက်သည်။ ကောင်လေးသည် သူ၏ သိုင်းကွက်များကို
မြင်ရသဖြင့် စိတ်လှုပ်ရှားနေသည်ကိုတွေ့မြင်အပြီးတွင် ဖှေးမျက်နှာပေါ်တွင် အပြုံးတ
စ်ခုဖြင့်မေးလိုက်၏။
ယော့ခ်နှင့် ဖီးလစ်တို့နှစ်ယောက်လုံးထိတ်လန့်အံ့သြသွားရသည်။ သူတို့သည် ထိုနေရာ
၌ပင်ရပ်နေပြီး မည်ကဲ့သို့တုန့်ပြန်ရမည်မသိပဲဖြစ်နေကြ၏။
သူတို့အိမ်မက်ထဲမှာပင်မဖြစ်နိုင်သည့် အခြေနေတစ်ခုနှင့် ကြုံတွေ့နေရသောကြောင့်ပင်။
ဖီးလစ်သည်သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး ထိုနေရာ၌ပင်ရပ်နေ၏။ သူ၏စိတ်ထဲ
တွင် မုန်တိုင်းတစ်ခုတိုက်ခိုက်နေသကဲ့သို့ပင်။
သူကြားနေသည့်အရာကို မယုံနိုင်ဖြစ်နေ၏။
သူ၏မျက်လုံးများရှိတွင်ရှိနေသည့်လူမှာ အင်ပါယာအရှင်သခင်ယရှင်းကိုယ်တိုင်ထီးနန်း
တင်ပေးထားသည့် ဘုရင်တစ်ပါးဖြစ်ပြီး ဆွေကြီးမျိုးကြီးတစ်ယောက်ပင်။ ထို့အပြင်
သူသည် မည်သည့်နေရာမှထွက်ပေါ်လာမှန်းမသိပဲ နာမည်ကျော်ကြားသည့် ရွှေရောင်
နေမင်းသူရဲကောင်းကို အနိုင်ယူခဲ့သည့် သိုင်းဆရာတစ်ပါးလဲဖြစ်သည်။ အင်ဇာနီအ
တွက်ဖှေးသည် ပုံပြင်များထဲမှဇာက်ကောင်တစ်ယောက်ကဲ့သို့ပင် ဖြစ်ပြီး မော့ကြည့်ရ
န်သာတတ်နိုင်သည့်လူတစ်ယောက်ဖြစ်သည်။
ဤကဲ့သို့လူမျိုးကို သာမန်အားဖြင့်သူ၏ဘ၀တွင်စကားပြောရန်ပင် အခွင့်ရေးရမည်မ
ဟုတ်ပေ။
သို့သော် ယနေ့အချိန်တွင်မူ သူသည်အကြောင်းအမျိုးမျိးကြောင့်ဖှေးနှင့် တစ်၀ိုင်းတ
ည်းထိုင်ကာသောက်ခွင့်ရခဲ့သည်၊။ ယခုအချိန်တွင် ပြန်လည်စဥ်းစားကြည့်ပါက ထိုအ
ချက်တစ်ခုတည်းကပင် သူသည် သူ၏ကြေးစာစစ်သည်သူငယ်ချင်းများကို ပြန်လ
ည်ကာကြွား၀ါပြောနိုင်သည့်အကြောင်းရာတစ်ခုပင်။ သို့သော် ယခုအချိန်တွင် မူထိုပု
ဂ္ဂိုလ်သည် သူ့အားတပည့်အဖြစ်ပင် လက်ခံရန်ဆန္ဒရှိနေခြင်းဖြစ်သည်။ သူအိမ်မက်
များမက်နေသည်လား...
“ဖီးလစ်...မင်း..မင်းဘာလို့အခုချိန်ထိကျက်သေသေနေသေးတာလဲ...”
ယော့ခ်မှာ အသားညိုညိုနှင့်ကောင်လေးထိုနေရာ၌ပင်ကျက်သေသေလျှက်ရှိနေသေးသ
ည်ကိုတွေ့လိုက်ရသည်။ သူ့အစားနေမသာထိုင်မသာဖြစ်လာပြီး လက်ကောက်၀တ်ကို
ဆွဲကာ သတိပေးလိုက်၏။
“ဟုတ်ဟုတ် ဟုတ်အရှင်မင်းကြီ...ကျွန်တော်အရှင့်တပည့်ဖြစ်ချင်ပါတယ်...”
အီဇာနီမှာ အသိစိတ်ပြန်၀င်လာ၏။ သူမြေပြင်ပေါ်သို့ ဒူးထောက်ထိုင်ချလိုက်ပြီး
ဖှေးအားပြန်ဖြေလိုက်၏။ သို့သော် မကြာမှီအချိန်တွင် သူ၏တစ်စုံတစ်ခုကို စဥ်းစား
မိလိုက်ပုံရပြီး သူ၏မျက်နှာပေါ်တွင်ရှိသည့် အပြုံးသည်လည်းရပ်တံ့သွားတောာ့သည်။
စက္ကန့်အနည်းငယ်ခန့်တွန့်ဆုတ်သွားပြီးသည့်နောက်တွင် သူ၏ပါးစပ်ကို ဖွင့်လိုက်သည်။
“အရှင်မင်းကြီး ညီမလေးတီနာနဲ့ ဦးလေးယော့ခ်တို့ကိုရောခေါ်လာလို့ရမလား...”
“ဟာ ဒီကောင် မင်းအတော်ခက်ပါလား..ငါတို့အတွက်မစိုးရိမ်နဲ့....ဒါမင်းအတွ
က်အကောင်းဆုံးအခွင့်ရေးပဲ....” ယော့ခ်မှာ ဖီးလစ်အားပြေးကန်လိုချင်စိတ်ပင်
ပေါက်နေ၏။
ဖှေးကျယ်လောင်စွာဖြင့်ရယ်မောလိုက်သည်။ “ဟားဟား ဒီလိုအချိန်မှာတောင်မင်းရဲ့သူ
ငယ်ချင်းတွေအတွက်တွေးတယ်ဆိုတာက မင်းနဲ့ပတ်သက်ပြီးငါထင်ထားတာမမှားဘူး
ဆိုတာကို သက်သေပြလိုက်တာပဲ...ငါကျေနပ်တယ်...ဖီးလစ်..မင်းငါ့တပည့်
သာလုပ်မယ်ဆိုရင် မင်းရဲ့သူငယ်ချင်းတွေရောချမ်းဘော့ဒ်တိုင်းပြည်ရဲ့အထူးဧည့်သည်
တွေဖြစ်လာနိုင်တာပေါ့ကွာ...ဒီနေ့ကစပြီး သူတို့အားလုံးက ငါ့ရဲ့ကာကွယ်မှုအော
က်မှာပဲရှိစေရမယ်....သူတို့အလိုရှိတယ်ဆိုရင် သူတို့ချမ်းဘော့ဒ်မြို့သားတွေလည်း
ဖြစ်လာနိုင်တာပဲ...”
“တကယ်လား...အရှင်မင်းကြီး ကျေးဇူးအများကြီးတင်ပါတယ်...” အီဇာနီတွင်
စိုးရိမ်စရာမရှိတော့ပေ။ သူအလွန်ကျေးဇူးတင်စွာဖြင့် အရိုသေပြုလိုက်၏။
“ကျေးဇူးပါရှင်မင်းကြီး...” အဖိုးကြီးယော့ခ်မှာလည်း မူးယစ်ဆေးသုံးထားသ
ည့်လူတစ်ယောက်ကဲ့သို့ပင် ပျော်ရွှင်နေ၏။ ဤမျှကောင်းမွန်သည့်အရာသည် သူ၏ဘ
၀တွင်ဖြစ်လာနိုင်သည်ဟုတစ်ခါမှပင်မတွေးဖူးသောကြောင့်ပင်။ သူလည်းချက်ချင်းမြေပြ
င်ပေါ်တွင် ဒူးထောက်ကာ အရိုသေပေးလိုက်၏။
“ထတော့ ကောင်းတယ်...ဒီနေကစပြီးမင်းက ငါ့ရဲ့ပထမဆုံးသင်တန်းသားပဲ...
.” ဒီဟာက မင်းရဲ့ဆရာစီက ပထမဆုံးလက်ဆောင်ပဲ” ဖှေးသူ၏လက်ဖ၀ါးများကို
ငြင်သာစွာဖြင့်ဖွင့်လိုက်သည်။ အလင်းတန်းတစ်ခုတောက်ပသွားပြီး ထူးခြားစွာဒီဇိုင်း
ဆွဲထားသည့် အမဲရောင်ဓားမြောင်နှစ်လက်သည် သူ၏လက်ဖ၀ါးထဲတွင် ပေါ်လာ၏။
ဓားမြောင်တစ်ခုမှာ လက်ကိုင်တစ်ခုသည် သွယ်လျှပြီး အရစ်များပါရှိသည့်လက်ကိုင်
တစ်ခုပင်။ ဓားသွားကိုယ်မှာ မီးတောက်တစ်ခုကဲ့သို့ပင် ပါးလွှာ၏။ ဤကဲ့သို့ထူးဆန်း
သည့် ဒီဇိုင်းအနေထားကြောင့် အသားပေါ်တွင် ရှရာတစ်ခုထင်သွားပါက အလွန်
သွေးထွက်များစေမည့်ဒဏ်ရာတစ်ခုရရှိလိမ့်မည်ဖြစ်သည်။ တစ်ခြားဓားမြောင်တစ်လ
က်၏ လက်ကိုင်မှာ အဆိပ်ပြင်းသည့်မြွေတစ်ကောင်ခွေနေသကဲ့သို့ ပုံစံထွင်းထား၏။
ဓားသွားမှာ မြွေ၏ ပါးစပ်အတွင်းမှထွက်ပေါ်လာနေသည့်ဟန်ဖြစ်သည်။ ဓားမြောင်နှစ်
လက်လုံးကို နတ်ဆိုးအကြွင်းကျန်များဖြင့် ထုလုပ်ထားခြင်းဖြစ်ပြီး မဟူရာသတ္တများဖြင့်
ဆင်ထားခြင်းဖြစ်သည်။ ထိုဓားမြောင်နှစ်လက်ကို ဖှေးကိုယ်တိုင်ဒီဇိုင်းဆွဲထားခြင်းဖြစ်ပြီး
အေးစက်သည့်လေထုတစ်ခုကို ထုတ်လွှတ်လျှက်ရှိသည်။ မြင်ရသည့်လူတိုင်းကို
ကြောက်မက်ဖွယ်ခံစားချက်တစ်ခုကို ပေးလျှက်ရှိသည်။
ဖီးလစ်သည် ဓာားမြောင်နှစ်လက်ကို မြင်မြင်ခြင်းပင်နက်ရှိုင်းစွာဖြင့်စွဲမက်သွားသည်။
သူ၏မျက်လုံးများသည် ဓားမြောင်များထံမှခွာနိုင်ခြင်းမရှိပေ။
“ဒီ [လေးခေါက်သေခြင်း]နဲ့ [မရဏမြွေရိုင်း]က ဖျက်ဆီးလို့မရဘူး၊ ဘယ်နတ်
ဘုရားအဆင့်လက်နက်တွေနဲ့မဆိုယှဥ်ပြိုင်နိုင်တယ်။ အထူဆုံးချပ်၀တ်တွေကိုတောင်
ထိုးဖောက်နိုင်စွမ်းရှိတယ်...မင်းရဲ့အထုံပါရမီတွေနဲ့သာ ပေါင်းစပ်လိုက်မယ်ဆိုရင်
ထိတ်လန့်ဖွယ်ကောင်းတဲ့ ဖျက်စီးမှုတွေကို ပြုလုပ်နိုင်လိမ့်မယ်။ တနေ့နေ့ကျရင်မင်း
ဒီဓားနှစ်လက်ရဲ့အစွမ်းတွေကို ပြည့်ပြည့်၀၀အသုံးချနိုင်လိမ့်မယ်လို့ငါယုံကြည်တယ်။”
“ဆရာ ကျွန်တော် ဆရာ့ရဲ့စကားတွေကို သေချာမှတ်ထားပါ့မယ်...” အီဇာနီ
ဓားမြောင်နှစ်လက်ကိုယူလိုက်သည်။ ကိုင်ကြည့်ရင်းဖြင့်အလွန်ပျော်ရွှင်နေ၏။ သူသည်
ယခင်က ဓားမြောင်များသုံးနေကျဖြစ်သဖြင့် အလွန်ရင်းနှီးပြီးဖြစ်သည်။
“အေး ဒါကငါ့ရဲ့တိုကင်ပဲ...” ဖှေး သူ၏ထားသိုရာလက်စွန့်အတွင်းမှ ဘဲဥပုံတို
ကင်တစ်ခုကိုထုတ်ယူလိုက်ပြီး အီဇာနီကိုပေးလိုက်သည်။ “ချမ်းဘော့ဒ်တပ်ဖွဲ့က ရေပူ
စမ်းမြို့ကနေသုံးမိုင်လောက်၀ေးတဲ့ မြစ်ကမ်းဘေးမှာ စခန်းချထားတယ်။ ငါမင်းတို့ကို
ပြင်ဆင်ချိန်တစ်ညပေးမယ်။ မနက်ဖြန်နေ့ခင်းမတိုင်ခင်ထိ မင်းနဲ့ယော့ခ်တို့ အထုပ်
ပိုးတွေပြင်စရာရှိတာပြင်ပြီး ကလေးတွေခေါ်ပြီးတော့ င့ါကိုလာတွေ့။ မွန်းတည့်ချိ
န်ကျော်ရင်တော့ ငါတို့ကရေပူစမ်းမြို့ကနေထွက်တော့မှာ မင်းအချိန်မှီရောက်မလာရ
င်တော့ စောင့်မှာမဟုတ်ဘူး...”
“ဟုတ်ကဲ့ပါ အရှင်မင်းကြီး...” အီဇာနီသည် တိုကင်ကို သူ၏အသက်ကို ကို
င်တွယ်ထားရသကဲ့သို့ တင်းကြပ်စွာဖြင့်ကိုင်တွယ်လိုက်သည်။
ခနကြာတွင် ဖှေးအန်ဂျယ်လာနှင့် အန်မာတို့ကိုခေါ်ကာ အီဇာနီ၏ လမ်းညွှန်မှုနှင့်အတူ
အမဲရောင်နယ်မြေအတွင်းမှထွက်လာခဲ့တော့သည်။ မြို့ထဲတွင် ခနတာခန့်ပတ်လည်ပြီး
အချိန်နောက်ကျလာမှ သူတို့သုံးယောက်သားလာလမ်းအတိုင်းပြန်လာခဲ့ကြတော့သည်။