← Chapters

အခန်း (၂၈၂)

Vol. 19 Ch. 282

အခန်း (၂၈၂)

Vol. 19 Ch. 282

စခန်းသို့ပြန်ရောက်ပြီးချိန်တွင် ဖှေးစခန်းတွင်တစ်နေ့တာဖြစ်ပျက်ခဲ့သည့်အရာများကို မေးမြန်းစုံစမ်းကြည့်ရာ အကုန်အဆင်ပြေနေကြောင်းကို သိရှိလိုက်ရသည်။

လမ်းလျှောက်ရလွန်းသဖြင့် ခြေထောက်များညောင်းကိုက်နေကြသည့် အန်ဂျယ်လာနှင့်အန်မာတို့မှာ ချက်ချင်းပင်ရေမိုးချိုးပြီး အိပ်ရာ၀င်သွားကြတော့သည်။ ဖှေးလည်း မှော်ဆရာဇာတ်ကောင်အဖြစ်သို့ ပြောင်းလဲလိုက်ပြီး လယ်ဗယ်မြင့်ရန်အတွက် ဒိုင်ယာဘလိုကမ္ဘာအတွင်းသို့ ၀င်ခဲ့လိုက်တော့သည်။

သူပုန်စခန်းတွင် ဖှေးလှပသည့်အမျိုးသမီးကိုယ်ရံတော် အယ်လီနာနှင့်တွေ့လိုက်ရပြီး သူမသည် ချမ်းဘော့ဒ်တွင် ကြုံတွေ့ခဲ့ရသည့် တိုက်ပွဲနှင့်ပတ်သက်ပြီး အသေးစိတ်သတင်းပို့တင်ပြလိုက်၏။

“အမဲရောင်ချပ်၀တ်နဲ့ သိုင်းဆရာတစ်ယောက်က ရုတ်တရက်ထွက်ပေါ်လာတာလား....”

အယ်လီနာ ဘရွတ်အားရုတ်တရက်ထွက်ပေါ်လာကာ ကယ်တင်ခဲ့သည့်အမဲရောင်၀တ်ရုံနှင့်ထူးဆန်းသည့်သိုင်းဆရာအကြောင်းကို ပြောပြလိုက်သည့်အချိန်တွင် ဖှေး၏မျက်နှာပေါ်တွင် ထူးဆန်းသည့်အမူယာတစ်ခုရှိနေ၏။ မည်သည့်အတွက်ကြောင့်လဲတော့မသိချေ။ သူသည် ထူးဆန်းသော်လည်းရင်းနှီးသည့်ခံစားချက်တစ်ခုကို ခံစားနေရသည်။ ဤလူကားအရင်ကတစ်နေရာရာတွင် မြင်ဖူးနေသကဲ့သို့ပင်။

“အရှင်ဘရွတ်က မဟူရာတိုင်းပြည်ဘုရင်၊ သရေ့စ်တိုင်းပြည်ဘုရင်နဲ့ ရေကန်တိုင်းပြည်ဘုရင်တို့ကို ကွက်မျက်ပေးအမိန့်ပေးခဲ့တယ်။ ဒီဟာက အရှင်အလတ်ဇန္ဒားရဲ့ခရီးစဥ်ကို ထိရောက်မှုရှိနိုင်လား....” ဤသည်မှာ လှပသည့်ကိုယ်ရံတော်မလေးစိုးရိမ်နေသည့်တစ်ခုတည်းသောအရာပင်။ မှန်သည်မှားသည်မှာ သူမ၏မျက်လုံးထဲတွင် ဖှေးကိုသက်ရောက်စေသည့်အရာများသာဖြစ်၏။

“ပြသနာမရှိပါဘူးအဲ့၀ံပုလွေသုံးကောင်က ငါ့လမ်းထဲမှာ၀င်ရှုပ်နေတာကြာပီ...ဘရွတ်ကမှန်တဲ့အရာကိုလုပ်ခဲ့တာပဲ...သူတို့ကို သတ်ပစ်လိုက်တာက အနာဂတ်မှာစိုးရိမ်စရာတွေကိုဖြေရှင်းလိုက်တာပဲ...ဟားဟား ငါသာအဲ့နေရာမှာရှိရင် အဲ့ကောင်တွေကို တစ်စစီဖြစ်အောင်လုပ်ပစ်နေလောက်ပြီ...” ဖှေးပြုံးလိုက်သည်။ “မကြာသေးခင်က ချမ်းဘော့ဒ်သူတော်စဥ်ဇိုလာက သတင်းတွေတော်တော်များများရထားတယ်။ ငါအဲ့သတင်းတွေကို ဦးလေးဘရွတ်နဲ့ ဘတ်စ်တို့စီကို ပို့ပြီးသွားပြီ။ သူတို့အခုဆိုသိပြီးလောက်ရောပေါ့။ အင်ပါယာရဲ့အခြေအနေကတည်ငြိမ်နေတာမဟုတ်ဘူးလေ...အင်ပါယာယရှင်းက အသဲသန်မနာကျန်းဖြစ်နေတယ်။ နယ်စပ်မှာလည်း ကျူးကျော်ဖို့ပြင်နေတဲ့ ရန်သူတွေရှိနေတယ်။ အတွင်းပိုင်းမှာရော အပြင်ဘက်မှာရောအခြေအနေတွေက ကစဥ့်ကယျားဖြစ်နေကြတယ်။ အဲ့တာကြောင့်တောကြောင်တွေက ထကြွချင်နေကြတာပေါ့။ ငါတို့သာ ကြမ်းကြမ်းတန်းတန်းမတုန့်ပြန်ဘူးဆိုရင် သူတို့က ချမ်းဘော့ဒ်ကိုလုပ်ချင်တိုင်းလုပ်လို့ရမယ့်နေရာလို့ထင်သွားကြလိမ့်မယ်။ ဘရွတ်ကမှန်တဲ့အရာကို လုပ်ခဲ့တာပဲ...”

“အရှင်ဘရွတ်က တစ်ခုမှာလိုက်သေးတယ်။ ကျူးကျော်လာတဲ့လူတွေထဲမှာ အင်ပါယာကသူရဲကောင်းတစ်ချို့လဲပါနေတယ်တဲ့။ အရှင်ခရီးတစ်လျှောက်မှာအထူးဂရုစိုက်မှရမယ်...” အယ်လီနာ ဘရွတ်၏သတိပေးချက်ကို သတိရလိုက်သည်။

“ဟားဟား သူတို့ရဲ့ဆရာကိုတောင် ငါဖင်ချွတ်ပြီးရိုက်ပေးလိုက်ပြီးပြီ...” ဖှေးသည်စိုးရိမ်ခြင်းမရှိပေ။ သူသည် ကြိုတင်ကာပြင်ဆင်ထားသည့်အရာတစ်စုံတစ်ခုရှိနေသောကြောင့်ပင်။

မထွက်ခွာခဲ့စဥ်ကတည်းက ဖှေးချမ်းဘော့ဒ်အတွက်အရေးပေါ်အစီစဥ်တစ်ချို့ကို ချမှတ်ပေးခဲ့ပြီးဖြစ်သည်။ ဤတစ်ကြိမ်တွင် ထိုအရာများကိုထုတ်သုံးလိုက်ရခြင်းမရှိချေ။ ထို့ကြောင့် သူလာမည့်လအနည်းငယ်အတွင်းတွင် သူချမ်းဘော့ဒ်၏လုံခြုံရေးအတွက်စိုးရိမ်စရာမလိုသေးချေ။ “ဘရွတ်နဲ့ ဘတ်စ်တို့သာ ငါမထွက်လာခင်စီစဥ်ထားခဲ့တဲ့အရာတွေကို အချိန်မှီပြီးအောင်လုပ်နိုင်မယ်ဆိုရင် ဇီးနစ်အင်ပါယာကိုယ်တိုင်လာတိုက်နေရင်တောင် ငါခေါင်းငုံ့ပြီးရင်ဆိုင်စရာလိုတော့မှာ မဟုတ်ဘူး...”

ချမ်းဘော့ဒ်တိုင်းပြည်၏ လက်ရှိအခြေအနေအကြောင်းကို သတင်းရပြီးသည့်အချိန်တွင် ဖှေးနှင့် အယ်လီနာတို့သည် ပေါ်တယ်တစ်ခုကိုအသုံးပြုပြီး လူ့တ်ဂိုလိမ်မြို့သို့ရောက်ရှိလာခဲ့ကြသည်။ ဖှေးသည် မှော်ဆရာဇာတ်ကောင်းအနေဖြင့် လူ့တ်ဂိုလိမ်မြေပုံတွင် ပြီးမြောက်ရန်အတွက် အလုပ်တစ်သာကျန်ရှိတော့သည် ဖြစ်သည်။ ဒူရီရယ်ရှိနေသည့်အထူးဒိုင်မေးရှင်းတစ်ခုအတွင်းသို့ မ၀င်ရောက်မှီ သူတို့နှစ်ယောက်သည် တော-ရာရှာ၏ ဂူသင်္ချိုင်းကို အရင်တွေ့အောင်ရှာရဦးမည်ဖြစ်ပြီးမကောင်းဆိုး၀ါးများကို နှိမ်နင်းရဦးမည်ဖြစ်သည်။

ဤတစ်ကြိမ်တွင် ဖှေး၏ကံသည်သိပ်ပြီးမကောင်းလှချေ။

သုံးနာရီခန့်ကြာမြင့်ပြီးသည့်နောက်တွင် သူတို့သည် တော-ရာရှာ၏ ဂူသင်္ချိုင်းအစစ်မှန်ထံသို့ ရောက်ရှိလာခဲ့ကြသည်။

တောရာရှာဆိုသည်မှာ ဒဏာရီလာသူရဲကောင်းတစ်ယောက်၏နာမည်ဖြစ်သည်။ နတ်ဆိုးဘားလ်၏ အသွေးသားခန္ဓာကိုယ်ကိုသတ်ဖြတ်ခဲ့ပြီး နတ်ဆိုးဘားလ်၏ မသေမျိုး၀ိဉာဥ်ကို သူ၏ခန္ဓာကိုယ်ထဲတွင် ချုပ်နှောင်ထားရန်အတွက် သူ၏အသက်ကို စတေးခဲ့သူတစ်ယောက်ဖြစ်သည်။ ထိုနတ်ဆိုးအားလွတ်မြောက်ရန်အတွက် ခက်ခဲစေခဲ့သည်။ သို့သော် ဤမသေမျိုးနတ်ဆိုးနှင့် ရွေးချယ်စရာမရှိပဲ ထာ၀ရတိုက်ခိုက်နေခဲ့ရ၏။

ဤအခိုက်တန့်တွင် ဖှေး၏မှော်ဆရာဇာတ်ကောင်သည် လယ်ဗယ်၃၇သို့ရောက်ရှိနေပြီဖြစ်ပြီး အယ်လီနာ၏လယ်ဗယ်သည်လည်း ၃၆သို့ရောက်ရှိနေပြီဖြစ်သည်။ သူတို့၏ လယ်ဗယ်မြင့်တင်သည့်အမြန်နှုန်းမှာ လူရိုင်းဇာတ်ကောင်ထက်ပင် ပို၍မြန်ဆန်လျှက်ရှိသည်။ ဤသည်မှာ မှော်ဆရာဇာတ်ကောင်သည် အာကန်နာစုံတွဲပစ္စည်းများကို ပိုင်ဆိုင်တပ်ဆင်ထားသောကြောင့်ဖြစ်ပြီး ပစ်မှတ်များစွာကို တစ်ချိန်တည်းမှာပင် ချိန်တွယ်ကာပစ်ခတ်နိုင်သည်။ ထို့ကြောင့်တစ်ဦးချင်းတိုက်ခိုက်မှုများတွင် အဓိကထားသည့်လူရိုင်းဇာတ်ကောင်ထက်အတွေ့ကြုံအမှတ်များစုံဆောင်းရာတွင် ပို၍မြန်ဆန်သောကြောင့်ပင်။

သူတို့နှစ်ယောက်သည် တောရာရှာ၏ ဂူသင်္ချိုင်းအတွင်းသို့ရောက်ရှိလာခဲ့ကြသည်။ မရေတွက်နိုင်သည့်မကောင်းဆိုး၀ါးများစွာကို သတ်ဖြတ်ပြီး နတ်စဥ်အရှေ့သို့ရောက်ရှိလာသည့်အချိန်တွင် ဖှေးသည် ဟိုဒရစ်ကြိမ်လုံးကိုထုတ်ကာ နတ်စဥ်ပေါ်သို့ မတင်ရသေးခင်မှာပင် လျို့၀ှက်ထူးဆန်သည့်အေးစက်စက်အသံကြီးကို သူ၏နားထဲတွင်ကြားလိုက်ရသည်။ သူ့အားအများဆုံးဂိမ်းကစားနိုင်သည့်အချိန်မှာ နီးကပ်လာကြောင်းကိုသတိပေးနေခြင်းပင်။

ဘားလ်အားအမဲလိုက်ရန်အစီစဥ်မှာ ဆိုင်းငံ့ထားရန်မှတစ်ပါးရွေးချယ်စရာမရှိတော့ပေ။

....

....

ဒုတိယမြောက်နေ့တွင် ဖြစ်သည်။

နေမင်းကြီးသည်မိုးကုတ်စက်၀ိုင်းထံမှ ထွက်ပေါ်လာနေပြီဖြစ်ပြီး မနက်ခင်းလေပြေမှာ အေးစက်လှသည်။

မြူများမှာ ထူထဲလှပြီး အဖြူရောင်သဲမှုန်များသည် မြေပြင်ကို လွှမ်းခြုံနေသကဲ့သို့ပင်။ ဆယ်မီတာပတ်လည်သို့ပင် မြင်နိုင်ရန်ခက်ခဲလှ၏။

မြစ်ကမ်းဘေးတွင် ချမ်းဘော့ဒ်တပ်ဖွဲ့မှာ စတင်၍အလုပ်များနေကြပြီဖြစ်သည်။ ဘုရင်သည် မနေ့ညကတည်းက ထွက်ခွာရန်အတွက် အမိန့်ပေးထားပြီးဖြစ်သည်။ ဥပဒေပြုစစ်သည်များသည် မနက်ခင်းလေ့ကျင့်ရေးပြုလုပ်ပြီးပြီဖြစ်ပြီး ခရီးဆက်ရန်အတွက် ပြင်ဆင်နေကြပြီဖြစ်သည်။

ထိုအချိန်၌ပင် အ၀ေးတစ်နေရာမှ ခြေသံများရုတ်တရက်ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။

ဆံပင်ရွှေရောင်နှင့် ဆယ်ကျော်သက်လူငယ်တိုးရိစ်သည် သူ၏လေးရှည်ကို ကောက်ကိုင်လိုက်ပြီးမြှားကျည်တောက်အတွင်းသို့ လက်ဖြင့်စမ်းလိုက်၏။

“ရပ်လိုက် ဒါချမ်းဘော့ဒ်တပ်ဖွဲ့စခန်းချနေတဲ့နေရာပဲ...၂၀မီတာအတွင်းကျူးကျော်လာတဲ့လူဘယ်သူမဆိုအသတ်ခံရမယ်....” တိုးရိစ်အော်လိုက်သည်။

“ဒါ...ဒါက တကယ်ပဲချမ်းဘော့ဒ်စခန်းပဲ...ကျွန်တော် ကျွန်တော်က...” ခြေသံများသည်နီးကပ်လာလျှက်ရှိပြီး သွေးများဖုံးလွှမ်းနေသည့်လူတစ်ယောက်ထွက်ပေါ်လာ၏။ သူ၏ခြေလှမ်းများသည် ယိမ်းယိုင်လျှက်ရှိပြီး သူသည်ခြေလှမ်းများကို ပို၍ပင်မြန်ဆန်လိုက်ပြီး တိုးရိစ်၏သတိပေးမှုကို ဂရုမစိုက်ပဲဆက်လက်လာနေ၏။

All Chapters