← Chapters

အခန်း (၂၈၃)

Vol. 19 Ch. 283

အခန်း (၂၈၃)

Vol. 19 Ch. 283

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် တိုးရိစ် သူ၏သတိကို လျှော့လိုက်ခြင်းမရှိချေ။

ဆံပင်ရွှေရောင်နှင့် တိုးရီစ်သည် သူ၏ညာလက်ထဲတွင်ကိုင်ထားသည့်လေးရှည်ကိုအပေါ်သို့မြှောက်လိုက်သည်။ သူ၏မြှားကျည်တောက်အတွင်းမှ မြှားတစ်ချောင်းကိုလည်းဆွဲထုတ်လိုက်၏။ လေးသည် လခြမ်းပုံကွေးညွတ်သည်အထိဆွဲတင်ထားခြင်းဖြစ်ပြီး ချွန်ထက်နေသည့်မြှားဦးခေါင်းသည် မြူအတွင်းမှထွက်ပြေးလာနေသည့် သွေးများဖုံးလွှမ်းနေသည့် လူငယ်ကိုချိန်ရွယ်ထားသည်။ သူအော်လိုက်သည်။ “နောက်တစ်ခါထပ်ပြီးပြောမယ်..ဒီနေရာကချမ်းဘော့ဒ်စခန်း..ကျူးကျော်လာတာကိုချက်ရင်းရပ်လိုက်ပါ နို့မို့ဆိုရင်ပစ်ရလိမ့်မယ်....”

“မဟုတ် မဟုတ်ဘူး ကျွန်တော်က အရှင်မင်းကြီး ကိုတွေ့ဖို့လာခဲ့တာပါ....” ခြေလှမ်းများယိမ်းယိုင်နေပြီးသွေးများဖုန်းလွှမ်းနေသည့်လူငယ်မှာ တိုးရိစ်၏သတိပေးမှုကို ကြားသည့်တိုင်အောင်စခန်းထံသို့ ဆက်လက်ပြီးပြေးလာနေဆဲပင်။

တစ်ဖက်တွင်ရှိသည့်လူမှာ သတိပေးမှုကို ဂရုမစိုက်ကြောင်းကိုသိလိုက်ရသည့်အချိန်တွင် တိုးရိစ်အေးစက်စွာဖြင့်နှာခေါင်းရှုံ့လိုက်သည်။ လေးကြိုးများကို ဆွဲတင်ထားသည့်လက်များကို လွှတ်လိုက်တော့မည်ဖြစ်သည်။ သို့သော် ဤအခိုက်တန့်တွင် သူ၏အမြင်အာရုံသည် ထိုကျူးကျော်လာသည့်လူအ၀တ်များအတွင်းမှ တစ်စုံတစ်ခုဆွဲထုတ်လိုက်သည်ကို မြင်လိုက်ရသည်။ ဆံပင်ရွှေရောင်နှင့်ဆယ်ကျော်သက်လူငယ်လေးသည် ရှင်းလင်းစွာဖြင့်မြင်လိုက်ရသည်။ ဤသည်မှာ အရှင်မင်းကြီး၏တိုကင်ပင်။ အံ့သြစွာဖြင့် ဤလူသည်ရန်သူတစ်ယောက်မဟုတ်ပဲ မိတ်ဆွေတစ်ယောက်ဖြစ်သည်ကို သူသိရှိသွား၏။ အနီးနားသို့ရောက်လာသည့်အချိန်တွင် ဤလူသည်သူတစ်ခါမှပင်မြင်ဖူးခြင်းမရှိသည့် လူငယ်တစ်ယောက်ဖြစ်နေသည်ကို သတိထားလိုက်မိ၏။ သူ၏ကြောပြင်ပေါ်တွင် အရိုးပေါ်သည်အထိပင်နက်ရှိုင်းသည့် ဒဏ်ရာကြီးတစ်ခုရှိနေ၏။ သွေးများရေပန်းကဲ့သို့ ပန်းထွက်နေသည်ကို ကြည့်ရသည်မှာ ကြောက်မက်ဖွယ်ပင်။ ဒဏ်ရာသည်အလွန်ပြင်းထန်သည့်ဒဏ်ရာတစ်ခုပင်။

“မင်းကဘယ်သူလဲ...မင်းစီမှာ ဘာလို့ငါတို့ဘုရင်ရဲ့တိုကင်ရှိနေရတာလဲ...” တိုးရိစ်သူ၏ ၀တ်ရုံကိုချွတ်လိုက်ပြီး ကောင်လေး၏ကြောပြင်ပေါ်မှဒဏ်ရာကိုပတ်ပေးလိုက်သည်။

“ကျွန်တော်...အရှင်မင်းကြီး...ကျွန်တော့ဆရာ..ကျွန်တော်တစ်ယောက်ယောက်ကို ကယ်မှရမယ်....”

အပြင်းထန်ဒဏ်ရာရရှိထားသည့် လူငယ်၏ တုန်ယဥ်နေသည့်နှုတ်ခမ်းများထံမှ ထိုစကားလုံးများထွက်ပေါ်လာ၏။ နက်ရှိုင်းသည့်ဒဏ်ရာတစ်ခုကြောင့်သူသည် သတိလစ်မေ့မျောသည့်အခြေအနေသို့ပင်ရောက်ရှိနေပြီဖြစ်သည်။ ခုနက ပြေးလာခဲ့မှုသည် သူ၏ကျန်ရှိနေသေးသည့်ရုပ်ပိုင်းဆိုင်ရာခွန်အားတို့ကို ကုန်ဆုံးသွားစေသည့်ပုံရ၏။ သူဆက်လက်တောင့်မထားနိုင်တော့ပဲ စကားပင်ဆုံးအောင်မပြောလိုက်နိုင်ခဲ့တော့ချေ။

တိုးရိစ်မျက်မှာင်ကြုံ့လိုက်သည်။ သူဤလူငယ်ကို စခန်းအတွင်းသို့ခေါ်သွားပြီး ဘုရင်အားမေးမည်ကြံလိုက်သည့်အချိန်တွင် အ၀ေးတစ်နေရာရှိမြူမျာအတွင်းမှ ညီညာခြင်းမရှိသည့်ခြေသံများကို ကြားလိုက်ရ၏။ ခြေသံများသည် နီးကပ်လာသည်ထက်နီးကပ်လာနေပြီး ထိုလူများတစ်ယောက်နှင့်တစ်ယောက်အော်ဟစ်ပြောဆိုနေကြသည့်အသံများကိုပင် ကြားနေရသည်။

“ဆရာ ကျွန်တော် သွေးစက်တွေတွေ့တယ်...အဲ့ကောင်အရှေ့မှာထင်တယ်....”

“အေး ဒီကောင်ဒီဒဏ်ရာနဲ့သိပ်ပြီးတော့တော့ ၀ေး၀ေးပြေးနိုင်မှာမဟုတ်သေးဘူး..လိုက်ပြီးရှာကြစမ်းကွာ အရှင်လက်လက်အရေခွံဆုတ်ပစ်။ ဒီကောင်က ငါ့ကိုနာအောင်လုပ်ရဲသေးတာပဲ....”

“ဟားဟား သခင်လေးစိတ်မလောပါနဲ့ အဲ့ကောင်၀ေး၀ေးပြေးနိုင်မှာမဟုတ်ပါဘူး...”

“...”

တိုးရိစ်၏ မျက်နှာပြောင်းလဲသွားသည်။ ကြားလိုက်ရသည့်စကားလုံးအနည်းငယ်သည် သူ့အားဖြစ်ပျက်နေသည်များကို သဘောပေါက်စေလိုက်၏။ သူသည်ဒဏ်ရာရနေသည့်ကောင်လေးကို ဘေးတစ်ဖက်တွင်ချထားလိုက်ပြီးအနောက်တွင်ရှိနေသည့် တပ်ဖွဲ့ကို လှမ်းကာအချက်ပေးလိုက်သည်။ ထို့နောက်တွင် သူ၏လေးကြိုးကိုဆွဲတင်ထားရင်းဖြင့် ထိုလူများရောက်ရှိလာမည့်အချိန်ကို စောင့်စားနေ၏။

မိနစ်၀က်ခန့်ကြာသည့်အချိန်တွင် လူလေးငါးဆယ်ခန့်မှာ မြူအတွင်းမှထွက်ပေါ်လာကြသည်။ သူတို့သည်သံမဏိချပ်၀တ်များ၀တ်ဆင်ထားသည့်အတွက် အနီးပတ်၀န်းကျင်မှစစ်သည်များဖြစ်လိမ့်မည်ဟုတိုးရိစ်ယူဆလိုက်သည်။ အာရုံစိုက်မှုအရရှိစေဆုံးမှာ အရပ်နှစ်မီတာခန့်ရှည်လျားသည့်လူထွားကြီးတစ်ယောက်ပင်။ သူ၏ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် ကြွက်သားများသည် ကျောက်တုံးကို ချွန်ထက်သည့်ဓားတစ်ချောင်းဖြင့်ထွင်းထုထားသကဲ့သို့ပင်။ သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် သံမဏိချပ်၀တ်ပြားတစ်ခုကိုသာတပ်ဆင်ထား၏။ သူ၏ ပုခုံးများနှင့်လက်ကောက်၀တ်များတွင် အမဲရောင်သံမဏိချိန်းကြိုးကြီးလေးခုကို ရစ်ပတ်ထားပြီး ချိန်းကြိုးတစ်ခု၏အစွန်ဆုံးတွင် အစွန်းရှစ်ခုပါသည့်မီတစ်၀က်ခန့်ရှည်လျားသော သံမဏိတူကြီးများကို တပ်ဆင်ထားသည်။ တူကြီးများသည် သွေးများစွန်းထင်းလျှက်ရှိပြီးအနည်းဆုံး ကီလို၈၀၀ခန့်အလေးချိန်ရှိပုံရသည်။

ထိုလူထွားကြီး၏ ဘေးတွင် ရှေးကျသည့်တရုပ်၀တ်စုံနှင့်ကောင်လေးတစ်ယောက်သည် မြင်းပေါ်မှထောင်လွှားစွာဖြင့်အမိန့်များပေးလျှက်ရှိ၏။

“ဟိုမှာပဲ ငါသူ့ကိုတွေ့ပြီ သွားဖမ်းစမ်းကွာ...” မြေပေါ်တွင်လဲနေသော ဒဏ်ရာရရနေသည့်ကောင်လေးကို တွေ့သည့်အချိန်တွင် မြင်းပေါ်မှလူငယ်သည် ဘေးတွင်ရှိသည့် တိုးရိစ်ကို လျစ်လျူရှုလိုက်ပြီးအော်ဟစ်လိုက်သည်။

“ဟုတ်ကဲ့ပါ သခင်လေးလူလန်...”

ဖားချင်နေသည့် စစ်သည်တစ်ချို့မှာ ရိုကျိုးစွာဖြင့်အော်ဟစ်လိုက်ပြီး ချက်ချင်းပင် ကောင်လေးကို လာရောက်ဆွဲခေါ်ရန်အတွက်ပြင်လိုက်ကြသည်။ သို့သော် သူတို့အရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်သည့်အချိန်တွင်မူ ရုတ်တရက်ပင် မြှားဆယ်ချောင်းသည် ကောင်းကင်ပေါ်မှ ကျဆင်းလာပြီး သူတို့ခြေထောက်အရှေ့ တစ်စင်တီမီတာခန့်အကွာ၀ေးတွင်ရှိသောမြေပြင်ပေါ်သို့စိုက်လိုက်သည်။ မြှားများသည် မြေပြင်ပေါ်တွင် တစ်ညီတစ်ညာထဲပင် ၂၀စင်တီမီတာခန့်စိုက်၀င်နေရာ လေးသည်တော်များ၏ ထူးခြားသည့်လေးအစွမ်းကို ပြသနေ၏။

ဆံပင်ရွှေရောင်နှင့်ကောင်လေး၏ လက်ထဲတွင်ရှိသည့်လေးကြိုးများသည် တုန်ခါနေဆဲပင်။ သူ၏မျက်လုံးများသည် မီးတောက်များကဲ့သို့ပင် ထိုလူများကို စိုက်ကြည့်လျှက်ရှိပြီး သူ၏ပါးစပ်သည်စတင်၍လှုပ်ရှားလာ၏။ “ဒါက ချမ်းဘော့ဒ်စခန်းချထားတဲ့နေရာပဲ...မီတာ၂၀ထက်ပိုပြီးကျူးကျော်လာတဲ့လူဘယ်သူမဆိုအသတ်ခံရမယ်...”

“သေစမ်း မင်းကို မင်းဘာထင်နေလဲ...လီးချမ်းဘော့ဒ်လား....ငါ့ရှေ့ကထွက်သွားစမ်းကွာ...” မြင်းပေါ်မှသပ်ရပ်စွာ၀တ်ဆင်ထားသည့်လူငယ်သည် ဒေါသဖြင့်ပြန်လည်အော်ဟစ်လိုက်၏။

All Chapters