← Chapters

အခန်း (၂၈၄)

Vol. 19 Ch. 284

အခန်း (၂၈၄)

Vol. 19 Ch. 284

သို့သော် တူကြီး၈လုံးကိုင်ဆောင်ထားသည့် လူသန်ကြီး၏မျက်လုံးထဲတွင် တနည်းတစ်ဖုံဖြင့် ဂုဏ်သရေရှိသည့်အကြည့်တစ်ခုရှိနေ၏။ ရွှေရောင်ဆံပင်နှင့်ကောင်လေး၏ ထူးခြားလှပသည့်လေအတတ်သည် သူ့အားအံ့သြသွားစေခဲ့သည်။ ယခုအခါ သေချာအာရုံခံကြည့်ပြီးသည့်နောက်တွင် ထိုကောင်လေး၏ အစွမ်းသည်လည်း လျစ်လျူရှု၍မရသည်ကို သူရိပ်မိသွား၏။ လေးကြိုးကို အဆုံးသည့်ဆွဲတင်ထားသည့် လေးရှည်တစ်ချောင်းကဲ့သို့ပင်။ သူသည် သေချာဂရုစိုက်ပြီးရင်ဆိုင်သင့်သည့်ရန်သူတစ်ယောက်ပင်။

“ဒီမှာညီလေး ငါတို့က ချမ်းဘော့ဒ်စခန်းကို ကျူးကျော်လာဖို့ အစီစဥ်မရှိဘူး။ ဒါပေမယ့် မင်းဘေးမှာရှိနေတဲ့လူငယ်ကို လေမြန်တပ်စခန်းရဲ့ရန်သူတစ်ယောက်ပဲ။ ငါကလေမြန်တပ်ရဲ့ မဟာတူစခန်းရဲ့ ခေါင်းဆောင်ပဲ။ ကျေးဇူးပြုပြီး အဲ့ကောင်လေးကို ငါတို့လက်ထဲကို အပ်ပါ..” အမဲရောင်သံမဏိတူများကို ကိုင်ဆောင်ထားသည့်လူသန်ကြီးသည် ကျယ်လောင်စွာဖြင့်အော်ဟစ်လိုက်ပြီး အရှေသို့ ခြေတစ်လှမ်းခြင်းတိုးကပ်လာ၏။

“ရပ်လိုက်...” တိုးရိစ်နှာခေါင်းရှုံ့လိုက်သည်။ ဒီကောင်လေးက ချမ်ဘော့ဒ်အရှင်သခင်ဘုရင်မင်းမြတ်ရဲ့ တိုကင်ကို ပိုင်ဆိုင်ထားတယ်။ ခင်ဗျားတို့ခေါ်သွားလို့မရဘူး...”

“ခွေးသား...” မြင်းပေါ်တွင်ရှိနေသည့်လူငယ်သည် ထိုစကားကို ကြားသည့်အချိန်တွင် ပို၍ပင်ဒေါသဖြစ်သွား၏။ “လီးကို ချမ်းဘော့ဒ်ဘုရင်လား..ဒါကရေပူစမ်းမြို့တော်ကွ။ လေမြန်တပ်ရဲ့ပိုင်နက်နေရာပဲ။ ငါခေါ်ချင်တဲ့လူကို ခေါ်သွားလို့ရတယ်။ ချမ်းဘော့ဒ်တိုင်းပြည်ငယ်လေးက ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတာပဲ။ မင်းဘေးမဖယ်ဘူးဆိုရင်တော့ မင်းကိုပါခေါ်သွားရလိမ့်မယ်...”

“ငါတို့ဘုရင်ကို စော်ကားတဲ့ကောင်မှန်သမျှသေရလိမ့်မယ်...” တိုးရိစ်မှာ ဒေါသဖြစ်သွား၏။ သူ၏ ပုခုံးသည်အနည်းငယ်ခန့်ရွှေ့လျားသွားပြီး မြှားသုံးခေါင်းမှာ လေထုကိုဖြိုခွင်းပြီး လူငယ်၏ နှလုံး၊ လည်ပင်းနှင့် နဖူးတို့ကို ဦးတည်ကာထွက်ခွာသွားတော့သည်။

“အား ကယ်ပါဦး...” လူငယ်မှာ ကြောက်လန့်သွားပြီး မြင်းပေါ်မှပြုတ်ကျသွား၏။

ထိုအခိုက်တန့်တွင် ကျယ်လောင်သည့်အသံတစ်ခုနှင့်အတူ လေထဲတွင်ရှိနေသည့် စီးချောင်းများသည် ရုတ်တရက်စုစည်းသွားသည်။ တည်ငြိမ်နေသည့် ရေပြင်ကို ကျောက်တုံးတစ်တုံးပစ်ချလိုက်သကဲ့သို့ပင် ကြီးမားသည့် အမဲရောင်သံမဏိတူကြီးတစ်ခုသည် မည်သည့်နေရာမှပေါ်လာမှန်းမသိပဲ မြှားသုံးချောင်း၏ လမ်းကို ပိတ်ဆို့လိုက်၏။ “ချွင်..” ဟူ၍အသံသုံးခုထွက်ပေါ်လာပြီး မီးပွားစများသည်နေရာအနှံ့သို့ပြန့်နှံ့သွားကာ မြှားများကို ဘေးသို့ရိုက်ထုတ်လိုက်သည်။

ဤသည်မှာ မဟာတူစခန်း၏ခေါင်းဆောင်ဖြစ်သည့် အန်ဒရူးပင်။

“နောက်ထပ်သုံးချောင်းလောက် ထပ်ပြီးကာကြည့်လိုက်...”

ချမ်းဘော့ဒ်ဘုရင်ကို စော်ကားသည့်မည်သူကိုမဆို တိုးရိစ်သည်နက်ရှိုင်းစွာဖြင့်အငြိုးထားသည့်လူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူယခုအချိန်တွင် လုံး၀အလျှော့ပေးတော့မည်မဟုတ်ပေ။ သူစကားပြောနေရင်းဖြင့်ပင် မြှားသုံးချောင်းကိုလေးကြိုးပေါတွင် တင်လိုက်သည်၊။ ထို့နောက်တွင် တူညီသည့်ပစ်မှတ်နေရာသုံးခုကိုပင်ထက်မှန်ချိန်ရွယ်လိုက်ပြီး ပစ်လွှတ်လိုက်သည်။

“ကောင်လေး...ငါ့သည်းခံမှုတွေက အတိုင်းတာရှိတယ်ကွ...”

အန်ဒရူးမှာ ဒေါသဖြစ်သွား၏။ သူ၏လက်ကောက်၀တ်ကို အသာယာလှုပ်ရမ်းလိုက်ရာ သူ၏ပခုံးပေါ်တွင်ရစ်ပတ်ချည်နှောင်ထားသည့် သံမဏိချိန်းကြိုးများသည် အသက်၀င်နေသည့်မြွေများကဲ့သို့ပင် တုန်ခါလာကြပြီးအဆုံးတွင်တွဲချည်ထားသည့် သံမဏိတူကြီးများကို အလေးချိန်ကင်းမဲ့နေသကဲ့သို့ လေထဲတွင်ခါရမ်းနေစေ၏။ တူများသည်အမဲရောင်မိုးကြိုးများအဖြစ်သို့ ထက်မံပြောင်းလဲသွားပြီး ပျံသန်းလာနေသည့်မြှားများထံသို့ ထွက်ခွာသွား၏။

“ချွင်...”

ပထမမြှားနှင့် တူကြီးတို့တွေ့ဆုံလိုက်မိကြသည်။

ထိုမြှားတွင် ကြောက်မက်ဖွယ်ကောင်းသည့်စွမ်းအားများပါ၀င်နေသည်ကို ခံစားလိုက်မိသဖြင့် အန်ဒရူး၏ မျက်နှာသည်ပြောင်းလဲသွား၏။ သေးငယ်သည့်မြှားတစ်ချောင်းကပင် အဆတစ်ရာခန့်ပို၍ကြီးမားသည့် သံမဏိတူကြီးကို အနည်းငယ်ခန့်လာရာကို ပြောင်းလဲသွားစေခဲ့၏။

သူ သူ၏လက်ကောက်၀တ်ကို ထက်မံလှုပ်ရှားလိုက်ပြီး တူကိုထက်မံ၍၀ှေ့ရမ်းမည်ပြင်လိုက်သည့်အချိန်တွင်....

ရုတ်တရက် နောက်ထပ် “ချွင်..” ဟူသည့်အသံတစ်ခုထွက်ပေါ်လာသည်။ ဤအခါတွင်မူ ဤအသံသည် ဒုတိယမြှားနှင့် တတိယမြှားတို့ ထိတိုက်မိရာမှထွက်ပေါ်လာသည့်အသံပင်။ ထို့နောက်တွင် မတွေးနိုင်သည့်အရာတစ်ခုဖြစ်သွား၏။ ဒုတိယမြှားနှင့် တတိယမြှားတို့သည် အချင်းချင်းထိတိုက်လိုက်မိကြပြီး မျှော်လင့်မထားစွာပင် ဦးတည်ရာပြောင်းလဲသွားကြ၏။ ထိုမြှားနှစ်ချောင်းသည် တူကြီးများကို ကျော်လွန်သွားပြီး မြေပေါ်တွင် ပြုတ်ကျနေသည့်လူလန်ထံသို့ဦးတည်ကာ ဆက်လက်ထွက်ခွာသွားကြ၏။

လူသန်ကြီးအန်ဒရူး၏မျက်နှာသည်ပို၍ပင်ဆိုး၀ါးလာတောာ့သည်။ သူကြုံး၀ါးလိုက်ပြီး သူ၏လက်ကောက်၀တ်များကို ပြင်းထန်စွာလှုပ်ရှားလိုက်သည်။ သံမဏိတူကြီးများသည်လည်း ရုတ်တရက်အရှိန်မြင့်တင်လိုက်ပြီးမြှားများအနောက်မှလိုက်ပါသွားကြတော့၏။

ဤအရာများသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်ပျက်သွားခြင်းဖြစ်သည်။

နောက်ဆုံးတွင် တူကြီးသည် မြှားများကို မှီတယ်ဆိုစေရုံမျှမှီသွားပြီး မြှားများကို အနည်းငယ်ဦးတည်ရာရွေ့လျားသွားစေ၏။ မြှားများသည့် တရုပ်၀တ်ဆုံနှင့်ကောင်၏အရှေ့တွင် သူဆွဲခေါ်ပြီးကာထားသည့် စစ်သည်များ၏ပခုံးကိုစိုက်၀င်သွားကာ သွေးများသည်ရေပန်းကဲ့သို့ ပန်းထွက်လာတော့သည်။

“ငါ့ရဲ့သည်းခံနိုင်မှုကို ဆက်တိုက်စမ်းသပ်နေတော့တာပဲ..ရေပူစမ်းမြို့က စစ်သည်တွေကို ထိခိုက်အောင်လုပ်တာပဲ။ မင်းသေဖို့ထိုက်တန်သွားပြီ။ သေစမ်း ငါအစွမ်းကုန်သုံးပြီးတိုက်ခိုက်တော့မှာမို့အဆိုးမဆိုနဲ့။”

အန်ဒရူးမှာဒေါသဖြစ်သွားသည်။ သူ၏လက်မောင်းများကိုတစ်ကြိမ်လှုပ်ရှားလိုက်ပြီး သံမဏိကြိုးများလှုပ်ရှားသံနှင့်အတူ သူ၏ခန္ဓာကိုယ်ပေါ်တွင် ရစ်ပတ်ထားသည့်သံမဏိချိန်းကြိုးများမှာ ပြေကျသွား၏။ သို့သော်လည်း ထို့သော်လည်း မမြင်နိုင်သည့်အင်အားတစ်ခုမှဆွဲခေါ်ထားသည့်အတိုင်းပင် လေပေါ်တွင် ပျံ၀ဲနေကြ၏။ အ၀ါရောင်အတွင်းအားမီးတောက်များသည် သူ၏ခန္ဓာကိုယ်တစ်၀ိုက်မှတောက်ပလာပြီး သံမဏိချိန်းကြိုးများသည်လည်း သူ၏ခန္ဓာကိုယ်တစ်၀ိုက်တွင် မြွေကြီးများကဲ့သို့ပင် လှည့်ပတ်နေကြတော့သည်။ ကြောက်မက်ဖွယ်ကောင်းသည့်စွမ်းအင်အရိပ်ယောင်များသည် စတင်၍ပေါ်လာတော့၏။

“ကောင်လေး မင်းမြွေပတ်ခံပြီးသေရတဲ့အရတာကိုသိလား...” ချိန်းကြိုးများသည် သူ၏ခန္ဓာကိုယ်တစ်၀ိုက်တွင် လှည့်ပတ်ပျံသန်းနေသည့်အသံများနှင့်အတူ အန်ဒရူးသည်နတ်ဆိုးတစ်ကောင်ကဲ့သို့ ပြုံးလိုက်၏။ “ဒီလမ်းကို မင်းကိုယ်တိုင်ရွေးချယ်ခဲ့တာပဲ...ကဲ့အခုငရဲကိုသွားပေတော့..ပိုင်သွန်မြွေအနမ်း...”

ဤသည်မှာ အတွင်းအားစွမ်းအင်သိုင်းကွက်တစ်ခုပင်။

ချမ်းဘော့ဒ်တွင်ဤကဲ့သို့ သိုင်းကွက်များမလုံလောက်သေးပေ။ ဖှေးသည်ကိုယ်ပိုင်သိုင်းကျင့်စဥ်စာလိပ်တစ်ချို့ကို ဖန်တီးခဲ့သော်လည်း တိုးရိစ်ကိုမူမပေးရသေးချေ။ သူသည် ဒဏ်ရာရနေသည့်ကောင်လေး၏ဘေးတွင် ရပ်နေရင်းဖြင့် တူများ၏ကြောက်မက်ဖွယ်စွမ်းအင်များကို ခံစားလိုက်ရသည်။ တူများကို ကာကွယ်ရန်အတွက်မြှားများကိုအဆက်မပြတ်ပစ်လွှတ်နေသော်လည်း သိပ်ပြီးထိရောက်မှုမရှိလှချေ။

ထိုအချိန်တွင်...

“ကောင်းကင် လက်သီး....လစ်စမ်းကွာ...”

အသာယာကြုံး၀ါးလိုက်သည့်အသံတစ်ခုထွက်ပေါ်လာသည်။ ထိုအသံ၏ နောက်မှ ကြီးမားသည့်လက်သီးရာကြီးတစ်ခုမှာ ပျံသန်းလာ၏။ ထိုအရာသည် လှလှပပပျံသန်းသွားပြီး သံမဏိတူကြီးများနှင့်တွေ့ဆုံလိုက်သည့်အချိန်တွင် အချိန်နှင့်နေရာသည်ရုတ်တရက်ရပ်တံ့သွားသကဲ့သို့ပင်။ ထို့နောက်တွင် တစ်စုံတစ်ခုသည်တစ်စစီဖြစ်သွားသည်အထိကွဲအက်သွားတော့၏။ သံမဏိတူကြီးများနှင့် ချိန်းကြိုးများသည်နေပူအောက်မှနှင်းပွင့်များကဲ့သို့ပင်။ တစ်စစီကြေမွသွားပြီးအနောက်သို့ပြန်လည်ကာ ပျံသန်းသွားကြတော့သည်။ တစ်ချိန်တည်းမှာပင် ကီလို၈၀၀ခန့်အလေးချိန်ရှိသည့်သံမဏိတူကြီးများသည် ရေတွက်၍မရနိုင်သည့်သံတိုသံစများအဖြစ်သို့ပြောင်းလဲသွားကြတော့သည်။

အရပ်ရှည်သည့်လူတစ်ယောက်သည် မြူများအတွင်းမှထွက်ပေါ်လာပြီး လူများအနောက်မှ၀င်ရပ်လိုက်၏။

All Chapters