အခန်း (၂၈၅)
Vol. 19 Ch. 285
"သူဘယ်သူလဲ..." အန်ဒရူးမှာထိတ်လန့်အံ့သြသွား၏။ သူသည်တစ်ချိန်တည်းမှာပင်
ဒေါသဖြစ်ပြီးထိတ်လန့်သွားသည်။
မဟာတူစခန်း၏ခေါင်းဆောင်မှာသိပ်ပြီးအခြေအနေမကောင်းလှချေ။ သူကိုင်ထားသည့်
တစ်ခုတည်းသောအရာမှာ ၃မီတာခန့်ရှည်လျားသည့်သံတိုသံစများသာကျန်ရှိနေတော့
သည်။ ကျန်ရှိနေသည့်လက်နက်အစိတ်အပိုင်းများမှာ ပျက်စီးကုန်ပြီးအစိတ်စိတ်အမွာ
မွာကျိုးပဲ့ကုန်ပြီဖြစ်သောကြောင့်ပင်။ ပို၍ဆိုးသည်မှာ သူ၏လက်များသည် သွေးများ
ယိုစီးကျနေ၏။ သူ၏လက်တွင်ရှိသည့်သွေးကြောများသည် ပေါက်ပြဲကုန်ပြီဖြစ်သည်။
သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းကိုသာ လှုပ်ရှား၍ရနိုင်တော့ပြီးကျန်ရှိနေသည့် ခန္ဓာကိုယ်အ
စိတ်ပိုင်းများကို လှုပ်ရှားနိုင်ခြင်းမရှိတော့ပေ။ သူ၏အတွင်းအားစွမ်းအင်တစ်၀က်ခန့်မှာ
ဤလက်သီးချက်ကြောင့်ပျက်စီးကုန်ပြီဖြစ်သည်။
အထင်ကြီးလောက်သည့် လက်သီးချက်ပင်။
အဖျက်စွမ်းအားကြီးလှသည့်စွမ်းအားများပင်။
အန်ဒရူးသည် ဤမျှအဆင့်ရှိသည့်စွမ်းအားနှင့် ရေပူစမ်းမြို့တော်တွင် တစ်ခါမှရင်ဆိုင်
ဖူးခြင်းမရှိခဲ့ချေ။ ဤအချက်သည် သူ့အားသေလောက်သည်အထိကြောက်လန့်စေသည်။
သူ့အားပို၍ရှက်ရွံ့စေသည်မှာ ရုတ်တရက်ရောက်ရှိလာသည့်လူသည် သူ့အားနှာခေါ
င်းသာရှုံ့လိုက်ပြီး သူမေးသည်ကို ပြန်လည်ကာဖြေကြားခြင်းမရှိခြင်းပင်။ ဤလူသည်
သူ့အားတစ်ချက်ပင် လှည့်ပြီးမကြည့်ချေ။ ထိုလူသည် ထိုင်ချလိုက်ပြီး တိုးရိစ်၏
ဘေးတွင် သတိလစ်မေ့မျောနေသည့်ကောင်လေးကို ပွေ့ချီလိုက်သည်။ ဒေါသဖြစ်သ
ည့်အမူရာတစ်ခုသည် သူ၏မျက်နှာပေါ်တွင်ပေါ်လာပြီး သူ၏လက်ကိုလေထဲတွင် ၀ှေ့
ရမ်းလိုက်သည့်အချိန်တွင် အနီရောင်ဆေးပုလင်းတစ်လုံးသည် သူ၏လက်ထဲတွင်ပေါ်
လာတော့သည်။ ထိုဆေးပုလင်းကို ကောင်လေး၏ပါးစပ်အတွင်းသို့လောင်းထည့်လိုက်
၏။
သို့သော် ဆံပင်ရွေရောင်နှင့်ကောင်လေးသည် ဒူးထောက်လိုက်ပြီး ထိုလူကိုအရှင်မ
င်းကြီးဟုခေါ်လိုက်သဖြင့် ဤလူသည်ချမ်းဘော့ဒ်တိုင်းပြည်၏ ဘုရင်ဖြစ်သည့်ပုံရသည်။
သူသည် ဤအဆင့်၆တိုင်းပြည်၏နာမည်ကို ယခင်ကကြားဖူးခဲ့သော်လည်း သူ၏အ
ထွေထွေဗဟုသုတများသည် ကြေးစားစစ်သည်များလောက်သိပ်ပြီးမကျယ်ပြန့်လှချေ။
ထို့ကြောင့် တောင်ညီနှောင်တွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲအကြောင်းကို သူသိရှိခြင်းမရှိ
သေးပေ။ သူသည် ဤတိုင်းပြည်သည်ဘာမှမဟုတ်ဘူးဟုယူဆထားပြီး ဤလူသည်
လည်းမည်သည့်နေရာမှရောက်ရှိလာသည်မှန်းမသိသည့် စွမ်းအားမြင့်သိုင်းဆရာတစ်
ယောက်ဟု ယူဆထားသည့်အတွက်သူသည် ထိတ်လန့်ကြောက်ရွံ့ကာဒေါသလည်းဖြ
စ်နေခြင်းဖြစ်သည်။
အန်ဒရူးမှာ သူ၏ညီဖြစ်သူလူလန်သည်မြေပေါ်တွင် သွေးအလိမ်းလိမ်းဖြင့်ချမ်းဘော့ဒ်မှ
လူများအားလုံးကိုသတ်ပစ်ရန်အော်ဟစ်နေရင်းမှ ဤလူကိုမြင်လိုက်သည့်အချိန်တွင်
ကြောက်လန့်ပြီးသတိလစ်မေ့မျောသွားသည်ကိုလည်းသူသတိမထားမိလိုက်ချေ။
"အဲ့ကောင်လေးက ရာဇ၀တ်သားပဲ...ငါတို့လေမြန်တပ်ဖွဲ့က သူ့ကိုအပြစ်ပေးရလိမ့်
မယ်...အဲ့တာကြောင့် ငါတို့ကိုအသာယာဖမ်းခွင့်ပြုလိုက်ပါ ချမ်းဘော့ဒ်ဘုရင်..."
အန်ဒရူးအရှေ့သို့ခြေတစ်လှမ်းတိုးကာအော်ဟစ်လိုက်သည်။
ဤလူသည်ဘယ်သူမှန်းသိလိုက်သည့်အချိန်တွင် အန်ဒရူးသည်ကြောက်လန့်ခြင်းမရှိ
တော့ပေ။
ဤသိုင်းဆရာသည် အဖွဲ့၀င်တိုင်းပြည်တစ်ခု၏ဘုရင်တစ်ပါးဖြစ်သောကြောင့် သူသည်
အင်ပါယာ၏ ဥပဒေအောက်တွင်သာရှိလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် အန်ဒရူးသည်
ဤဘုရင်သည် လေမြန်တပ်ဖွဲ့၏အင်ပါယာတွင်အရေးပါမှုကိုလည်းသိရှိလိမ့်မည်ဟု
ယူဆလိုက်၏။ ထို့ကြောင့်လိမ်မာပါးနပ်သည့်လူတိုင်းသည် လိမ္မာပါးနပ်စွာဖြင့် စဥ်းစား
ချင့်ချိန်ကြလိမ့်မည်သာဖြစ်သည်။ သာမန်ကောင်လေးတစ်ယောက်အတွက်ဖြင့် အင်
ပါယာ၏ အထူးစစ်အင်အားဆယ်ခုထဲမှတစ်ခုနှင့်ရင်ဆိုင်ခြင်းမှာ မတန်သောကြောင့်ပင်။
သို့သော် ဤဘုရင်သည် သူ့စကားကို အရေးမပါသလိုသဘောထားလိမ့်မည်ဟု သူ
မျှော်လင့်မထားချေ။ ဘုရင်သည်သူ့အားတစ်ချက်ပင် မကြည့်ချေ။
မြေပေါ်တွင်လဲလျောင်းနေသည့်ကောင်လေးသည် လေမြန်တပ်ဖွဲ့၏မဟာတူစခန်းမှ
ခေါင်းဆောင်ထက်ပင် ချမ်းဘော့ဒ်ဘုရင်အတွက်အရေးပါနေသည်မှာ ထင်ရှားသည်။
ဘုရင်၏ အာရုံစိုက်မှုအားလုံးတို့သည် ကောင်လေး၏ ဒဏ်ရာကိုကုသနိုင်ရေးကိုသာ
အာရုံစိုက်နေသောကြောင့်ပင်။
နှစ်မိနှစ်ခန့်အကြာတွင် အပြင်းထန်ဒဏ်ရာရရှိနေသည့်ကောင်လေးသည် သွေးပုလင်းအ
ရှိန်ဖြင့် မြန်ကောင်းလုနီးပါးပင်ဖြစ်လာပြီဖြစ်သည်။
သူ၏နောက်ကြောပေါ်တွင်ရှိနေသည့်ဒဏ်ရာကြီးသည် သွေးတိတ်သွားပြီဖြစ်ပြီး သူ၏
မျက်နှာသည်လည်း ဖြူဖက်ဖြူရော်ဖြစ်နေရာမှ သွေးရောင်ပြန်သန်းလာပြီဖြစ်သည်။
သူတစ်စုံတစ်ခုအားသတိရလိုက်သည့်ဟန်ဖြင့် သူ၏မျက်လုံးများကို ဖွင့်လိုက်ရင်းဖြင့်
ဒေါသဖြစ်ပြီးထိတ်လန့်နေသည့်အမူရာတစ်ခုသည် သူ၏မျက်နှာပေါ်တွင်ပေါ်လာတော့
သည်။ သူရင်းနှီးသည့် မျက်နှာတစ်ခုကိုမြင်လိုက်ရသည့်အချိန်တွင် သူသည်ကျက်
သေသေသွား၏။ သို့သော် တစ်စက္ကန့်မျှကြာသည့်အချိန်တွင် သူသည် ကုန်းရုန်းထကာ
ဖှေး၏အရှေ့တွင် ဒူးထောက်လိုက်ပြီး "ဆရာ တကယ်ပဲဆရာပဲ....နောက်
ဆုံးတော့ကျွန်တော် ဆရာ့ကိုရှာတွေ့သွားပြီ.... ဦးလေးယော့ခ်၊ ညီမလေးတီနာနဲ့
ကျန်တဲ့လူတွေအကုန်လုံး သူတို့သေကုန်ပြီ..ဆရာကျေးဇူးပြုပြီးသူတို့အတွက် လ
က်စားချေပေးပါ...."
ဤကောင်လေးသည့် ဖှေး၏တပည့်အသစ်ဖြစ်သည့် ဖီးလစ်အစ်ဇာနီပင်။
"ဘာ...မင်းဘာပြောလိုက်တာ..ယော့ခ်သေပြီဟုတ်လား..." ဖှေး၏ မျက်
နှာသည် ဖီးလစ်ပြောသည်ကို ကြားလိုက်လျှင်ကြားလိုက်ခြင်းပင် အရောင်ပြောင်း
လဲသွား၏။ သူသည် ယော့ခ်အားလွန်စွာသဘောကျပြီး ချမ်းဘော့ဒ်သို့ခေါ်ဆောင်သွားရ
န်အတွက် စီစဥ်နေခဲ့ခြင်းဖြစ်သည်။
"သူတို့ပဲ...သူတို့တွေအ ဦးလေးယော့ခ်ကို သတ်ခဲ့တဲ့လူတွေ..." ဖီးလစ်တစ်
ဖက်သို့လှည့်လိုက်ပြီး အန်ဒရူးနင့်တစ်ခြားလူများကို ညွှန်ပြလိုက်သည်။
ဒေါသမီးတောက်များမှာ ကောင်လေး၏မျက်လုံးများထဲတွင် ထင်ဟပ်နေသည်။ အမု
န်းတရားများသည် သူ၏နှလုံးသားထဲသို့ စိမ့်၀င်သွားသကဲ့သို့ သူ၏မျက်နှာပေါ်တွင် မြ
င်နေကြဖြစ်သည့် ရှက်ရွံ့သေးသိမ်သည့် အပြုံးကိုမြင်တွေ့ရခြင်းမရှိတော့ချေ။ သူသည်
ဒဏ်ရာများကို လျှာဖြင့်လျှပ်နေသည့် သားရိုင်းတိရိစ္ဆန်တစ်ကောင်ကဲ့သို့ပင်။ သူ၏ရန်
သူကို တစ်စစီဆုတ်ဖြဲပစ်ရန်အတွက်မစောင့်နိုင်တော့ချေ။
ဖှေးလေမြန်တပ်ဖွဲ့မှလူများကို စိုက်ကြည့်လိုက်သည်။
မြူများကိုကျော်လွန်ပြီး သူသည် အနီရင့်ရောင်ရှိသည့် အကျဥ်းထောင်ရထားလုံးတစ်
ခုကိုမြင်တွေ့နေရသည်။ ရထားလုံးမှာ သံချေးများတက်လျှက်ရှိပြီး ထိုအပေါ်တွင်
သံဆူးချွန်အများပြားကိုတပ်ဆင်ထားသည်။ ရှည်လျားသည့် သံဆူးချွန်များပေါ်တွင်
ခေါင်းများစွာရှိနေ၏။ သွေးများသည် စီးကျနေဆဲပင်။ ခေါင်းတစ်လုံးပေါ်တွင်ရှိနေသည့်
မျက်လုံးများထဲတွင် ဒေါသဖြစ်နေသည့်အရိပ်ယောင်များဖြင့် ပြည့်နှက်နေ၏။ ဤသ
ည်မှာ ယော့ခ်၏ ဦးခေါင်းပင်။ မနေ့ကမှ ရယ်ရယ်မောမောဖြင့်ဖှေးကို ဇာတ်လမ်း
များပြောပြနေခဲ့သည့် ယော့ခ်မှာ ယခုအချိန်တွင် သူ၏ဦးခေါင်းကို သံဆူးချောင်းတစ်
ခုစိုက်သွင်းထားခြင်းကို ခံထားရ၏။ တစ်ခြားသံဆူးချွန်များပေါ်တွင်လည်း ဦးခေါင်
များစွာရှိနေသေးသည်။ ဖှေးအားဒေါသအဖြစ်စေဆုံးအရာမှာ ဖှေး၏ အင်္ကျီစကိုဆွဲကာ
ယော့ခ်ကိုမရိုက်ရန်အတွက် ပြောခဲ့သည် ကောင်မလေးတီနာပင် အသက်ရှင်သန်နိုင်ခဲ့
ခြင်းမရှိခဲ့ချေ။ သူမ၏ မျက်နှာပေါ်တွင် နားမလည်နိုင်ခြင်းများနှင့် ကြောက်ရွံ့သည့်အ
မူယာများရှိနေဆဲဖြစ်ပြီး သူမ၏ မျက်လုံးများသည် ပြူးကျယ်စွာပွင့်နေဆဲပင်။
"ဒီခွေသားတွေ သူတို့က လမ်းလျှောက်တတ်ခါစကလေးကိုတောင်အရှင်မထားပါလား
... ဒါလုံး၀ ခွင့်မလွှတ်နိုင်စရာပဲ...."
ဖှေး၏ခန္ဓာကိုယ်ထဲတွင် မီးတောက်တစ်ခုတောက်လောင်နေသည်။ သူအေဇာရုတိုက်
သို့ရောက်သည့်အချိန်မှစပြီး ဤမျှဒေါသမဖြစ်ဖူးသေးချေ။ သူသူ၏လက်များကိုမြှော
က်လိုက်ပြီးထိုးလိုက်၏။ သူ၏စွမ်းအားကုန်ကိုထုတ်လွှင့်လိုက်ရာတွင် လက်သီးရာတစ်
ခုသည်ကောင်းကင်ပေါ်တွင် ပေါ်လာပြီး ဥက္ကာပျံခဲတစ်ခုကဲ့သို့ ကျဆင်းလာတော့၏။
ကျယ်လောင်ပြီး စူးရှသည့်အသံကြီးတစ်ခုနှင့်အတူ လက်သီးချက်မှာ ကျဆင်းလာပြီး
ထိုနေရာတစ်၀ိုက်တွင်ရှိနေသည့်မြူများလည်းရှင်းလင်းသွားတော့သည်။
"ကောင်းကင် လက်သီး...."
လေထဲတွင် လက်သီးချက်သည့်အပြည့်၀ပုံပေါ်ြခင်းမရှိသေးမှီကပင် အန်ဒရူးသည်
ကြီးမားသည့်ဖိအားကို ခံစားနေရပြီဖြစ်သည်။ သူသည်ကောင်းကင်ကြီးတစ်ခုလုံးပြို
ကျလာနေသကဲ့သို့ ခံစားနေရပြီး သူ့အားဆက်တိုက်ပင်အနောက်သို့တွန်းထုတ်နေ၏။
သူသည်အကောင်းဆုံးကြိုးစားပြီးအ၀ါရောင်မြေစွမ်းအားမီးတောက်များဖြင့် ကာကွ
ယ်သော်လည်း လုံး၀အလုပ်ဖြစ်ခြင်းမရှိပေ။ သူသည် အတွင်းအားစွမ်းအင်များသည်
ခန္ဓာကိုယ်ထဲတွင် ကောင်းမွန်စွာလည်ပတ်နေခြင်းမရှိသလိုခံစားနေရသည်။ ကြယ်
လေးလုံးအဆင့်အတွင်းအားစွမ်းအင်များကို ကောင်းမွန်စွာအသုံံးပြုနိုင်ခြင်းမရှိပေ။
သူ၏အနောက်တွင်ရှိနေသည့် သာမန်စစ်သည်များမှာ သွေးများအန်ကုန်ကြပြီး လေမု
န်တိုင်းအတွင်းမှ ကောက်ရိုးမျှင်များကဲ့သို့ လဲကျကုန်ကြသည်။
"အား........"
အန်ဒရူးနာကြင်စွာဖြင့်အော်ဟစ်လိုက်သည်။ သူ၏ကိုယ်တွင်းအင်္ဂါများမှာ ဖိခြေခြင်းကို
ခံနေရပြီး သူ၏အရိုးများသည် ကြိုးကြေနေပြီဖြစ်သည်။ ပါးစပ်အတွင်းမှ သွေးများ
စီးကျလျှက်ရှိပြီး မျက်လုံးများသည်လည်း ပြူးကျယ်လာနေပြီဖြစ်သည်။ သူ၏အသ
က်အန္တရာယ်ကိုခြိမ်းခြောက်ခံနေရသလိုခံစားလိုက်ရသည့်အချိန်တွင် သူသည် ချမ်း
ဘော့ဒ်ဘုရင်မည်မျှစွမ်းအားကြီးမားကြောင်းကို သိရှိလာနေပြီဖြစ်သည်။ ဤဘုရင်သည်
၁၀မီတာခန့်အကွာမှ လက်သီးချက်တစ်ခုကို ပစ်လွှတ်လိုက်ခြင်းသာဖြစ်ပြီး သူလုံး၀ရ
င်ဆိုင်နိုင်ခြင်းမရှိပေ။