အခန်း (၂၈၆)
Vol. 20 Ch. 286
ဤအခိုက်တန့်တွင် အပြောင်းလဲတစ်ခုဖြစ်ပျက်သွားသည်။
ရုတ်တရက်ပင် ကြမ်းတန်းသည့် မီးတောက်များမှာ မီးတောက်သားရဲတစ်ကောင်ဟိန်းဟောက်လိုက်ရာမှ ထွက်ခွာလာပြီးဖှေးထံသို့ပျံသန်းလာတော့သည်။ ဤမီးတောက်မျာသည် ဖှေး၏ လက်သီးပစ်ချက်နှင့် ၀င်တိုက်လိုက်တာ့သည်။ အဖျက်စွမ်းအားကြီးသည့်စွမ်းအင်နှစ်ခုတွေ့ဆုံလိုက်မိကြပြီး အချိန်များရပ်တန့်သွားသည့်အတိုင်းပင်။ ထို့နောက်တွင် ပေါက်ကွဲရာမှထွက်ပေါ်လာသည့်စွမ်းအင်လှိုင်းမျာသည် နေရာအနှံ့သို့ပြန့်နှံ့ကုန်တော့၏။
ထို့နောက်တွင် မီးတောက်သားရဲမှာအော်ဟစ်လိုက်ပြီး ပျောက်ကွယ်သွားတော့သည်။
လက်သီးရာမှ မှေးမိန်သွားသည်။ သို့သော်လည်း အောက်သို့ဆက်လက်ကျဆင်းနေဆဲပင်။ ထိုလက်သီးချက်မှာ အန်ဒရူး၏ခန္ဓာကိုယ်ပေါ်သို့ကျဆင်းသွားပြီး အန်ဒရူး၏ခန္ဓာကိုယ်သည်လည်းအနာက်သို့လွှင့်ထွက်သွားတော့၏။ သူ၏ခန္ဓကိုယ်ထဲတွင်ရှိသည့် အရိုးများစွာကြေမွသွားသကဲ့သို့ အရိုးကြိုးကျေသည့်အသံများလည်းထွက်ပေါ်လာတော့သည်။
တစ်ချိန်တည်းမှာပင် လူတစ်ယောက်သည် တိုက်ပွဲနေရာသို့၀င်ရောက်လာ၏။
ဤလူသည် ဇီးနစ်အင်ပါယာ၏ ငွေရောင်ခေါင်းဆောင်ချပ်၀တ်တစ်ခုကို၀တ်ဆင်ထားသည်။ ညင်သာသည့်မှော်စွမ်းအင်များသည်လည်း ချပ်၀တ်အပေါ်မှတောက်ပ နေလျှက်ရှိသည်။ ဤလူ၏မျက်နှာပေါ်တွင်တည်ကြည်သည့်အမူယာတစ်ခုရှိနေ၏။ သူ၏အတွင်းအားစွမ်းအင်များသည် ခန္ဓာကိုယ်တစ်၀ိုက်တွင်ပါးလွှာသည့်မီးတောက်များအနေဖြင့် ဖုံးလွှမ်းနေလျှက်ရှိပြီး သူ၏ခန္ဓာကိုယ်တစ်၀ိုက်တွင်ရှိနေသည့် မြူခိုးများသည်လည်း မြင့်မားသည့်အမူချိန်ကြောင့်ပျောက်ကွယ်သွားတော့သည်။ ပတ်၀န်းကျင်သည်ချက်ချင်းပင်ရှင်းလင်းသွားပြီး ဤလူသည်နတ်ဘုရားသို့မဟုတ် နတ်ဆိုးတစ်ပါးကဲ့သို့ပင်။
သို့သော် အက်ကွဲကြောင်းများစွာသည် သူ၏ပခုံးချပ်၀တ်များပေါ်တွင်ပေါ်လာ၏။ သူလှုပ်ရှားလိုက်သည့်အချိန်တွင် ချပ်၀တ်အပိုင်းစများသည်အောက်သို့ပြုတ်ကျသွားပြီး အနီရင့်ရောင်အရည်များအဖြစ်သို့ပြောင်းလဲသွားတော့သည်။
“ကောင်းတယ် ကောင်းတယ်...ရုပ်ပိုင်းဆိုင်ရာခွန်အားတစ်ခုတည်းကို သုံးထားတဲ့အတော်ကောင်းတဲ့လက်သီးချက်ပဲ။ အဲ့လက်သီးချက်က ငါ့ရဲ့မီးစွမ်းအင်တွေကိုတောင်ထိုးဖောက်လာနိုင်ပြီး ဒီ[မီးနတ်ဘုရား]ချပ်၀တ်ကိုတောင်ဖျက်ဆီးလိုက်နိုင်တာပဲ။ ချမ်းဘော့ဒ်ဘုရင် အလတ်ဇန္ဒား မင်းက ရွှေရောင်နေမင်းသူရဲကောင်းကိုအနိုင်ယူနိုင်ခဲ့တာအံ့သြစရာတော့မဟုတ်ပါဘူး။ မင်းက ဒီဂုဏ်သရေတွေကိုအလကားရခဲ့တာတော့မဟုတ်ဘူးပဲ။ မင်းဒီလက်သီးချက်နဲ့ပတ်သက်ပြီးဂုဏ်ယူသင့်တယ်...”
ဤလူသည် ခေါင်းကိုမော့လျှက်လမ်းလျှောက်၀င်လာ၏။
“မင်းက အတော်ရယ်စရာကောင်းတဲ့ကောင်ပဲ။ မင်းချပ်၀တ်ကို ဖျက်ဆီးနိုင်တာလေးနဲ့ ငါကဂုဏ်ယူစရာလားကွ...” ဖှေးနှာခေါင်းရှုံ့လိုက်သည်။ “ရေပူစမ်းမြို့က လူငယ်မျိုးဆက်ထဲမှာ အဆင့်၁စစ်သည်ဖြစ်တဲ့ ဒါလီက မာနထောင်လွှားနေတဲ့စောက်ပိန်းတစ်ယောက်သာသာပါပဲ....”
“အိုး မင်းက ငါ့ကိုသိတယ်လား....”
ဖှေး ဘာမှပြန်ပြောခြင်းမရှိပေ။
အဖိုးကြီးဇိုလာရစ်နှင့် ကောင်လေးလူကာတို့သည် ထောင်လှမ်းရေးများကဲ့သို့ပင်။ သူတို့သည် ရေပူစမ်းမြို့တော်မှ အထင်ကရလူများ၏ လျို့၀ှက်အချက်လက်များကိုစုံစမ်းထားပြီး ပုံတူများကိုပင်ဆွဲပြီး ဖှေးကိုတင်ပြထားပြီးဖြစ်သည်။ ဒါလီသည် လူငယ်မျိုးဆက်များထဲတွင် အသန်မာဆုံးစစ်သည်တစ်ယောက်ဖြစ်ပြီး အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ပင်။ ထို့ကြောင့်ဖှေးသူ့ကို သဘာ၀အတိုင်းပင် မှတ်မိနေခြင်းပင်။
“ဟား...မင်းကစကားပြောကောင်းတဲ့ကောင်ပဲ ဒါပေမယ့် အဲ့တာကအသုံးမ၀င်ပါဘူး။ ငါက စကားလုံးတွေနဲ့တိုက်ခိုက်တတ်တဲ့ကောင်မဟုတ်ဘူး....” ဆံပင်အပြာရောင်နှင့် ဒါလီသည် ဖှေး၏ရန်စသည့်စကားလုံးများအပေါ်တွင် ဒေါသဖြစ်ခြင်းမရှိချေ။ သူသည်သူ၏ထောင်လွှားသည့်အမူရာကိုဆက်လက်ထိန်းထားလိုက်ပြီး အန်ဒရူးနှင့်တခြားဒဏ်ရာရရှိနေကြသည့်စစ်သည်များကို ကြည့်လိုက်သည်။ သူမျက်မှောင်ကြုံ့လိုက်ပြီးမေးလိုက်၏။ “မင်းက ဘယ်လိုလုပ်ပြီး လေမြန်တပ်ဖွဲ့ကစစ်သည်တွေကိုဒဏ်ရာရအောင်လုပ်ရဲတာလဲ...ချမ်းဘော့ဒ်ဘုရင် ငါရှင်းပြချက်တစ်ခုတော့လိုလိမ့်မယ်....”
ဖှေး ရယ်လိုက်သည်။ “ဟားဟား ဒဏ်ရာရအောင်လုပ်တယ်ဟုတ်လား....မင်းမှားနေပြီ ငါကသူတို့ကိုဒဏ်ရာရအောင်တင်လုပ်မလို့မဟုတ်ဘူး။ အသေပါသတ်ပစ်မလို့ကွ...”
“ချမ်းဘော့ဒ်ဘုရင် မင်းကအတော်မိုက်မဲတာပဲ။ မင်းစကားကိုသေချာကြည့်ပြော။ လေမြန်တပ်ဖွဲ့ရဲ့အမျက်ဒေါသဆိုတာက မင်းတို့ရဲ့အဆင့်၆တိုင်းပြည်လေးရင်ဆိုင်နိုင်မယ့်အရာမဟုတ်ဘူး။” ဒါလီမှာ စိတ်မရှည်စွာဖြင့် မျက်မှောင်ကြုံ့လိုက်သည်။ သူသည် အန်ဒရူးကိုလက်ညိုးထိုးလိုက်ပြီး မေးလိုက်သည်။ “ဒီမှာ ဘာဖြစ်ခဲ့တာလဲ ငါ့ကိုပြောပြစမ်းကွာ...”
“ဟုတ်ကဲ့ပါ မစ်စတာ ဒါလီ....”
အရာအားလုံးမှာ ရိုးရိုးရှင်းရှင်းပင်။
လူလန်သည် ဖှေး၏ရိုက်နှက်ခြင်းကို ခံရပြီးသည့်နောက်တွင် ဘုရားကျောင်းမှသူတော်စဥ်များ မှော်ဆရာများ၏ ကုသပေးခြင်းကိုခံခဲ့ရသည်။ သို့သော် ရေပူစမ်းမြို့တော်မှ အာဏာရှိလူတစ်ယောက်၏ သားတစ်ယောက်ဖြစ်သည့်အတွက် သူသည် ဤကဲ့သို့ ဘယ်တုန်းကမှ မခံစားခဲ့ရဖူးပေ။ သူသည်မကျေနပ်ဖြစ်သဖြင့်ဖှေးကို ပြန်လည်ကာလက်စားချေလိုသည်။ သို့သော် ဖှေးသည်အလွန်စွမ်းအားကြီးမားပြီး သူမရင်ဆိုင်နိုင်သည့်စွမ်းအားမြင့်စစ်သည်များလည်းရှိသည်ကို သိရှိသဖြင့် သူချမ်းဘော့ဒ်တပ်ဖွဲ့စခန်းချထားသည့်နေရာသို့သွားရောက်ကာ မရင်ဆိုင်ရဲပေ။ သို့သော် သူသည်ဒေါသဖြေဖျောက်လိုသဖြင့် ဘုံဆိုင်အတွင်းမှာရှိစဥ်က အန်ဂျယ်လာတိုက်သည့်ဘီယာကိုသောက်ခဲ့သည့်လူနှစ်ဦးကို ပစ်မှတ်ထားရန်အတွက်ဆုံးဖြတ်ခဲ့သည်။
လူလန်သည် ရေပူစမ်းမြို့တော်တွင် နံပါတ်၁စစ်သည်ဖြစ်သည့် သူ့အကိုဒါလီကိုအကူညီမတောင်းရဲပေ။ အဘယ်ကြောင့်ဆိုသော သူ့အကိုသည် သူ့၏ နေပုံထိုင်ပုံများကို နှစ်သက်ခြင်းမရှိပဲ ဤအကြောင်းကိုသိရှိပါက သူ့အားအပြစ်ပေးမည်ဖြစ်သောကြောင့်ပင်။ ထို့ကြောင့်သူသည် လေမြန်တပ်၏ စခန်းခွဲတစ်ခုဖြစ်သည့် မဟာတူစခန်းမှခေါင်းဆောင်ဖြစ်သူ သူ့အားအမြဲဖားနေတတ်သည့် အန်ဒရူးကိုအကူညီတောင်းခဲ့ခြင်းပင်။ လေမြန်တပ်၏ အာဏာကိုအသုံးပြုပြီး သူတို့နှစ်ယောက်သည် ယော့ခ်နှင့်အန်ဒရူးတို့နေထိုင်သည့်နေရာကိုသိရှိခဲ့သည်။ ထိုနောက်တွင် စစ်သည်တစ်စုကိုခေါ်ကာ ယော့ခ်နှင့်ဖီးလစ်တို့ကို ရှင်းပြတောင်းပန်ချိန်ပင်မပေးသည့်အတွက် ယော့ခ်တို့မှာကလေးများကိုကာကွယ်ရန်အတွက် ပြန်လည်တိုက်ခိုက်ခဲ့ရသည်။ သို့သော် သူတို့သည် အန်ဒရူးကဲ့သိုသော သိုင်းဆရာတစ်ယောက်နှင့်ယှဥ်နိင်ခဲ့ခြင်းမရှိပေ။
ယော့ခ်မှာ အတတ်နိုင်ဆုံးကြိုးစားပြီးအန်ဒရူးကိုစက္ကန့်အနည်းငယ်ခန့် ထိန်းထားနိုင်ခဲ့ပြီး ဖီးလစ်သည် သူ၏မွေးရာပါကိုယ်ဖျောက်စွမ်းအားကိုအသုံးပြုရန်အတွက် အချိန်ရခဲ့သည်။ သူသည် လူလန်ကို ချောင်းမြောင်းတိုက်ခိုက်ခါ ဓားစာခံအနေဖြင့် ဖမ်းဆီးပြီး လူအားလုံးကိုကယ်တင်နိုင်ရန်အတွက် ကြိုးစားခဲ့သော်လည်း အန်ဒရူး၏ရိပ်မိသွားခြင်းကိုခံခဲ့ရပြီး အန်ဒရူး၏တိုက်ခိုက်မှုကြောင့် ပြင်းထန်သည့်ဒဏ်ရာတစ်ခုကိုရရှိခဲ့သည်။ သူထက်မံပြီးကိုယ်ယောင်ဖျောက်ပြီးသည့်အချိန်တွင် ယော့ခ်တို့မှာဖမ်းဆီးထားခြင်းခံလိုက်ရပြီးဖြစ်သည်ကို တွေ့ရှိလိုက်ရသည်။ အလွန်ဒေါသဖြစ်နေသော်လည်း သူ့တွင်အနည်းငယ်ကျန်ရှိနေသေးသည့်အသိစိတ်မှာ သူ့အားအသေခံချခြင်းမှတားဆီးလိုက်နိုင်ပြီး ဖှေးကိုရှာဖွေရန်အတွက်လှုံ့ဆော်ခဲ့သည်။ ဖှေးတစ်ယောက်ကသာ ကလေးများကိုကယ်တင်နိုင်မည်ဖြစ်ပြီးယော့ခ်အတွက်လက်စားချေပေးနိုင်မည်ဖြစ်သောကြောင့်ပင်။
သူသည်လွတ်မြောက်သွားခဲ့ပြီး သူ၏ဆရာဖြစ်သူဘုရင်အလတ်ဇန္ဒားကိုရှာတွေ့ခဲ့သည်။
သူလွတ်မြောက်အောင်ထွက်ပြေးနေရင်းဖြင့် သူ၏ဒဏ်ရာမှသွေးစက်များသည်လည်း မြေပြင်ပေါ်သို့ဆက်တိုက်ကျနေ၏။ အန်ဒရူးမှာ ထိုသွေးစက်များကိုခြေရာခံပြီးသူ့အနောက်မှလိုက်လာခဲ့ခြင်းပင်။ ဖီးလစ်၏ဒဏ်ရာများသည် ပို၍ပို၍ဆိုး၀ါးလာနေသော်လည်း ဇွဲနှင့်အမုန်းတရားတို့ကြောင့် တောင်ခံကာ ချမ်းဘော့ဒ်တပ်ဖွဲ့စခန်းသို့ရောက်ရှိသည်အထိပြေးလာနိုင်ခဲ့ခြင်းဖြစ်သည်။